ကိုယ်လျှောက်သော ခရောင်းလမ်း ( အပိုင်း ၄ )
နေသားမကျနေရာမမှန်မှုတွေနဲ ့ဘဲ ကိုယ့်ဘဝက ၂တန်းကျောင်းသားဖြစ်လာခဲ ့ပြီ..။ အတန်းကျောင်းတက်
ရသလို ဘာသာရေးကျောင်းကလဲ တက်ရသေးသည်၊ မြန်မာ အတန်းကျောင်းပြီးလို ့ခဏလေး အစာပြေစားပြီး
ဗလီက အချက်ပေးခေါင်းလောင်းသံကြားတာနဲ ့ သွားတက်ရခြင်းပင်..။အခြေခံအတန်းတက်ရတာဘဲ ဖြစ်သည်။
ကျောင်းဆင်းပြီးရင်တော့ ကိုယ့်သူငယ်ချင်းတွေနဲ ့ကစားနေကျ။
အဲဒီနှစ်မှာဘဲ အဒေါ်တွေက ရုပ်ရှင်ပြသရေးလုပ်ငန်းကန်ထရိုက်ဆွဲတော့..ရုပ်ရှင်လုပ်ငန်းကလူတွေနဲ ့ခင်မင်ခဲ ့
ရသည်..။ ထိုအထဲမှာ ရုပ်ရှင်အော်ပရေတာလုပ်သော ဦးခင်မောင်ဝင်းမိသားစုက ဗလီကျောင်းမြေတွင် အပို
ဆောက်လုပ်ထားသော အိမ်မှာ ငှားနေကြသည်.။သူ ့မှာ သားသမီး၃ယောက်ရှိပြီး.ကျနော်နဲ ့ရွယ်တူယောကျင်္ား
လေးက တစ်ယောက် ပြီးတော့ ကျနော့်ထက်တနှစ်ငယ်သော မြိုင် ..ပြီးတော့ နောက်အငယ်လေးတစ်ယောက်..။
မြိုင့်အကို ဇော်ဝင်းနဲ ့က ရွယ်တူ ကစားဖက် ဖြစ်ပေမယ့် ကျနော်တို ့ကစားတိုင်း ကန့်လန် ့ကန် ့လန် ့ပါစမြဲ..။
သူ ့အကို က သိပ်ဂရုမစိုက်..။ ကိုယ့်ကဘဲ အမြဲ သူ ့ကိုညှာနေရတယ်..။ မြိုင်က အရမ်းအေးဆေးတာ..။
ရုပ်ကလေးက ဘိုမရုပ်လေးလို ဘဲ..ဖြူဖွေးပြီး မျက်နှာလေးက ပို ခင်စရာကောင်းတယ်..။ ပြောရမယ်ဆို မြိုင်တို
့ကချို ့တဲ ့ပုံရတယ်..။ အဝတ်အစားဆို လဲ နွမ်းနွမ်းလေးတွေ..။ သူ ့အတွက် အကောင်းဆုံး အဖော်က အလိုလို
နေရင်းကျနော် ဖြစ်လာတာပါဘဲ..။ တခါတခါကျလဲ စိတ်မရှည်ချင်ဘူး…။ တူတူပုန်းလဲ ကိုယ်လုံဘို ့ထက် သူ ့ကို
လုံအောင်ဝှက်ပေးရတာက တစ်ဒုက္ခ။ သူရှာရမယ့်အလှည့်ဆို ငိုမဲ့မဲ့နဲ ့..။ တခါမှလဲ ရှာမတွေ ့…နှေးတုံ့နှေးတံ ု့။
ခွေးရူးလိုက်ရမယ့်အလှည့်ဆို ကျောက်ခဲတွေထည့်ပြီး ထိပ်ပိတ်ထားတဲ ့နို ့ဆီခွက်ကို ဒီကောင်တွေ ပစ်တာ
အဝေးကြီးဘဲ..။ သူ ့သနားရိုးရိုး သူ ့အစား ကိုယ်က ခွေးရူးလုပ်ရတာလဲ ခဏခဏ။ ဒါပေမယ့် မြိုင့်ကို ကျနော်
ခင်တယ်..။ အဒေါ်တို ့က မုန် ့မျိုးစုံဆိုင်ဖွင့်ထားတာဆိုတော့ အိမ်မှာက မုန် ့တွေကအစုံ..။ ကျနော်က မြိုင်တို ့
အိမ်ဖက်သွားတိုင်း အဘူ ့ဆီမှာ ခွင့်တောင်းတယ်…။ မြိုင့်အတွက် မုန် ့ယူသွားတာလေ..။
မြိုင်က ကိုယ်ကျွေးတိုင်းစားချင်မှ စားတာ..။ သူစားရင်လဲ ကိုယ့်ကိုပါ ပြန်ကျွေးသေးတယ်..။
ဘာဘဲ ပြောပြောလေ..မြိုင်နဲ ့ခင်နေရတာ ကျနော်ကပျော်နေတာပါဘဲ..။
နေ ့ဆို ကျောင်းတက်..ညနေ ဘာသာရေးကျောင်းပြီးရင် ထမင်းစား.. ပြီးတော့ ဘာသာရေးကျောင်းထဲကို
တစ်ခေါက်ပြန်လာပြီး မြိုင်တို ့မောင်နှမနဲ ့အတူကစား..။ ကျနော် တို ့ဘယ်သွားသွား မြိုင်က လိုက်ချင်တယ်..သူပါရင် အလုပ်ကမဖြစ်ပါဘူး..ဒါကြောင့် သူူ ့အကို ကနေရာတစ်ကာ မခေါ်ချင်တာ..
“ မြိုင်.. နင်မလိုက်နဲ ့လို ့” ပြောရင် မြိုင့် မျက်နှာလေးက ငြိုးသွားတာဘဲ..။ မြိုင် မျက်နှာငြိုးရင် ကျနော်က
မနေတတ်တော့ဘူး..
“ ကဲ လာ”ဆိုပြီး မြိုင့်လက်ကို ဆွဲခေါ်နေကြ။
ညတိုင်ဆို ရုပ်ရှင်သွားဘို ့မြိုင်တို ့ကို ကျနော်က အဖော်ညှိတတ်တယ်လေ..။ ဇော်ဝင်းက ကိစ္စမရှိပေမယ့်
မြိုင် ကလိုက်ချင်တာ..။ မခေါ်ရင်လဲ ငိုမဲ ့မဲ ့..။ ကျနော်ကတော့ ခေါ်လိုက်ပါကွာ သနားပါတယ်လို ့သူ ့အကို ကို
ပြောလဲ ပြော..ခေါ်လဲ ခေါ်..။
ရုံဝင်ခကတော့ စဉ်းစားစရာမလို .အိမ်ကပြတာလေ..။ ရုပ်ရှင်ရုံမှာလဲ အဒေါ်တွေက ဆိုင်ဖွင့်သေးတာဆို တော့
မုန် ့ထုပ်လေးဘာလေးပါယူပြီး ရှေ ့ဆုံးတန်းဘက် သွားတာဘဲ..။ ပြီးရင် ရှေ ့ဆုံးတန်းက ဖျာတွေပေါ်မှာ
နေရာယူပေါ့..။
ရုပ်ရှင်မပြခင်ခင်ထိတော့ မြိုင်တို ့က ဟုတ်လို ့..။ဂါဝန်လေးဝတ်ထားပြီး ခြေထောက်လေးဆင်း ထိုင်နေတာ
ငြိမ်နေတာဘဲ.. မုန် ့စားချင်ရင် တခါတည်း ဘယ်တော့မှ ရဲရဲတင်းတင်း မယူဘူး..
ကျနော့် နား နားကို ကပ်ပြီး နှစ်ကိုယ်ကြားလေတိုးတိုးလေးနဲ ့..
“ ညီညီ..မြိုင် မုန် ့စားချင်တယ်..”
လူသံတွေက ညံဆူတာနဲ ့ မြိုင်က စကားတို းတိုး ပြောတတ်တာနဲ ့..အံကျပေါ့..။
“ ေဩာ်..မုန် ့စားချင်တာများ စားပေါ့” လို ့ပြောရင် ..မစားဘူး..။
အဲဒါကိုယ်က မုန် ့ထုတ်ဖွင့်ကျွေးမှ စားတယ်…နေကြာစေ ့စားရင်ပိုဆိုးတယ်..။
ကိုယ်ကလဲ ရုပ်ရှင်ကို အာရုံရောက်..ပိတ်ကားပေါ်မှာလဲ ရွှေဘက ထိုး…
ကိုယ့်မှာလဲ မြိုင့်ကို နေကြာစေ့ ခွာပေးရတာ..ရွှေဘကြီးလို ဘဲ လက်တွေကို ညောင်းးးးလို ့။
တခါတခါတော့ ဇော်ဝင်းက သူ ့ညီမကို သိပ်ကြည့်မရဘူး
“ မြိုင် နင်တော်တော် ဆိုးတယ်နော်..ညီညီ မင်းကလဲ သူခိုင်းတိုင်း လုပ်ပေးနေတာဘဲ..ဒါကြောင့် သူဆိုးနေတာကွ”
ဇော်ဝင်းက ပြောလို ့သာပြောတာ..သူ ့ညီမကို လေသံကြမ်းကြမ်းနဲ ့တခါမှ မပြောဘူး..။
( ဒါက မြိုင်တို ့မိသားစု အကျင့်ဘဲ..။ သူတို ့တအိမ်လုံး စကားပြောနူးညံ့တယ်..။
မြိုင်ဆို စကားပြောတာ တိုးတိုးလေး…မျက်နှာလေးကလဲ ပြုံးနေတာဘဲ…။)
ဟော …ရုပ်ရှင် ကားတစ်ဝက်လောက်ရောက်ပြီ ဆိုရင် မြိုင်တို ့ငိုက်ပြီ..ပြီးတော့ ကျနော်တို ့နှစ်ယောက်ကြားမှာ
မြိုင်က ခွေခွေလေး အိပ်တော့တာဘဲ..။
ရုပ်ရှင်ပြီးလို ့ပြန်ချိန်ကျရင်တော့ ကျနော်တို ့နှစ်ယောက်က ကျောပိုးပြီး ပြန်ရတယ်….။ ဇော်ဝင်းက လိုက်မပို ့ပါနဲ ့
ရတယ် ဆိုလဲ ကျနော်က လိုက်ပို ့တာဘဲ..။ သူတို ့ကို ပို့ပြီးတာနဲ ့ကိုယ်လဲနောက်ကျတဲ ့ခြေထောက် သစ္စာဖောက်
လို ့အော်ပြီိး တချိုးထဲ ပြေးတာဘဲ အဲဒီလမ်းထောင့်ကွေးက မှောင်တယ်..။နည်းနည်းကြောက်တယ်။
ကွေ ့လေးကျော်တာနဲ ့ကိစ္စမရှိပါဘူး…လမ်းမီးတိုင်က အဘွားအိမ်ရှေ ့မှာ ရှိတာလေ..။ အိမ်ထဲမှာလဲ ဆိုင်သိမ်း
လာတာဆိုတော့ မီးချောင်းဖွင့်ပြီး အဒေါ်တို ့က စာရင်းတွက် ဆေးလိပ်သောက်ပေါ့..။
ကိုယ်ဝင်လာပြိး ခြံတံခါးပိတ်ပြီဆိုရင်..
“ ဘယ်လိုလဲ မောင်ညီညီ… တော့်ရဲ ့မြိုင်ကို အိမ်တိုင်ရာရောက် လိုက်ပို ့ခဲ ့ပြိီလားရှင့်”လို ့ အဒေါ်အငယ်က စရင်
ကျနော် ခေါင်းကုတ်နေတာပါဘဲ..။
“ ကြီးရင်..ယူကြမလားမသိပါဘူးအေတို ့ရယ်” လို ့အမေမရီကပါ ဝင်ပြောရင်..အကုန်ဝိုင်းရီကြတယ်..။
ကျနော်က အမေမရီကို ချစ်လို ့…
“ ညီညီက မြိုင့်ကို မယူပါဘူး…ဟိုဟာ မြင်းနဲ ့ခိုးပြေးမှာ” လို ့ပြန်စရင်..တဟားဟားနဲ ့အော်ရီတော့တာဘဲ..။
အမေမရီ အားရပါးရရီပြီဆို အကုန်ဝိုင်းရီတာဘဲ..ဘာလို ့လဲ ဆိုတော့ အမေရီက ဝဝတုတ်တုတ်…ပြီးတော့
သူရီပြီဆိုတာနဲ ့တစ်ပြိုင်တည်းး လေလည်တော့တာ..
တိုးတိုးလဲ မဟုတ်..ရှေးခေတ်က မော်တော်ဆိုင်ကယ်ကြီးတွေလိုဘဲ၊ တဘုံးဘုံး…တဗျန်းဗျန်းနဲ ့။
မြိုင့်အကြောင်းဆက်မယ်နော်..။ ကျနော်မြိုင့်ကို ဘာလို ့ခင်လဲ မေးရင်..
မြိုင်က အရမ်းအေးတယ်..ချစ်စရာကောင်းတယ်..မျက်နှာလေးကလဲ လှနေတာဘဲ .။ဒါပေမယ့် မြိုင်က နေတာ
ထိုင်တာ နည်းနည်း ထူးဆန်းနေသလိုဘဲ..။ သူများတွေလိုလဲ သိပ်မဆော့ဘူး..။
သူတစ်ယောက်တည်း ရှိချိန်တွေဆို ထိုင်ပြီး ငေးနေတတ်တာ..။ပါးစပ်ကလဲ တိုးတိုးလေးပြောနေတာဘဲ..။
ကျနော်ရောက်သွားရင် “ ဘာတွေတွေးနေတာလဲ ” လို ့မြိုင့်ကို မေးရင်.. မြိုင်က ဘယ်တော့မှမဖြေဘူး..။
“ ကစားမယ်လေ…မြိုင်စောင့်နေတာ ကြာလှပြီ” လို ့ဘဲပြောနေကျ..။
မြိုင့်အလိုကို ကျနော်လိုက်ရသလို ကျနော်ခေါ်ရင် မြိုင်ကလည်း လိုက်တာပါဘဲ..။
ကျနော်ကလဲ အတွေးကခပ်နက်နက်ဆိုတော့ တခါတော့ ဘာသာရေးကျောင်းမျာ ဆိုတဲ ့စာတစ်ပိုဒ်ကို ကျနော်
ခေါင်းစားနေတာ..။ တော်တော်များများက မမှတ်မိပေမယ့် ဒီစာပိုဒ်လေးကတော့ တဘဝလုုံ့း မမေ ့နိုင်စရာမို ့
မှတ်မိနေတယ်..။
“ ဝါ ဝါးနာ ဝပ်စကါ့ဟ်နာ ဝပ်ဂျ်အာလ္လနာ မင်နာလ်း မွတ်ရှ်လေကီး ” ဆိုတဲ ့အပိုဒ်မှာပါတဲ ့
ဝပ်စကါ့ဟ်နာ ဆိုတဲ ့စာကြောင်းလေးကို အမြဲ စဉ်းစားတယ်..။
တနေ ့တော့ အဘွားအိမ်နောက်မှာ ထိုင်တွေးရင်း ဝပ်စကါ့ဟ်နာ ဆိုတာကို သွားတွေ ့တော့တာဘဲ..။ အံ့ဩ
ဝမ်းသာခြင်းများစွာနဲ ့အထပ်ထပ်ကြည့်တယ်..။ ကြည့်လေ သေချာလေ.. သေချာလေ အံ့ဩလေ..။
ဟုတ်တယ်လေ..အလ္လာဟ်အရှင်မြတ်က ဒီ ဝ်စကါ့ဟ်နာ ာကီးကို အမေကြီးတို ့အိမ်အတွက် ဖန်ဆင်းပေးထား
တာ..ဘယ်လောက်ဂုဏ်ယူဘို ့ကောင်းလဲ..။
ကိုယ်လဲ ဝမ်းသာအားရ မြိုင်တို ့မောင်နှမကို ပြေးခေါ်တာဘဲ..
“ ဇော်ဝင်း..ဇော်ဝင်း..မြိုင်..”
“ ဟေးးး ဘာလဲ“
“ ဇော်ဝင်း ငါထူးဆန်းတာတွေ ့နေပြီကွ…လာ မင်းတို ့ကို ပြမယ်.. မြိုင်လာ..”
ပြောပြောဆိုဆို မြိုင့်လက်ကို ဆွဲပြေးတာဘဲ..။
“ ညီညီ ခဏနေဦးကွ..ငါ ဗိုက်နာနေတယ်.. အိမ်သာတက်ဦးမယ်..မင်း ဘာတွေ ့တာလဲ ခုပြော..ပြီးရင်
ငါလိုက်ခဲ ့မယ်”
“ ဇော်ဝင်း….အလ္လာရှင် ဖန်ဆင်းပေးထားတဲ ့ “ ဝပ်စကါ့ဟ်နာ” ကို ငါတွေ ့ထားပြီ”
“ ဟမ်..ဟုတ်ရဲ ့လား”
“ ဟုတ်တယ် မင်းနောက်က လိုက်လာခဲ့”
“အေး”
မြိုင့်ကို အရင်ခေါ်လာပေမယ့် မြိုင့်က နှေးနေတာနဲ ့ နောက်လူတွေပါ မှီလာရော..နောက်လူတွေဆိုတာ
ဇော်ဝင်း ဖွရိုးရိုး ကြားပြီး လိုက်လာတဲ့ မုန် ့လုံး၊ မော်နီကာ၊ ညိုညိုငြိမ်း၊ကြည်စိုး၊ မြင့်စိုး နောက် ဗိုလ်လကျင်္ာ…။
ခြံထဲကို တပြုံကြီး ဝင်လာတော့..
အဘူနဲ ့အမေကြီးက
“ ဟဲ့..မောင်ညီညီ မင်းမလဲ အုပ်စုလိုက်ကြီးပါလား…ဘာလုပ်ကြမလို ့လဲ” ဆိုတော့
“ ဝပ်စကါ့ဟ်နာကို ညီညိတွေ ့ထားပြီိ ဆိုလို ့ လာကြည့်တာ”
အဘွားတို ့လဲ အရင်းမရှိ အဖျားမရှိ ဝပ်စကါ့ဟ်နာ ဆိုတာ ဘာပြောနေမှန်းကို သိပုံမရပါဘူး..အူကြောင်ကြောင်နဲ ့
ကျနော်က ဦးဆောင်ပြီး အိမ်နောက်ကို တသီကြီး ပါသွားကြတာဘဲ။
ဟိုရောက်တော့ “ ဒီမှာ..ဒါ ဝပ်စကါ့ဟ်နာဘဲ..”
“ ဟင် ..ဘယ်က ရောက်လာတာလဲ”
“ ငါထင်တာတော့ အလ္လာက အမေကြီးတို ့ကို လက်ဆောင်ပေးထားတယ် ထင်တာဘဲ”
အဲဒါကြီး ကြည့်ပြီးတော့ ကျန်တဲ ့သူတွေကလဲ လက်နဲ ့သေချာ ကိုင်ကြည့်တယ်.. အထွန်း( ဗိုလ်လကျင်္ာ)
ကတော့ တွေးတွေးဆဆနဲ ့ ဟုတ်ရဲ ့လား ညီညီရာ” လို ့ပြောနေတာဘဲ..။
ခဏနေတော့ အဘူနဲ ့ မမ အမျိုးသား ကိုဆွေ လာတာဘဲ….
“ ကဲ မင်းတို ့ဘာဖြစ်နေတာလဲ အထွန်း ”
“ ညီညီ ပြောတာဘဲ..ဝပ်စကါ့ဟ်နာ တွေ ့ထားပြိီ ဆိုလို့”
“ ဘာတွေ ပြောနေတာလဲ ကွာ..ငါနားမလည်ဘူး…ကဲ..ညီညီ ပြော မင်းဘာတွေ ့တာလဲ ၊ ဘာလဲ ဝပ်စကါ့ဟ်နာ”
“ အာာာာာ.. ကိုဆွေကလဲ..ဝပ်စကါ့ဟ်နာ တောင်မသိဘူးလား..ဟိုလေ
“ဝါ ဝါးနာ ဝပ်စကါ့ဟ်နာ ဝပ်ဂျ်အာလ္လနာ မင်နာလ်း မွတ်ရှ်လေကီး ” ဆိုတဲ ့အပိုဒ်မှာပါတဲ ့
ဝပ်စကါ့ဟ်နာ ဆိုတဲ ့ ဟာကို တွေ ့ပြီလို ့ပြောတာ..
“ မင်းက ဘယ်က ဘယ်လို တွေ ့တာလဲ..”
“ စဉ်းစားတာလေ..စဉ်းစားရင်းတွေ ့သွားတာဘဲ”
“ ဘယ်မှာလဲ”
“ ဒီမှာလေ…..ကြည့် ”ဆိုပြီး လက်နဲ ့တယုတယ ပွတ်သပ်ပြလိုက်တာပေါ့။
“ ဟာာာာာာ…ဒီကောင်တော့ ဒုက္ခပါဘဲ..လျှောက်မပြောနဲ ့သွားကြသွားကြ..။ အထွန်း မင်းလဲ မငယ်တော့ဘူးနော်
ကလေးတွေကို မင်းက မထိန်းတဲ ့အပြင် မင်းကပါ..ရောယောင်ပြီး..ငါနားရင်းအုပ်လိုက်လို ့”
“ ကျုပ်မှ မသိတာ..ဒါမဟုတ်ဘူးလား..ညီညီ ပြောတော့ ဒါ ဝပ်စကါ့ဟ်နာ ဆို”
“ နင့်မေကလွှား…ဝပ်စကါ့ဟ်နာ ရမှာလား ၊ ဒါဂျပန်ခေတ်က ချက်ဗလက်ကားတွေက ကားကရောင်းကြီးကွ၊
မြေကြီးထဲမှာ တစ်ဝက်မြှုပ်ပြီး သံချေးတွေ တက်နေတာ မင်း ကန်းနေလား”
“ ဖြောင်း” ပြောရင်း ကိုဆွေလဲ စိတ်တိုလာတာဖြစ်မယ် အထွန်းကို နားရင်း ဆော်လိုက်ရော..
အထွန်းက တချက်တော့ ငြိမ်သွားတယ်..ပြီးမှ အသံကုန် အော်တာပေါ့..
“ ဟေ့..ညီညီ .. မင်းငါ့လက်က လွတ်အောင်သာ ပြေးကွ..ငါလာပြီ”
…..
…..
ကျန်တဲ ့ကလေးတွေလဲ ကြက်ပျောက်ဌက်ပျောက်။ ကိုယ့်“ဝပ်စကါ့ဟ်နာ ”ကလဲ သက်သေ မခိုင်လုံ၊ အထွန်းကလဲ
ကျနော်ကို ဆော်ဘို ့ကြိမ်းဝါးပြီး ပြေးလာပြီ ဆိုတော့….
“ မြိုင်ရေ..လာ မြန်မြန်ပြေးကြစို ့” ဆိုပြီး လက်ဆွဲလို ့ပြေးရတော့တာဘဲ..။
ဂါဝန် အဝါလေးဝတ်ပြီး ပြေးနေရင်းနဲ ့ မြိုင် “ရီ”တာ ရှားရှားပါးပါး..ကျနော်တွေ ့တော့ ပျော်လိုက်တာ…။
……
ကျနော့်ရဲ ့ တွေးခေါ်မှုကတော့ မရပ်သေးပါဘူး… တစ်ယောက်ယောက်ကို မေးချင်နေတုန်းပါဘဲ…
ဒါနဲ ့ ညဘက်မှာ ဘာလုပ်ရမလဲ စဉ်းစားပြီး အကြံရလို ့ အိပ်လိုက်တယ်..။
နောက်ရက်မိုးလင်းတာနဲ ့ အိမ်က ပဲစိမ်းစားဥ တစ်တွဲလုံး ယူပြီး အမေကြီးတို ့အိမ်ရှေ ့ခုံတန်းလေးမှာ ထိုင်နေတော့တာဘဲ..။
ဒီအိမ်ရှေ ့လမ်းကို ဗုဒ္ဓဘာသာဘုန်းကြီးတွေလဲ ဆွမ်းခံနေကြ ..မနက်တိုင်ဆို ကျောင်းသားလေးက ဆွမ်းတော်ဗျို ့ လို ့ အော်ပြီး ကြေးစည်ထုတာနဲ ့ ဗုဒ္ဓဘာသာဝင်အိမ်တွေက ဆွမ်းထွက်လောင်နေကျကို သိထားတာလေ..။
ဘုန်းကြီးနောက်မှာ ကိုယ့်ထက်ကြီးသူ ..ရွယ်တူကိုရင်လေးတွေ တသီကြီးဘဲ..။
အိမ်က အခြေအနေကြည့်ပြီး နောက်ဆုံးကြတဲ့ ကိုရင်လေးကို အပြေးသွားတားပြီး သင်္ကန်းကို ဆွဲထားတာ..
“ ကိုရင်..ပဲစိမ်းစားဥ ယူမလား…”
“ အဲလို မပြောရဘူး.. ပဲစိမ်းစားဥ လှုပါတယ်လို ့ ပြောရတယ်..”
“ ပဲစိမ်းစားဥ လူပါတယ်..ဟင်းဟ်င်း..ကန်တော့လို ့တော့ မရဘူးနော်..သူများတွေ မြင်သွားလိမ့်မယ်..”
“ အေးပေါ.. ့” ဒါဆိုသွားမယ်…
“ ကိုရင်..ဘာလုပ်နေလဲ”
ရုတ်တရက်ဆရာတော်က အနားရောက်ပြီး မေးပါတယ်.. သူ ့ကိုရင်လေးများ ဘာသာခြား ကလေးနဲ့ တခုခုပြသနာ ဖြစ်တယ် ထင်လို ့နေမှာပေါ့..
“ သူက စိမ်းစားဥ လှုတယ် ဘုရား”
ဘုန်းကြီးလဲ ကုလားလေးက စိမ်းစားဥလှုတယ်ဆိုတော့ ဇဝေဇဝါနဲ ့ကြည့်ပြီး ကျနော့်ကို မေးတာပေါ့..
“ ကလေး ..ဘာဖြစ်လို ့ လှုတာလဲ”
“ မေးစရာရှိလို ့ပါ”
“ မေးစရာရှိလို ့ပါ ဘုရားလို ့ပြောရတယ်” ( ကိုရင်လေးက သင်ပေး )
“ ရတယ် ..သူတတ်သလို ပြောပါစေ..ကဲ ဘာမေးမှာလဲ”
“ ဝါ့စကာ့နာ…ဆိုတာ ဘာလဲ ဟင်..သိလား”
“ ဟေ..ဘာလဲ ပြန်ပြောစမ်း..”
“ ဟိုဟာလေ.. ထမင်းစားတာနဲ ့ပါတ်သက်တဲ့ ဝါ့စကာ့နာ….”
“ ထမင်းစားတာနဲ့ ပါတ်သက်တဲ့တဲ့..ဝါ့စကာ့နာ.. မသိဘူးကွ ကဲ ကဲ..သွားမယ်..”
..
ဟင်းးးးးး အဖြေက မရ…
ဘုန်းကြီးလဲ ကြွသွားပြီး ၅လှမ်း ၆လှမ်းရောက်မှ…
“ညီညီရေ..ဟဲ့ ငါ့မြေး ဘယ်ရောက်နေတုန်း..ဒီမှာ ထမင်းကြော်လာစား” ဆိုတဲ့..အဘွားအသံကြားမှပြန်ဝင်လာတာ..
“ မင်းမလဲ အစောကြိး ဘယ်ရောက်နေတာတုန်း”
“အိမ်ရှေ ့ရောက်နေတာ ”
“ဘာလုပ်တုန်းတော်..စောစောစီးစီး ”
“ ဗမာဘုန်းကြီးကို မေးစရာရှိလို ့”
“ ဟဲ့..အမလေး ဘာတွေတုန်း ”
“ ဘုန်းကြီးကလဲ ဝါ့စကာ့ဟ်နာ ကို မသိဘူးတဲ့”
“ မင်းနှယ်ကွယ်…ဟိုက ဗုဒ္ဓဘာသာဘုန်းကြီးကို မင်း အာရဗီစကားတွေ သွားမေးတော့ ဟိုက ဘယ်သိမတုန်း..
ငါ့နှယ် ခက်ပါ့အေ…ကဲ စားစား ထမင်းကြော်..ဒီမှာ လဘက်ရည်..ဟောဒီမှာ အကြော်စုံ…”
ဘာမှမပြောဘဲ ကျနော်လဲ စားတာပေါ့..
ကျနော် စားနေတုန်းမှာ နွားနို ့ညှစ်နေတဲ့ ကျနော် ရဲ ့ဒုတိယ အမေ ဒေါ်ဘူးကို အဘွားက လှမ်းအော်ပြောတယ်..
“ မဘူးရေ…နေ ့လည်ကျ အိမ်နောက်က ကားပစ္စည်းကို လူငှားပြီး တူးရင်တူး ပစ်ချင်ပစ်ဟဲ့…
ဒီက မဟော်သဓာလေးက လွယ်လှတာ မဟုတ်ဘူးတော်ရေ ့…”
…
….. ကျနော့် အမေကတော့ မျက်လုံးပြာကြီးတွေနဲ ့ရယ်လိုက်တာ…။
ဆက်ပါဦးမယ်
ကျော်စွာခေါင်
၊ထပ်မံဖြည့်စွက်ချက်။ ။ စာလာဖတ်သူတွေက ဒီဘာသာစကားနဲ ့စိမ်းနေတော့ သိပ်သိမှာမဟုတ်ဘူး….
အခုစာပြန်စစ်နေရင်းမှ သတိယတယ် အပြည့်အစုံက..အကြမ်းဖျင်းပေါ့နော်
“ အလာ်ဟမ်းဿို ့၊လစ်လာဟေ့လဿီ၊ အာသွာ့အာမာနာ၊ ဝပ်စကါ့ဟ်နာ ဝါ ဝါးနာ ဝပ်ဂျ်အာလ္လာ့နာ မင်နာလ်း –
မွတ်ရှ်လေကီး ၊ အာမီးန်” ဒါက ထမင်းစားပြီးတိုင်း ၊အစာစားပြီးတိုင်းဆိုရတဲ ့စာပါ..အကြမ်းဖျဉ်း အဓိပ္ပါယ်က..
“အလ္လာအရှင်မြတ်ရဲ ့ကျေးဇူးကြောင့် ထမင်းတနပ် စားသောက်ခဲ ့ရပါပြီ..ထို ့ကြောင့် အလ္လာအရှင်မြတ်ကို..
ကျေးဇူးတင်ပါသည်” ပေါ့..
ငယ်ငယ်တုန်းက အဓိပ္ပါယ်ကလဲ မသိ….ကျနော် စိတ်ဝင်စားတာက ဝါ့စကါ့ဟ်နာ တခုဘဲ.သူ ့တခုထဲကို နားမလည်ဘူး..
ဆိုတော့ ထမင်းစားပြီိးဆုတောင်းတဲ ့စာပိုဒ်ထဲက ဝါကျ အဖြတ်လေးကို ကါးကရောင်းကြီးလို ့ကျနော်က
ထင်တာလေ…ဝေးတာတော့….တော်တော့်ကို ဝေးပါတယ်.. ။
30 comments
ကေဇီ
April 9, 2014 at 4:17 am
ဒါဆိုု ခင်မက မြိုင် နောက်မှ တွေ့ တာပေါ့။
သများ သာ ဇာတ်လမ်းတွေ များတယ် ပြောနေ။
သူက ပိုုဆိုုးးးးးး
လူဆိုုးးးဂျီးးးးး
:s:
ကျော်စွာခေါင်
April 11, 2014 at 2:16 am
မကေ
အဲဒါက အဖြူစင်ဆုံး သူငယ်ချင်းလေးပါဗျာ
ဆိုးပါဘူး..
kai
April 9, 2014 at 5:26 am
ဂျပန်တွေမှာ.. ထမင်းစားရင်.. အိတဒကိမတ်စ်ဆိုပြီး.. ကျေးဇူးတင်..အသိအမဗတ်ပြုပါကြောင်းပြောရရတာရှိတယ်..။
အဲဒီအလေ့အကျင့်ဟာ.. လူ့ယဉ်ကျေးမှုတခုမှာ.. ရှိသင့်တဲ့ကောင်းတဲ့အလေ့အကျင့်လို့ထင်တာပဲ..။
လူသားအချင်းချင်း..ကွန်မြူနကိတ်(အဆက်အသွယ်)ဖွင့်ကြရမှာ.. ရှိနေတဲ့ဒွာရအပေါက်တခု.. ပါးစပ်ကနေ… အသိအမှတ်ပြုချိတ်ဆက်တဲ့အလေ့အကျင့်ဟာ.. တခြားနေရာတွေ..ကိစ္စတွေမှာလည်း.. လေးစား-အသိအမှတ်ပြုစိတ်ကို ကျယ်ပြန့်သွားစေတယ်လို့.. အတွေးအခေါ်ရှုထောင့်ကမြင်မိပါတယ်..။
itadakimasu (いただきます, literally, “I humbly receive”).
ကျော်စွာခေါင်
April 11, 2014 at 2:19 am
သူကြီး
ကျနော် ဗုဒ္ဓဘာသာဖြစ်ပြီးနောက်ပိုင်းမှာ
ထမင်းစားပြီးတိုင်း
“ မိဘ ဆရာ ဂုဏ်ကျေးဇူးကြောင့် ထမင်းတစ်နပ် စားခဲ့ရပါပြီ ” လို ့ ရွတ်တယ်ဗျ..။
MAUNG
April 9, 2014 at 6:33 am
ဆက်ပါဦး မယ် ကို စောင့်ပါဦးမယ် 🙂
ကျော်စွာခေါင်
April 11, 2014 at 2:20 am
ကိုမောင်
စောင့်နေသူအတွက် ဆက်ပါဦးမယ်..။
လုံမလေးမွန်မွန်
April 9, 2014 at 9:02 am
မြိုင်က ချစ်စရာလေး.. ဒီအခန်းကတော့ ချစ်ရေးချစ်ရာလေးပေါ့.. ဇာတ်နာတာတွေ မပါတော့ စိတ်သက်သာရာရသေးတယ်.. 🙂
ကျော်စွာခေါင်
April 11, 2014 at 2:21 am
မီးလုံ
ဘဝဆိုတာ တစ်ခါတစ်ရံတော့လဲ အမောပြေ ပီတိလေးနဲ ့ပေါ့..။
kyeemite
April 9, 2014 at 9:11 am
နောက်ဆုံးဇတ်သိမ်းထိစောင့်ဖတ်နေပါတယ်ဗျာ…ဒီရက်ပိုင်း ရုံးကသင်တန်းနဲ့အချိန်ကုန်နေလို့
ရှည်ရှည်ဝေးဝေးမမန့်နိုင်သေးပါ…အာ့စ်လာမို့အာလိုင်းကွန်း
ကျော်စွာခေါင်
April 11, 2014 at 2:23 am
ကိုမိုက်
မအားမလပ်တဲ့ ကြားက ညီငယ်ကို အားပေးနေတာ ကျေးဇူးပါ
အကိုလဲ “ ပို ့သတဲ့ မေတ္တာကြောင့် ကျမ္မာ ချမ်းသာပါစေ”
Mr. MarGa
April 9, 2014 at 9:19 am
အာရဗီစာနဲ့ ဝေးလို့လားမသိဘူးဗျာ
မြိုင့် ကိုပဲ ဖတ်သွားတယ် 🙂
ဖားသဂျိုးးး
ကျော်စွာခေါင်
April 11, 2014 at 2:25 am
မြိုင့်ကို စိတ်ဝင်စား အားပေးတယ်ပေါ့..
ကျေးဇူးပါ ဖားသဂျိုးးးးး
surmi
April 9, 2014 at 10:32 am
ဒီဇတ်လမ်းတွဲကတော့ ရသကိုးပါးလုံးစုံမယ်ထင်တယ်ဗျို့ 🙂
ဖတ်ရင်းဖတ်ရင်း ပြဇတ်တစ်ပုဒ်ကိုထိုင်ကြည့်နေရသလိုပဲ
ပြီးမှ သတိယတယ်
ဪ …… သူက မင်းသားပဲ
မင်းသားရဲ့ကိုယ်ပိုင်ကို ကိုယ်တိုင်ရေးမှတော့ ကောင်းပြီပေါ့ လို့
ဆက်ပြီးမျော်နေဆဲပါ အစ်ကိုကြီးရေ
ကျော်စွာခေါင်
April 11, 2014 at 2:26 am
ကိုဆာ
အားပေးနေတာ ကျေးဇူးပါ
မီးပုံပေါ်ရောက်တဲ့ အချိန်အထိတော့ ခဏသီးခံပြိး ဖတ်နော်..။
kai
April 9, 2014 at 2:03 pm
ဥစ္စာစောင့်မလေးမြိုင်ဖြစ်လာလေမလားတော့မသိ…။
ရုပ်ရှင်တောင်ရိုက်လို့ရနေပါပြီ…
ဆိုတော့…
တကယ့်အဖြစ်တွေက.. ဝတ္ထုတွေထက်ဆန်းကျယ်တယ်ဆိုတာ.. ဟုတ်တယ်လို့..။
ကျော်စွာခေါင်
April 11, 2014 at 2:34 am
သူကြီးကို သရုပ်ဆောင်ခိုင်းပြီး ရုပ်ရှင်ရိုက်မယ်.. း)
ဒါနဲ ့…စကားမစပ်
ပို ့စ် ၂မှာ လောက်လေးနဲ ့ ပစ်ခံထိတယ် ..ဆိုတာလေ..
ကျနော့် ဘဝမှာ ၅ ပေ အကွာက နို ့ဆီဘူး ကို ကပ်ပြီးပစ်တာတောင် မမှန်ဘူး..
တစ်ခါသား သူငယ်ချင်းက မကြိုက်တာကို လှမ်းစလို ့ ပေ ၁၀ဝ ကျော်က အထပ်ခိုးထဲ လှမ်းပစ်လိုက်တာ တည့်တည့်ဘဲဗျာ
မျက်လုံးနားကို ထိသွားတာ..
ကမ္ဘာပေါ်မှာ သူက ပထမဆုံးနဲ ့နောက်ဆုံး လောက်စာလုံးစာမိဘူးသူဘဲ..
သူကြီးက ကောင်စီလူကြီး ဦးညွန့်ကြည် နဲ ့အန်တီအေး သား ..မနွယ်ဦးရဲ ့မောင်ဆိုရင်တော့….
ဒါ…ရေစက်…။( ထေရဝါဒ ကြောင့် မဟုတ်ပါ..ကြက်ကန်း ဆန်အိုးတိုးသွားတာပါ ) း)
Ma Ma
April 9, 2014 at 4:25 pm
မင်းသားရဲ့ နှစ်ပါးခွင်တော့ စလာပြီ။
ပထမ မင်းသမီးက မြိုင်ပေ့ါ။
နောက်ထပ် မင်းသမီးဘယ်နှစ်ယောက်နဲ့ ကပြအသုံးတော်ခံအုံးမလဲလို့ စောင့်ကြည့်ရအုံးမယ်။
ကျော်စွာခေါင်
April 11, 2014 at 2:35 am
မမ ကလဲ..
သူငယ်ချင်းပါဆို မယုံကြဘူး..
အဟုတ်ဘဲ..ဒီအမတွေ တော်တော်ဆိုး။ း)
alinsett (gazette)
April 9, 2014 at 5:35 pm
နေကြာစေ့ ခွာ မကျွေးလို့တဲ့
ကောင်မလေးတစ်ယောက်က ကျနော့်ကို ဖြတ်သွားဖူးတယ်
အဆက်
🙂
ကျော်စွာခေါင်
April 11, 2014 at 2:36 am
အလင်းဆက်
တော်သေးတာပေါ့ ပြတ်သွားတဲ့ အဆက်လေးကို ဆွဲ ဆိတ်မသွားတာ…။
kyeemite
April 10, 2014 at 8:33 am
မင်းသားရဲ့ နှစ်ပါးခွင်က ငယ်စဉ်တောင်ကျေး ခလေးဘဝကပင်စခဲ့ပေတာကိုးဗျ 😛
ကျော်စွာခေါင်
April 11, 2014 at 2:38 am
အကိုမိုက်
ဟုတ်ပါဘူးဗျ…ဟီးဟီး..။
TNA
April 10, 2014 at 9:56 am
မြိုင်တဲ့ နာမည်လေးလဲလှတယ်။ ခေါင့်အဆိုလူလေးလဲလှတော့ အတော်လေးချစ်ဖို့ကောင်းခဲ့မှာ ပဲ။ ပျော်စရာကောင်းတဲ့အပိုင်းလေးမို့ ပျော်ပျော်လေးဖတ်သွားပါတယ်။ တောက်မဲ့မီးခဲတရဲရဲဆိုတော့ အဲကတဲ တွေးတာတောတာ ဇမသေးဘူးဘဲ။ ကျွန်မတို့ဆို အဲ့နှစ်တန်းတုန်းက တွေးဖို့မပြောနဲ့ ဘာမှကို မစဉ်းစားတာ။ အဟိ
ကျော်စွာခေါင်
April 11, 2014 at 2:41 am
မနုအေး
မြိုင်က တစ်ကယ်ချစ်စရာကောင်းတာပါ..
မနုအေး ပြောတဲ့ “ တောက်မယ့် မီးခဲ တရဲရဲ” ဆိုတော့ လျှောက်စဉ်းစားတာတွေက…
အလိုလိုနေရင်း အတိုက်အခံ ဘဝ ရောက်တာပေါ့…
ဖန်ဆင်းရှင်းကို မစုံစမ်း ရဘူးတဲ့…. သူတို ့က။
TNA
April 11, 2014 at 12:25 pm
အဲဒါတော့ဟုတ်တယ်။ ကျွန်မ အဲ့ဘာသာမှာ အဲ့အပိုင်းကိုနားမလည်ဆုံးပဲ။ အဲ့ဒီ ဖန်ဆင်းရှင်ကို မစုံစမ်းရဘူးဆိုတဲ့အပိုင်းပဲ။
Crystalline
April 10, 2014 at 2:17 pm
အပိုင်းလေးထိဖတ်ပြီးကြောင်း… အပိုင်းသုံးမှာ ဦးခေါင်အဖေနဲ့အစ်ကိုကို အသေမုန်းသွားကြောင်း :((
ကျော်စွာခေါင်
April 11, 2014 at 2:42 am
မနော်..
အားပေးတာ ကျေးဇူး..
ပူလောင်ပါတယ်.. အမုန်းထားမနေပါနဲ ့..။
padonmar
April 10, 2014 at 10:06 pm
၂ တန်းထဲက အစွံလွန်တဲ့ ညီညီပါလား။
ကျမက နည်းနည်းဒုံးဝေးတဲ့သူဆိုတော့ အဲဒီ ဝါ့စ်ကာဟ်နာ နဲ့ ချက်ဗလက် ကားကရောင်းဘယ်လို ဆက်စပ်လဲ စဉ်းစားမရဘူး။
အဲဒီ စာရဲ့ အဆုံးက အာမီးန် ဆိုတာ ခရစ်ယာန်တွေ ရဲ့ အာမင်ဆိုတာနဲ့ အတူတူ ထင်တယ်နော်။
ကျော်စွာခေါင်
April 11, 2014 at 2:48 am
မမမာ
အဲဒီစကားလေးက ဒီလိုပါ..
ဘာသာတရားရဲ ့ အနှစ်သာရ စကားအနက်ကို ခလေးက နားမလည်ဘူး..
မေးလို ့လဲ မရတော့ ကိုယ်လိုရာ ကိုယ်ဆွဲတွေးတယ်..ဒါပေမယ့် ဘာကိုမှ သိပ်မထိခိုက်ဘူး
တစ်ကယ်လို ့ လူကြီးတွေက ဘာသာတရားကို ကိုယ်လိုရာ ဆွဲတွေးပြီး တစ်ယူသန် သတ်မှတ်မယ် ဆက်လက် ဖြန် ့ဖြူးမယ်
ဆိုရင် ခရူးဆိတ် စစ်ပွဲလဲ ဖြစ်နိုင်တယ်..
မိထ္ထီလာ အရေးအခင်းလဲ ထပ်ဖြစ်နိုင်တယ်..
ဆိုလိုတာက……။
အာမင်း လုပ်တာတင် တူတာမဟုတ်ဘူး မမာ။။။
ကျမ်းစာအုပ်တွေက အောကာင်းအရာတွေပါ ဆင်ဆင်တူတာ..။
kai
April 11, 2014 at 2:23 pm
တူဆို.. ကိုရမ်ကျမ်းက.. သမ္မာကျမ်းဟောင်းကနေယူတယ်လို့.. မှတ်ဖူးတယ်..။
သမ္မာသစ်ကတော့.. ဂျီးဇက်ခရိုက်စ်ပေါ့..။
ပြောရရင်.. အဟောင်းနဲ့အသစ်ကိုးကွယ်တဲ့သူတွေအချင်းချင်း.. လုံးဝမတည့်တာဟာ..
ထေရဝါဒနဲ့..မဟာယာနမုန်းကြတာမျိုးနဲ့တောင်တူနေသလားပဲ..။
မြန်မာပြည်ကမွတ်စလင်တွေကိုပြောချင်တာက.. အစ္စလမ်ဘာသာကို ထေရဝါဒတွေခွဲခြားဆက်ဆံတယ်ဆိုတာ.. မဟာယာန နဲ့.. တခြားဂိုဏ်းတွေကိုးကွယ်သူတွေက.. ရီနေသလောက်ရှိတယ်လို့..
ပျော်စေသိစေမှတ်ပါနော..။ မိထ္ထီလာထပ်မလုပ်ကြေး…