ကျနော်ချစ်သော မန္တလေး
ကိုယ့်မင်းနဲ့ကိုယ် အလျဉ်းသင့်သလို ရာဇဝင် မလှပခဲ့ပေမယ့် . . .
ဒီနေရာဟာ ကိုယ့်သမိုင်းကြောင်းထဲက ကိုယ့်အနာဟောင်းတစ်ခု. . .
ညင်သာစွာ ပွတ်သပ်ကြည့်ပြီး မဲ့ပြုံးကလေးတစ်ချက်တော့ . .
ဟောဒီနေရာမှာ ပြုံးပစ်လိုက်ချင်သေးတယ်။
ကိုယ့်ထီးကိုယ့်နန်း ကိုယ့်သမိုင်းရဲ့ အငွေ့အသက် မှတ်တမ်းမှတ်ရာတွေကို ကိုယ့်လက်ကလေးနဲ့ ထိကိုင်ပြီး . . .
အတိတ်ကို ပြန် တမ်းတချင်သေးတယ် ။
မန္တလေးနှင့် တတိယနေ့
( 15 / 1 / 2014 )
ရန်ကုန်ထက် ပိုအေးတဲ့ဆောင်းရာသီနဲ့ မန္တလေး/မနက် လေးနာရီ ဝေလီဝေလင်းကြီးမှာ. . . မန္တလေးတောင်ပေါ် တက်ဖို့ဆိုတာ. . .
ကျွန်တော့်အတွက် အိပ်မက် အဖြစ်တောင် မမက်ဖူးတဲ့ ကိစ္စ ။
ဒါပေမယ့်. . . အဲဒါက . . .
အခု တကယ်ဖြစ်သွားတဲ့ အဖြစ်အပျက် ။
မနက်အစောကြီး ခိုက်ခိုက်တုန်အောင် ချမ်းလှတဲ့ကြားက. . .မန္တလေးတောင်ပေါ်တက်ကြတဲ့အကြောင်း ပြောရရင် . . .
ချန်ထားခဲ့လို့မရတာက. . .မန္တလေးသားတစ်ယောက်. . .။
ဘယ်သူရှိမလဲ. . .
ကျွန်တော်တို့ ချစ်လှစွာသော . . .
သဂျား* မစ်စတာမာဃ * ပါ။
( သဂျားသာ မန္တလေးမြို့မှာ ရှိမနေခဲ့ဘူးဆိုရင်. .
ဒါမှမဟုတ်. . . ကျွန်တော်သာ ဂဇက်ရွာသား မဟုတ်လို ့ သဂျားနဲ့ မိတ်ဆွေရင်းချာ မဖြစ်ခဲ့ရဘူးဆိုရင်. . . မန္တလေးတောင်ပေါ် အမှတ်တရများစွာနဲ့ မရောက်နိုင်ပါဘူး ။ )
အခုတော့ . . . မနက်အစောကြီး. . .သဂျားက အပင်ပန်း ခံပြီး
လိုက်ပို ့ပေးလို့သာ ရောက်ဖြစ်ခဲ့တာလေ. . .။
ကျွန်တော် တည်းခိုရာ. . .
62 လမ်း က. . .
East Mandalay Hotel ရှေ့ကို. . .သဂျားရဲ့ ဆိုင်ကယ်လေး ဝေါခနဲ ရပ်လာတော့ မနက် လေးနာရီတောင် မခွဲသေးဘူး။
သဂျားမောင်းတဲ့ ဆိုင်ကယ် အနောက်ကနေ. . .
မန္တလေးမြို့ရဲ့ ဝေလီဝေလင်းရှုခင်းကို ကြည့်ရှုငေးမောရင်း လိုက်လာရတာ. . .
ချမ်းလိုက်တာကွယ်. . .
( မန္တလေးမြို့အကြောင်း စဉ်းစားလိုက်ရင်. . .
အရင်ဆုံး သတိရမိတာက. . . .အဲဒီ အသည်းခိုက်အောင် ချမ်းလှတဲ့ ဆောင်းမနက်ခင်းပါပဲ ။ )
ချမ်းလွန်းတယ် ဆိုကာမှ. . .
အရှေ့က သဂျားက . . . အငြိမ် မနေဘူး။
ဆိုင်ကယ်မောင်းရာကနေ. . .သူ ့ခန္ဓာကိုယ်ကို ဘယ်ဘက် ယိမ်းထားလိုက် ညာဘက် ယိမ်းထားလိုက်နဲ့. . .
အနောက်က လိုက်စီးသူကို လေပိုတိုးပြီး ပိုချမ်းအောင်. . .
သူ ့ခန္ဓာကိုယ် လေကွယ်နေရာကနေ ယိမ်းဖယ်ပေးနေတာ ။
အဲဒီလို သူ ဘယ်ညာ ယိမ်းလိုက်ပြီဆိုတာနဲ့ အနောက်ကနေ ကျွန်တော် ထအော်မိတာပဲ ။
ချမ်းလွန်းလို့ အေးခဲသွားမလား ထင်ရတာကိုး. .
မန္တလေးတောင်ခြေကို ရောက်တော့. . .တောင်ပေါ်တက်သူရယ်လို့. . .တစ်ယောက်စနှစ်ယောက်စလောက်ပဲ ရှိမယ့်မနက်ခင်း ဝေလီဝေလင်း. . .
မဟုတ်သေးဘူး။ လင်းဖို့တော်တော်လိုသေးတဲ့အချိန်ပါ ။
ဆိုင်ကယ် ရပ်ထားခဲ့တဲ့နေရာမှာတော့. . .ကျွန်တော်တို့ထက် အရင် ရောက်နေတဲ့ဆိုင်ကယ်တစ်စီးသာ ရပ်လျက်သား. . .
တောင်ပေါ်ကို မှောင်ရိပ်ဝိုးဝါးကြားကပဲ. . .လမ်းလျှောက်တက်ကြ. . .
တောင်ပေါ်အမြင့်ကို တက်ရတဲ့ လှုပ်ရှားမှုကြောင့်. . အဲဒီအချိန်မှာ သိပ်မအေးဘူး ။
ကျိုက်ထီးရိုးလို. . . ဇွဲကပင်တောင်လို ချွေးသံတရွှဲရွှဲ တက်ရတာလည်း မဟုတ်တော့. . .
မန္တလေးတောင် တက်ရတာ. . .သက်တောင့်သက်သာ ရှိပါတယ်လေ။
တောင်ပေါ်ရောက်တော့ လေတဟူးဟူးနဲ့
အေးစက်လှတဲ့ မန္တလေးမြို့ပြကို စမ်းတဝါးဝါး. . .ငုံ ့ကြည့်ရပါရဲ့ ။
မိုးမင်းသားရယ်. . .
သဂျားရယ်. . .
အလင်းဆက် ရယ်. . .
သုံးယောက်သား အမှတ်တရဓါတ်ပုံ ရိုက်ဖို ့ ကြံစည်ကြရတာလည်း ပျော်စရာ အမှတ်တရတစ်ခုပါပဲ ။
မိုးမင်းသားကြီးကို ကင်မရာမြင်ကွင်းတည်ရာအဖြစ်ထားပြီး. . .သဂျားနဲ့အလင်းဆက်က ကင်မရာ မြင်ကွင်းကို ချိန်ရတယ် ။
မန္တလေးတောင် ရင်ပြင်ရဲ့ လက်ရမ်းဘောင်တန်းလေးပေါ်မှာ. . .ကင်မရာကို အသာလေးတင်ပြီး ၁ဝ စက္ကန် ့စာ အချိန်သတ်မှတ်ခဲ့ရတာ. . .
ကင်မရာ လက်ရမ်းပေါ်တင်ပြီးတော့ပဲ ၃ စက္ကန့် ၄ စက္ကန့် ဖြစ်သွားတော့. . .
မိုးမင်းသားကြီး ရပ်နေတဲ့ ကင်မရာမြင်ကွင်းရှိရာကို သဂျားနဲ့ ကျွန်တော် အိုးနင်းခွက်နင်း ပြေးရပ်ကြရတာ. . .
တော်သေးတယ် ။ အချိန်မှီလေးပါပဲ ။
မန္တလေးတောင်ပေါ်မှာ . . . .
ကျွန်တော် တွေးမိတဲ့အတွေးတွေထဲမှာ. . .
ဗမာတော်တော်များများဟာ. . .
နေရာမျိုးစုံမှာ. . . ပုံစံမျိုးစုံလုပ်ပြီး. . .
ကိုးကွယ်ကန်တော့စရာတွေ ဖန်တီးထားကြတာပဲ ဆိုတာလေး တွေးမိခဲ့သေးတယ် ။
************
မန္တလေးတောင်ပေါ်က ဆင်းပြီး လမ်းမှာ မနက်စာ မုန့်ဟင်းခါးဝင်စားပြီး ခပ်သုတ်သုတ်ပဲ
Hotel Shwe Pyi Thar ရှေ ့အရောက် ကျွန်တော်တို့ကို လိုက်ပို ့ပေးရတဲ့သဂျား
ကျေးဇူးတင်စရာပါပဲ ။
ဟိုတယ်ရွှေပြည်သာကို ရောက်တော့ မနက် ရ နာရီ အတိ ။
**************************
မန္တလေးနှင့် ဒုတိယနေ ့
( 14 / 1 / 2014 )
မန္တလေးမြို့ကို ကျွန်တော်တို ့ရောက်ရှိတဲ့ ဒုတိယနေ့ ။
၆၂ လမ်းက . . .
East Mandalay Hotel ရဲ့ ဧည့်ခန်းမမှာ ကျွန်တော်နဲ့မိုးမင်းသား ထိုင်နေတော့ . . . 14 / 1 / 2014 မနက် ၅ နာရီ ။
မကြာပါဘူး ။ သဂျားရဲ့ ဆိုင်ကယ်လေး ဟိုတယ်ရှေ့မှာ ရပ် /
ကျွန်တော်တို ့တက်ပြီး. . .
မဟာမြတ်မုနိ ဘုရားကြီးဘက် ထွက်ခဲ့တယ် ။
မန္တလေးရဲ ့ ဆောင်း အအေးဒဏ်ကို အဲဒီ မနက် ဟိုတယ်က အထွက် . . . သဂျားရဲ့ဆိုင်ကယ်နောက်က လိုက်တော့မှ. . .
စ သိတာပဲ ။
13 / 1 / 2014 မနက်က နေရောင်ခြည်တန်းတွေ အောက်မှာ. . . မန္တလေးမြို့ထဲ ရောက်တော့ အေးတဲ့ ဒဏ်ကို သိပ် မခံစားလိုက်ရ ။
တစ်နေ့ခင်းလုံး . . .
Hotel Shwe Pyi Thar ထဲမှာ အလုပ်ရှုပ်နေတုန်းမှာလည်း… အေးမှန်းမသိနိုင်ခဲ့ ။
ညနေ. . .ကျွန်တော်တို့ တည်းခိုရာ. . .Hotel East Mandalay ထဲမှာလည်း နွေးနွေးထွေးထွေးဇိမ်ယူခဲ့တာမို့
မန္တလေးရဲ့ဆောင်းအေးခိုက်မှုကို ဘုရားကြီးအသွား သဂျားရဲ့ ဆိုင်ကယ်ပေါ်မှာမှ စ ခံစားရတာဆိုပါတော့။
ချမ်းးလိုက်တာ. . .
အနွေးထည် နှစ်ထပ်လောက် ဝတ်ခဲ့ရမှာ. . .
သဂျားကတော့ ခေါင်းစွပ်တွေရော. . .
လက်အိတ် ခြေအိတ်တွေရော. . . အနွေးထည် အပြည့်အစုံနဲ့မို့. . . တော်သေးတယ်ဆိုရမယ်. . .
ဒါပေမယ့် သူလည်း ဆိုင်ကယ်မောင်းနေရတော့. . . မောင်းတဲ့အရှိနဲ့လေဒဏ်ကို ရှေ့ဆုံးက ခံရတာ. . .
အေးမှာပဲ ။
ဘယ်လောက်အေးသလဲဆိုတာတော့ သိလိုက်ရပါတယ် ။
သဂျားက ဆိုင်ကယ်မောင်းနေရင်းနဲ့. . .
သူ့ခန္ဓာကိုယ်ကို ဘယ်ဘက်ယိမ်းလိုက် ညာဘက်ယိမ်းလိုက်နဲ့. . .
အနောက်က ထိုင် လိုက်လာတဲ့ကျွန်တော်တို့လည်း လေဒဏ် အအေးကိုခံရအောင် ပြန် နှိပ်စက်တယ်လေ ။
အမှန်တော့ သဂျားလေးကို ကျွန်တော်တို့ နှိပ်စက်ခဲ့တာက. . .ပို များပါတယ်။ အားနာဖို့ကောင်းပါတယ် ။
12/ 1 / 2014 ညကလည်း (ရန်ကုန်ဂဇက်တွေ ့ဆုံပွဲကအပြန်) တစ်ညလုံးကားပေါ်မှာ အိပ်လိုက်လာရမှာ. . .
13 / 1 / 2014 မနက် မန္တလေးရောက်တာနဲ့ အလုပ်ကို တန်းသွားရသေးတာ. . .
14 မနက် အစောကြီးကျတော့လည်း အလင်းဆက်တို့ ဒုက္ခလာပေးလို့ မထစဖူး အစောကြီး ထ အိပ်ရေးပျက်ခံရပြန်တဲ့သဂျားလေး. . .
တကယ် အားနာပြီး တကယ်ကျေးဇူးတင်ပါတယ် ။
( ၃ လ ပိုင်းကျရင် မန္တလေးမြို့ကို ကျွန်တော်အလည် လာပါဦးမယ် သဂျားရေ )
ဘုရားကြီးရောက်တော့. . .
မျက်နှာတော်သစ်တာ. . .မမှီလိုက်ပေမယ့် ရေတော်ဆရာတော် ပြန်အကြွ ကို ဖူးလိုက်ရပါတယ် ။
ဘုရားကြီးကို ရွှေသင်္ကန်းကပ်လှူပူဇော်ကြပြီး. . .ကင်မရာလေးနဲ့ ဟိုရိုက်ဒီရိုက် လုပ်ခဲ့ပေမယ့်
မှောင်ရီဝိုးတဝါးအချိန်ပဲမို့ ပုံကောင်းကောင်းလည်း တစ်ပုံမှ မပြနိုင်တော့ပါဘူး ။
ဘုရားကြီးက အပြန်မှာ. . .
( ၂၈ × ၇၂ ထောင့် ) က မင်းသီဟ ဆိုင်မှာ နန်းကြီးသုပ် ဝယ်ကျွေးတဲ့ သဂျားလေး ကျန်းမာချမ်းသာစေကြောင်း
ဆုတောင်းမိပါတယ် ။
နန်းကြီးသုပ်ကို မန္တလေးမှာ မုန့်တီလို့ ခေါ်ကြတာကိုလည်း မှတ်သားးမိပါတယ်။
ပြီးတော့ မန္တလေးမြို့မှာ သာမန်လက်ဖက်ရည်ဆိုင်လေးတွေကအစ အင်တာနက် wifi ကို လွယ်လင့်တကူ အခမဲ့ သုံးခွင့်ပြုထားကြတာလေးတွေ ့တော့
ကောင်းလိုက်တာ လို့ ရေရွတ်မိပါတယ်။
ဒီနေ့မနက်မှာလည်း . . .
Hotel Shwe Pyi Thar ကို
မနက် ရ း ဝဝ အရောက် အလုပ်ကိစ္စ သွားရမှာမို ့သဂျားက ခပ်မြန်မြန်လေး လိုက်ပို့ရပါတယ် ။
ဟိုတယ်ရွှေပြည်သာရှေ ့ကို ရောက်တော့ ကျေးဇူးတင်ပါတယ် သဂျား လို့တောင် ပြောမထွက်တော့ဘူး ။
ဘာလို့လဲ ဆိုတော့. . .
ဆိုင်ကယ်ပေါ်မှာ မေးခိုက်ခိုက်တုန်အောင် ချမ်းစိမ့်ခဲ့ရပြီး ဆိုင်ကယ်ပေါ်ကဆင်းတော့ တကိုယ်လုံး ရေခဲအရိုက်ခံထားရသလို. . .အေးစက်ထုံကျင်နေခဲ့ပြီလေ. . .
************************
အဲဒီ ညနေမှာ ( ၃၅ × ၆၈ ထောင့် )က . . . ရှမ်းယဉ်ယဉ် ၂ မှာ ညစာ စားးပြီးသွားတဲ့ ကျွန်တော်နဲ့မိုးမင်းသားကို ဆိုင်ကယ်လေးနဲ့ အပြေးလာခေါ်ပြီး အောင်တော်မူဘုရားနားက
လက်ဖက်ရည်ဆိုင်လေးဆီ ခေါ်လာတဲ့သဂျား ပင်ပန်းမှာပါပဲ ။
( ၆၃×၂၉ ထောင့်က cafe blue ဆိုတဲ့ဆိုင်လေးပါ )
( အလင်းဆက်တို့ ရောက်လာမှ သဂျားလည်း မေတ္တာနဲ့ ကူညီရတဲ့ ဆိုင်ကယ် ကယ်ရီသမားလေးကို ဖြစ်လို့ ။ )
လက်ဖက်ရည်ဆိုင်ကို ရောက်တော့ ကြိုရောက်စောင့်စားတော်မူနေတာက အိုစမာဗုံလာဒင် လို ့ကျွန်တော်ခေါ်တဲ့ ဗုံဗုံ။
ဗုံဗုံတိုက်တဲ့လက်ဖက်ရည်ကို သောက်ပြီး လေးယောက်သား အောင်တော်မူဘုရားထဲ သွားခဲ့ရလို့ အဲဒီ မန္တလေးညချမ်းဟာ ပြည့်စုံသွားတာပါ ။
အဲဒီညဟာ. . . .
ဗုံဗုံ့အဆောင် ရှိရာထိ လိုက်ပို့ကြပြီး. . .
ကျွန်တေ်ာ် တည်းခိုရာ ဟိုတယ်ထဲထိ လိုက်ပို ့ ဧည့်ဝတ်ကျေခဲ့သော သဂျားရဲ့ လူမှုရေးညလေးဖြစ်ပါတယ် ။
East Mandalay ဟိုတယ်ထဲမှာ ညနက်တဲ့အထိထိုင် ပြီး မနက်ဖြန်မနက်စေစာစော မန္တလေးတောင်ပေါ် တက်ဖို့အရေး ဆွေးနွေးပြီးမှ ပြန်သွားတဲ့ သဂျားရဲ့လူမှုရေးည အစစ်ပါ။
ကျေးဇူး အထူးးးတင်ပါတယ် ချစ်သော သဂျားရေ. . .
**********************
မန္တလေးနှင့် ပထမနေ့ ( 13 / 1 / 2014 )
တကယ်တော့ အလင်းဆက်တို ့ ရန်ကုန်ကနေ ထွက်လာတာ 12 /1 /2014 မနက်စောစောကတည်းက
ပြင်ဆင်ပြီး နေ့လည် တစ်နာရီကျော်ကျော်လေးမှာ မန္တလေးသို့ခရီးစဉ် စခဲ့ရတာ ။
ဂဇက်တွေ့ဆုံ/ဆုပေးပွဲကို လာချင်ပါသော်လည်း လက်လွှတ်လိုက်ရပြီးတော့ပေါ့. . .
လမ်းဟောင်းက သွားရတာမို ့ . . .
၁၃ း ၁၅ ကနေ တစ်ညနေလုံး တစ်ညလုံး မောင်းခဲ့ရတာ. . .
နောက်တစ်နေ့ မနက်
ရ း ဝဝ ကျော်ကျော်မှပဲ မန္တလေးမြို့ထဲ ရောက်တော့တယ်လေ. . . .
နေရောင်ခြည်တန်းတွေအောက်က အေးမြသာယာတဲ့ မန္တလေးမြို့ကြီးဟာ. . .
ကြည်ကြည်လင်လင် ကြိုဆိုနေပါတယ်။
မန္တလေးသူ မန္တလေးသားတွေ အေးဆေးတည်ငြိမ်ကြတယ်လို့ မြင်မိတယ်။
လမ်းဘေးဝဲယာက ဆိုင်ခန်းတွေ အိမ်တွေ အပြင်အဆင်အခြယ်အသတွေ မြင်ရသလောက်တော့. . .
စိတ်ကူးစိတ်သန်းတွေလည်း ကောင်းမယ့်ပုံပဲ။
တီထွင်ကြံဆမှုနဲ့ တွေးခေါ်မျှော်မြင်နိုင်စွမ်းတွေလည်း ကောင်းမယ့်ပုံပဲ။
ကျူံးဘေးမှာ. . . ကျောင်းနဲ့နီးတဲ့လမ်းဘေးနေရာလေးတွေမှာ. . . .
ဖျာလေးတွေခင်းပြီး ထမင်းချိုင့်ဖွင့် စားသောက်နေကြတဲ့ ကျောင်းသားလေးတွေနဲ့ သူတို့မိဘတွေ တွေ ့ရတယ်။
အရိပ်အောက်တွေမှာ. . .
အဲဒီလို အေးအေးလူလူ ထိုင်ကြ စားကြ သောက်ကြနဲ့ . . .။
ကားတွေ ဆိုင်ကယ်တွေကလည်း. . .
ရန်ကုန်မှာလို ကျော်တက်ကြ အော်ဟစ်ဆူညံကြနဲ့ ပွက်လောရိုက်မနေဘူး။
အားလုံးဟာ. . .အငြိမ်. . . .
ချစ်စရာကောင်းနေတယ် ။
ရောက်ပြီး မကြာခင်မှာပဲ. . . လေးပေါက် သို့မဟုတ် ကိုပေါက် ( မန္တလေး ) ဆီ ကျွန်တော်တို့ရောက်နေကြောင်း
သတင်းပို့တယ်ဆိုရင်ပဲ. . . လေးပေါက်က ဝမ်းသာအားရပါပဲ ။
တအောင့်ကြာရင် တွေ ့ကြမယ် ဆိုပြီး အပြေးလေး အရောက်လာလို့ လေးပေါက်နဲ့ စကားတွေ ပြောဖြစ်ခဲ့ပါရဲ့။
လေးပေါက် တိုက်တဲ့လက်ဖက်ရည်ကို သောက်ခွင့် စကားပြောခွင့် ရခဲ့ပေမယ့် ကျွန်တော်ဟာလေ . . .
ကင်မရာရှေ ့ချထားလျက်နဲ့ . . .လေးပေါက်နဲ့အမှတ်တရဓါတ်ပုံ မရိုက်ဖြစ်ခဲ့တာ။
သတိမေ့တတ်တဲ့
ကျွန်တော့် အားနည်းချက်ပါ။
လေးပေါက်နဲ့ စကားးစမြည်ပြောဖြစ်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်လေးဟာ. . .အောင်တော်မူဘုရားနားက
( ဗုံဗုံတို့နဲ့ နောက်တစ်နေ့ညမှာ ထိုင်ဖြစ်တဲ့ )
cafe blue ဆိုတဲ့ဆိုင်လေးပါပဲ ။
လေးပေါက်နဲ့ တွေ ့ဆုံအပြီးမှာ နွေးထွေးကြည်လင်နေတဲ့ စိတ်နဲ့ ကျွန်တော်. . . . .
ခြေလှမ်းတွေက မန္တလေးရဲ့ ကျူံးကြီးဘေးကို ရောက်ခဲ့ပါတယ်။ ဓါတ်ပုံတွေ ပန်းချီကားးတွေထဲမှာသာ မြင်တွေ ့ ငေးမောခဲ့ရတဲ့ …
မန္တလေးနန်းမြို့ရိုးကြီးနဲ့ ကျူံးရေပြင်ကြီး. ..
ပြီးတော့. . . . ဟိုးမှာ မြင်နေရတဲ့ မန္တလေးတောင်. . .
အခု. . . ကျွန်တော့်ရှေ ့မှာ. . . မျက်ဝါးထင်ထင် ရှိနေပါပေါ့လား။
ကြည့်မဝဘူး ။ ထိုင်နေရာက မထချင်ဘူး ။
ခွဲမသွားချင်ပါဘူး။
ဒါပေမယ့် အလုပ်ကိစ္စတွေနဲ့ အချိန်မရတော့တာမို ့. . . .
မခွဲချင်ပဲ ခွဲခဲ့ရ. . .
မန္တလေးမှာ ရှိခဲ့တယ် ဆိုရုံမျှနဲ့ပေါ့. . . .
**************************
မန္တလေးကို နှုတ်ဆက်ခဲ့ရသောနေ့
( 16 / 1 / 2014 )
မန္တလေး နန်းမြို့ရိုးကြီးကို အပြင်ကနေ ငေးကြည့်ရုံနဲ့ အားမရပါဘူး ။
နန်းတွင်းထဲလည်း ရောက်ဖူးချင်သေးတယ်။
ကိုယ့်ထီးကိုယ့်နန်း ကိုယ့်သမိုင်းရဲ့ အငွေ့အသက် မှတ်တမ်းမှတ်ရာတွေကို ကိုယ့်လက်ကလေးနဲ့ ထိကိုင်ပြီး . . .
အတိတ်ကို ပြန် တမ်းတချင်သေးတယ် ။
ကိုယ့်မင်းနဲ့ကိုယ် အလျဉ်းသင့်သလို ရာဇဝင် မလှပခဲ့ပေမယ့် . . . ဒီနေရာဟာ ကိုယ့်သမိုင်းကြောင်းထဲက ကိုယ့်အနာဟောင်းတစ်ခု. . .
ညင်သာစွာ ပွတ်သပ်ကြည့်ပြီး မဲ့ပြုံးကလေးတစ်ချက်တော့ . . .ဟောဒီနေရာမှာ ပြုံးပစ်လိုက်ချင်သေးတယ်။
ပြီးတော့ နာမည်ကျော် တံတားကြီးရှိရာ. . .
တောင်သမန်အင်းဘက်လည်း မျှော်ငေးလို့တောင် မကြည့်ခဲ့ရမှတော့. . .
သေချာတယ်. . .
မန္တလေးမြို့ဟာ. . .
ကျွန်တော်. . .နောက်တစ်ခေါက် . . .
ရောက်ကို ရောက်ရမယ့်. . .မြို့ပါပဲ ။
***********************
အလင်းဆက် (Gazette)
မန္တလေးရောက်အမှတ်တရ
22 comments
မမချွိ
February 27, 2014 at 7:58 pm
မန်းလေးကို ချစ်လို့ မန်းလေးသူကို ချစ်တာပါတွေ ညာတွေ လာတော့မယ်။
ဟိုတစ်ယောက် သတိသာထားပေရော့
:boss:
alinsett ( Gazette )
February 28, 2014 at 7:01 am
ဘယ်တစ်ယောက်လဲငင် မမဂျီး
🙂
မန်းလေးသူ အလှမ်းဝေးလို့
မှန်းငေး ယူဖို့မလွယ်ပါဘူးကွယ်
:kwi:
Mr. MarGa
February 27, 2014 at 8:02 pm
မေးဘရဇီအုံး
ဘာလို့ ရက်တွေကို အစဉ်လိုက်မသွားဘဲ ဟိုရွှေ့ဒီရွှေ့ လုပ်ထားတာလဲ ဟင်
ဖတ်ရတဲ့သူ ချာချာလည်အောင်လို့
ကျန်တာကတော့ မပြောတော့ပါဘု…
(ပြောစရာလဲ မကျန်တော့ဘူး :mrgreenn: )
alinsett ( Gazette )
February 27, 2014 at 8:47 pm
နည်းနည်း ထွင်ရေးကြည့်တာပါကွယ်
သိပ် မထွင်ထားပါဘူး။
တတိယနေ့ကနေစ ပြီး ဒုတိယနေ့ ပထမနေ့ အဲဒီလိုလေးပါပဲ။
🙂
သဂျားသာ အပင်ပန်းခံပြီး မကူညီရင် ဒီပိုစ့်လေးရေးဖို့ရာ အကြောင်
ရှိလာမှာမဟုတ်ပါဘူး
ဒါကြောင့် ပိုစ့်ထဲမှာ ပြောပြီးပေမယ့် ဒီမှာ ထပ် ပြောပါရစေဦး
ကျေးဇူးပါ သဂျားရေ. . .
အခုလာမယ့် မတ်လ ၃ ရက်နေ့ည ရန်ကုန်မှ မန္တလေးသို့ ခရီးစဉ်
စထွက်ခဲ့ပါဦးမယ် လို့. . .
🙂
ကျော်စွာခေါင်
February 28, 2014 at 3:35 am
တစ်ကယ်ကို ကြည့်ကောင်းတာဘဲ…
အနုပညာ အမြင်အရ ပြောရရင် ..နောက်က မှန်စီ ရွှေချထားတဲ့…အဲ မဟုတ်ဘူး
ရှေ့က ၂ယောက် …. း)
ဖားသဂျိူးရေ…
မန်းလေးက စောင့်နေပါ…..
လာမှာ..သေချာပေါက်..။
alinsett ( Gazette )
February 28, 2014 at 6:58 am
ဦးခေါင်ရည်
သားတို့ ချောတဲ့ခန့်တဲ့ပုံလေးကို မြင်လိုက်ပြီပေါ့လေ
အမှန်တော့ သဂျားက မော့စ်နဲ့တူပြီး ကျနော်က အောင်ရဲလင်းနဲ့တူနေတာနော်
🙂
တကယ်တော့ သုံးယောက်ပုံပြမို့ဟာ. . . .
မန်းလေးက ပုံတွေရှိတဲ့ စတစ်က ကြွသွားလို့ ပုံတွေ တစ်ပုံမှ ပြန်မရလိုက်ဘူး။
ဒီနှစ်ယောက်ပုံလေးတစ်ပုံတောင် ဖေ့ဘုတ်က မနည်းပြန် ရှာလိုက်ရတယ် ။
🙂
Foreign Resident
February 28, 2014 at 6:14 am
ဒီ တစ်ခေါက် မြန်မာပြည် ရောက်ရင် ၊
ဒီလောက်တောင် ဧည့်ဝတ်ကျေတဲ့ ၊
မန္တလေး က ရွာသူားတွေကို သွားတွေ့အုံးမှပါဘဲ ။
နှိပ်စက်သလိုတော့ ဖြစ်နေမလားဘဲ ။
alinsett ( Gazette )
February 28, 2014 at 6:54 am
တကယ်ပါပဲ ဘဖောရေ
လေးပေါက်တို့ သဂျားတို့ မိဗုံတို့ အရမ်းသဘောကောင်းကြပါတယ်
အားနာစရာကောင်းးလောက်အောင်ကို ကူညီတတ်ကြတာ။
ဂဇက်ရွာသားဖြစ်ခြင်းရဲ့ ရလဒ်ကောင်းတစ်ဆိုလည်း မမှားပါဘူး
🙂
kyeemite
February 28, 2014 at 12:57 pm
ဧည့်ဝတ်ကျေတာတော့ လက်တွေ့ခံစားခဲ့ဖူးပါတယ်အလက်ဆင်းရေ…
ကိုယ်လည်းတစ်ခေါက်လောက်ထပ်သွားချင်သေးတယ်..
alinsett ( Gazette )
February 28, 2014 at 5:46 pm
ဟုတ်
ကျနော်တော့
လာမယ့် ၄ ရက်နေ့ မန်းလေးနန်းတော်ထဲ ဝင်မယ်
သဂျားတို့တော့ မအားလောက်တော့ဘူး
ရုံးဖွင့်ရက်ဆိုတော့ တခြားသူတွေနဲ့ရော တွေ ့ဖို့လွယ်ပါ့မလား မသိ
မဟာရာဇာ အံစာတုံး
February 28, 2014 at 3:23 pm
ပို့စ်တစ်ပုဒ်လုံးလည်း
သဂျား .. သဂျားနဲ့
သောက်ညင်ကပ်လောက်အောင် ပါနေတာ
သဂျားက မင့်သား မို့လို့လားကွ …
alinsett ( Gazette )
February 28, 2014 at 5:43 pm
အဟိ
သဂျားက သဂျားမို့လို့ပေါ့ဟ
သဂျားနဲ့ နာ့များ သားအဖ ဖြစ်အောင် လုပ် သမုတ်သွားသေး
သဂျားနဲ့ နီကမှ ဘီလိုဘီလို တော်စပ်တယ်ဆိုတာ ဟိုတခါ နာရှင်းပြပြီးပြီလေ
🙂
nozomi
February 28, 2014 at 4:54 pm
မန်းလေးကိုလဲ ချစ်တယ်
မန်းလေးသူလဲ ချစ်တယ်
မန်းလေးသားတော့…..
နောက်မှ ပြောတော့မယ် အခု အလုပ်နဲနဲ များနေလို့
alinsett ( Gazette )
February 28, 2014 at 5:44 pm
မန်းလေးရယ်
မန်းလေးသူရယ် လောက် ဆို ရပါပြီ ဟီဟိ
မန်းလေးသားတော့ ပြောမနေပါနဲ့တော့
🙂
TNA
March 1, 2014 at 6:47 pm
ရေးထားတာ မန်းလေးကိုလွမ်းရောပဲ။ ဒါပေသိ ပိုစ့်ကို နှစ်ခါဖတ်အောင်ရေးထားဒါလားဟင်။ အရေးကောင်းတော့ ဖတ်တဲ့သူတွေပါရောအေးလာသလိုပဲ။ ဒါပေသိ နှစ်ခါဖတ်လိုက်ရတော့ ချွေးပြန်သအေ့
ဒိတ်ဒိတ်ကြဲ ငမွဲ
March 2, 2014 at 7:03 am
အခန်းခွဲတာ အဲလိုဖြစ်အောင် လုပ်မိသွားတာ တီသဲ
အေးလည်းအေးအောင် ချွေးလည်းပျံအောင် ရေးထားတဲ့စာပေါ့နော်
🙂
Crystalline
March 2, 2014 at 10:55 am
ဖိုးသကြားလေးရဲ့ဆိုင်ကယ်မှာ သုံးယောက်စီးကြတယ်ပေါ့လေ.. ဒါဟာ စည်းကမ်းဖောက်ဖျက်မှုပဲ.. ဆိုင်ကယ်မှာ လူပိုတစ်ယောက်ထက်ပိုမစီးသင့်ဘူးလေ ကလေးတို့ရဲ့ :kwi: မန်းလေးကိုရှစ်တယ်ရှစ်တယ်လုပ်နေပြီး… ဟိုကလေးမ သတိ :mrgreenn:
ဒိတ်ဒိတ်ကြဲ ငမွဲ
March 2, 2014 at 1:13 pm
ဘယ် ခေးမပါလိမ့်
အဟိ
🙂
ဗုံဗုံ
March 2, 2014 at 3:00 pm
မန်းလေးသူား တွေ
ဧည့်ဝတ်မကျေဘူး
ဖစ်မှာစိုးလို့
နားကပ်လေးပေါင်ပြီး
လက်ဖက်ရည်တိုက်လိုက်ရတယ်..
ခုထိပြန်မရွေးနိုင်သေးဘူး…
ဒိတ်ဒိတ်ကြဲ ငမွဲ
March 2, 2014 at 6:10 pm
တိန်
ဒါရှိုလည်း
ပုဆိုးလေးပေါင်လို့ရတဲ့ပိုက်ဆံ မနက်ဖြန်ညနေ မန်းလေးလာရင်
ထည့်ခဲ့မယ်ဂျာ
ဒါမှ မဟုတ်လည်း
ဒေါ်ဖွားမေဆီက နားဂတ်လေး တောင်းကြည့်ဦးမယ်
🙂
မိုး မင်းသား
March 5, 2014 at 8:11 pm
မန်းလေးကိုရောက်တော ့မနက်ရနာရီကျော်
နှစ်ယောက်သားမအိပ်နိူင်….ဟိုဒီလျောက်သွား
တော်သေးတယ်အရင်ဆုံးတွေ ့ရတာက…ဆရာကိုပေါက်
ဒုတိယက…..သကြားလေး(အပင်ပန်းဆုံးပါ)ကျေးဇူးတွေတင်ပါရစေ
တတိယ..အလင်းဆက်ခေါ်တဲ ့အိုစမာဗုံလာဒင်(ခေါ်)ဗုံဗုံ
ပွင် ့လင်းပြီးသွက်လက်တဲ ့ညီမလေး
နောက်ဆုံးပြောရရင်……မန်းလေးမှာ
အစ်ကိုတစ်ယောက်
ညီတစ်ယောက်
ညီမငယ်တစ်ယောက်
သုံးယောက်တောင်ရလိုက်ပါတယ်……
အားလုံးကျန်းမာကြပါစေ……..ချမ်းသာကြပါစေ……
alinsett (gazette)
March 6, 2014 at 7:06 am
ကောင်းပါလေ့ ကောင်းပါလေ့
အာ့ဆို မန်းလေးကို ခနခနသွား
ကျနော်တော့ မန်းလေးကိုရော . . .မန်းလေးသူလေးတွေကိုရော
သဘောကျလို့ ခနခနသွားးမှာ
အဟိ