“ အ ဆုံး မဲ့ စဉ်း စား ခြင်း”
“ အ ဆုံး မဲ့ စဉ်း စား ခြင်း”
ဘ ဝ မှာ တစ ်ခါ တစ် ခါ
ဆန့် ကျင့် ဘက် ပါး ပါး လေး
အ ပြန် ပြန် အ လှန် လှန်
တွေ း ကြည့် မိ တဲ့ အခါ
စဥ်း စား ရင်း
လုံးချာပတ်
လုံးချာပတ်ရင်း
စဉ်း စား
ဒါ နဲ့ ဘဲ
မိုး လင်း သွားခ ဲ့တဲ့
ည တွေ များ လာ ပါ တယ်။
လော က ကြီး ရဲ့
အ ပေး အယူ
အ ပြန် အ လှန်
အ မှား အ မှန် ကို
အပြန် ပြန် အလှန် လှန်
စဉ်းစား မိ တာ က
တွေး လို့ ဘဲ သိ တတ် သ လား
သိ လို ့ ဘဲ တွေး နိုင်သ လား
ပေး လို့ ဘဲ ယူ မိ သ လား
ယူ လို့ ဘဲ ပေး လိုက်သ လား
တောင်း လို့ ဘဲ ရ သ လား
ရ မှန်း သိ လို့ လို့ ဘဲ တောင်း သ လား
ကောင်း လို့ ဘဲ သုံး သ လား
သုံး လို့ ဘဲ ကောင်း သွား သ လား
သွား လို့ ဘဲ ရောက် သွား သ လား
ရောက် မယ် သိ လို့ ဘဲ သွား သ လား
စား လို့ ဘဲ ကျွေး လိုက် သ လား
ကျွေး လို့ ဘဲ စား မိ သ လား
သ နား လို့ ဘဲ ချစ် မိ သ လား
ချစ် မိ လို့ ဘဲ သ နား သွားသ လား
အ လို့ ဘဲ နုံ တယ် ထင် သ လား
နုံ လွန်း လို့ ဘဲ အ သွား သ လား
ယုံ လို့ ဘဲ ပုံ လိုက်သ လား
ပုံ လို့ ဘဲ ယုံသွား သ လား
ဆုံ လို့ ဘဲ ကြုံ ကြ တာ လား
ကြုံ လို့ ဘဲ ဆုံ သွား သ လား
စဥ်း စား ရင်း
လုံးချာပတ်
လုံးချာပတ်ရင်း
စဉ်း စား
ဒါ နဲ့ ဘဲ
မိုး လင်း သွားခ ဲ့တဲ့
ည တွေ များ ပို ပို လို့ များ များ လာ ပါ တယ်။
ကို ပေါက် လက် ဆောင် အ တွေး စဉ်
8-2-2014
5 comments
အလင်းဆက်
February 8, 2014 at 10:07 am
လေးပေါက် ရေးတဲ့ ကဗျာတွေထဲမှာ
အခုတလော ရေးတာလေးတွေ အတော်ကြိုက်မိတယ်
ကိုပေါက်(မန္တလေး)
February 8, 2014 at 12:09 pm
ဒီ လို ပါ ဘဲ တစ ်ခါ တစ် ခါ ကိုယ်ေ န့ စဉ် ကြုံ တွေ့ နေ ရာ တာ လေး တွေ က ထွက် လာ တဲ့ ပါး ပါး လေး တွေ ပါ။
KZ
February 8, 2014 at 5:35 pm
ကျနော် က အတွေးတွေကို အဆုံးထိဘယ်တော့မှမတွေးဘူးးး
ဟိ
တွေးရတာတောင်ပျင်းပြီး ပင်ပန်းလို့။
စိတ်သက်သာအောင်ပဲ နေတော့မယ်။
လေးပေါက်လည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။
🙂
ကိုပေါက်(မန္တလေး)
February 8, 2014 at 10:04 pm
လေးပေါက်လည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။
စိုက် ပါ တယ် မ ယ် ခို်င် ဇာ ကျေး ကျေး နော်
kyeemite
February 10, 2014 at 10:02 am
စဥ်း စား ရင်း
လုံးချာပတ်
အပြုံးပါရပ်သွားအောင်တွေးရင်း
မျက်မှောင်ကုတ်ကုတ်
မျက်မှောင်ကြုံ့လို့
ဆက်သာတွေးပါ
ကိုပေါက်ရာ။ 😛