ငါ ့ကိုယ်ငါ မျက်စိနောက်တယ်
ငါရေးတဲ ့ဇာတ်
ငါကိုယ်တိုင် ဇာတ်ညွှန်းခွဲပြီး
ငါကိုယ်တိုင် ဒါရိုက်တာလုပ်တဲ ့
ငါ ဆိုတဲ ့ ငါ ့ပြဇာတ်မှာ
မင်းသားကြီးက ငါ…
အဆိုလည်း ငါ
အကလည်း ငါ
အသောလည်း ငါ
အလွမ်းလည်း ငါ
အရယ်လည်း ငါ
အငိုလည်း ငါ..
ငါ..ငါ…ငါ…
ငါအထပ်ထပ်နဲ ့
ငါနဲ ့အတုတ်ခံရတာလည်း ငါ
ငါနဲ ့တုတ်တာလည်း ငါ
ခဲ ထု ဆုအချခံရတာလည်း ငါ
ခဲ ဆုချတာလည်း ငါ…
ဪ! ပရိဿတ်ကလည်း ငါ…
12 comments
မဟာရာဇာ အံစာတုံး
May 17, 2014 at 8:02 pm
နောက်အခါ
ငါ ကို မျက်စ်ိနောက်ရင်
အီစကို လို့ ရေးဗျာ ဟာဟ
Mr. MarGa
May 17, 2014 at 8:15 pm
ငါတစ်ယောက်တည်း က တာ
နားချိန်လည်း မရှိပါ
ဒါကြောင့်
ငါ့ဘဝနဲ့ ငါ….. အဟိ
lu lu
May 17, 2014 at 9:13 pm
ငါဟာငါမဟုတ်
ငါဟာသူလည်းမဟုတ်
ငါဟာဘယ်သူမှမဟုတ်
ငါဟာငါ့ရန်သူ ဖြစ်နိုင် တယ်
🙂
alinsett
May 18, 2014 at 7:48 am
ငါ ဆိုတဲ့ ထင်တစ်လုံးနဲ့
ငါအဖြစ် ဖြစ်တည်နေတာကိုက
တယ် ဟုတ်တဲ့ငါ ဆိုပြီး. . . .
ကဗျာလေးကို ဖတ်သွားပါတယ် ကိုတောပျော်ရေ
ကဗျာနာမည်လေးကို သဘောကျတယ်
🙂
ကေဇီ
May 18, 2014 at 1:39 pm
သများတော့ ကိုယ့်ကိုယ်ကို မျက်စိမနောက်ဘူးးး
ကိုယ့်ကိုယ်ကိုပဲ စိတ်ဝင်စားတယ်။
ကိုယ့်ကိုယ်ကိုပဲ ချစ်တယ်။
ကိုယ့်ကိုယ်ကိုပဲ အလိုလိုက်တယ်။
ကိုယ့်ကိုယ်ကိုပဲ ကြည့်ချင်တယ်။
ကိုယ့်ကိုယ်ကိုပဲ သနားတယ်။
ကိုယ့်ကိုယ်ကိုပဲ ညှာတာတယ်။
သများ သိပ် အတ္တမကြီးပါဘူးနော်။
Ma Ma
May 18, 2014 at 8:56 pm
ငါရေးတဲ့ ဇာတ်
ငါ ဒါရိုက်တာ
ငါ ဇာတ်လိုက်
အဲ…
အဲဒါတောင် အဆင်မချောတာတွေ အမျ ားကြီးးးးးးးးးး 🙁
ဦးကြောင်ကြီး
May 19, 2014 at 12:41 am
တောတွင်းပျော်
မောနင်းစော်
ကျောပျင်းခေါ်
ဒေါတင်းအော်..
တောတွင်းပျော်
May 19, 2014 at 7:42 pm
မီမီပျောက်လို ့ ကြောင်ကြီး ရွာထဲပတ်ရမမးနေပြီ
မီမီရေ ထွက်လာပြီးလာထိန်းလှဲ ့
naywoon ni
May 19, 2014 at 4:13 am
မျက်စေ့နောက်ရင် မှန်မကြည့်နဲ့ ကျုပ်ဆို မှန်မကြည့်ဖြစ်တာ တစ်လ ကျော်ပီ ။ ၂ လ တစ်ကြိမ် ဆံပင်ညှပ်ဆိုင်ရောက်မှ ကြည့်ဖြစ်တယ် ဗျ ။
တောတွင်းပျော်
May 19, 2014 at 6:59 pm
ကိုနေဝန်းနီလည်း ကျနော် ့လိုပဲကိုယ် ့ကိုကိုယ်မျက်စိနောက်တယ်ထင်ပ။
ကျနော်လည်း တစ်နှစ်မှာ ၃ခါလောက်တော ့ ညှပ်ဖြစ်တယ်။
တောထဲကထွက်မှပါ။
kyeemite
May 19, 2014 at 11:58 am
ငါ…ဆိုတာ သူများတွေရှိမှ အဓိပ်ပါယ်ရှိတာတဲ့ :loll:
တောတွင်းပျော်
May 19, 2014 at 7:04 pm
သူတွေ မရှိလို ့ ကိုယ် ့ဟာရှုပ်နေတာ!