မြန်မာစာ မြန်မာစကား မြန်မာမူးလဲ
Remote control တွေနှိပ်ရင် အင်္ဂလိပ်လို ပေါ်တာဆိုတော့ ကျွန်မခွေကြည့်ရင် အကျင့်ပါပြီးplay လိုက်ဦးတို့ ။ကြာတယ်ကွာforwardလုပ်ပစ်
လိုက်တို့။မကြည့်ချင်ပြန်တော့stop ပစ်တော့ကွာဆိုပြီးတော့ပဲ ပြောမိတတ်ပါတယ်။
အဲအခုအကျင့်ပြင်ရတော့မယ်။
မြန်မာစာတန်းထိုးစက်တွေပေါ်လာတော့ ကျွန်မ မြန်မာလို ကျင့်ရတော့မယ်လေ။အဲဒီလို ကြွေးကြော်နေတုန်း ်တကယ်တမ်း မြန်မာလိုတိတိကျကျကြားမိပြန်
တော့ နားထဲ တစ်မျိုးလားရယ်။
ဘာဖြစ်လို့ဆို ဖြစ်ပုံက တစ်နေ့ကTourသွားရင်း ရွာတစ်ရွာဘက်သွားအလည် အိမ်တစ်အိမ်မှာ အုပ်လိုက်ထိုင်နေတဲ့ ကလေးတွေက tv ဖွင့်ရင်းပြောနေကြတာ ဒီလိုရယ်။
ဆူညံသံများလိုက်တာကွာ။လျှော့လိုက် လျှော့လိုက်။
ဟာ မှားသွားပြီ။အသံက ဘယ်သံဖြစ်နေတယ် ညာသံပြောင်း။(ကျွန်မလက်က
တော့ ညာသန်ပါ်)
ပြီးရင် အဲဒီသီချင်းကိုပဲ ဖွင့်ထားမယ်။တစ်ပုဒ်တည်းကို ထပ်ခါထပ်ခါပြသခြင်းခလုတ်နှိပ်
်ထားရင် ရပြီ။(တစ်ပုဒ်တည်းကို ထပ်ခါ ထပ်ခါ ပြသခြင်းဆိုတော့ Repeat Oneကိုပြောတာ ဖြစ်မှာပဲလို့ ကျွန်မ စိတ်ထဲကနေတော့ ကြိုးစားပြီး ုဘာသာပြန်နေမိပါတယ်)
အဲဒီသီချင်းရှေ ့မှာ မင်းသားနဲ့မင်းသမီး လေပေါတာ များသကွာ။
၂ဆလောက် နောက်ပြန်ဆုတ်လိုက် ဦး။(ကျွန်မလည်း ခြေ၂လှမ်းလောက် နောက်ဆုတ်လိုက်တယ်)
လိုသေးတယ်၈ဆ
လောက်သာ ချကွာ။(TV ကြည့်တာလား ဖဲရိုက်တာလားမသိ။ချချဆိုပြန်တော့ လက်ထဲမှာထီးတော့ ပါသား ဘယ်သူ့ချရပါ့မလဲ)
ဟားးသွားပြီ ကျော်ကုန်ပြီ ရှေ့ ့၄ဆပြန်တိုးလိုက်။(တိုးလို့ရတော့ဘူးဟ ငါ့ရှေ့နွားတင်းကုပ်ပဲ ရှိတော့တာ)
ရောက်ပြီရောက်ပြီ ရပ်။ ခဏနားလိုက်ဦး။ဒီတစ်ခါ ပြီးရင်တော့ အပြီးနားလိုက်တော့။
(ကျွန်မလည်း နားလိုက်ပါပြီ မောလို့ပါ။ခဏနားတာတွေရော အပြီးနားတာတွေရော ဘာခလုတ်တွေမှန်းကို မသိတော့ပါဘူး။)
ဒီအတိုင်းဆို ရန်ကုန်ရောက်ရောက်ချင်း မြန်မာစာတမ်းထိုးစက်ဝယ်လို့
မဖြစ်သေးပါဘူး။
အခန်းကျဉ်းတော့ ရှောင်စရာ တိမ်းစရာနေရာလွတ်လေးရှာပြီးမှ ဝယ်တော့မလားလို့ပါ။
30 comments
alinsett (gazette)
May 5, 2014 at 6:08 pm
အက်ဒါပြောဒါ
မြန်မာစဂါးက မပြည့်ဇုံဗူး
အဒိတ်ပယ် နှစ်ခွ သုံးခွ ထွက်နေတာတွေ ဒဗုံဂျီး
🙂
TNA
May 5, 2014 at 6:28 pm
မြန်မာစကားကို မြန်မာတွေတောင်ကုန်အောင်မပြောနိုင်သေးဘူး။ ခုထိမကြားဖူးတဲ့စကားတွေရှိတုန်းကို ဟို ပရီဇင်တာတွေကျေးဇူးကြောင့်လဲ မြန်မာစကားလုံးအသစ်တွေထပ်တိုးကုန်တယ်။ :byee:
ကေဇီ
May 5, 2014 at 8:05 pm
ဟီးဟီးဟီးးး
ပို့(စ) ဖတ်ပြီး ရီလိုက်ရတာ။
စကားတွေကတော့ ရှင်းပါတယ်။
ခံယူသူကို လိုက်ပြီး အဓိပ္ပာယ်ပြောင်းတာနေမှာ။ :mrgreenn:
Ma Ma
May 5, 2014 at 8:10 pm
မွေးစားစကားလုံးတွေနဲ့ နားယဉ်နေတာအပြင် တချို့တလေမှာ မြန်မာစကားက အဓိပ္ပါယ်နှစ်ခွထွက်တာ ရှည်လျားနေတာတွေကြောင့် မွေးစားစကားလုံးတွေနဲ့ ပြောကြဆိုကြရတာ ပိုလည်းလွယ်တယ်။
ပိုလည်း ထိရောက်တယ်။
🙂
moonpoem
May 6, 2014 at 9:13 am
ညီမအတွက်ကတော့ မွေးစားစကားလုံး နဲ့ပဲ အဆင်ပြေမယ်နဲ့တူတယ် ဟိဟိ
ခင် ခ
May 6, 2014 at 11:44 am
မြန်မာစကားတောင် ကပြားပြောမှအဆင်ပြေတဲ့ အခြေအနေတောင်ရောက်ရပြီကွယ်။
kai
May 6, 2014 at 2:21 pm
မြန်မာစာက.. ဟုတ်မလိုလိုနဲ့.. တော်တော်ချို့တဲ့တာဗျ….။
ဒါတောင်.. မဃဒေဝဆရာတော်ကြီးကျေးဇူး..။ ဆရာကြီးယုဒသန်၊ဦးဖေမောင်တင်ကျေးကျေးတွေကြောင့်အခုလောက်ဖြစ်နေ/ရှိနေတာ…
နောက်ထပ်စမ်းထွင်ပေးမယ့်သူတွေ လိုကိုလိုတယ်..
ခေတ်အပြောင်း.. ကသောင်းကနင်းခေတ်ကြီးမှာ.. ထွင်ကြစမ်းဟေ့.. လူငယ်များ..။
စကားအတင်းစပ်…
ဒီပို့စ်ကို.. ဒီလသတင်းစာထဲပုံနှိပ်ဖေါ်ပြဖို့.. ကြံနေတယ်..။
ထင်ဟတ်လွန်လွန်းလို့…။
moonpoem
May 12, 2014 at 5:31 pm
သူကြီးအနေနဲ ့ဒီပိုစ့်ကို ပုံနှိပ်ဖော်ပြဖြစ် မဖြစ်မသိသေးပေမယ့် အခုလို ပြောတာကြားရနဲ့တင်တောင် ကျွန်မ တကယ်ဝမ်းသာမိတာပါ။
Crystalline
May 6, 2014 at 2:22 pm
အဲ့လို့ မြန်မာစကားပြောနဲ့စက်တွေတွေ့ဖူးတယ်… ကိုယ့်နားထဲ.. မျက်စိထဲ အသားမကျသလိုပဲ… :)) မြန်မာစာ မြန်မာစကား.. မြန်မာမူးလဲဆိုလို့… သတင်းစာထဲပါတဲ့… သတင်းတချို့မှာ ရေးပေါက်က ဘာရေးထားမှန်းကိုမသိတာမျိုးပါတယ်.. ဘယ်လိုမှ အဓိပ္ပါယ်မရှိတဲ့ ဝါကျမျိုး… တာဝန်ခံအယ်ဒီတာတွေရှိရက်.. စဉ်းစားမရ.. 🙄
လုံမလေးမွန်မွန်
May 6, 2014 at 2:30 pm
ဒီပို့စ်ကိုတော့ ကြိုက်လွန်းလို့ ရှယ်တောင်ရှယ်ထားတယ်..
(စကားချပ် ။ ။ ရှယ် = ဝေမျှသည် ဆိုတော့ ဘယ်လို မြန်မာမှုပြုရင်ကောင်းမလဲ)
မှတ်မှတ်ရရ မနေ့ကတောင် ရုံးမှာ ပြောဖြစ်သေးတယ်..
နေမကောင်းချင်ဘူးဟာ.. ဖျားချင်နေတယ် လု့ိ ပြောမိရင်း ကိုယ့်စကားကို သေချာပြန်စဉ်းစားကြည့်တော့ တစ်မျိုးပဲရယ်.. I want to be ill လို့ ပြောသလိုလို..
Paing Lay
May 6, 2014 at 3:53 pm
အနော်တို့ လူငယ်တွေ သုံးနေကျ ဗန်းစကားတွေဟာ Idiom ကနေလာတယ်ဆိုတာ ဆရာတစ်ယောက်ပြောဖူးတယ်ဗျ။ အဲဒီဝေါဟာရတွေက အနော်တို့ နောက်ဆုံးနှစ်မှာသင်ရတယ်။ သို့ပေသိ တော်တော်များများကတော့ မေ့ကုန်ပြီ။ ဆရာကြီး ခင်မောင်တိုးရဲ့ စာအုပ်ကိုပြန်ဖြတ်မှပဲ မှတ်မိတော့မှာ :mrgreenn:
Ma Ma
May 6, 2014 at 9:32 pm
မြန်မာစာနဲ့ ပတ်သက်လာရင် ပိုင်လေး ပေါ်လာတာကို သတိထားမိတယ်။
စာတွေ ကျောင်းပြန်မပို့နဲ့လေ။
ရွာထဲမှာလည်း မျှဝေပါအုံး။ 🙂
etone
May 7, 2014 at 12:18 am
တွေ့ကရာကို မြန်မာစာလိုက်ပြောင်းနေလျှင် ကြာလျှင်ပိုပြီး ဖျင်းလာလိမ့်မယ် ထင်တယ် ….. ။
မြန်မာဖုန်းတွေ ပေါ်လာတာကိုလည်း မကြိုက်ဘူး …. သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း မသုံးနိုင်လျှင်ပဲ တဗန်းရှုံးသလိုခံစားရတယ် …. ။
kyeemite
May 7, 2014 at 4:08 pm
စာလုံးတော်တော်များများ မွေးစားရလိမ့်မယ်..မွေးလည်းမွေးစားထားပီးနေပါပြီလေ
.မြန်မာလိုပြန်မယ်ဆို Radio ကိုတောင်တိုတိုရှင်းရှင်းပြန်ဖို့မလွယ်…Car ကိုကျတော့ရော… 😀
kai
May 7, 2014 at 4:21 pm
အမှတ်တရပုံကလေး ဖေ့စ်ဘုတ်ကရထားတာ…
တိမ်မည်း
May 7, 2014 at 4:36 pm
Leave a Comment => ဆဲခဲ့ပါ….
Logged in as တိမ်မည်း….=> တိမ်မည်းအရမှတ်ထားသည်။
Comment => ဆဲစာသား
================================
ဘာရယ်မဟုတ်ပါဖူး…. ရှေ ့မှာ တွေ ့တာလေး ပြန်ကြည့်တာ….
အာဂ
May 7, 2014 at 5:21 pm
တိုလီမိုလီတို့..ထွေလီကာလီ.ဗျုတ်စဗျင်းတောင်း..စပ်စလူးတို့..အဲဒီနာမည်တွေဘယ်သူပေးလဲမသိဘူးနော်
koko
May 8, 2014 at 9:57 am
မြန်မာစာကိုပဲအပြစ် ပြောနေလို့ ရဘူးထင်တယ်။ ကိုယ့်လူမျိူးက ဘာမှ တီထွင်ထုတ်လုပ်ထာမှမရှိတာကို။ကိုယ့်လူမျိူးကိုယ့်နိုင်ငံ ကထုတ်လုပ်ထားတဲ့ ပစ္စည်းတို့ ဘာတို့ဆိုရင်တော့ မြန်မာနံမည်ကို အင်္ဂလိပ်တွေပြန်မွေးစားရမှာပေါ့။ဟာဟား၊သူတို့တွေ ထုတ်တာ ထားတီထွိင်ထားတဲ့ ပစ္စည်းတွေကတော့ ကိုယ်စကားနဲ့ကွက်တိဝင်မှာမဟုတ်ဘူးလေ။
အင်း တောက အင်္ဂလိပ်စာမတတ်တဲ့ လူများကြတော့ မြန်မာစာတန်းထိုး VCD စက်ပဲ အားးကိုနေရတာ။ တကယ့်တောမှာဆို အဲစက်ပဲရောင်းရတာ။ ကိုယ့် နိုင်ငံက တရုတ်နဲ့ ကုလားကြား က မြန်မာနိုင်ငံလေ။
twitty
May 10, 2014 at 11:15 am
ရှေ့
၊ နောက် ၊ ရစ် ၊ ရပ် ၊ ဖွင့် ၊ ပိတ် ၊ ဖတ် ၊ တိုး ၊ လျှော့
မီ မီ
May 10, 2014 at 1:47 pm
ဒီစာလေးကိုသဘောကျပါတယ်
ဒါပေမယ့် ပေါင်မုန့်မစားနိုင်ရင်ကိတ်မုန့်စားလို့
ပြောသလိုဖြစ်နေပါပြီ
ဆင်ရဲ နုံခြာ ပညာမတတ် လူတန်းမစေ့ တောနေလူတန်းစားကို
ကိုယ်ချင်းမစာကြမိဘူးလို့ထင်ပါတယ်
မြန်မာတွေညံ့ကြောင်း တောက်တုံးမကျကြောင်း မြန်မာစာမြန်မာစကား
အဆင့်မရှိကြောင်းကို ကမ်ဘာပတ်ပြီးသတင်းစာထဲထည့်မယ် ဆိုပါလားရှင်
ဂုဏ်ယူပါတယ်သတင်းစာတိုက်ပိုင်ရှင်ကြီးရယ်
ကမ်ဘာမှာ မြန်မာဆိုတာ ကျွန်အဆင့်လို့သာပြောလိုက်ပါလားရှင်
ဟင့်!
lu lu
May 10, 2014 at 3:17 pm
ဘယ်လိုပြောရမှန်းကိုမသိတော့ပါဘူး
အားလုံးကနှစ်ယောက်နှစ်မျိုး ဖြစ်နေလို ့
ဘာပဲပြောပြော ကိုယ့်မြန်မာစကားကို အဆင့်မီတိုး
တက်အောင် တော့လုပ်သင့်တယ်ထင် ပါတယ်
မုန်းတာတစ်ခုရှိတယ် ကိုယ်လည်းမ ပြောတဲ့ဟာပေါ့
အခုခေတ်စားနေတဲ့မြန်းကလိပ် ဆိုတာစာ စကား
ပေါ့ မြန်မာစာက်ိုဖျက်တာလား English စာကိုဖျတ်တာ လား နားမလည်ဘူး
( နာ လည်းတစ်မျိုး နော် အဟဲ )
San Hla Gyi
May 10, 2014 at 6:36 pm
အမှန်တော့ ဒီပို့စ်ပိုင်ရှင် ပြောတာ မှားနေတယ်။ တကယ်က သူ ဘာသာစကားနဲ့ ပက်သက်လို့ သိပ်နားမလည်ဘူး။ အဲဒါကို သတင်းစာထဲ ကြိုက်လွန်းလို့ ထည့်မယ်ဆိုတဲ့ အယ်ဒီတာလည်း ကျုပ်အမြင်အရ ဘာသာဗေဒ နားမလည်တဲ့ ပြဿနာ ရှိပုံရတယ်။ ဒီ ပြဿနာဟာ သတ်ပုံအဖွဲ့တို့ ဖတ်ရွေးအဖွဲ့တို့ရဲ့ အစွမ်းကို ပြရမှာ။ အခုဟာက ဘယ်သူမှလည်း ရေရေရာရာ ရှင်းမပြကြဘူး။
နောက် အေးအေးဆေးဆေး ဖြစ်လို့ သိချင်ရင်ပြော။ ရှင်းပြမယ်။ အခုတော့ မအားသေးဘူး။ တကယ်ပြောတာ။
moonpoem
May 11, 2014 at 7:20 pm
ကျွန်မ အနေနဲ ့ဒီပိုစ့်ကို ရေးခဲ့တုန်းက တကယ့်ကို အပြင်မှာ ဖြစ်နေတဲ့ အချိန် ကိုယ်ခံစားမိတဲ့ အတိုင်း ရေးလိုက်တဲ့ ပိုစ့်ပါ။ မြန်မာစာကို နှိမ့်ချဖို ့ဆိုတာတွေရော တခြားရော ဘာစိတ်ကူးမှ မရှိပါဘူး။ ကလေးတွေ အော်ဟစ်ပြီး ပြောတဲ့အခါ ကျွန်မစိတ်ထဲမှာ အဓိပ္ပါယ်နှစ်ခွတွေဖြစ်ပြီး တကယ့်ကို မြန်မာစာတမ်းထိုး Remote Control တွေကို နားမလည်သေးတဲ့အတွက် သင်ယူရမယ့် အကြောင်းလေးကို ဟာသအမြင်နဲ့ ရေးချလိုက်တာပဲ ရှိပါတယ်။
San Hla Gyi
May 11, 2014 at 9:54 pm
စိတ်မပူပါနဲ့။ ပို့စ်ပိုင်ရှင် အနေနဲ့ ရိုးရိုးသားသား နားမလည်လို့ ရေးတယ်ဆိုတာ နားလည်ပါတယ်။ နှိမ့်ချတဲ့ အသုံးအနှုန်းလည်း စာထဲမှာ မပါပါဘူး။ ကျုပ်က ပို့စ်ပိုင်ရှင်ကို ပြောချင်တာထက် နားမလည်ပဲ နှိမ့်ချတဲ့ အသုံးအနှုန်းသုံးတဲ့ လူကို ပြောချင်တာပါ။ ဇာတာသက်ကြီးပြီး စိတ်သက်က သိပ်ငယ်နေတော့ အခုထိ ဘာမှကို နားမလည်ဘူး။
ကြောင်ဝတုတ်
May 12, 2014 at 2:44 pm
ဒီနေရာမှာ အပေါ်က ကိုကိုဆိုတဲ့ အစ်ကိုပြောခဲ့တာကိုထောက်ခံသဗျ…
ကိုယ့်တိုင်းပြည်က ဘာမှမတီထွင်ခဲ့တော့ ခေတ်ပေါ်ပစ္စည်းတွေမှာ ကိုယ့်ဘာသာစကားထည့်လိုက်တော့
အဝိုင်းပေါက်ထဲကို လေးထောင့်အချောင်းရိုက်ထည့်သလို ဖြစ်တော့တာပါပဲ…
Engineer ဘာသာရပ်မှာလဲ Engineer Term ဆိုတာရှိသလို…
Computer ဘာသာရပ်မှာလဲ Computer Term ဆိုတာရှိပြန်သဗျ…
အင်္ဂလိပ်စကားချင်းတူရင်တောင် Engineer Term တို့ Computer Term တို့နဲ့ အဓိပ္ပာယ်လွဲတာမျိုးရှိပါတယ်…
Software နဲ့ Hardware ကို တိုက်ရိုက်မြန်မာဘာသာပြန်လိုက်ရင် အဆင်မပြေတာ တွေ့ဖူးကြမှာပေါ့…
ဒီမြို့ထဲမတော့ ကျုပ်တို့ရေးလေ့ရှိလို့သိကောင်းသိကြပေမယ့် ဘာသာပြန်ခြင်းငှာမသင့်လို့ဆိုရမလိုဖြစ်နေတာတွေ ရှိပါသေးသကိုး…
Software ကို အပျော့ထည်… Hardware ကို အမာထည်လို့ ဆိုသလိုပဲ…
Hardware Store ကို ကုန်မာဆိုင်လို့ ခေါ်ပြန်တော့ Software Store ကို ကုန်ပျော့ဆိုင်လို့ ခေါ်ဆိုတာဟာ
မဖြစ်သင့်တာပါ…
နိုင်ငံတကာစံနှုန်းအတိုင်း International Standard အတိုင်း ခလုပ်ပုံစံလေးတွေကအစ… ဘယ်တိုင်းပြည်ကထုတ်ထုတ် ဒီပုံစံပဲသုံးဖြစ်နေတဲ့ဟာ… မြန်မာလိုဘာသာပြန်တာတော့ ကျွန်တော်လဲအားမပေးပါ…
ဒီနေရာမှာ ဘာသာစကားချို့တည့်တာလို့မဆိုလိုချင်ပဲ… ဘာသာမပြန်သင့်တာကို ဘာသာပြန်တယ်လို့…
ထင်မြင်ယူဆမီပါကြောင်း…
ခင်မင်လျက်
ဖက်ဖက်ကက်
ံ
moonpoem
May 12, 2014 at 4:34 pm
ကျွန်မလည်း ဒီအကြောင်းကို တွေးနေမိရင်းက ပြောချင်တာကလည်း ဖက်ဖက်ကတ်ဆိုလိုရင်းအတိုင်းပါပဲ။ မြန်မာဘာသာစကားက ကြွယ်ဝပေမယ့် တချို ့နေရာတွေမှာ မွေးစားစကားလုံးအတိုင်း သုံးခြင်းက ပိုပြီး ဆိုလိုတဲ့ အဓိပ္ပါယ်ကို နားလည်နိုင်မယ်လို ့ထင်ပါတယ်။မလိုအပ်ဘဲ နေရာတကာ မြန်မာစကား မြန်မာစကား ဆိုပြီး စွတ်ဘာသာပြန်တိုင်း အဆင်မပြေနိုင်တာတွေလည်း အများကြီးပါ။
လုံမလေးမွန်မွန်
May 12, 2014 at 3:44 pm
အွန်း.. ဒါဆိုရင် ဘာသာမပြန်ဘဲ အညွန်းလေး ထည့်ပေးရင် ပိုအဆင်ပြေမလားလို့..
forward = ရှေ့သို့ကျော်ခြင်း
backward = နောက်သို့ပြန်ရစ်ခြင်း
အဲ့လို အညွှန်းလေးတွေပေါ့..
ဖြစ်သင့်တာကတော့ လူတိုင်းစာတတ်မြောက်ရေး ကိုပဲ ပြန်ဦးတည်ပြီး ပညာရေးဘက်ပဲ ပြန်လှည့်ရမယ်ထင်ပါ့.. :buu:
naywoon ni
May 19, 2014 at 4:47 am
လူ့ရဲ့ မှတ်ဉာဏ် စိတ်က မူရင်းကိုမှတ်ထားပီးသားလေ ။ အစကတည်းက မြန်မာလိုမှတ်ထားတာမှမဟုတ်တာ ။ ဒီတော့ကြားခါစ နားထဲ ထော်လော် ကတ့်လန့်ဖြစ်နေမှာပေါ့ ။ ဘာသာပြန်တယ်ဆိုတိုင်း မကောင်းနိုင်ပါဘူး ။ ။ တစ်ခါက ဆရာကြီး တစ်ယောက်ပြောဖူးတယ် ( ဘယ်သူလဲတော့ မမှတ်မိ ) ဘောလုံး ဆ်ိုတာက အင်္ဂလိပ်စကား မြန်မာလို ဘယ်လိုဘာသာပြန်မလဲ ။ လေထိုးထားတဲ့ သားရေလုံး ။ အဲ့စကားလုံးနဲ့ ဘောလုံးပွဲ ကျေညာ ပြသွားတာ။ နားထဲမှာ ကလိကလိနဲ့ ရယ်နေရတာပဲ ။ ကြားနေကြ စကားလုံးတွေမှ မဟုတ်တာ ။ မှတ်ဉာဏ်က အစကနဦး အသေမှတ်ထားတဲ့ စကားလုံးတွေ အသံတွေ မှမဟုတ်တာပဲ ဘယ်အသားကျပါ့မလဲ ။ ဘောလုံးပွဲ ကြေညာတယ်ဆိုတော့ ကျန်တဲ့ အခေါ်အဝေါ် တွေပါ မြန်မာလို လိုက်ပြောင်း ရတာလေ ။ မိုင်းအောက်တို့ အောက်ဆိုက်ဘော တို့ ပင်နယ်ဒီ တို့ ဖောင်းဘောတို့ ခုတော်တော်များများ မြန်မာလို ဖြစ်နေပေမဲ့ နေဝန်းနီ တို့ခေါ်တဲ့ ပန္နဲသီး ပင်နယ်ဒီ ကတော့ ပြောင့်လို့မရရှာသေးဘူး ။ မွေးစားလက်စနဲ့ ဆက်သာမွေးစားရတော့မှာပဲလေ ။ မြန်မာသံနဲ့ အပြောင်ခေါ်ရင် း အကျင့်ပါသွားရင်လဲ ပြင်ရခက်တာပဲ
ပန္နဲသီးတဲ့ ချဲလ်ဆီး ကို ချက်စိ တဲ့ မန်ယူကို မယူ တဲ့ မန်စီးတီးကို မကျီးသီးတဲ့ လီပါပူး ကျတော့ လိပ်ပု တဲ့
ကြောင်ဝတုတ်
May 19, 2014 at 3:08 pm
ဆြာနီပြောသလိုပါ့…
ဘာသာစကားတိုင်းမှာ မွေးစားစကားလုံးဆိုတာရှိသဗျ…
ဘာဖြစ်လို့မွေးစားသလဲဆိုရင်… တိုက်ရိုက်ဘာသာပြန်ရခက်ခဲလို့ပါ…
အပေါ်မှာပြောခဲ့သလိုပဲ…
Software နဲ့ Hardware ကို မြန်မာလို အတင်းဘာသာပြန်တဲ့အချိန်မှာ…
ကွန်ပျူတာကို ကျွန်တော်ဘာသာပြန်ဖူးပါ၏… ဓာတ်ရိုက်တွက်စက်ပါလို့…
Laptop ကို အဲ့အတိုင်းဆက်ဘာသာပြန်ရင်တော့ဖြင့် အပေါ့စားဓာတ်ရိုက်တွက်စက်ဖြစ်တော့မကော…
ဆြာနီပြောတဲ့ မြန်မာသံအပြောင်ခေါ်ရင် အကျင့်ပါသွားတာလား…
အင်္ဂလိပ်သံကို နားကြားနဲ့ခေါ်ရင်းပဲ အတည်ဖြစ်သွားလားတော့မသိ…
Police ကို ပုလိပ် လို့ခေါ်…
Surveillance ကို ဆားပုလင်းလို့ခေါ်ခဲ့သေးတယ်လေ… ဆားပုလင်းနှင်းမောင်ပေါ့… နိုင်ငံကျော်နော်…
အဲ့လိုဘဲ… ဆိုင်ကယ်ဘေးမှာ ဘေးတွဲတွဲထားတဲ့ Side Car ကိုကြည့်ပြီး စက်ဘီးဘေးမှာ ဘေးတွဲတွဲလိုက်ရာကနေ မြန်မာနိုင်ငံအနံ့တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ ဆိုက်ကားဖြစ်လာတာပေါ့…
အဲ့လိုပဲ ရှေးခေတ်တုန်းက မီးစာနဲ့ လေထိုးပြီးသုံးရတဲ့ အောက်လင်းမီးအိမ်မှတ်မိသေးလာဗျ…
အင်္ဂလိပ်က Out Lamp လို့ ခေါ်တဲ့ အပြင်ထွက်ရင် အပေါ်ဂိုင်းလေးက ကိုင်သွားလို့ရတဲ့ မီးအိမ်တစ်မျိုးပေါ့…
မြန်မာတွေက အိမ်ထဲမှာချိတ်ပြီး အောက်လင်းမီးအိမ်ဆိုပြီးတော့ ခေါ်ခဲ့ကြသေးတယ်လေ…
အဲဒါတွေကျတော့ မွေးတော့မွေးစားတဲ့စကားလုံးတွေပေါ့ဗျာ..
ခင်မင်လျက်-
ဖက်ဖက်ကက်
kai
June 12, 2014 at 5:29 pm
====
သတ်ပုံမှားတဲ့ မင်းခေါင်နော်ရထာရဲ့ “တွတ်”
Jun 10, 2014
ရဲကျော်သူရ
၁၀. ၆. ၂၀၁၄ အင်္ဂါနေ့ထုတ် News Watch စောင့်ကြည့်သတင်းဂျာနယ်မှာ “ဦးနေဝင်း ရဲ့နောက်မြီးဆွဲ မလုပ်ချင်ကြနဲ့တော့” ဆိုတဲ့ စကားဝိုင်းလေးတစ်ခုဖတ်ရပါတယ်။
အကြောင်းကတော့ ဦးနေဝင်းက စတန့်ထွင်ပြီး တဝမ်းပူကို စသတ်နဲ့ (တစ်) လို့ သုံးပြီး ပုဂံခေတ်ကစလို့ ခေတ်အဆက်ဆက် သုံးလေ့သုံးထမရှိတဲ့ “အဆွေတော်နှင့် ကျွန်ုပ်တို့၊ တစ်ဦးနှင့် တစ်ဦး တစ်ပြည် ထောင်နှင့် တစ်ပြည်ထောင်” စတဲ့ အရေးအသား တွေ ကို ရေးသားသုံးစွဲခဲ့လို့ လူထုက လိုက်သုံးရတဲ့အကြောင်း၊ အရင်ကတော့ အာဏာရှင်ကို မလွန်ဆန်နိုင်လို့ သုံးခဲ့ရပေမဲ့ အခု အချိန်မှာ သုံးစွဲဖို့ မသင့်တော့တဲ့အကြောင်း ကဗျာ ဆရာ မောင်ကြူးရင့်တို့၊ မောင်သင်းခိုင်တို့ ဦးဆောင်ဆွေးနွေးခဲ့ကြတဲ့ အကြောင်းပါ။
ဒီနေရာမှာ အာဏာရှင်တွေ၊ အာဏာသေတွေ ကိစ္စဘာမှ မပြောလိုပါဘူး။ ဦးနေဝင်း ပဲ ရေးရေး၊ ဦးနုပဲ စသုံး သတ်ပုံ အကြောင်းကိုပဲ စဉ်းစားကြည့်ကြရအောင်ပါ။
ဒါက အခုမှပြောတဲ့ ပြဿနာတော့ မဟုတ်ဘူး။ မြန်မာစာ သတ်ပုံသတ်ညွှန်း ကိစ္စ မှာ ပြဿနာအရှာခံရဆုံး စကားလုံးကတော့ စသတ်ပါတဲ့ “တစ်” နှင့် စသတ်မပါတဲ့ “တ” ပဲဖြစ်ပါတယ်။ ဒီစာလုံးပေါင်း အငြင်းပွားမှုဟာ နိုင်ငံရေးပယောဂ မကင်းဘူးလို့ ကျွန်တော်ကတော့ မြင်ပါတယ်။
တချို့ကလည်း ဦးနေဝင်းပြောသည့်အတိုင်းဆိုလျှ
င် ဂန္ထဝင်စာတွေကို “တစ်ပေလျဉ်းလျဉ်း၊ တစ်ညှင်းဆိုးဆိုး၊ တစ်ညှိုး လျလျ၊ တစ်တတလွမ်း” ဆိုပြီး တဝမ်းပူ စသတ်နဲ့ ရေးရ မလားလို့ ရွဲ့ကြတယ်။ ရှေးစာပေတွေမှာ “တစ်” လို့ မသုံးဘဲ စသတ်မပါတဲ့ “တ” ကိုသာ သုံးကြောင်း ကျမ်းကြီး၊ ကျမ်းခိုင် အကိုးအကားတွေနဲ့ စသတ်ပါတဲ့ “တစ်” ကို ထိုးနှက်ကြပါတယ်။
ဦးနေဝင်းက နေရာတကာ “တစ်” ကို သုံးရမယ်လို့ မညွှန်ကြားခဲ့လောက်ဖူးထင်ပါတယ်။ ဂဏန်း ၁ ကို စာနဲ့ရေးသားတဲ့ အခါ ကျမှသာ စသတ်ပါတဲ့ “တစ်” ကို သုံးရမယ်လို့ လမ်းညွှန်ခဲ့ကြောင်း ကြားဖူးပါတယ်။ တွေ့သမျှ တဝမ်းပူကို စသတ်ရမယ်လို့ ဦးနေဝင်း မှာခဲ့ဟန်မတူပါဘူး။
သတ်ပုံ သတ်ညွှန်း အလေးမထားသူတွေက နေရာတကာ စသတ် “တစ်” ကို သုံးလာ ကြတဲ့အတွက် မျက်စိစပါးမွှေးစူးစရာ ဖြစ်လာခဲ့ပုံရပါတယ်။
မြန်မာစာကို အလေးထားရေးသားသူတွေအတွက်တော့ စသတ်ပါတဲ့ “တစ်” နဲ့ စသတ်မပါတဲ့ “တ” တို့ကို သူ့နေရာနှင့် သူ မှန်အောင်သုံးနိုင်လိမ့်မယ်လို့ ယူဆပါတယ်။
ဦးနေဝင်းက အမိန့်ပေးခဲ့လို့ ဂဏန်း ၁ ကို ကိုယ်စားပြုတဲ့ စကားလုံးမှာ စသတ်ပါတဲ့ “တစ်” ကို မသုံးချင်ဘူးဆိုရင် “တစ်၊ နှစ်၊ သုံး၊ လေး” အစား “တ၊ နှစ်၊ သုံး၊ လေး” လို့ ရေးရုံသာရှိပါတယ်။
အမှတ်စဉ်မှတ် “တ…၊ နှစ်…၊ သုံး….၊ လေး…..” စသဖြင့်ပေါ့။
သူကတော့ အတန်းထဲမှာ အမြဲ “တစ်” ပဲဟေ့ ဆိုတာကို သူတော့ အခန်းထဲမှာ အမြဲ “တ” ပဲဟေ့လို့ ပြင်ပြောကြရမှာပေါ့။ အလေးပြုရန် အမှတ်စဉ် “တ” တွေ၊ ချိန်သားမှန်လျှင် အတွဲလိုက်ပစ် “တ၊ နှစ်….တ၊ နှစ်၊ သုံး…၊ တ၊ နှစ်….တ၊ နှစ်၊ သုံး…” တွေ ဘာတွေလုပ်ရတော့မှာပေါ့။
ကျွန်တော့်သဘောပြောရရင် ရှေးထုံးမရှိလို့ တစ်လို့ မရေးဘဲ တ ပဲရေးရမယ်ဆိုတာ လည်း သိပ်ပြီးတော့ ကျိုးကြောင်း မဆီလျော် ပါဘူး။
ဒီလောက်မှ ရှေးထုံးအတိုင်းကြိုက်ရင်လည်း “ဖခင်၊ အဖေ၊ ဖေဖေ” တို့ကို ရှေးက သုံးသ လို “ဘခင်၊ အဘေ၊ ဘေဘေ” “ဓား” ကို “ထား” ဆိုပြီး သာ ရေးလိုက်ကြပါတော့ လား။
Living language ရှင်သန်နေတဲ့ဘာသာစကားဆိုတာ ခေတ်အလိုက် အပြောင်း အလွဲတွေ ရှိနိုင်ပါတယ်။ ဘာသာစကားဆိုတာ တီထွင်ဖန်တီး ယူရတာ၊ ပြုပြင်ပြောင်း လဲယူရတာ ဖြစ်ပါတယ်။ ခေတ်နဲ့ မလျော်ညီတော့တဲ့ ရေးထုံးတွေကို ကြောင်းကျိုး ဆီလျော်ရင် ပြင်ဆင်သုံးစွဲကြစမြဲ ဖြစ်ပါတယ်။
မြန်မာစာကို စိတ်ဝင်စားပြီး ချစ်မြတ်နိုးသူတစ်ယောက်အဖို့ “တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း” လို ဂဏန်း ၁ ကို ကိုယ်စားပြုရေးသားရမယ့် နေရာမှာ စသတ် မထည့်ဘဲ “တကျောင်း တဂါထာ၊ တရွာ တပုဒ်ဆန်း” လို့ ရေးမှာမဟုတ်သလို “တတွတ် တွတ်၊ တထောင်းထောင်း၊ တစွတ်စွတ်၊ တဖျစ်တောက်တောက်၊ တရိပ်ရိပ်” တို့လို ဂဏန်းတစ်ကို ကိုယ်စားမပြုတဲ့ နေရာတွေမှာလည်း “တစ်တွတ်တွတ်၊ တစ်ထောင်းထောင်း၊ တစ်စွတ်စွတ်၊ တစ်ဖျစ်တောက်တောက်၊ တစ်ရိပ်ရိပ်” ဆိုပြီး ရေးသားမှာ မဟုတ်ပါဘူး။ မြန်မာစာကို အလေးမထားသူတွေ ကြုံသလို ရေးနေလို့သာ အရုပ်ဆိုးနေတာလို့ ထင်ပါတယ်။
ကျွန်တော်တို့ တိုင်းပြည်က ပညာရှိတွေ တော်တော်ပေါပါတယ်။ မြန်မာစာအကြောင်း သူသိသူတတ်လုပ်ပြီး ပြောလေ့ရှိတဲ့သူ အတော်များများကိုတွေ့ဖူးပါတယ်။ ဟုတ်ကဲ့… ဗမာလို ဃောသ (သံပြင်း)၊ အဃောသ (သံညှင်း) မှန်မှန် ပီအောင် မပြောနိုင်ကြ ပါဘူး။
ဥပမာပြောရရင် တွေ့ဖူးတယ်လို့ရေးပြီး “တွေ့ဘူးဒယ်” လို့သာ ပြောရပါမယ်၊ ဒါတောင် နောက်ဆုံးက ဒယ်ဟာ ဒယ်လို့ ပီပီသသ မထွက်ဘဲ ဒဒွေးနဲ့ ရကောက် ရောမွှေထားတဲ့အသံမျိုးထွက်ပါတယ်။ စာရေးပြလို့မရပါဘူး၊ အသံကို အသံ (နား) နဲ့သာ သင်လို့ ရပါတယ်။ မသိဘူးလို့ ရေးပေမဲ့ “မသိဝူး” ဆိုတဲ့အသံနဲ့ ခပ်ဆင်ဆင် အသံမျိုးသာ ထွက်ပါတယ်။ အစ်ကိုကြီးလို့ရေးပြီး အဘိဓာန် ထဲမှာ “အကိုဂျီး” လို့ နားလည်လွယ်အောင်ပြထားပေမဲ့ ဘယ်ဗမာလူမျိုးမှ အဲဒီလို မထွက်ပါဘူး။ “အကိုရီး” လို့သာ ထွက်လေ့ရှိပါ တယ်။
တချို့အသံတွေကတော့ (စကားလုံးတော်လှန်ရေးသမားတွေကို ကြောက်လို့ တချို့လို့ စသတ်မပါဘဲရေးတာမဟုတ်ဘူးနော်၊ Some ဆိုတဲ့ အဓိပ္ပာယ်မို့လို့ စသတ် မထည့်တာပါ။) အင်္ဂလိပ်စကားပြောမှာလိုပဲ အသံတွေဆက်သွားတာ တွေ့ရပါလိမ့်မယ်။
အင်္ဂလိပ်လို I am afraid of tigers. လို့ပြောရင် အိုင်…အမ်…အဖရိမ့် လို့ မထွက်တော့ ဘဲ အိုင် (မ) ဖရိမ့် လို့ အသံဆက်ပြီး ရောသွားတာ သတိထားမိ ကြပါလိမ့်မယ်။
မြန်မာစာမှာလည်း အဲဒီလိုပါပဲ။ အခု Facebook တွေထဲမှာ ပြောင်နောက်ပြီးရေးသလို မုန့်ဟင်းခါးကို “မွမ်းငါး” ၊ ကြည့်စမ်းကို “ကျန်း”၊ ဒီမှာကြည့်စမ်းဆို “မာကျန်း” ဆိုတာတွေ ဟာ အမြန်ပြောရင် အဲဒီလိုအသံမျိုးတွေ တကယ်ထွက်သွားတာပါ။ အင်္ဂလိပ် စကား going to ကနေ gonna ဖြစ်သွားတာ၊ want to ကနေ wanna ဖြစ်သွားတာတွေဟာ လည်း ဒီသဘောနဲ့ ခပ်ဆင်ဆင်ပါပဲ။ မယုံရင် want to ကို အခန်းထဲမှာ တစ်ယောက် တည်း တရစပ်ရွတ်ကြည့်ပါ။ wanna လို့ အသံထွက်သွားတာ တွေ့ရပါလိမ့်မယ်။
စကားလုံးတွေနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေကတော့ အများကြီးပါပဲ။ ဦးနေဝင်း တစ်ယောက်သာ ကံဆိုးသူမောင်ရှင် ဖြစ်နေ တာပါ။ ဦးနေဝင်းလည်း လူထဲကလူပဲ မို့ ကောင်းတာ၊ ဆိုးတာတွေ ပြည့်နှက်ရောပြွန်းနေမှာပါ။
ဦးနေဝင်းအာဏာရှင် ဖြစ်ခဲ့လျှင် တောင် မဖြစ်ခင်က တိုင်းပြည်အပေါ်စိတ်ကောင်းစေတ နာကောင်းနဲ့ ကယ်တင်ခဲ့ဖူးတာကိုတော့ ငြင်းလို့မရပါ။
ဦးနေဝင်းဟာ ပေါင်းတလည်သားဆိုပေမဲ့ ဦးနေဝင်းမိခင်ရဲ့မျိုးရိုးဟာ အလောင်း မင်းတရားကြီးရဲ့ ညာလက်ရုံး ဗိုလ်တွန် (ခ) ဦးတွန် (ခ) မင်းခေါင်နော်ရထာ ရဲ့မျိုးရိုးဖြစ်ကြောင်း စာရေးဆရာ အောင်စွမ်းရေးတဲ့ “အာဏာရှင်ခေတ် ကျော်ကြား ခဲ့သော ဆရာတပည့်နှစ်ဦး” စာအုပ်မှာ တွေ့ရပါတယ်။
၁။ ရခိုင်နိုင်အိမ်ရှေ့မင်း (မဟာမုနိရုပ်ရှင်တော်မြတ် ပင့်ဆောင်လာသူ) + မင်းခေါင်နော်ရထာရဲ့ သမီး ရှင်ရွှေလုံး
၂။ ၎င်းတို့နှစ်ဦးမှ မင်းမြတ်စိုး၊ မင်းမြတ်လှ၊ မင်းမျိုးထွန်း၊ မင်းမျိုးညွန့် သားသမီး ၄ ဦးဖွားမြင်ခဲ့
၃။ ၁၂၀ဝ ပြည့်နှစ် စကြာမင်းအရေးတော်ပုံနဲ့ ပတ်သက်ပြီး မင်းမျိုးထွန်း၊ မင်းမျိုးညွန့် အောက်ပြည်ကိုပြေးလာခဲ့
၄။ မင်းမျိုးညွန့် (ခ) ဦးမျိုးညွန့် + အင်းဝသူ ဒေါ်ပိုတို့က ဦးပန်းငုံ၊ ဒေါ်ရွေး၊ ဒေါ်နန်းရေး၊ ဦးစံရာ ဆိုတဲ့ သားသမီး ၄ ယောက်မွေး
၅။ ဦးပန်းငုံရဲ့သမီးက ဒေါ်မိလေး
၆။ ကုန်သည် ဦးဘိုးခ + ဒေါ်မိလေးတို့ သားသမီး ရ ယောက်မွေး၊ ငယ်ငယ်ကတည်းက ၄ ယောက်ဆုံး၊ ၃ ယောက်သာတင်
၇။ ၎င်း ၃ ယောက်မှာ
(က) ဦးနေဝင်း ၁၉၁ဝ ဇူလိုင် ၆ ဖွား
(ခ) သခင်လှထွန်း ၁၉၁ရ အောက်တိုဘာဖွား
(ဂ) ဦးသိန်းညွန့်ခေါ် ကိုညီလေး ၁၉၂ရ ဧပြီ ၂၂ ဖွား
ဒီအစဉ်အတိုင်းဆိုရင် မင်းခေါင်နော်ရထာခေါ် ဦးတွန်ဟာ ဦးနေဝင်းရဲ့ “ဘင်” တော် စပ်နေပြီး ဦးနေဝင်းကတော့ မင်းခေါင် နော်ရထာရဲ့ “တွတ်” တော်စပ်နေတာ ကို တွေ့ရမှာဖြစ်ပါတယ်။
ဦးနေဝင်းရှိစဉ်က ပဒေသရာဇ်စိတ်မပျောက်ဘူးလို့ စွပ်စွဲခံရမယ်ဆိုပြီး ဒီသမိုင်းကို ရေးသားခွင့်မပြုခဲ့ပါဘူး။
၁၉၄၈-၄၉ KNDO အရေးမှာ အင်အား ၃၀၀ဝ ကျော်ကျော်လောက်သာရှိပြီး နယ်တ ကာပျံ့နေတဲ့ မြန်မာ့တပ်မတော်ကို စုစည်းပြီး မြန်မာ တစ်ပြည်လုံး ပြန်သိမ်း ပိုက်နိုင်အောင် ကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းဟာ ဘင် ဖြစ်တဲ့ မင်းခေါင်နောင်ရထာခြေရာ ကို နင်းနိုင် ခဲ့တယ်လို့ ကျွန်တော်တော့ ခံစားမိပါတယ်။
အောင်မြင်ရင် ဖခင်များပြီး ဆုံးရှုံးတဲ့အခါ အမိမဲ့သားဖြစ်ခဲ့ရတဲ့ မဆလ စနစ်ကြီးကြောင့် ဦးနေဝင်းသမိုင်းရိုင်းခဲ့ရတယ်။
မြန်မာ့သမိုင်း မရိုင်းရအောင် ဦးနုနဲ့အတူ ကယ်တင်ခဲ့တဲ့ ဦးနေဝင်း (ခ) ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အဲဒီကာလက ဆောင်ရွက်ချက် များကတော့ ၂၆ နှစ်ကြာ တစ်ပါတီ စနစ်နဲ့အုပ်ချုပ်ပြီး တိုင်းပြည်ကို ဆင်းရဲ မွဲတေအောင်လုပ်ခဲ့တဲ့ အာဏာရှင်ကြီးဆိုတဲ့ နာမည် အောက်မှာ တစ်စ တစ်စ မှေးမှိန်ပျောက်ကွယ်သွားလေ မလားလို့ တွေးတောနေ မိပါတယ်။
ကရင်မှန်ရင် အင်္ဂလိပ်ကို ကျေးဇူးမကန်းရဘူးလို့ ဒေါက်တာစံစီဖိုးပြောခဲ့သလို ဗမာမှန်ရင် ဦးနေဝင်းတို့ ဦးနုတို့ ကျေးဇူးကြောင့် ခင်ဗျားတို့ ကျွန်တော်တို့ လူဖြစ်ခွင့်ရလာခဲ့တာပါ ဆိုတာကို ငြင်းချင်ရင် သမိုင်းတံခါးတစ်ချပ်ကိုသာ ပြန်လှပ်ကြည့်ကြပါလို့သာ ပြောပါ ရစေတော့ ခင်ဗျား…..။ ။
ရဲကျော်သူရ