Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိုက်ကယ်ဂျော်နီအောင်ပု နှင့် သင်ဘုန်းကြီးဖတ်စာ အဓိပ္ပါယ်

သင်ဘုန်းကြီးဟူသည်အဘယ်နည်း?
သင်ဘုန်းကြီးဟူသည် ဆေးမဲသုတ်ထားသောအပြားကြီးဖြစ်ပေတော့သည်။
ထိုဆေးမဲသုတ်ထားသော အပြားမဲမဲကြီးပေါ်တွင်ရေးထားသည်တို့ကိုပင် ဖတ်စာဟုခေါ်ပြီး
မဲမဲအပြားကြီးနှင့် မဲမဲအပြားကြီးပေါ်တွင်ရေးထားသည်တို့ကို ပေါင်းစုလိုက်သောအခါ သင်ဘုန်းကြီးဖတ်စာဟုသဘောပိုက်ရပေသည်။
အယ်ဒီတာရေးသောကြောင့် အယ်ဒီတာ့သင်ဘုန်းကြီးဖတ်စာ
ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု ရေးသောကြောင့် မိုက်ကယ်ဂျော်နီအောင်ပု ‘s သင်ဘုန်းကြီးဖတ်စာ ဟု အမည်နာမတွင်လေသည်ကို
အကြင် စာဖတ်ပရိတ်သတ်အပေါင်းတို့သည် ဂနာဟိ မှတ်သားကြစေကုန်။
ဒရန်တန်တန်
………………………
သတင်းလောကတွင် သင်ဘုန်းကြီးနှင့်ထပ်တူသည်ဆိုနိုင်သည်မှာ အာဘော်ဖြစ်၏။
အယ်ဒီတာ့သင်ဘုန်းကြီး အယ်ဒီတာ့အာဘော်
မြင်သာအောင်ပြောရသော်
သတင်းဂျာနယ်စာစောင်စသည်တို့တွင် ဟုတ်သည်ရှိမဟုတ်သည်ရှိ :mrgreen: ခန့်ခန့်ညားညား ထယ်ထယ်ဝန့်ဝန့် နေရာယူတတ်ကြသည်မှာ
ကြော်ငြာကဏ္ဍနှင့် အဆိုပါ အယ်ဒီတာ့သင်ဘုန်းကြီး ( ဝါ ) အယ်ဒီတာ့အာဘော် ဖြစ်၏။
အကြံအဖန်လုပ်ထားသော်ငြား ကြော်ငြာကဏ္ဍကပင်လျှင် ပိုက်ဆံမျိုးမျိုးမြက်မြက်ရတတ်ပေသေးသည်။
ဘာမှမရသော အယ်ဒီတာ့သင်ဘုန်းကြီး နှင့် အယ်ဒီတာ့အာဘော်တည်း။ ( မှတ်ထား ငိငိ )
အကယ်၍သင်တို့သည် သတင်းဂျာနယ်စာစောင်တို့၏ လူဖတ်အနည်းဆုံး ကဏ္ဍကိုပြောပါဆိုလျှင်
သက်ဆိုင်ရာ သတင်းစာစောင်၏ အယ်ဒီတာ့အာဘော်နှင့် အယ်ဒီတာ့သင်ဘုန်းကြီးဖြစ်သည်ကိုတွေ့ရှိကြရပေလိမ့်မည်။ ( ချိတ်မချိုးနဲ့ညှော် )
မည်သူက ထို အယ်ဒီတာ့သင်ဘုန်းကြီး နှင့် အယ်ဒီတာ့အာဘော် ကို နေရာပေးသနည်း။
ရှင်းပါသည် ကိုယ်ဟာကိုယ်ပေးခြင်းဖြစ်ပါသည်။ ငါလူဂျီးဟု ဆိုကာ ကိုယ့်ဖါသာကိုယ်နေရာယူခြင်းသာဖြစ်လေသည်။
ဘယ်ခွေးမှလူမထင်ဘူးကွ ကိုယ့်ဘာသာကိုယ်ရေးပြီး ကိုယ့်ဖါသာကိုယ်ကြီးကျယ်ထားတာ ဘာဖစ်သဒုံး
( မြောက်တိုင်းကဂျပု တစ်ယောက်တည်းပြိုင်တစ်ယောက်တည်းနိုင်သကဲ့သို့ရှိလှသည် သူ့ကိုယ်သူ မရှိမဖြစ်အဘအောင်သိန်းလင်းကဲ့သို့ဖြစ်၏ )
အေဘေးအဘ
( အယ်ဒီတာကိုဆဲခြင်းမဟုတ်ပါ အေဘေးအဘကိုဆဲခြင်းဖြစ်ဘါသည် )
အကယ်စင်စစ် အာဘော်ဆိုသည်မှာ မိမိ၏ခံယူချက်ကိုတစ်စိုက်မတ်မတ်ပြောခြင်းဟု အဓိပ္ပါယ်ရသောဝ်လည်း
သင်ဘုန်းကြီးဆိုသည်မှာ သင်ဘုန်းတွင်သူဖင်ကုန်းပြီးရေးသည်ကို ဖင်ပျဲအောင်လိုက်ဖတ်ရမည်ဟု သဘောဆောင်လိုက်ခြင်းဖြစ်သည်။
အထူးသဖြင့် လိုက်နာကျင့်သုံးမှတ်ယူနာခံရမည်ဟူသော သဘောရှိပေသည့်အတွက်
အတော်ဖင်ဂေါင်းကျယ်လှပေသသည်ဟုဆိုခြင်ဘါသည်။
မည်သို့ဆိုစေသော်ငြားလည်း သင်ဘုန်းကြီးနှင့် အာဘော်ကိုထုတ်ပြန်နိုင်သူမှာ ခေသူမဟုတ်ချေ
ဆဲခြင်တဲ့ကောင်ဆဲ ကိုယ်တို့ကငထောဘဲဟု သဘောရသော သစ်ခိုး မြေလု ခရိုနီများနှင့် စစ်တပ်သဘောကဲ့သို့ ရှိလှပေသည်မို့
ကျွန်ုသည်လည်း ဂွင်လေးရလိုရငြား ကျွန်ုပ်ရေးသော အကြောင်းအရာများကို သင်ဘုန်းကြီးဟု နာမည်တပ်လိုက်ဖြင်းဖြစ်ပါသည်။
( ဒါဘဲနော် လာကွိုင်ရင်တော့ညှော်မယ်မှတ် သင်ဘုန်းကြီးရေးနေတာ ဘာကောင်အောင့်မေ့နေသဒုံး ဝုတ်ဝုတ် )
……………………………….
ကိုယ်ရည်ကိုယ်သွေးဟု ဆိုကြလေကုန်သည်။
ဝါသနာပါခြင်းနှင့် ကိုယ်ရည်ကိုယ်သွေး မည်သို့ကွာခြားသနည်း?။
စာများမရေးဖြစ်ကြတော့သည်မှာ မအားမလပ်ခြင်းများထက် စာရေးရန် ( အကြောင်းမဖန်ခြင်း ) ကြောင့်ဖြစ်ကြပေတော့သည်။
ဤတွင် အကြောင်းမဖန်ခြင်းမှာ ( မတတ်နိုင်ခြင်း ) များကြောင့်ဖြစ်သည်ဟုလည်းဆိုခြင်ပါသည်။
ဘာရေးရမှန်းမသိခြင်း စာဖတ်သူဖတ်ခြင်ရလောက်အောင် စာမရေးနိုင်ခြင်း မှသည် စာတစ်ခုကို စိတ်တည်ငြိမ်စွာ မရေးမဖတ်နိုင်ကြတော့သည့်
သက်ဆိုင်သူ (စာရေးသူ)၏ ကိုယ်နေစိတ်ထားကြောင့်ပင်လျှင်လည်းဖြစ်ရပေတော့သည်။ ( ဤကိုပင် အရည်အသွေးဟုဆိုလိုပါ၏ )
( မိမိကိုယ်ကိုယ်မိမိ ပရိုအဆင့်ဖြစ်သွားပြီဟု ယုံကြည်ကာ သွေဖည်သွားသော သူတို့မှာ မဖြစ်စလောက်သာရှိမည်ထင်ဘါသည်။ )
ပုဂ္ဂိုလ်ခြင်းမင်၍ အတူကစ်ပြီးသွေးစည်းသွားကြလေသောအခါ အပြန်အလှန်မဆဲကြတော့ဘဲ လူကြီးလူကောင်းစတိုင်ဖြင့်
သာမန်ဒီဘိတ်သာပြုကြခြင်းကြောင့် ထမီလှန် ဗျန်းဗျန်းရိုက်ပြသည်လောက်ပွဲမဆူသော်လည်း
ဝီစကီနှင့် ဘီအီးကဲ့သို့ အနှစ်သာရကွဲပြားသည့်သဘောတို့ကို သတိချပ်ကြစေလိုပါသည်။
ဖေ့စဘွတ်များထဲတွင် အလွယ်ရေးခြင်သလိုရေး၍ရနေခြင်းသည်လည်း တစ်ကြောင်းဖြစ်ပေလိမ့်မည်ထင့်။
မည်သို့ဆိုစေ စာဖတ်သူဖတ်ခြင်လောက်အောင်မရေးနိုင်သည့် မိမိ၏ကိုယ်ရည်ကိုယ်သွေးကိုမိမိ မြင်နိုင်ကြစေကုန်သောဝ်။
…………………………………..
လစ်ဗင်းတူဂဲသားကိစ္စကို စာတတ်တိုင်းဖင်ဂေါင်းကျယ်ပြနေဒဲ့လူတွေကို သားတော့ သိပ်မုန်းဒါဘဲမေမေ ကိန်ကိန်!!!!!
ထောက်ခံသည်မထောက်ခံသည်က သက်ဆိုင်သူတို့၏ ကိုယ်ပိုင်ခံယူချက်ဖြစ်ပေလိမ့်မည်။
ဤတွင် လစ်ဗင်းတူဂဲသားဆိုသည်မှာ မင်္ဂလာမဆောင်ဘဲအတူနေသည်ကို မမှန်ဟုဆိုကြသောဝ်ငြား
လူမသိသူမသိခိုးဆော်နေကြသည်ကို မျက်ကွယ်ပြုထားသည့်သဘောလည်းရှိပေသေးသည်။
မည်သို့ဆိုစေ မိမိ၏ တူမ ဆွေးမျိုးညာတိများကို စိတ်ထဲမြင်ယောင်မိသောအခါ ဘာရယ်မသိ ဖင်ကြိမ်းမိသည်မှာ
ဝေဒနာတစ်မျိုးဖြစ်ပါသေးသည်။
သို့ပါ၍ သက်ဆိုင်သူတို့အနေနှင့်
လစ်ဗင်းတူဂဲသား၏ မတိုင်မီတွင် မည်သူနှင့် မည်၍မည်မျှ ဘာညာကွိကွကြသည်မှာ ယနေ့ခေတ်ကြီးတွင် ရိုးအီနေသည်မှာ ( ရေးကြီးခွင်ကျယ်မဟုတ်သည်မှာ )
လွန်ခဲ့သော နိုင်တိဂွိုင်တိခေတ်က ပုရိသနှင့် ဣိတ္ထိယ တရားဝင်လင်မယားမတိုင်မီ ပုဝါတစ်ကမ်း ဘာညာစစ်စတန်နှင့် နှိုင်းယှသ်လျှင် အလွန်ဆိုးဝါးလှသည်ကို
သတိချပ်ကြစေကုန်။
( မင်္ဂလာဆောင်ပြီး တရားဝင်လင်မယားဖြစ်ပြီးသွားသောအခါ လူသားတို့သဘာဝ မတော်တစ ပြသနာတစ်စုံတစ်ရာရှိခဲ့ပါမူ
တရားဥပဒေဘောက်တွင်းမှ ငြိမ်းချမ်းစွာ ဖြေရှင်းလုပ်ဆောင်နိုင်သည့် အကျိုးကျေးဇူးများကိုလည်း သိရှိရမည်ဖြစ်ပါသည်။ )
မမြင်အပ်မကြားအပ်ဟု ဆိုကြလေကုန်၏။ ( အကယ်စင်စစ် ထိုကား ရှေးဆုံးမစကားဖြစ်မည်ထင်ပါသည်။ )
ဤကလည်းဘဲ ခေတ်အကြောင်းတရားများမှသည် တစ်သီးခြား ပုဂ္ဂိုလ်ကွဲကိုယ်ပိုင်ခံယူချက်ခြင်း လက္ခံပုံခြင်းကွဲပြန်ပေဦးမည်။
လိင်အကြောင်းပညာပေးကဏ္ဍများကို မြင်အောင်ကြားအောင် ပြကြ ပြောကြသည်မှာ အထက်ပါ
မမြင်အပ် မကြားအပ်ဟူသော စကားနှင့် နှိုင်းယှဉ်လျှင် အတော်ဂွတိဂွကျရှိလှပေတော့မည်လည်း ဖြစ်ပါ၏။
ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဤကား သင်ဘုန်းကြီးဖြစ်၍ မှတ်သားဂျဇေ
ဂိန် !!!!!!!!!!!!!!
…………………………………..
အသို့ဆိုသော်ငြား ဤလက်ရှိယ္ခု ဖတ်ရှု့နေကြလေကုန်သော သင်ဘုန်းကြီးဖတ်စာကို
စီးပွားရေး လူမှု့ရေး နိုင်ငံရေး လူမျိုးရေး ဘာသာရေး ပထဝီ သိပ္ပံ ဓာတုဗေဒ ဗေဒင် ရိုးရာ စသည်စသည် စုံလင်အောင်ရေးခြင်သော်ငြား
ရေးမတတ်တော့ပါသဖြင့် ဤမျှနှင့်ပင် ဇာတ်သိမ်းလိုက်ရဘေဒေ့ါသဒီး။
ပုံ
ဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု
ယ္ခင် www.myanmargazette.net အင်တာနေရှင်နယ်အပျီမပျီဆိုင်ရာ နာမည်ကြော်ကြားလူကြိုက်များ ဆာယေးစယာ မိုက်ကယ်ဂျော်နီအောင်ပု

13 comments

  • Wow

    March 17, 2014 at 11:23 am

    မူးဒယ်.. မူးဒယ်.. ကပုစာဖတ်ပီး မူးသွားဘီ… :hee:

  • ရဲစည်

    March 17, 2014 at 11:39 am

    အလိုတူ သဘောကျ အားပေး ထောက်ခံပါကြောင်း ….

    :mrgreen:

  • ဘရန်းဒက် ကေဇီ

    March 17, 2014 at 12:12 pm

    ကိုယ့် လုပ်ချင်ရာကိုယ်လုပ်။
    ကိုယ်ဖြစ်ကိုယ်ခံ။

    ဖြစ်ချင်တဲ့ သူနဲ့
    ဖြစ်ချင်တဲ့နေရာမှာ
    ဖြစ်ချင်တိုင်းဖြစ်နိုင်ကြပါစေတော်။

    :mrgreen:

  • မဟာရာဇာ အံစာတုံး

    March 17, 2014 at 12:13 pm

    သင်ဘုန်းကြီး ဖတ်စာ .. ဝါ … .အောင်ဘု အော်ပါ ..
    …. ဖြစ်လေဒေါဂျောင့် ..
    အထက်ပါ ပို့စစ် သည် ….
    စတစ်ကီ … ဝါ … ထိပ်ပို့ … ဖြစ်သင့်ဘာဂျောင့်း .. ခညားး

  • alinsett (gazette)

    March 17, 2014 at 12:14 pm

    အော်
    အပေါ်ဘက်မှာတော့ သင်ဘုန်းဂျီးတို့ အာဘော်တို့ အကြောင်း ပြောလာပြီး
    နောက်ဆုံးတော့ LT ကိစ္စက ကပ်ပါလာသေး
    🙂

    ဖတ်သွားပါကြောင်း
    ခေါင်းလောင်းထိုးခဲ့ပါတယ်

  • ဦးကြောင်ကြီး

    March 17, 2014 at 12:15 pm

    ကပုအာဘော်
    အတုရွာဆော်
    ယခုဖျာပေါ်
    လအုနာသနော်..။

  • kyeemite

    March 17, 2014 at 3:20 pm

    ကပုအာဘော် သင်ဘုန်းကြီးဖတ်စာကို ရေးချင်သလိုရေးထားသဖြင့် ဖတ်ချင်သလိုဖတ်ပီး
    မန့်ချင်သလိုမန့်သွားတယ်ကွာ…ဘာလဲ..မိုက်လို့လား…ကဲကွာ…ကိန်ကိန်ဂိန် 😛

  • kai

    March 17, 2014 at 3:46 pm

    လူရယ်လို့ဖြစ်လာတော့.. ကျားနဲ့မ.. ကျားက မကို..တင်းပုတ်နဲ့ထုပြီး.. အလိုဖြည့်သတဲ့..။
    တိန်..
    အဲဒီကနေ.. ယဉ်ကျေးလာပါတယ်ဆိုပြီး.. အာဏာရှိသူမင်းညီမင်းသား..ဘာညာကွိကွတွေက.. မိန်းမတွေကို.. အကြွေးသိမ်းသလို… သိမ်းသတဲ့..။
    ရောမခေတ်ကျ.. မိန်းမတွေကို.. ကလေးထုတ်ပေးတဲ့သတ္တဝါတခုလိုသဘောထားကြသတဲ့..။
    အဲဒါနဲ့.. ရောမစစ်သားတွေကြားထဲ.. ဂေးတွေပေါ်လာတယ်ပြောတာပဲ..။

    ဟိုလိုဒီလိုသွားလာလိုက်ကြတာ..
    ဒီခေတ်လည်းရောက်ရော.. မြန်မာပြည်မှာ.. ယောကျာ်းတွေက… မဖြစ်ချင်တာတွေကို.. သူများတွေကလုပ်လုပ်ပြသွားတဲ့အခါ.. ဖြစ်ချင်တာတွေကို.. မဖြစ်ချင်ယောင်ဆောင်ပြီး.. ဖြစ်ချင်သလိုဖြစ်နေတာတွေ.. မဖြစ်ချင်ပါဘူးဆိုပြီး…မဖြစ်ညစ်ကျယ် ပြောတဲ့ခေတ်ရောက်သတဲ့.. :mrgreen:
    တိန်(၂)

  • Ma Ma

    March 18, 2014 at 8:03 pm

    လူဖတ်အများဆုံး သင်ဘုန်းကြီး ပါပေတကားးးးးးး 😀

  • တညင်သား

    March 19, 2014 at 11:03 am

    ဟိုနေရာလေးမိုက်တယ်……

    အကယ်၍သင်တို့သည် သတင်းဂျာနယ်စာစောင်တို့၏ လူဖတ်အနည်းဆုံး ကဏ္ဍကိုပြောပါဆိုလျှင်
    သက်ဆိုင်ရာ သတင်းစာစောင်၏ အယ်ဒီတာ့အာဘော်နှင့် အယ်ဒီတာ့သင်ဘုန်းကြီးဖြစ်သည်ကိုတွေ့ရှိကြရပေလိမ့်မည်။ ( ချိတ်မချိုးနဲ့ညှော် )
    :mrgreen:

  • Shwe Ei

    March 19, 2014 at 1:11 pm

    ***သင်ဘုန်းကြီးဆိုသည်မှာ သင်ဘုန်းတွင်သူဖင်ကုန်းပြီးရေးသည်ကို ဖင်ပျဲအောင်လိုက်ဖတ်ရမည်ဟု သဘောဆောင်လိုက်ခြင်းဖြစ်သည်။*****

    အာ့ကြောင့် မဖတ်ဘဲ ကျိရုံကျိပီး ပျံသွားဒယ်…..ဖလပ် ဖလပ် 😀

  • TNA

    March 21, 2014 at 10:01 pm

    သင်ဘုန်းကြီးကို ဖင်ကုန်းပြီး အဲလေ မျက်ရည်မျက်ခွက်ဖြင့်ဖတ်သွားပါတယ်။ ရီရလို့ 🙂

Leave a Reply