မွေးမေလေ့!!
စိတ်လိုလက်ရရှိတုန်း ကေဇီ မေမေ အကြောင်း ရေးပါဦးမယ်။
မာမီကို ကေဇီကတော့ အမျိုးစုံခေါ်တယ်။
ချစ်ရင်ချစ်သလို။ မေမေ၊ မာမား၊ မာမီ၊ မေ၊ စသည်ဖြင့်၊
သူကလည်း သူ့ကိုယ်သူ အမျိုးမျိုး ပြောချွဲတာ။
ဘဝမှာ ကေဇီ အသည်းခံဆုံး အချစ်ဆုံး အညှာတာဆုံး မိန်းမတစ်ယောက်ဖြစ်တာမို့ သူနဲ့ပတ်သက်ပြီး ကိုယ့်မှာ ရန်သူတွေ မွေးမိသလို….
မာမီကလည်း “လောကမှာ ကေဇီတစ်ယောက်နဲ့ တစ်လောကလုံးဖြစ်ပြီး ဘယ်လောက်မှားမှား ကေဇီဘက်ကပဲရှိမှာ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ ချုပ်ထားခံရတာပါ။
စကား စကား ပြောပါများးး ဆိုလို့ ကေဇီတို့ အမျိုး စကားပြော လက်ပေါက်ကပ်တာ…
သူများကို ပိတ်သလေး ဘေးပစ် ပြောတဲ့နေရာလည်း မျိုးနဲ့ ရိုးနဲ့။
ဒီ ကြားထဲမှာမှ ကေဇီ အမေက အပြောတော်တော်ပြေပြစ်လို့ အမျိုးထဲကျ သူ့ကို “တွေ့ရင်တော့ဖြင့် လွမ်းအောင်ချွဲ၊ နောက်ကွယ်ကျရင်မေ့မှာပဲ” သီချင်းဆိုဆိုပြီး နောက်ကြတာ။
ကေဇီတို့ မောင်၂ မကျ ငယ်တုန်းက အဖေတူရယ်။ စကားမပြောဘူးးး၊
ပြောလိုက်ရင်သူများကို အင့်ကနဲ့ဖြစ်အောင်ပြောတတ်လို့။
၂ ယောက်လုံးကလည်း မျက်နှာကအတည်ပေါက်၊ ရီခဲ ပြုံးခဲတယ်။ သူစိမ်းနဲ့ ဆိုရင် ပြောတာပါ။ :mrgreenn:
အိမ်မှာတော့ ၄ ယောက်ဆုံရင် ရေပက်မဝင်ဘူးးး
မားသားကြီးမိတ်ဆွေတွေက ကေဇီတို့ကို တွေ့ရင် “အမလောက်လည်း မလှဘူးနော်တို့၊ အမလို လူမှုရေးလည်းမနှံ့စပ်ဘူး” တို့ အပြောခံရရင် သူက အရမ်းစိတ်ဆိုးသဗျ။ ကိုယ်တွေကတော့ အေးအေးပဲ။
ဟုတ်တာပြောကြတာကိုးးး
ဇော်သန့်နဲ့ ဖားသားကြီးကိုတော့ ချစ်တာရယ် ရိုသေတာရယ်ရောမို့ အပြစ်မပြောသာပေမဲ့ ကေဇီကိုတော့ သားအမိအချင်းချင်း ရေလည် ဖိတာ။
“မီးငယ်ရယ်၊ နင့်ကိုနင် မိန်းမမှန်းရော သိရဲ့လားးး”
“တစ်လတစ်ခါတော့ သိပါတယ် မေရဲ့”
“ငင်။ ကောင်မစုတ်”
“ဪ၊ ရီပို့ကတ်ရတဲ့အချိန် နာမည်ရှေ့မှာ မ တပ် ခေါ်ခံရတယ်လေ။ အဲဒီ အချိန်ကို ပြောတာ။”
“အေးးး၊ သိရင် နှုတ်ခမ်းနီလေးဘာလေး ဆိုးပြီး အလှလေးဘာလေးပြင်စမ်းးး၊ မျက်နှာကလည်း မျက်နှာပြောင်နဲ့၊ သနပ်ခါး မအေသွေးလိမ်းပေးမှ လိမ်းနေတာ မဟုတ်သေးဘူးးး၊ ငါစိတ်ညစ်တယ်ဟဲ့”
“မေရယ်။ မီးငယ် သနပ်ခါးလိမ်းခြင်း နှုတ်ခမ်းနီဆိုး ခြင်းနဲ့ မေ စိတ်ညစ်တာနဲ့ ဘာများပတ်သက်လို့လည်းဟင်??”
” ဆိုင်တယ်လေ။ မီးငယ်မှ မိန်းမလို မနေရင် မီးငယ် အဖေရုပ်နဲ့ ၃ ယောက်ကို ကြည့်နေရတာ၊ မေ့နေရာကလည်း စဉ်းစားကြည့်ပါဦးးး၊ ယောက်ကျားရုပ်တည် ၃ ရုပ်ကြီး နေ့တိုင်းကြည့်နေရတဲ့ ဘွ”
ငင့်! ဟုတ်သားးး၊ အိမ်မှာ သူတစ်ယောက်က ပြုံးချို ဖြူဖွေးလှပပြီး ကေဇီတို့ သားအဖက အသားညိုပြီး ရုပ်တည်တဲ့ ၃ ယောက်!!
ဟုတ်ရှာသားးး :mrgreenn:
အာ့နဲ့ ကေဇီလည်း အမြင်မှန်ရပြီး မားသားကြီး စိတ်ကြိုက် တစ်သားတည်း နေဖို့ကြိုးစားရတာပေါ့။
အစကတော့ အဆင်ကို မပြေ။ ကိုးတန်းကတည်းက အိမ်နဲ့ခွဲပြီး အဖိုးအိမ်မှာ သွားနေရတာ၊ မောင်လေးတွေ ၆ ယောက်နဲ့ ဘယ်လိုမှ မိန်းမနဲ့ မတူ။
အဖိုးက အလှပြင်တာမကြိုက်၊ အဒေါ် အပျိုကြီးတွေက အပြော တဲ့တိုးတွေ။ အဲဒီကြားမှာ နေသားကျနေတာ။
တစ်ခါတစ်ခါမှ အိမ်ပြန်နေရရင် အဲဒီ အလှပြင်ရေးမပြင်ရေးက အစေးမကပ်၊ ကေဇီ အပြောချိုသာရေးက သူ့ အလုပ်ဖြစ်နေတာ။
ကေဇီ မေမေပြောတာ သတိရသေးတယ်။
“မီးငယ်ရယ်၊ မျက်နှာထားဆိုးရင်လည်း အပြောလေးချိုပါ”
“အပြောဆိုးရင်လည်း မျက်နှာထားက ချစ်စရာလေးဖြစ်မှပေါ့” တဲ့။
မိန်းကလေးဆိုတာ ရန်သူမများတာကောင်းသတဲ့။၊
ကေဇီ စကားနားထောင်နေသ၍တော့ အိုကေသလောက် တစ်ခါတစ်ခါ ကေဇီကန့်လန့်တိုက်ရင် သိပ်စိတ်ဆိုးပါတယ်။။
ကေဇီကမှ စကားနားထောင်သေးတယ်။
ဇော်သန့်က သူမှန်တယ်ထင်တာဆို လျှော့မပေးဘူးးး၊ လူက ပြုံးပြုံးပျော့ပျော့နဲ့ စကားပြောညင်သာတော့ သူ့သားကျ စိတ်တိုင်းမကျတာရှိလည်း မပြောရက်ဘူးးး
ဟိုက ပြန်ထောက်ရင်လည်း သူကတောင်ပြန်နားထောင်လိုက်သေးးး
ကေဇီကတော့ သူ့ကို အရမ်း အလိုလိုက်တော့ ဇော်သန့်က “မာမီ ဆိုးတာ မင်းကြောင့်” တဲ့။
ဟုတ်မှာပဲ။ သူ နဲ့ မတည့်တဲ့သူဆို ကေဇီ က စကားမပြောတော့ဘူးးး။ သူ့ရှေ့က ခွေးဆိုးလိုပဲ သူတိုင်တာနဲ့ ဟိုလှည့်ဟောင်၊ ဒီလှည့်ဟောင် လုပ်တတ်လို့။
နောက်ဆုံး သူတို့ ညီမတွေ ရန်ဖြစ်တော့မှ တစ်ဖက်က ကိုယ့် အမေ၊ တစ်ဖက်က အချစ်တော် အဒေါ်နဲ့ အဖိုးးး၊ အတော် ဒုက်ခများပါတယ်။
“မီးငယ် အဒေါ်တွေက မာမီကို ဘယ်သို့ဘယ်ပုံ” အဲဒါကို ဒီဘက်နား က နားထောင်။
ကိုယ်မို့ နားထောင်သေးတယ်။ ဇော်သန့်သွားပြောကြည့်၊
“မာမီရယ်၊ ရန်ဖြစ်ပြီ ဆိုမှတော့ သူနိုင်ကိုယ်နိုင်ပြောကြတာပေါ့။ စစ်ဖြစ်ပါတယ် ဆိုမှ သေနတ်တောင် မှန်နိုင်တာကို၊ နာ့ ကို ခဲနဲ့ပေါက်တယ် အဟင့် လုပ်နေလို့ ဘယ်ရမလဲ။ သူတို့ကချည်း ပြောတာမဟုတ်ဘူးမလားးး၊ မာမီလည်း ပြောခဲ့သေးတယ် မဟုတ်လားး တူတူပေါ့” တဲ့။
ကဲ! လေသံ အေးအေးနဲ့ ပြုံးပြီးပြောတာ နာလိုခံခက်။ :mrgreenn:
အဲဒါနဲ့ သူ့သားကို မညည်းပဲ ကေဇီ ကိုပဲ “မေမေ့ မီးငယ်လေးပဲ မေမေ့ကို သည်းခံတယ်” ဆိုပြီးးး အိုဘယ်ချစ်ရပါသော မွေးသမိခင် ချုပ်ချက်က ကိုးလောက် ရှိတယ်။
ညနေ အဖိုးအိမ်ကို ခိုးသွားရင် “သမီးရယ်၊ သမီး အမေ စကားတတ်မ ပြောသွားလိုက်တာ၊ ကြီးကြီးတို့ကို ဘာညာသာရကာ” အဲဒါကို ဟိုဘက်နားက နားထောင်။
သူ က မောင်နှမထဲ သဘောအကောင်းဆုံးမို့ အရင်က ကေဇီ အဖိုးကလဲ သူ့ကို နိုင်၊ ညီ အမတွေလည်း သည်းခံရဆိုတော့၊ ကေဇီတို့ လူလားမြောက်တဲ့ အချိန်မှာ သားသမီး အားနဲ့ အကုန်ကို ဆတ်ဆတ်ထိမခံတော့တာ။
အရင် မာမီနဲ့ ပြောင်းပြန်လှန်လိုက်သလို ပြောင်းသွားတာပါ။
ကလေးဆန်တာက တအားပဲ။ ကေဇီ တစ်ခေါက်တစ်ခေါက် ပြန်ရင် တစ်မျိုးလုံး အတွက် လက်ဆောင်ပါတယ်။ အကုန်က ကိုယ့် အချစ်တော်တွေချည်းပဲ ဆိုတော့။
ရောက်တာနဲ့ ကေဇီ သေတ္တာကို သိမ်းပါတယ်။
“မီးငယ်၊ စလုံးသွားဖို့ မာမီ တစ်ယောက်နဲ့ တစ်မျိုးလုံး အတိုက်အခံလုပ်ရတာ၊ ခုမှ လက်ဆောင်ကို ဘော်ကျော့ယူလို့ ဘယ်ရမတုန်း” ဆိုပြီးးးး၊ ကိုယ့်မှာ မျက်နှာကိုပူလို့။
:p:
အဒေါ်တွေကတော့ “နင့် အမေ နင့်ကို မွေးကတည်းက ဒီအချိုးဖြစ်သွားတာ၊ ငါတို့က ကလေးကိုချစ်မှန်းသိလို့ သူ့ အလိုမလိုက်ရင် နို့မတိုက်ဘူး လုပ်လို့ ငါတို့ မှာ ငိုပြီး တောင်းပန်ရတာ” တဲ့။
အဲတော့ သူတို့ ညီအမတွေ အကြောင်း စဉ်းစားသာကြည့်တော့။
ကိုယ်က နောက်တော့ ပါးသွားပြီ။ ဖွက်လို့ရတဲ့ လက်ဆောင်ယူသွားပြီး ခိုးပေးရတာ။ ရီလည်းရီချင် စိတ်လည်းညစ်။ ပျင်းစရာတော့ မကောင်းဘူးးး
😀
မာမီ ဆိုးတာလည်း မပြောနဲ့လေ။ ဒက်ဒီက မာမီထက် ၈ နှစ်ကြီးတယ်။
သူဆေးကျောင်း နောက်ဆုံးနှစ်မှာ မာမီ က ၁ဝ တန်းကျောင်းတက်တာ သူ့ က တွေ့ပြီး အဲဒီကတည်းက မိဘတွေကို ကပ်ထားတာ။
(ကေဇီ ၁ဝ တန်းတက်တော့ မာမီရယ် “အကို့ သမီး ၁ဝ တန်းရောက်ပြီနော်” တဲ့။ ပြုံးစိစိနဲ့သူတို့ချင်းချင်းသိသောစကားနဲ့နောက်လို့ ဒက်ဒီက စိတ်တိုသေးးးးး)
:mrgreenn:
မာမီ ငယ်တုန်းက အရမ်းလှသတဲ့။ အဲဒါနဲ့ သူ အချုပ်ချယ်ခံရဆုံးးး၊
ဒက်ဒီ ကျောင်းအပြီး ပထမ ပို့စတင်မှာတင် အိမ်က ပေးစားပြီး ယောက်ကျားနောက် လိုက်ခဲ့ရတာ။
အဲဒီတုန်း က သူက ၁၉ နှစ်ပဲရှိသေးတယ်။ အပျိုဘဝရဲ့ လွတ်လပ်တဲ့ ပျော်စရာ၊ စိတ်ညစ်စရာ ကိစ္စတွေ ဘာမှ မခံစားခဲ့ရဘူး ဆိုပါတော့။
ဘုမသိ ဘမသိ ငယ်ငယ်လှလှလေး နယ်တကာလှည့်ပြီး လိုက်ခဲ့ရတာ ကေဇီ နားလည်တတ်တဲ့ အချိန်မှာ မာမီကို အရမ်းသနားတာ။
အဲဒီတော့ တတ်နိုင်သလောက် အလိုလိုက်တယ်။
အိမ်မှာ ဒက်ဒီအလိုလိုက်၊ ကေဇီက အလိုလိုက်၊ ဇော်သန့်က တော်တန်ရုံဘာမှ မပြောဆိုတော့ ကလေးအငယ်ဆုံးပဲ။ တစ်ခါတစ်ခါ ဇွတ်ဗိုလ် လို့ခေါ်ရတာ။
ခေါင်းတော့ အရမ်းကောင်းတာ၊ ဆုံးဖြတ်ချက် အရမ်းမြန်တာရယ်၊ သူဆုံးဖြတ်ပြီး လုပ်မဲ့ ကိစ္စတွေမှန်တာများတော့ မိသားစု ဗိုလ်ဖြစ်နေတာ မဆန်းဘူးပေါ့။
နောက် ကေဇီ အရွယ်ရောက်တော့ သူနဲ့စိတ်တူတဲ့သမီးမို့ အိမ်မှာ ချယ်လှယ်ခွင့်ပေးပြီး သားအမိ ၂ ယောက်ပြောင်းဆန်အောင် ဗိုလ်လုပ်ကြတာ။
သူ့တုန်းက အဖေချုပ်ချယ်၊ ယောက်ကျားချုပ်ချယ်ဆိုတော့ လွတ်လပ်တဲ့ အရသာကို သူက ပိုတန်ဖိုးထားတတ်တယ်။
ကေဇီတို့ကိုလည်း ဗိုင်းကောင်းကျောက်ဖိ မမွေးဘူးးး
မှန်တယ်ထင်ရင် သူ့ကို ပြန်ပြောခွင့်တို့ဘာတို့ပေးထားတယ်။ တဖက်ကလည်း သူ့ကို ချစ်အောင် လုပ်ထားတော့ မာမီနဲ့ သားသမီးတွေ ဆက်ဆံရေးက အတော်ဟန်ချက်ညီတယ်ပြောရမယ်။
အဲ! တစ်ခါတစ်ခါ ဖောက်လာရင် ကြည့်!!
သားအမိ သားအဖတွေ စကားဝိုင်းပြီဆို သူစိတ်က ဂျစ်ချင်လာပြီ ဆိုရင် စကား စ ပါပြီ။
“အင်းးးးး လက်ဖက်ရည်လေးသောက်ချင်လိုက်တာ။။ ငါသာ သားလေး နောက်တစ်ယောက် မွေးခွင့်ရမယ် ဆိုရင်လေ ၊ ပုဆိုးလေး တိုတိုဝတ်၊ စွပ်ကျယ်လေးနဲ့ မအေကို လက်ဖက်ရည်ပြေးဝယ်ပေးနိုင်မဲ့ သားလေး မွေးမှာသိလားးးး
ဆေးကျောင်းတက်နိုင်စရာလည်း မလိုဘူးးး စာတော်စရာလည်းမလိုဘူးးး မအေ ကို အလိုလိုက်ရင် ရပြီ။ မအေထက် ဉာဏ်ကောင်းပြီး မအေ ကို ဆရာလုပ်တဲ့ သားမျိုး မွေးဘူးးး”
အဟားဟားဟားးးး ဇော်သန့်၊ အဲဒါ မင်းကို ပြောတာ။ အဟီးဟီးဟီးးးးး။
သမီးလေးများမွေးလို့ ရဦးမယ် ဆိုရင် လေ….. (ငင့်၊ နာ့ အလှည့်လာပြီ)
အိမ်ထဲက အိမ်ပြင်မထွက်တဲ့၊ အပေါင်းအသင်း နည်းတဲ့၊ ရိုးရိုးမေဂျာနဲ့ ဘွဲ့ရပြီး အိမ်မှာ အမေအဖေကို ထမင်းချက်ကျွေးမဲ့ ဗိုင်းကောင်းကျောက်ဖိ မိန်းကလေးမျိုး မွေးမယ် သိလားးး။ မအေ တစ်ခွန်းဟတာနဲ့ ဘာမဆို သိနေတဲ့ လူလည်မ မျိုးမမွေးဘူးးးး
ဂစ်!! ကိုယ်က ဘာပြန်ပြောရမှန်းမသိ နင်နေတုန်းးး
:b:
ဇော်သန့်ရယ် ထပြီး စွပ်ကျယ်နဲ့ ပုဆိုးလေးလဲပြီး “အဲလို သားမျိုး ခုလိုချင် ခုရမယ်လေ၊ ပြော မာမီ ဘယ်ဆိုင်က လက်ဖက်ရည်သောက်ချင်တာတုန်း”။
အဲခါကျရင်လည်း “မဟုတ်ပါဘူး သားလေးရယ်၊ မာမီက စတာပါ၊ သားနဲ့ သမီးကို မခိုင်းရက်လို့မှ ဒီလိုထားတာ” ဆိုပြီး တဟီးဟီး တဟားဟားနဲ့။
ကေဇီ နဲ့ သာ ပိုနီးကပ်တာရယ်။ ဇော်သန့်ကို တအားချစ်တာ၊ မာမီက။
ကိုယ်ကလည်း အဖေကို ပိုချစ်ပေမဲ့ သူ့ အနွံအတာ ပိုခံရတာ။
ဇော်သန့် နောက်ဆုံးနှစ် ထရစ်သွားရတော့ မာမီက မန်းလေး အိမ်မှာ ရောက်နေတာ။ အဲ့ အချိန်က ဇော်သန့်က သူ့ကောင်မလေးဆီက အဖြေကို ကြိုးစားနေချိန်။
ကိုယ်တွေကလည်း ရင်တမမနဲ့ပေါ့။ အဲဒါ ဇော်သန့်က သူ့ခရီးစဉ်ကနေ ဖုံးဆက်ပါတယ်။
အင်မတန် သတိကြီးတဲ့ ကေဇီ မွေးသမိခင်ပေါ့။ ဖုံးမကိုင်ဘူးးး၊ ကေဇီကို နားထောင်ခိုင်းတယ်။
သူ ထင်တဲ့ အတိုင်း သူ့သားက ဟိုက အဖြေရပြီဖြစ်ကြောင်းး သတင်းပေးတာပါ။
သူ့ကို ပြန်ပြောတော့လည်း မင်သေသေပဲ၊ စိတ်အေးရတာပေါ့ ဘာညာနဲ့။
ကေဇီလည်း သိလို့ စောင့်ကြည့်နေတာပဲ။
ဘယ်မှာ ပေါ်တုန်းဆို အဟီးဟီးးးး
အဲဒီနေက အိမ်မှာ သင်္ဘောသီးသုပ်တာ။ နေ့ခင်း သင်္ဘောသီးသုပ်ကို ပြင်ဆင်ပါတယ်။
အဲ ဒီ မှာ ဗျာ ။ ငရုပ်သီးမှုန့်ကို အသုပ်ထဲမထည့်ပဲ အသုပ်ကို ငရုတ်သီး မှုန့် ဘူးထဲ သွားထည့်တာ။
ကေဇီကလည်း အဲလို ပေါ်တဲ့ အချိန်ကို စောင့်နေချိန်သိလိုက်တော့ မနေနိုင်ပဲ ရီလိုက်တာ တအားပဲ။
သနားစိတ်ကို ရီချင်စိတ်က ဖုံးသွားတာ။ သားကို နှမြောနေတာ သိတာပေါ့။
😀
အဲဒီတော့မှ ငိုချ ပြီး ဘာပြောတယ်မှတ်တုန်းးးး?
“ဟို ကုလား ကား ရိုက်နေတဲ့ မိန်းမက မရပဲ ဘာလို့ ကိုရီးယားကား ရိုက်နေတဲ့ ငါ့ သားလေးမှ ရည်းစားရသွားတာတုန်း” တဲ့။
သနားစိတ်နဲ့ ရီချင်စိတ်ကြားက ဒေါသထွက်သွားတယ်။
:b:
ကေဇီက အပေါင်းအသင်းတွေ တစ်ပုံကြီးနဲ့ ဇာတ်ရှုပ်လွန်းလို့ ကုလားကား ရိုက်သတဲ့။
မောင်လေးကတော့ ဒီ တစ်ယောက်မှ တစ်ယောက် မပြောင်းလဲလို့ ကိုရီးယားကား ရိုက်သတဲ့။
“ဪ၊ ဒီလိုလားးးး၊ ရတယ်လေ။ နက်ဖြန်က စ ကုလားကားရိုက်တာရပ်ပြီ။ ကိုရီးယားကား ပဲ ပြောင်းရိုက်တော့မယ်”၊
အဲဒီတော့ အငို တိတ်ပြီး ဘာပြန်ပြောတုန်းဆို “မီးငယ်ရိုက်ရင်တော့ ကိုရီးယားကား တစ်ကားပြတ်မဟုတ်ဘူးးး အခန်းဆက်ရိုက်ရမှာ” တဲ့။
“ရိုက်ရမှာပေါ့၊ မိတ်ဆက်ပေးတိုင်း မီးငယ် မသိအောင် စကားလုံးတွေ ပစ်သွင်းပြီး ကွဲအောင်လုပ်နေတာ ဘယ်သူတုန်းးး၊ နောက်ခါ အသိမပေးဘူးးး”
“အဲ၊ အဲလိုဟုတ်ဘူးလေ။ မီးငယ်လည်း မာမီ မိတ်ဆက်ပေးတာတွေဆို ကလန်ကဆန်လေ၊ ကြေပြီ။ မာမီက ကိုယ့်မီးငယ်လေးကို နှမြောတာပေါ့လို့၊ ခုနက စိတ်နောက်သွားလို့ ပြောမိတာနော်၊ ပြောတော့ဘူးးး ခုစိတ်ကောင်းသွားပြီ။”
ကြည့်!! ဤသို့ ရူးချင်ယောင်ဆောင်တတ်သော မွေးမေမေ။
သူ့ကို ဆို ဘာ ဟုတ်တာလုပ်လုပ် မလုပ်လုပ် ပြောမှ ကြိုက်တယ်။
ကိုယ်တွေကလည်း ဘာမှ မချန်ဘူးးး ပြောတာ။
ကြီးတော့ မှ သိတာ မာမီက သူသိနေသ၍ ထိန်းနိုင်တာမို့ ဘယ်တော့မှ မဆူပဲ အကုန်ပြောခွင့်ပေးထားတယ်။
အဟုတ်ပါပဲ။ သူနဲ့ ဘယ်လောက်ပဲခွဲနေရနေရ သတင်းတွေက သူ့လက်တကမ်းမှာပဲ။
သားသမီး သူငယ်ချင်းတွေကို သူ့ကို ပိုချစ်အောင် ပေါင်းထားတတ်တာ။
ဟိုတလောက ဒက်ဒီ အတွက် ပို့(စ) ရေးတော့ သူ့ဖို့ မရေးဘူး ဆိုပြီး စိတ်ကောက်လို့ ခုရေးလိုက်တယ်။
ဖတ်ပြီး ဘာတွေ အော်ဦးမလဲတော့ မသိဘူးးး
ဟီးဟီးးး
😀
38 comments
alinsett (gazette)
May 11, 2014 at 11:32 am
ကြံကြံဖန်ဖန်
ငရုပ်သီးမှုန့်ဗူးထဲ အသုပ်ထည့်တယ်တဲ့
သွပ်သွပ်သွပ်
အဲလေ
အဟိ အဟိ အဟိ
ကေဇီ
May 11, 2014 at 12:30 pm
အဟီးဟီးးး
ရီလိုက်ရတာကို။
အဲတုန်းက။
Ma Ma
May 11, 2014 at 11:35 am
သူငယ်ချင်း ညီအမ သားအမိတွေပဲ။
ပျော်စရာကြီး။ 🙂
ကေဇီ
May 11, 2014 at 12:33 pm
သူငယ်ချင်း
ညီမ
သားအမိ
ပြိုင်ဘက်
မိတ်ဆွေ
အစုံသုပ်ပါပဲ။
အနော့ ဖေဘုတ်က ပုံတွေကြည့်ပြီး ဒီ အင်္ကျီက အသစ် အဟောင်း ကြည့်ပြီး သူလည်း အသစ်လိုက်ဝယ်တာ။
ဟီးဟီးးး
:mrgreenn:
lu lu
May 11, 2014 at 12:22 pm
အားးးးးကျလိုက်တာာာာာ
အဲလို အ မေ ဆယ် ယောက်မက လိုချင် တယ်
ပျော်ဖို ့ကောင်းလိုက်မယ့်ဖြစ် ခြင်း
နာ ကံမ ကောင်းပါလား
ကေဇီ
May 11, 2014 at 12:29 pm
ငင့်။
သူ နာ့ ကို ချောက်ချတာတွေမရေးရသေးလို့။
ဟီးဟီးးး
😀
TNA
May 11, 2014 at 2:21 pm
ရီလဲရီရ အားလဲအားကျမိပါတယ်ချွိချွိရေ။ ပျော်စရာအတိပီးတဲ့မိသားစုလေးမို့ အရမ်းစိတ်ချမ်းသာခဲ့ရမယ်ထင့်
ကေဇီ
May 11, 2014 at 6:28 pm
ဒီထက် အလွဲတွေရှိသေးတယ် ယောက်ခမွ
နောက်ရေးမှာ မို့ အင်ထရိုဝင်ထားတာ။ :mrgreenn:
nature
May 11, 2014 at 3:07 pm
သမိန်ပေါသွပ်ကာတွန်းကြိုက်ပုုံရတယ်။
ကေဇီ
May 11, 2014 at 6:27 pm
အဟုတ်ပါ့ ဦးနေချာ။
😀
kai
May 11, 2014 at 4:50 pm
အမေ့အတွက် ဂုဏ်ပြုစာက..တွေ့ရင် ခေါင်းခေါက်ခံရမယ့်ကိန်းပါသလိုလို…။
ကေဇီ
May 11, 2014 at 6:26 pm
မွေးမေလေ့!!
Nyo Win
May 12, 2014 at 11:20 am
အပြုံးတွေ..အပျော်တွေကိုကူးစက်ခံစားသွားပါတယ်ကေဇီရေ.. 🙂
ကေဇီ
May 12, 2014 at 11:31 am
အိမ်က ထွက်လာ မိသားစုနဲ့ ခွဲလာပြီး တကွဲတပြားဖြစ်ကတည်း မပျော်တာ ကြာပါပြီဗျာ။
အားပေးသွားတာ ကျေးဇူးပါ အကိုညိုဝင်းရေ။
🙂
Crystalline
May 12, 2014 at 11:44 am
မွေးမေမေကလည်း ရွာထဲစာဖတ်တယ်လား.. မိသားစုသုံးယောက်ရှိနေတာပေါ့… ဒယ်ဒီရော.. :)) မောင်နှမပေါင်းပေါင်းကြတာ ပျော်စရာ…
ကေဇီ
May 12, 2014 at 12:08 pm
သူတို့ ၂ ယောက်လုံးဖတ်တယ် ခွစ်။
ဖတ်စေချင်တာလေး ဆို ပို့ပေးဖြစ်တာ။
မမ်ဘာကတော့ မောင်၂မ ၂ ယောက်ပဲရှိတာ။
:mrgreenn:
ဦးကြောင်ကြီး
May 12, 2014 at 12:00 pm
မွေးမေလေ့
ဝေးပေစေ့
သွေးရွှေဟေ့
ဌေးဆွေတွေ့..
Mr. MarGa
May 12, 2014 at 12:29 pm
ဘာမှ ပြောဒေါ့ဝူး
လွမ်းတယ် မနာလိုဒယ် ဒါဗျဲ.. :mrgreenn:
ကေဇီ
May 12, 2014 at 2:40 pm
သွားပါ။
အလုပ်များနေတယ် ဆို ဘာလို့လာတုန်း?? :mrgreenn:
black chaw
May 12, 2014 at 1:06 pm
ကေဇီ့ အမေ ကို တော်တော် နီးနီးကပ်ကပ်ကြီးကို
တွေ့လိုက်ရပါတယ်ဗျာ…။
ကေဇီ
May 12, 2014 at 2:41 pm
ဟိဟိဟိ။
ပိုမြင်အောင် ဓာတ်ပုံပါ တင်လိုက်ရမားဟင်?
လုံမလေးမွန်မွန်
May 12, 2014 at 2:05 pm
တကယ်ကို ပျော်စရာကောင်းတာပဲ.. ရယ်လိုက်ရတာလည်း တအား..
အမေ့ကို သတိရသွားတယ်.. သူ့တူမတွေက သူငယ်ချင်းပေါင်း ပေါင်းနေသလို အနော့်ကို နည်းနည်းလောက် လျှော့ပေးရင် ကောင်းမှာပဲလို့… 🙂
ကေဇီ
May 12, 2014 at 2:44 pm
လျှော့ချင်မှာပါ လုံမရယ်။
တခါတလေကျ ကိုယ့်စိတ်ထဲမှာ ကိုယ်က သူတို့ ကို မငဲ့တာ မသိရကောင်းလားဖြစ်။
သူတို့ စိတ်ထဲမှာလည်း သူတို့ကလျှော့လိုက်ရင် ကိုယ့်ကို မထိန်းနိုင်တော့မှာ ကြောက် နဲ့ သံသရာလည်နေတတ်တာ။
အမကကျ လူကြီးနဲ့လူငယ် ပြသနာဖြစ်ရင် ကိုယ်က လူငယ်ပဲလျှော့လိုက်ပါ့မယ် လို့ စိတ်ထားတယ်။
အမ အမေကကျ လူကြီးက လျှော့သင့်သတဲ့။ သူက လျှော့ဖို့ ကြိုးစားတယ်။
ဒါကြောင့် အဆင်ပြေတာပါ။
တစ်ချို့ရှားရှားပါးပါးထိပ်တိုက်တွေ့တာတွေတော့ရှိတာပေါ့။
🙂
kyeemite
May 14, 2014 at 1:59 pm
ဆောဒီးပါကေဇီရေ…နောက်ကျသွားတယ်…မေ ၁၁မှာ လေယာဉ်လျှောက်စီးနေတာ တနေကုန်ပါပဲ..
မနေ့ကမှပြန်ရောက်တယ်…ဒီနေ့လည်း ရုံးတက်ရတော့အမေ့ဆီတောင်မသွားနိုင်သေးဘူး…
ကေဇီက အမေအကြောင်းရေးတော့ ကိုယ့်အမေအကြောင်း ကိုယ်တွေးမိသွားတယ်….
အမေက သားတွေကိုတော်တော်ချစ်တာသိသာတယ်…ကျုပ်ကိုဆို ခေါ်တာကိုကချစ်ချာလေး…
အခုအရွယ်ထိ ခေါ်တုန်း…“ဟဲ့….ငသောင်း…နင်မလာတာတောင်ကြာပြီ”..တဲ့ 😀
ကေဇီ
May 14, 2014 at 2:34 pm
အခေါ် အဝေါ် က အရေးမကြီးပါဘူး မိုက်မိုက်ရာ။
သူတို့ ကိုယ့်ကို ချစ်တယ် ဆိုတာ ကိုယ့် အသည်းနှလုံးထဲက သိရင် ပြီး တာပါပဲ။
နောက်ခါ ဒီဘက်လာရင် ကျနော့ကို အကြောင်းကြားပါဗျ.။
:mrgreenn:
kyeemite
May 15, 2014 at 4:24 pm
အိုကေပါ..ကေဇီ
ဒီတစ်ခေါက်ကတက်သုတ်ရိုက်သွားရတာမို့ပါ…
ဆန်းဒေးသွား…မန်းဒေးတစ်နေကုန်အစည်းဝေးတက်..ကျူးစဒေးပြန်ခဲ့တာ..
စင်ကာပူလေဆိပ်မှာတော့ အသွားရောအပြန်ရော..ထရန်စစ် ၂နာရီလောက်ကြာတယ်…
သိုင်းကျူ းပါ
ခင် ခ
May 14, 2014 at 2:01 pm
အရေးအသားလေးတွေက ကောင်းပင်ကောင်းသော်ငြား
အဆုံးသတ်ကတော့ မဟုတ်ဘူးထင်……….။
(ဟိုတလောက ဒက်ဒီ အတွက် ပို့(စ) ရေးတော့ သူ့ဖို့ မရေးဘူး ဆိုပြီး စိတ်ကောက်လို့ ခုရေးလိုက်တယ်။)
ကဲ အဲဒီမှာထဲက အဖေ သမီးမှန်းပေါ်နေပြီး၊ အမေ အတွက်က ပြောမှရေးလေရဲ့……. ဟ ဟ။
ကေဇီ
May 14, 2014 at 2:30 pm
ဟီးးး
ဟုတ်ဘူးဗျ။
ခါတိုင်း သူက မေတ္တာဘွဲ့တွေ ဘာတွေ ရေးတာဆိုတာ တွေ အပိုလို့ ထင်တတ်လို့ ကျနော်တို့က သိပ်မဖွဲ့မနွဲ့ဖြစ်လို့ပါ။
ခုမှ စိတ်ကောက်လို့ ထ ရေးလိုက်တာ..
😀
snow smile
May 16, 2014 at 6:21 pm
အဲ့ လို အ ရမ်း နီး နီး ကပ် ကပ် နေ ခဲ့ တဲ့ အ မေ တွေ
သား သ မီး နဲ့ ဝေး နေ ရင် ပို ခံ စား
ပို အ ထီး ကျန် သွား ရော
ကေဇီ
May 16, 2014 at 7:26 pm
ခုတော့ အထီးမကျန်ပဲ သူ့မြေးနဲ့ ပင်ပန်းနေလေရဲ့။
🙂
ဦးကျောက်ခဲ
May 16, 2014 at 7:23 pm
မယ်ချွိမွေးမေလေ့က ကျောက်စ်မယ်တော်ကြီးနဲ့ တခြားစီ…
မယ်တော်ကြီးက ခေါင်းမာ လက်ပေါက်ကပ် ဗိုလ်ကျ… အလွန်ပြောရဆိုရခက်တယ်…
အခု မယ်ချွိ မွေးမေလေ့ ကိုဇော်သန့်သားနဲ့ အလုပ်ရှုပ်နေပြီထင်ပါ့… အ ဟိ
😀
ကေဇီ
May 16, 2014 at 7:25 pm
အစစ်ပေါ့။
သူ့မြေးပုံတွေချည်း ရိုက်ပို့နေတယ်။
လင်မယား ၂ယောက်လုံးးး ပျော်လို့
😀
padonmar
June 20, 2014 at 10:10 pm
ချစ်စရာ အမေရတဲ့ မောင်နှစ်မ ကံကောင်းလိုက်တာ။
ဇီဇီ
June 28, 2014 at 10:37 am
ကျေးကျေးပါ တီဒုံ
:chit:
•*¨နန်းတော်ရာသူ •*¨
June 28, 2014 at 10:10 am
ညီမလေးတို့ကတော့ မွေးဖေလေ့ပဲရေးလို့ရမယ် မေမေက အပေါက်ဆိုးပြီးငယ်တည်းက အားကြီးရိုက်လို့ ကိုယ်တွေတင်မက ကိုယ်တွေရဲ့သူငယ်ချင်းတွေကတောင်ကြောက်ရတာ။
ဖေဖေကတော့ပြောင်းပြန် သားသမီးတွေကိုတအားချစ် တအားအလိုလိုက်တာ
ဇီဇီ
June 28, 2014 at 10:39 am
ရေးပါကွယ်။
ရေးပါ။
အမှန်တော့ ချစ်စနိုးနဲ့ ရေးရရင် ရေးချင်စရာတွေချည်းပါပဲ..
:chit:
ရွာစားကျော် မင်းနန္ဓာ
June 28, 2014 at 11:47 am
မမဆွိ
အခု ကုလားကားပဲ ရိုက်နေသေးလား
ကိုးရီးယားကား အခန်းဆက် ပြောင်းရိုက်နေဘီလား ဟင်
ဇီဇီ
June 28, 2014 at 3:10 pm
မမ
လိမ်မာသွားပါပြီ။
ထိုင်ဝမ်ကား အခန်းဆက်ပဲ ရိုက်နေပါတယ်ကွီ
:mrgreenn: