“မိဘ” စစ်စစ်တစ်ယောက် ဖြစ်ဖူးချင်လွန်းလို့
မီးခိုးငွေ့များ အပေါ်သို့လွင့်ပျံသွားသည်ကိုကြည့်ရင်း ကိုရင်စိုင်းတစ်ယောက် လက်ကျန်ဆေးလိပ်တိုလေးကို ပြာခွက်ထဲ ခပ်ပြင်းပြင်းထိုးချေပြစ်လိုက်သည်။ မိန်းမက မကြိုက်ပါဘူးဆိုကာမှ သောက်ချင်နေလွန်းသည့်ဆေးလိပ် မှတ်ရောဟယ်ဟုဆိုကာ မကျေမနပ်စိတ်ကြီးဖြင့် ထိုးထည့်လိုက်ခြင်းလဲဖြစ်သည်။ မိန်းမသာ ဒီအကြောင်းသိရင်တော့ ငါးသလောက်ပြုံးလေးနှင့် မျက်စောင်းလေးတစ်ချက်ထိုးပြီး ကျေနပ်ပြုံးကြီးတစ်ချက် ထိုးနေပေဦးမည်ဟုလည်း တွေးမိသည်။
တစ်ကယ့်တစ်ကယ်တော့ ၁၆ နှစ်သားကပေါင်းလာတာ ခုလောက်တော့ လွယ်လွယ်နဲ့ပြတ်ပါ့မလားလို့။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ခက်တော့လည်း အတော်လေးခက်သည်။ ဘဝမှာလိုချင်တိုင်းဖြစ်တဲ့သူ သိပ်တော့မရှိနိုင်ပေ။ လိုချင်တာလေးတွေနှင့် ဖြစ်နေတာလေးတွေ အနီးစပ်ဆုံးတူညီရင်ပြီးတာပဲဆိုပြီး ကျေနပ်နေကြရသူတွေသာများပေမည်။ ကိုရင်စိုင်းတစ်ယောက်လည်း ထိုနည်းလည်းကောင်းသာပေါ့။
တစ်ချို့သောသူများထက် သာသည်မှာ ကိုရင်စိုင်းမှာ ချစ်စရာ ဇနီးမယားလေးရှိသည်ပေါ့။ ထို့ထက်ပိုကောင်းသည်မှာ ထိုချစ်ဇနီးလေးလဲ ကိုရင်စိုင်းအနားမှာ ရှိနေသည်ပေါ့။ ထိုသို့တွေးပြီးသကာလ အနားမှာရှိနေသော၊ နှစ်နှစ်ချိုက်ချိုက်အိပ်မောကျနေသော ဇနီးနဖူးလေးကို ခပ်ဖွဖွလေး နမ်းလိုက်လေသည်။
သာယာကြည်နူးဖွယ်ရာကောင်းလှပေစွ။
ထို့နောက် ကုတင်ဘေးမှ ဖုန်းကိုလှမ်းယူကြည့်လိုက်သည်။ မနက် ၄းဝဝ တိတိရှိပြီဆိုပါလား။ ဒီတော့ ကိုယ့်ဇနီးမယားကို နောက်ထပ် ၉းဝဝ တိတိတော့ ပိုင်နိုင်သေးသည်ပေါ့။
ဆန္ဒနဲ့ဘဝ ဘယ်တော့မှ ထပ်တူမကျနိုင်ပါ။ မကျနိုင်ဆို ဆန္ဒသည် သူ့ဖာသာ သီးသန့်ဖြစ်တည်နေပြီး ဘဝသည် မျက်မှောက်ပြုထားရခြင်းကြောင့်ဖြစ်သည်။ ကိုရင်စိုင်းလဲ အိပ်ဦးမှပါလေဟုဆိုကာ တစ်ရေးပြန်အိပ်ပျော်သွားလေသည်။ အိမ်မက်ထဲတွင်မတော့ အလုပ်ကအပြန် ကြိုဆိုနေသော ချစ်ဇနီးလေး၊ သားကြီး၊ သမီးလေးတို့နှင့်။ မိသားစုထမင်းဝိုင်းလေးသည်ကား တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ချစ်ခင်လေးစား၊ နွေးထွေးကြည်နူးမှုများအပြည့်နှင့်။
ထို “အိမ်” လေးသည် အိမ်မက်ထဲမှာပင် အိမ်မက်ဟု သိနေလျက်သားနှင့် အလွန်လှပသောအိမ်မက်တစ်ခုအနေနှင့် ပျော်ရွှင်စွာပင် ကိုရင်စိုင်းအနာဂါတ်တွေကို သူချည်းသက်သက်ဖြင့်ထုဆစ်နေတော့သည်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++
လူးလူးလွင့်လွင့် ငါတော်တော်လေးစီးမျောနေပါရော့လား
ဘေးနားမှာ ဖြူလွလွတိမ်စိုင်တွေနဲ့
မှန်း….
ရမ်းရော်လို့ကြည့်လိုက်စမ်းမယ်ဟယ်..
ငါ့အိမ်မက်ကြီးထဲမှာပါလားငါ့ရင်ကိုရှင်းထုတ်ပြီး
သူ့ချည်းသက်သက် မဆန့်မပြဲနဲ့ ရင်ထဲဆွဲသွင်းလိုက်တယ်
ငါ့ဇနီးရော၊ ငါ့သားရော၊ ငါ့သမီးရော
အချုပ်ကိုဆို..
ငါ့မိသားစု ငါ့နှလုံးသားထဲမှာအဲ့ဒီအစွဲကြီးကလဲ ကျွတ်ကို မကျွတ်နိုင်တော့ပါဘူး
လူတွေက အဲ့ဒါကျွတ်မှ လွတ်ငြိမ်းရာ ရတယ်ဆိုလား
ငါ့မှာတော့ အဲ့ဒါလေးကို မွေးစက ခုတိုင်
တစ်ကြိမ်မှ မရဖူးလေတော့
ရူးသွပ်တာ၊ တက်မက်တာ လွန်တယ်လို့ဆိုလေမလားငါ့အတွက်
နတ်နေကိုင်းလေးတစ်ခုလို့တော့ ထင်မိတာပဲ။
“…………………”
ရုတ်ချည်းလှုပ်နှိုးခံလိုက်ရသောကြောင့် ကိုရင်စိုင်းတစ်ယောက် ဘာများဖြစ်သလဲဟု ထလိုက်သောအခါတွင်မှ ပစ္စုပ္ပန်ကို မျက်မှောက်ပြုမိလေသည်။
ဪ….
ကိုယ့်နေရာ ကိုယ်ပြန်ရပေတော့မည်။ လင်တစ်ကွဲ၊ မယားတစ်ကွဲ ခွဲလျက်သာနေကြရပေဦးမည်။ တစ်ချိန်တုန်းက Skype ပေါ်မှ မြင်တွေ့နေရသည်ထက်တော့ များစွာသာသေးသည်။ မခွဲခင် နှုတ်ဆက်အနမ်းလေးတစ်ပွင့်တော့ ခြွေနိုင်သေးသည်။ တစ်ခဏတာအတွက်တော့ တစ်ယောက်ရင်ငွေ့တစ်ယောက် ခိုလှုံနိုင်သေးတော့သည်။
ရှေ့ရေးကိုတိုင်ပင်ကြလေသည်။ အသက်တွေလည်း အတော်လေးကို လူငယ်ပိုင်းကျော်လို့ လူလတ်ပိုင်းသို့ပင် ရောက်နေပြီဖြစ်သည်။ ရည်းစားသက် ၃ နှစ်၊ အိမ်ထောင်သက် ရ လ၊ သေချာကို ပြန်တွက်ပါမှ ရည်းစားသက်တစ်လ၊ အိမ်ထောင်သက် နှစ်လနှင့် ၃ ရက်လားရှိသေးသည်။ ရှိစေတော့… အသို့ဆိုစေကာမူ အိမ်ထောင်သည်ဖြစ်လာပြီဆိုမှတော့ နောင်ရေးတွေ၊ သားတွေသမီးတွေအရေး တွေးရတော့မည်။
ထိုတွင်မှ စကားစစ်ထိုးခြင်းသည် အစပြုလေ၏။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ရင်ကိုဖွင့် အိမ်မက်တွေ တစ်စစီထုတ်ချေလို့
ငါတို့
(တစ်ရှိုက်မက်မက် ပြောခဲ့ဖူးတဲ့)အိမ်မက်တွေ၊ အနာဂါတ်တွေကို ထုဆစ်ပုံဖော်ကြစို့လားကွယ်
တစ်ယောက်တည်း လမ်းပျောက်နေတာမှမဟုတ်တာနှစ်ယောက်သား လမ်းသစ်ကိုထွင်
စိတ်ကူးတွေ ပုံဖော်နေကြတာပဲ
ဒို့နှစ်ယောက်တည်း ပျင်းလှပါတယ်ဆည်းလည်းလေးတွေ ဒို့အိမ်မှာ ချိတ်ဆွဲကြရအောင်လား။ ။
“မောင်တို့တွေ မငယ်တော့ဘူးကွယ်”
“ရှင်က ကျွန်မကို အိုပြီလို့ ဆိုတာလား”
ငင်… စကားကို အစရယ်မှ ဖော်လို့တောင်မရပေ။ လိုရင်းကို ဇွတ်အတင်းပင် လှည်းတန်းမီးပွိုင့်မိနေသည့်လိုင်းကားများလို ရရာနေရာမှပင်ကျော်တက်လိုက်ရသည်။
“မောင် ကလေးချီချင်ပြီကွယ်”
“ရှင်က ဘယ်သူ့ကလေးများ သွားချီချင်နေတာတုန်း”
ရော်.. ခက်ချေပြီ၊ ဗဟိုလမ်းကသွားလဲပိတ်၊ ဘုရင့်နောင်လည်း ထိုနည်းလည်းကောင်း၊ ဒါနဲ့ပဲ အင်းစိန်-ပြည် လမ်းပေါ် လီဗာသံ ခပ်ကြမ်းကြမ်းပေးပြီး မောင်းတက်လိုက်တော့သည်။ လှည်းတန်းမှ ပိတ်ချင်ပိတ်ပါစေတော့ပေါ့။ ဟံသာဝတီမှာပိတ်တာ နောက်တစ်ပိုင်းပေါ့။
“မောင်တို့ ကလေးယူကြရအောင်ကွယ်”
“ကြံကြီးစည်ရာ.. ကိုယ့်ဖာသာတောင်အနိုင်နိုင်၊ ဘယ်က ကလေးကိုခေါ်ပြီး ဒုက္ခပေးဦးမလို့တုန်း”
ပွဲပြီးကာနီးမှ ပင်နယ်တီအသွင်းခံလိုက်ရသလိုပင်၊ ဟေးကနဲ အော်လိုက်သံများကြား အရုပ်ကြိုးပြတ်လဲကျသွားသော ဂိုးသမားလိုပင်။ ပွဲပြီးခရာမှုတ်သံကို ကြားလိုက်ရသည့်အလား ပြန်ပြောစရာ စကားတစ်ခွန်းမှ ရှာမရပေ။
တစ်ဆတ်ဆတ်တုန်နေသည့် ရင်ဘတ်ဟောင်းလောင်းပေါက်ကြီးမှ ထွက်ကျသွားသည့် နှလုံးသားအား အသာအယာဖုန်လေးသုတ်၊ သူ့နေရာသူနေသားကျအောင် ပြန်လည်တပ်ဆင်လိုက်ပြီးကာမှ ဝင်သက်၊ ထွက်သက်မှန်အောင် ရှူရှိုက်လိုက်နိုင်လေသည်။
ည ညတွေ အတော်လေးမှောင်မိုက်နေသည်မှာ သူ့ချည်းကြောင့်မဟုတ်ပဲ ကိုရင်စိုင်းကြောင့်ဆိုတာ ပိုသေချာသွားလေသည်။ ဒီတော့လဲ အိမ်မက်တွေ ပိုကြာကြာ မက်လို့ရပေတာပေါ့။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++
သူ့ချည်းပေပဲလား
မဟုတ်ဘူး၊ သူ့ချည်းသက်သက်တော့ တယ်ပြီးလှပေတယ်မထင်ပေဘု
ငါ့ကိုယ်ငါအရည်ဖျော် ဘဝအရောင်စုံကိုရောနယ်ပြီးမှ
အရောင်တွေစုံလာရပေတာပလူဆိုတာ သေမျိုးချည့်
သေပြီဆိုမှတော့ ဘာကိုငါထူးပြီးသိနိုင်ပေမတုန်း
မသေခင်လေးတော့ ငါ့ကိုယ်ငါ
အတော်လေးသိနိုင်တာပေပငါ့ရှင်သန်ခြင်း
ငါ့နေထိုင်ခြင်း
ငါ့ဖြစ်တည်ခြင်း
ငါ့တည်ဆောက်ခဲ့ခြင်းရော်..
ခက်တော့ ခက်ချေဘိ
ငါ့ကိုယ်ပိုင်ဘာဆိုဘာမှလဲမရှိ
ငါ့အသက်ရှူနေခြင်းမှာတောင် သူ့ခိုင်းသမျှ
ငါ့စားသုံးခြင်းမှာတောင် သူ့ရှင်သန်ခြင်းအတွက်ငါ့မျက်လုံးတွေမမှိတ်ခင်
ငါ့သား/သမီးလေး ကောင်းမွန်စွာနေထိုင်ခြင်းကို
ငါ မြင်သွားပါရစေဦး။ငါ့အသိတွေမချုပ်ငြိမ်းခင်မှာ
ငါ့သား/သမီးတွေ အတတ်ပညာတွေပြည့်စုံသွားတာကို
ငါ သိလိုက်ပါရစေဦး။ငါ့ရုပ်ခန္ဒာကြီးမချုပ်ငြိမ်းခင်မှာတော့
ငါ့သား/သမီးတွေ ရုပ်ပိုင်းဆို်င်ရာပြည့်စုံကြွယ်ဝမှုတွေ
ငါ ပိုင်ဆိုင်ပါရစေဦး။ဘယ်တော့မှ မကျွတ်မလွတ်နိုင်လဲနေစေတော့
ငါ….“မိဘ” စစ်စစ်တစ်ယောက် ဖြစ်ဖူးချင်လွန်းလို့။ ။
စိုင်းကွမ်းခေး
(ခေတ္တလူ့ပြည်)
21 comments
Crystalline
February 23, 2014 at 10:19 am
ဖတ်ပြီးသွားပြီ.. :))
TNA
February 23, 2014 at 10:47 am
နိုင်ငံရပ်ခြားမှာ နှစ်ယောက်လုံးရုန်းကန်နေရသမို့ မိဘဖြစ်ခွင့် မဖြစ်ခွင့် မိဘဖြစ်နိုင် မဖြစ်နိုင် ပြသနာကို နားမလည်လို့မဆွေးနွေးနိုင်တာ ခွင့်လွှတ်ပါ။ အိမ်ထောင်ကျပြီး မိဘဖြစ်ချင်တဲ့ ဆန္ဒကိုတော့ နားလည်နိုင်ပါ တယ်။ တချိန်ချိန်မှာတော့ အဆင်ပြေသွားမှာပါ။ ချစ်ဇနီးတယောက်လုံးတောင် အနားရောက်နေပြီပဲဟာ။
ဖြူစိုင်း လူ
February 24, 2014 at 7:54 am
တစ်ချိန်ချိန်ဆိုသော တစ်ချိန်ချိန်ပေါ့ဗျာ
မမျှော်မှန်းထားတာတွေ ဖြစ်လာနိုင်ပါသေးတယ်
Foreign Resident
February 23, 2014 at 1:23 pm
အင်းးးး ။ ကိုရင်စိုင်း စာတွေ ဖတ်ရတာ ၊
ကိုရင်စိုင်း က သိပ် ခံစားတတ် ( သိပ်နု ) သကိုးကွယ့် ။
ဖြူစိုင်း လူ
February 24, 2014 at 7:55 am
အဲ့လိုနုလို့လဲ ခုလိုစာလုံးတွေ ထွက်ကျလာတာပေါ့ ဘဖောရယ်..
သများတွေလို စုံစုံလင်လင်မရေးတတ်ပဲ ဘဝအကြောင်းနဲ့ ခံစားချက်အကြောင်းတွေပဲ ရေးနေရတဲ့သူပါ..။
မိုက်ကယ်ဂျော်နီအောင်ပု
February 23, 2014 at 5:28 pm
တစ်ခါတစ်လေကြတော့လည်း
အခြေနေပေးတဲ့အခါ လုပ်ငန်းကအဆင်ချောနေတော့
အလုပ်ကို ကင်းကင်းရှင်းရှင်းလုပ်နိုင်တော့ မြန်မြန်စုမိတယ်
ပိုက်ဆံကတော့ပိုက်ဆံဘဲ
လင်မယားဆိုတဲ့ဘဝမှာ မိသားစုဆိုတဲ့ကဏ္ဍကလည်း အထူးပါဝင်လေတော့
ဒါကလည်း အလွန်အရေးကြီးတဲ့အတွက် လီဗာမလျှော့နဲ့ ကိုကိုရေ ငိငိ
( ဘါဘဲဖြစ်ဖြစ် ဒီကိစ္စကိုတော့ နှစ်ဦးသေခြာဆွေးနွေးသင့်ပါတယ် )
ကိုယ့်ရဲ့လက်ရှိ လုပ်ငန်းဝင်ငွေအခြေနေတွေ
ကိုယ်ဝန်ဆောင်စဉ်မှသည် ကလေးအရွယ်တစ်ခုရောက်သည့်အချိန်ထိ
ကလေးနှင့်မိခင်အတွက် ကိစ္စဝိတ်စဘာညာကွိကွတွေ
သူများတွေလည်း ဒီလိုဘဲ မွေးနေကြတာပါဘဲ သူ့ဖါသာအဆင်ချောသွားမှာပါ
အောင်ဘု
ခေတ္တ အရက်ဆိုင်
ဖြူစိုင်း လူ
February 24, 2014 at 7:57 am
လေသံကြည့်ရတာ ဘပုမဖြစ်နိုင်ဘူး.. သူ့ဆရာအူးကြောင်လေပေးနဲ့ ထူးထူးဆန်းဆန်းပြောတာခံရတယ်..
ဆိုတော့ကာ… အဲလိုပဲ မှန်းထားပါတယ်။ ကလေးကလာချင်နေရင်တော့ ကိုယ်ဘယ်လိုပဲတားတားပါလေ၊ မလာချင်ဘူးဆိုရင်တော့ ရွှေလက်နဲ့ လှမ်းခေါ်တောင် လာမှာ မဟုတ်ပါဘူး
အသေအချာတော့ ဆွေးနွေးရပါဦးမယ်ခင်ဗျား။
မမချွိ
February 23, 2014 at 7:24 pm
ကလေးမွေးဖို့က စဉ်းစားရမှာ……….
၁) မိခင် အသက်အရွယ်
၂) မိဘ ငွေရေးကြေးရေး
၃) စောင့်ရှောက်နိုင်မဲ့သူ၊ ကလေးဘယ်သူထိန်းမှာတုန်း ဆိုတာမျိုး၊ မွေးပြီး မပြီးဘူးကိုးးး
၄) သားသမီးကို ဘယ်မှာ အခြေကျစေမှာတုန်း ဆိုတာလည်းရှိသေးတယ်။
၅) အားလုံး အသင့်ဖြစ်မဖြစ်စဉ်းစားရမှာ အများကြီးပါ။
အဲ!
နောက်တစ်မျိုးပြောရရင်တော့ ဘာမှ စဉ်းစားမနေနဲ့။
ဒီတိုင်းသာထားးး
ကိုယ့် ကလေး က သူ့ကံနဲ့သူလာတာရယ်။
ကြားဖူးတယ်ဟုတ်??
လူထွင်းတဲ့ ခံတွင်းမဟုတ်၊ နတ်ထွင်းတဲ့ ခံတွင်းဆိုတာ။
အခြေအနေတွေက ကိုယ့်ကို ဘာလုပ်ရမယ်ဆိုတာ သင်သွားလိမ့်မယ်။ :mrgreenn:
စိတ်ပူတတ်ရင်တော့ အခြေအနေတိုင်း က စိတ်ပူစရာကြီးပဲ။ :mrgreenn:
~~~~~~~~~~~
ဒါနဲ့
ကျုပ် ကို စိတ်ဆိုးမနေနဲ့တော့နော့။
ကျုပ် လွန်တာ မှားတာရှိရင် တောင်းပန်တယ်ရယ်။
🙂
ဖြူစိုင်း လူ
February 24, 2014 at 8:02 am
စိတ်မဆိုးပါဘူးဗျာ.. အမှန်တော့ ကျွန်တော်လဲ ကိုယ်ခင်တဲ့သူတစ်ယောက် အစွန်းရောက်သွားသလားလို့ ဝင်ထောက်ပြရာကနေ အမြင်တွေလွဲကုန်တာပေါ့.. အားလုံးကျေနပ်ရင် ပြီးတာပါပဲနော့
၁) လွန်သွားမှာစိုးရိမ်လို့ပါ
၂) စားနိုင်သောက်နိုင်ထက်တော့ ပိုပါတယ်
၃) ယောက္ခမကြီးက ၈ ယောက်တောင်အသာလေးထိန်းခဲ့တာ၊ ခုမြေးတွေတင် ရ ယောက် ပျော့ပျော့လေးထိန်းထားတာ
၄) မြေကြီးပေါ်မှာပဲ ခြေကျစေမယ်စိတ်ကူးထားပါတယ် (သများတွေပြောတဲ့ အင်္ဂါဂြိုဟ်ဆိုတာကြီး နာမည်နဲ့တင်ရွံလို့)
၅) ဘာမှတော့ အဆင်သင့်မဖြစ်သေးဘူး
ဘာမှမတွေးတော့ပါဘူးလေ… ကလေးအမေအဆင်သင့်ဖြစ်မှ ကလေးနေပါစေ၊ ခုတော့ ကလေးလဲ ကလေးလိုနေ၊ လူကြီးလဲ လူကြီးလိုပဲနေပါမယ်လို့
alinsett ( Gazette )
February 23, 2014 at 8:44 pm
စာသားလေးတွေများ… လှပ ပျော့ပျောင်းပြီး… ချစ်စရာကောင်းလိုက်တာ…
ခံစားတတ်သူ…. ဖန်တီးတတ်သူတစ်ယောက်ရဲ ့ လက်ရာ…
🙂
ဖြူစိုင်း လူ
February 24, 2014 at 8:04 am
သေချာတယ်.. ကိုဒညင်းခွက်မန့်တာမှာရော၊ ကျွန်တော်မန့်တာမှာရောပါ သေချာပေါက် ရဲရဲတောက်နေစေရမယ်။
ဒီရွာအကြောင်း ရိုး ဟိုး ဟိုးးးးးး နေပြီ
ဦးကြောင်ကြီး
February 24, 2014 at 8:13 am
လင်ရယ်မယားရယ်လို့ ဖြစ်ရင် ဘာလုပ်ကြလို့ ခလေးရဂျ ရဒါတုံး.. နားမလည်ဗောင်..
ဦးကျောက်ခဲ
February 24, 2014 at 9:56 am
ကိုရင်ရှုံးက တယ်လောသကိုး…
ကျောက်စ်မောင်နှံကတော့ ချစ်စခင်စ ကြင်နာစမို့…
ရှေ့နှစ်လောက်မှ သားသားမီးမီး အပိုင်ယူမယ်…
အခုတောင်ချက်ရပြုတ်ရ ဈေးသွားရနဲ့ မအားလပ်တာမို့…
အနှီးလျှော်ဖို့ အချိန်မပေးနိုင်သေးလို့ပါဗျာ… အားဟိ…
😀
Mr. MarGa
February 24, 2014 at 10:32 am
ဘဝ တစ်ခု တည်ဆောက်ရာမှာ
ဆည်းလည်း လေးတွေလဲ လိုသပေါ့.
ဒါပေမင့် အခြေအနေ အချိန်အခါတွေကို ထောက်ချင့်လို့
ဆည်းလည်းသံ မြိုင်စေချင်တဲ့ စိတ်ကလေးကို ခဏ လျှော့
ဆည်းလည်းအတွက် လိုမှာလေးတွေကို ကြိုတင်ပြင်ဆင်….
အဆင်သင့် ဖြစ်မှ လက်ကမ်းကြိုမယ် လို့ ယုံကြည်ရင်း……………
(ဘာမန့်လိုက်လဲ မသိတော့လို့ ရှင်းပြပေးဂျဘာဗျို့) 😛
kyeemite
February 24, 2014 at 2:42 pm
ယောက်ကျားလေးက ပြသနာမရှိပါ…
မိန်းကလေး အသက်၃၅ မတိုင်မီ ကလေးယူသင့်တယ်
ထင်ရာမြင်ရာဝင်ပြောတာ..တကယ်က ဆရာဝန်မှပိုသိမှာ.. 😀
မမချွိ
February 24, 2014 at 2:46 pm
အာ့ဆို
တစ်ချို့ ၃၅ နားနီးလို့
လူဂျီးမရနိုင်သေးရင်
ကလေး အရင် ယူထားသင့်တာပေါ့နော်?
😀
Wow
February 25, 2014 at 4:56 pm
ဟေးးးး ကောင်းပြည့်ကို မွေးစားမယ်… စိုင်းကို မွေးစားမယ်
မမချွိ
February 25, 2014 at 6:18 pm
မွေးစားဖို့ပြောတာ ဟုတ်ဘူးးး
မွေး ဖို့ ပြောတာ။
အခါမလင့်စေချင်လို့။
ဟွန့်။
စပွန်စာပေးဖို့ စဉ်းစားနေသေးတယ်။
:kwi:
လုံမလေးမွန်မွန်
February 25, 2014 at 1:09 pm
ယောက်ျားလေးတွေကတော့ ကလေးသိပ်လိုချင်ကြတာ.. သူတို့အတွက်ကတော့ အလုပ်ကပြန်လာ.. ကလေးလေးကိုချစ်.. တီတီတာတာပြော.. သိပ်ပျော်စရာကောင်းတဲ့ ဘဝပေါ့..
အဲ.. မိန်းမတွေဘက်ကျတော့.. ကိုးလက လွယ်ရဦးမယ်.. ဖွားရတဲ့ဒုက္ခကို ခံစားရမယ်.. မွေးပြီးတော့လည်း ကလေးဝေယျာဝစ္စ.. ချေးယို..သေးပေါက်.. အနှီးလဲ.. သန်းခေါင်သန်းလွဲ နို့ထတိုက်.. အဲဒီကလေး တစ်သက်လုံးက အမေလက်က မလွတ်ဘူးလေ.. အမေ ပီသချင်တဲ့ မိန်းမတွေက အသေအချာပြင်ဆင်ပြီးမှ ကလေးယူချင်ကြတာ.. သေချာဆွေးနွေးကြည့်ပါဦးနော်..
sorrow
February 25, 2014 at 1:28 pm
ဘယ့်နှယ့်ဂျာ..အပျိုကြီးတွေလူပျိုကြီးတွေကော်မန့်ပဲတွေ့နေရတယ်… သိပ်စိတ်ဝင်စားကြတယ်ပေါ့လေ…အဟိဟိ ….ပြေးပြီ…
Ma Ei
February 26, 2014 at 12:45 pm
ကလေးဆိုတာကလဲ ယူတော့မယ်ဆိုတဲ့ချိန်ကြ ရချင်မှ ရတာ….
…ကလေးလိုချင်လွန်းလို့ တနေကြသူတွေမှာ မရ ကြပဲ
တစ်ချို့ တစ်ချို့ တွေမတော့ ဘု စု ခရု တွေ ပလုံစီလို့ရယ်…
ဒါကြောင့်လဲ မိဘ ဆိုတာ ဖြစ်ချင်တိုင်းဖြစ်ရတာမှတ်လို့လို့ ပြောကြတာပါလေ…