ပဲလှော်ကြားက ဆားကော်မတီ။
အရပ်ဖက်အဖွဲ့အစည်းကော်မတီတွေနဲ့အစိုးရဌာန တွေပူးပေါင်းဆောင်ရွက်ကြတာ ပြောင် မြောက်စွာတွေ့မြင် ရသမို့ ။
တတိယ မြောက် မဟာဗျူဟာမြောက် နိုင် ငံရေးပြု ပြင် ပြောင်းလဲမှုအတွက်အားရ ကျေန ပ် ဝမ်းမြောက် ရတာမင်္ဂလာရှိလေစွ။
သို့ပေမယ့် အချို့ကိစ္စလိုအပ်ချက် ရှိသမျှက ပြောမှသိ ၊ တီးမှ မြည်တတ်ကြတယ်မဟုတ်လား။ဝေဖန်စရာရှိဝေဖန်၊ လေကန်စရာရှိ
လေကန် ရမှာမောင်ဗေထိတို့စာပေ လောကသားတွေ အလုပ် ဖြစ်နေ တော့ အနည်းငယ်တော့ ဝေဖန် ရ မ ပေါ့။ဝေဖန်မှုများမှတိုး
တက်မယ်မဟုတ်ပါလား။အမှားများ ရင် အမှန်ဖြစ်နေတဲ့လောကကြီးမှာ ၊ စကားများတဲ့အကြံအစည်ဖြစ်နေမလား။တွေးစိတ်နဲ့စိုးထိတ်
ပူမိသေးသဗျ။လုပ်ချင် တိုင်းလုပ်၊ဖြစ်ချင် တိုင်းဖြစ်၊ပျက်ချင်တိုင်းပျက်ခဲ့သမျှကြားထဲကငထွားခါးနာမဲ့အဖြစ်ကိုပြည်သူထဲကတာဝန်ပေးစေ
ခိုင်းနေတဲ့ ဟို ကော်မတီ ၊ ဒီ ကော်မတီတွေ ပေါ့ဗျာ။ဆာဆာ ၊ မဆာဆာ တွေ့သမျှ အလှူအိမ်တက်အလွတ်ဆွဲ သ ဘောနဲ့ စွတ်ဆွဲ
ပြောဆိုတတ်တယ်တော့မထင် နဲ့ဗျ။နိုင် ငံအတွက်ဗျူ ဟာမြောက်ပြောင်းလဲဖို့ဆိုဒူလာပျောက်အောင်အလုပ်လုပ်သင့်တာနိုင်ငံ့ဝန်ထမ်းတွေရဲ့
အခန်းကဏ္ဍအဓိကကျသ ပေါ့။
ရွှေနားတော်သွင်း ဧချင်းတစ်ပုဒ်လို၊ဘေးအတင်းတုပ်ခံနေရ တာကမြို့အ ထောက်အကူပြုကော်မတီ၊စည်ပင် သာယာ ရေးကော်မတီ
အဖွဲ့တွေပေါ့ခင် ဗျ။ ခေတ် အဆက်ဆက်က
အကျင့်ပျက်ခဲ့သမျှကို၊အခုမှဘောင်သွင်း၊ နောက်ကွယ်က အ ချောင် ဗျင်းချင် တဲ့ ဌာန အကြီးအကဲတွေ ကြောင့်မဟာဗျူဟာကနေ၊
သဒ္ဒါကြူလာကြတာပြည်သူမုန်းတဲ့ဟိုကော်မတီ၊ဒီကော်မတီတွေဖြစ်ကုန်ကြပြီ ဗျို့။လူနဲ့အပူ ကြားခံထားတဲ့ပစ္စည်းလို၊အကြံမများတဲ့
ဟင်းအိုးမွှေ၊ ထမင်းအိုးမွှေ ယောင်းမဖြစ်ပြီး၊အပူခံ
လက်နှီးစုတ်ကို တစ်သက်အပြီးထုတ်သုံးဖို့များ ရည် ရွယ်ထားတဲ့ ကော်မတီများလားစဉ်းစားစရာပါ။ မြန်မာတစ်နိုင် ငံလုံးအတိုင်းအတာကို
လက်လှမ်းမမှီပေမဲ့၊ အကွက်ဆန်း တီထွင်နေတဲ့
ဗေထိတို့မြို့အ ကြောင်း တစ်စေ့တစ်စောင်းလေ့လာမိသမျှ ၊ တွေ့ကာသိ
ရတဲ့အ ကြောင်းတော့ ပြောပြချင်လိုက်ပါဘိ။ မြို့အုပ်ချုပ်သူကမြို့နေလူဦးရေ ရဲ့ ဆယ်ပုံ၊ တစ်ပုံ စာမရှိတဲ့လူတစ်စုကိုအများမသိအောင်ဖိတ်ခေါ်
စည်းဝေးပြီးမြို့အထောက်အကူပြုကော်မတီအဖွဲ့ကိုဖွဲ့စေခဲ့တယ်။မြို့နေလူထု တစ်ရပ်လုံးရွေးချယ်ခွင့်မရအသိပေးခြင်းမရှိတဲ့မြို့အထောက်အ
ကူပြုကော်မတီကို မြို့အုပ်ချုပ်သူစိတ်ကြိုက်ဖွဲ့စည်းခဲ့တယ်ဆိုပါတော့ဗျာ။လျှို့ဝှက်မဲပေး
စနစ်လို့အမည်တပ်ပြီး ဒိုင် အာခီစနစ် ရဲ့အတိုင် ပင်ခံအမတ် ၉ ဦးကို ရမ္မက်အတွင်းသဏ္ဍာန်နဲ့ အသက်သွင်းခဲ့ပြန်သေးသဗျ။ဒေသ နေပြည်သူရွေးခွင့်မရ
လို့ ဒေသတွင်းရှိပြည်သူ့
ကိုယ်စားပြုလွှတ်တော်အမတ်တွေရွေးချယ်ခွင့်ရသလားမေး။အစည်းအဝေးဖိတ်စာရလို့သွားမှ နာမည်စာရင်းတွေသွင်းပြီးသားဖြစ်နေတာ တွေ့ခဲ့ရသတဲ့။
မယုံ မေးကြည့်၊ ဂဠုန်ဝှေးစေ့လို့မ ပြောချင်ပေမဲ့ ဗေထိတို့မြို့ကလွှတ်တော်အမတ်တွေအသိပါဗျ။ အခုတော့ ကြားလို့မှမ ကောင်း၊ အများစုလို့ထောင်းကြပြီ။
အမှန်တရားမပါ၊ အမှီတရားရှာ ရွေးချယ်ခဲ့မှုအတွက်အမှန်တရားလိုလား
သူမောင်ဗေထိတို့မြို့သား(105)ဦးတို့ကစုပေါင်းသာသနာပြုလက်မှတ်ရေးထိုးတိုင်ကြားကြပြီတဲ့ဗျာ။လက်မှတ်ထိုးတိုင်ကြားသူတို့စကား၊အကြောကြီး
သလားစဉ်းစားစရာ“အချိန်မရလို့ပေါ့ဗျာ။မဏ္ဍပ်ဆောက်ပြီးစိမ်ပြေနပြေလက်မှတ်ထိုးခိုင်းရင်မြို့နေလူထုရဲ့လက်မှတ်သုံးပုံ၊နှစ်ပုံလောက်လက်
မှတ်ရမယ်´´´ဆိုသဗျ။ထားပါတော့ဒီဇာတ်လမ်း၊ ဒီကော်မတီအကြောင်းတစ်ခန်းရပ်ပြီး။စည်ပင် သာယာရေး ကော်မတီအ ကြောင်းလှမ်းကြည့်မိပ။
၁၉၉၂ဆိုတဲ့အတိတ်ကာလတစ်ချိန်က မြို့စည်ပင် သာယာလှပရေးကြွေး ကြော်ပြီး ချောင်းန ဘေးကလူနေအိမ် ၊ စီးပွားရှာရာ အိမ်ဈေးဆိုင်တွေကိုဖျက်ခိုင်းခဲ့သလားမေးပါ။ဟုတ်
ကဲ့ဖျက်ခဲ့ရပါ၏။အာဏာရှင် ခေတ်စနစ်မှာ တိုင်းမှူး ဗိုလ်ချုပ် ၊ မြို့နယ်ဗိုလ်မှူး ဆိုသူတို့ရဲ့အမိန့်အာဏာ
နဲ့ဖျက်ခဲ့ရတယ် ဆိုပါတော့။ချောင်းရိုးတ လျှောက် ရှိတဲ့ နေအိမ်ပေါင်းများစွာက မိသားစု ဘဝ ပေါင်းများစွာအိုးမဲ့ အိမ်မဲ့ နေစရာမဲ့၊ စီးပွားတွေပျက်ခဲ့ကြရတယ်။
ဘိုးဘွားပိုင်မြေနေရာတွေပေ့ါခင်ဗျ။ခိုင်ခံ့ထုထည်ကြီးမားတဲ့လူနေအိမ်အဆောက်အ
ဦးတွေက်ိုသတ်မှတ်ရက်အတွင်းဖျက်စေသတည်း။သတ်မှတ်ရက်အတွင်း၊သတ်မှတ်ရာခိုင်နှုန်းမှီအောင်
မဖျက်နိုင်ရင် အချုပ်သွင်းအကျဉ်းကျစေတစ်ချက်လွှတ်အမိန့်ဆိုပဲခင်ဗျ။ဒီအမိန့်အောက်မှာကိုယ့်အိမ်
ကိုယ်ဖျက်မျက်ရည်စက်လက်နဲ့ အချုပ်ခန်းထဲကိုအိုးအိမ်မဲ့အပန်းဖြေခရီးသည်အဖြစ် အချို့သူတွေခဏအလည်သွားခဲ့ရတယ်။ပြီးခဲ့တာလည်းပြီးစေတော့။
တစ်ချက်လွှတ်အမိန့်သံအပြင်းစားအောက်မှာ အားမတန်၊မာန်လျှော့ကြရပေါ့ဗျာ။မြို့စည်ပင်သာယာလှပရေးခေါင်းစဉ်တပ်ဖျက်ခဲ့ရတဲ့
ဘိုးဘပိုင်မြေနေရာတွေမှာ ပျံကျဈေး ဆိုပြီးအထက်တန်းမကျ၊မျက်နှာပန်းမလှတဲ့ ဈေးတန်းရှည်ကြီးတစ်ခုတစ်စခန်းထပေါ်လာပြန်သဗျ။ဒီအချက်ကို
အပီတွက်နေကြတဲ့မူလမြေပိုင်ရှင်တွေက လွတ်လပ်လာတဲ့ဒီမိုကရေစီ ခေတ်မှာ မြေသိမ်းအမှုတွဲမရှိတဲ့
အကြောင်းခံ၊မူလမြေနေရာပြန်တောင်းခံနေကြတော့မည်သို့မည်ပုံရှင်းရမှန်းမသိဖြစ်ကြပြီပေါ့။စည်ပင်ကအခွန်အခကောက်ခံနေတဲ့ပျံကျဈေးတန်းရှည်မှာ
လည်းမိသားစုဘဝပေါင်းများစွာမှီခိုနေထိုင်ကြတယ်မို့လား။မောင်ဗေထိ တွေးမိတာလေးတစ်ခုရှိတယ်။အက မပိုင်ရင် လူရှေ့ထွက်ပြီး
ချိုမိုင်မိုင်တောင်မလုပ်ပြသင့်ဘူးထင်သပ။ဒီလိုပြဿနာကြားမှာရှေ့တန်းတင်တာစည်ပင်သာယာရေးကော်မတီပေါ့။လက်မှတ်တွေဒိုင်ခံထိုး၊တားမြစ်
စာတွေမပြတ်တမ်းထုတ်ခိုင်းတော့တာပဲဗျို့။ပြည်သူထဲက
ရွေးချယ်တင်မြောက်သူကိုဥက္ကဌ ခန့်ထားပြီးသားဗျ။အကယ်ဒမီရမင်းသားတောင်သူ့လောက်လက်မှတ်မထိုးရဘူးထင်ပ
။မြို့စည်ပင်သာယာရေးခေါင်းစဉ်တပ်တိုင်း၊ဗေထိတို့မြို့
သားတွေဘဝပျက်ခဲ့ရပါ၏။လှပရေးလို့တစ်ခါအော်တိုင်း၊ဘဝပျက်ရေးတစ်ခါတွေးရသမို့ဒီခေါင်းစဉ်ကိုဖိန့်ဖိန့်တုန်အောင်ကြောက်နေကြရှာတယ်။
ယခုပစ္စုပ္ပုန်အချိန်မှာလည်းခေါင်းစဉ်တွေတပ်လိုက်ပြန်ပါပြီ။မြို့စည်ပင်သာယာလှပရေး၊ယာဉ်စည်းကမ်းထိန်းသိမ်းရေး၊
ဈေးစည်းကမ်းထိန်းသိမ်းရေး၊လူစည်ကားရာမှာယာဉ်ကြောမပိတ်ဆို့ရေးဆိုပြီးဆောင်ရွက်နေကြပြန်သဗျ။ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊
မထသအဖွဲ့၊အခက် အလက် အပွင့်တွေမြိုင်ထနေတဲ့အရံ မီး
သတ်တပ်ဖွဲ့တွေနဲ့စည်ပင်သာယာရေးကော်မတီစတဲ့အဖွဲ့ပေါင်းများစွာပူးပေါင်းဆောင်ရွက်ကြတယ်။ဥပဒေ ရဲ့အမိုးအောက်
တစ်ပြေးညီစည်းကမ်းချက်တွေနဲ့ ဆောင်ရွက်ကြလျှင်တော့ကောင်းလေစွလို့
မောင်ဗေထိ တွေးမိတယ်။မောင်ဗေထိတို့မြို့မဈေးပတ်လည်၊အဖြူ အနီကြားမှာ တူတူရေ ဝါး လုပ်တဲ့
ဆိုင်ကယ်၊စက်ဘီးမှန်သမျှ၊ဝီစီကိုတရွှီရွှီမှုတ်ပြီး လက်ပတ်အနီဝတ်လူတစ်အုပ်က နှင်ထုတ်နေကြတယ်ဗျ။ ဒေသသက်ဆိုင်ရာဌာနလူကြီးတွေက
စည်ပင်သာယာရေးကော်မတီအပါအဝင်လက်ပတ်အနီဝတ်တာဝန်ထမ်းဆောင်သူမှန်သမျှကိုမျက်စိတစ်ဖက်အဝတ်စည်းပိတ်ပြီး
တာဝန်ထမ်းဆောင်စေသတဲ့။မြင်ရတဲ့မျက်စိတစ်ဖက်ကတော့မြို့မဈေးပတ်လည်ပေါ့။မြို့သူမြို့သား
တော်တော်များများက သူတို့တာဝန်ထမ်းဆောင်နေပုံကိုကြိုက်ကြလို့ (ငရမကန်း)စစ်ဆင်ရေးလို့နံမည်ပေးထားကြတယ်။လူစည်ကားရာနေရာမှာ
ယာဉ်ကြောပိတ်ဆို့မှုအတွက်ယာဉ်စည်းကမ်းထိန်းသိမ်းပုံကဆန်းကြယ်ပါ၏။ ယာဉ်စည်းကမ်းထိန်းသိမ်းတဲ့ဥပဒေကျပြန်တော့ငွေကြေးချမ်း
သာကြွယ်ဝတဲ့ပိုက်ဆံဝါးလားတွေကုန်ကားပိုင်ရှင်၊မထသခရီးသည်တင်ယာဉ်တွေနဲ့လားလားမျှမသက်ဆိုင်ဘဲအတားအဆီးမဲ့ဝင်၊ထွက်စေ
သတည်းပေါ့။ မောင်ဗေထိတို့နယ်မြို့လေးမှာ စက်ဘီး၊ဆိုင်ကယ်စနစ်တကျရပ်နားနိုင်တဲ့ အပ်ထားနိုင်တဲ့
စည်ပင်လေလံစက်ဘီးအပ်စခန်းမြေနေရာရှိပါသလားလို့မေးရင်။ရှိပါတယ်ခင်ဗျာလို့လက်ညှိုးလေးထောင်ဖြေမိမှာပါ။သို့ပေမယ့် ရောက်လာသမျှ
အရာရှိအပေါင်းသူတော်ကောင်းတို့ရဲ့ဩဇာအောက်မှာ
လေလံမြေနေရာလည်းအဆောက်အအုံဖြစ်စေသတည်း။တစ်ယောက်တစ်မျိုးမရိုးရအောင်တန်ခိုးတွေပြ နေကြတာ တရုပ်ရာဇဝင်ဝူခုံးမျောက်ကားနဲ့
ခပ်ဆင်ဆင်ပေါ့။ ငွေဒင်္ဂါးကို ၊ထွေခင်းကစားလို့ကတော့
ဥုံခံမန်းမှုတ်စရာမလိုတဲ့ဂမ္ဘီရအတတ်ပညာတွေက မြန်မာလူမျိုးတိုင်းတတ်ကြတယ်ဗျ။ဆိုင်ကယ်ယဉ်ကျေးမှုထွန်းကားတဲ့ဧရာဝတီတိုင်းဒေသကြီးထဲ
ကမောင်ဗေထိတို့မြို့လေးမှာဟိုနားကမောင်းထုတ်၊ဒီနားစုပုံ။ဒီနားကမောင်းထုတ်၊ဟိုနားစုပုံနဲ့သာယာလှပရေးဆိုနားဝမှာ ခါးလှချည်ရဲ့ဗျ။နိုင်ငံတော်
လခစားတာဝန်ရှိသူတွေကတော့ အေးဆေးယပ်ခတ်၊ကလေးမွေးအသက်မထွက်တဲ့အမူအရာတွေနဲ့ပေါ့။အရှုပ်အထွေထွေနဲ့မလုပ်မနေ
ရတာဝန်ကြားမှာအသပြာမရ၊မာန ခဝါချပြီး မြို့အတွက်အလုပ်အကျွေးပြုနေရတဲ့ ပဲလှော်ကြားက
ဆားကော်မတီတွေပါလားလို့ကျွှန်ုပ်မောင်ဗေထိ တွေးမိပါတော့တယ်။
3 comments
kai
February 4, 2014 at 5:51 pm
မောင်ဗေထိက ဘယ်မြို့သားလဲဗျ..။
ဒညင်းဝက်
February 4, 2014 at 7:10 pm
(ငရမကန်း)စစ်ဆင်ရေး တဲ ့လားကွယ်… .
:kwi:
Wow
February 7, 2014 at 2:57 pm
ညန်မာလိုရေးထားဒါလားငင်င်င်င်င်..