စကားလုံးများနဲ့ နေဝန်းနီ – ၂
ကိုခိုင်ကပါ စိတ်ဝင်စားတယ်ဆိုတော့ မြန်မာပြည်မှာ ကော်ပီရိုက် ရှိတယ် / မရှိဘူး အထင်အရှား ပြဆိုမရပေမဲ့ လွန်ခဲ့တဲ့ နှစ်သုံးဆယ် လောက်က စာပေသမားတွေ လက်ခံ လိုက်နာနေတဲ့ စည်းကမ်းတော့ ရှိတယ်ဗျ ။ ကော်မန့် တစ်ခုမှာ ထည့်ရေးပြီးလို့ ဖြုတ်ချထားခဲ တာ ပြန်ပြောဦးမယ် ။ အဲ့ဒိအချိန်လောက်က ကိုခိုင် မြန်မာပြည်မှာရှိဦးမလား ???
ဒဂုန်တာရာရဲ့ လေနုအေးက နော့ဆဲကို ဆိုတဲ့စကား ။ ကဗျာမှာသုံးခဲ့တာတောင်မဟုတ်ဖူး ။ ” မေ” ဆိုတဲ့ ဝတ္ထုမှာ သုံးခဲ့တာ ။ နောက်ပိုင်း မင်းသား ရန်အောင်က ” လေနုအေး” ဆိုတဲ့ နာမယ်နဲ့ စီးရီး တစ်ခွေ ထွက်တော့ ဒဂုန်တာရာ ရဲ့ ဘက်တော်သားတွေ စာနယ်ဇင်းက နေ အုတ်အော်သောင်းသဲ လုပ်လို့ စကားလုံး အသုံးပြုခ ငါးထောင်နဲ့ ကန်တော့ ရပါရောလား ။ ရွှေတစ်ကျပ်သား တစ်ထောင်လောက်ပဲ ရှိသေးတာနော် ။
နောက် ပန်းမြိုင်လယ်က ဥယျာမှူး ရုပ်ရှင်ဇာတ်ကား ထွက်လာတော့လည်း ဝတ္ထု ရေးခဲ့ဖူးတဲ့ ဆရာလယ်တွင်းသား စောချစ်ကို ခွင့်ပြုချက်တောင်းရဖူးတယ် ။ ဇာတ်လမ်းက ဆရာလယ်တွင်းသားစောချစ်ရေးတဲ့ ဝတ္ထု ကိုပြန်ရိုက်တာမဟုတ်ဘူး ။ ခေါင်စဉ်လေးပဲတူတာ ။
အဲ့တော့ မြန်မာပြည်က စာပေသမားတွေ က ” လေနုအေး ”
ဆိုတာ ဒဂုန်တာရာရဲ့ မူပိုင် “ပန်းမြိုင်လယ်က ဥယျာဉ်မှူး ” က လယ်တွင်းသားစောချစ် မူပိုင် တစ်ညီတစ်ညွှတ်ထဲ သတ်မှတ်လိုက်သလိုပဲ ။
အစက အဲ့ဒါ စည်းကမ်းအဖြစ်သတ်မှတ်ထားတာမဟုတ်ဖူးနော် ။ စာပေသမားချင်း တစ်ယောက်နဲ့ တစ်ယောက် လေးစားသမှု နဲ့ စောင့်ထိမ်းတာ :)။ တစ်ယောက်ယောက်က သိသိနဲ့ သုံးရင်ပဲဖြစ်ဖြစ် မသိလို့ သုံးမိရင်ပဲဖြစ်ဖြစ် မှီရာနေရာက သိတဲ့သူက လိုက်ထောက်ပေးကြတယ် ။
အစပိုင်းက ပြောလိုက်မိတဲ့ မြန်မာပြည်မှာ ကော်ပီ ရိုက် ရှိတယ်/ မရှိဘူး မထင်ရှားဘူးဆိုတာက ဒီလိုဗျ ။ ရှိတယ်ဆိုရင်လည်း အဲ့ဒိဥပဒေ ကို ကျွန်တော်မတွေ့ဖူးသေးဘူး ။ မခိုင်မာတဲ့ ဥပဒေ တစ်ခုတော့ ရှိပုံရပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ မူပိုင်ခွင့်ကို တစ်ယောက်ယောက်က ထပြီး တရားစွဲမှ တိုင်မှ အခြေအတင်ငြင်းခုန်ကြယုံ အဆင်ပဲရှိသေးတယ် ။ စောစောက လေ နုအေး တို့ ဥယျာဉ်မှူး တို့ကတော့ သီချင်းခွေကလည်း ထွက်ပီးချိန် ဟရုပ်ရှင်ကားက လည်း ပြန်ပြင်လို့မရတဲ့ အချိန် စကားလုံးအသုံးပြုခွင့် တောင်းပန် ကန့်တော့တော့ လည်း ကာယကံရှင်တွေကလက်ခံ ဒါပေမဲ့ စာနယ်ဇင်းမှာတော့ ဂ ယက်ထသွားခဲ့သေးတာပဲ ။
နောက်သီချင်းတွေကျတော့ အနောက်တိုင်းသံစဉ် စာသားကို မြန်မာ စကားလုံးအစားထိုးပြီးကော်ပီထုတ်ခွင့်ပေးထားတော့ ကော်ပီ ရိုက် ရှိမရှိ မထင်ရှားဘူး လို့ သုံးလိုက်မိတာ ။ သံစဉ်ကိုယူပြီး စာသားကိုသာ အစားထိုးတာဗျ ။ အဲ့အစားထိုးထားတဲ့ မြန်မာ စကားလုံးကိုကျတော့ အငြင်းအခုန်ဖြစ်ကြသေးဗျ ။ သူသုံးပီးသား ငါသုံးပီးသား နဲ့ ။ ဘယ်သူဘယ်နေရာမှာ သုံးထားပီးသား စကားလုံး ဘာညာ သာရကာနဲ့ ။ အစရည်ရွယ်ချက် ဒီအကြောင်းဆက်ရေးဖို့ မဟုတ်ဖူး ။ စကားလုံး အဓိပ္ပာယ် ရှာတဲ့ အကြောင်းနဲ့ စကားလုံး အသုံးပြုပုံ အကြောင်းဆက်ရေးမလို့ ။ ဒါမှ စကားလုံးတွေကို ကဗျာသမားတွေ ဘာကြောင့် တန်ကြေးထားတယ်ဆိုတာ ပိုထင်ရှားလာမှာ မဟုတ်လား ။ ခုဟာက ကော်ပီရိုက်နဲ့ ပတ်သက်လို့ ကိုခိုင်စိတ်ဝင်စားတယ်ဆိုလို့ နောက် မသိသေးတဲ့ သူတွေ လည်းသိအောင် ဆက်ပြောတာပါ ။ ဥပဒေနဲ့ တင်းတင်းကြပ်ကြပ်ကြီး ချုပ်ချယ်ထားတာတော့မရှိဘူး ။ ( ဒါကလည်း နောက်ပိုင်းမှာ မလိုက်နာတဲ့ သူတွေ ရှိလာလို့ပါ ။ ထင်ရှားအောင်ပြရရင် စာရေးဆရာ တော့ ကျွန်တော် ဖတ်တဲ့သူမဟုတ်လို့ မမှတ်မိဘူး သူငယ်ချင်း (ဗစ်တာစိုးမ်ိုး) ရဲ့ စာအုပ်ဆိုင်သွားသွားထိုင်နေလို့ တွေ့လိုက်မိတာ ။ ရှေ့မှာ လွန်ခဲ့တဲ့ နှစ် သုံးဆယ် အကျော်လောက်က နာမယ်ကြီးခဲ့တဲ့ ရုပ်ရှင်ကား ” အကယ်၍သာ” ဆိုတာ ကိုပေါက်တို့ အရီးခင်လတ်တို့ အဘဖော တို့ မှီမယ် ကျွန်တော် ကော်ပီအသစ်ပြန်ကူးမှကြည့်ရတာ ။ အဲ့ဒါ ဝတ္ထု ခေါင်းစဉ်ပေးထားတာတွေ့ခဲ့သဗျို့ ။ မသိလို့ပဲလား ။ မေ့လောက်ပီဆိုပီးပဲ လုပ်သလား ။ ဒီစကားလုံးက အများနဲ့ ဆိုင်တာပါလို့ပဲ ယူဆပီးလုပ်သလား ကာယကံရှင်မှသိပေလိမ့်မယ် အဲ့ဒိလို သုံးမှာစိုးလို့လားမသိဘူး ။ ခုရုပ်ရှင် VDO ဇာတ်ကား နာမယ်တွေက အများသုံးစာလုံးနဲ့ ဘန်းစကားတွေရှိဖြစ်နေတာ ။ လာထားတို့ ဟော့ရှော့ ခ် တို့ လေ အဟိ ။ )
12 comments
kai
May 19, 2014 at 3:24 am
“မေ”မှာပါတဲ့.. ထိပ်အဖွင့်စာလုံး “ လေနုအေးသည် တနွဲ့နွဲ့နော့နေဆဲကို” … ဆိုတာ.. ဆရာကြီးဒဂုန်တာရာ မူပိုင်တယ်မပိုင်ဘူးဆိုတာထက်.. သူ့စာသားစကားဆိုတာအသိအမှတ်အကုန်ပြုထားကြတာမို့.. အဲဒါကို သာမန်ယူသုံးရင် (သာမန်အားဖြင့်) ကော်ပီရိုက် ချိုးဖောက်တယ်လို့တော့ တယ်မထင်..
ဒါပေမယ့်…
ဒါကို ကိုယ့်အခွေ..ကိုယ့်အနုပညာမှာယူသုံးပြီး အခကြေးငွေတခုယူတယ်.. စီးပွားဖြစ်မှာသုံးမယ် ဆိုရင်တော့..
အင်း.. မူပိုင်ခွင့်နဲ့ဆိုင်မယ်ထင်တယ်..။
ဒါကလည်း ကာယကံရှင်ကိုယ်တိုင်က.. တရားစွဲပြီး နစ်နာမှုကိုတောင်းဆိုမှပါ..။
မြန်မာပြည်မှာဖြစ်နေတာက.. သူရဲကောင်းတော်တော်များများပေါ်လာပြီး.. (ကြားထဲက) ဝင်ပြောတာမို့.. ဟိုမှာဖက်က စီးပွားရေးသမားလည်း.. မထူးဘူးဆိုပြီး.. ဝယ်တာဖြစ်သွားဟန်ရှိပါတယ်..
ဥပဒေကြောင်းအရမဟုတ်.. အုပ်စုနဲ့”ဖိ”လို့..” နု”ပေးလိုက်ရတဲ့သဘောကို တွေ့ရပါတယ်..။
အဟမ်း.. ဒီတော့..
စီးပွားရေးသမားက.. ကြော်ငြာသဘောသက်အောင် လုပ်သွားတယ်ဆိုပါစို့..
နာမယ်တွဲလှလှတွေ.. ပေးမသုံးကြေးဆို.. ဆရာကြီးယုဒသန်တို့..၊ ဦးဖေမောင်တင်တို့၊ မန်လည်ဆရာတော်ကြီးတို့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ရဲ့ မြန်မာစာ-စကားအသစ်ထားပေးခဲ့မှုတွေလည်း သုံးမရပြုမရနဲ့.. မြန်မာစကားတွေနဲ့မြန်မာတွေ ဒုက္ခများမယ်… ထင်..။
စကားအတင်းစပ်..
“ဝါးပင်ကြားမှ နေဝန်းနီ” ဆိုတဲ့ကဗျာက.. ဆရာဒဂုန်တာရာစပ်တာနော့…။
ဦးကြောင်ကြီး
May 19, 2014 at 3:34 am
သောက်သဂျီး
မျောက်ကြီး
ရှောက်သီး
ပေါက်ပြီး
မှောက်တီး
ကြောက်ချီး
ထောက်လှီး
အောက်မီး..
ROssI
May 19, 2014 at 4:26 am
အွန့် ….
ပထမတပုဒ်ကတည်းက ဖတ်ဖစ်တယ် အဘနီရေ…
သဂျီးက ပေ့တန့်တွေ ဖဲယားယုစ့်တွေ နဲ့ (ပါလာပြန်ဘီ သည်ယုစ့် အော်.. ယုစ့် ယုစ့် )
စူဘရာနို တီးနေလို့ ရူးချင်ယောင်ဆောင်နေတာပါ…
တကယ်တော့ဗျာ.. စကားလုံးတွေကို မူပိုင် ပေးကြဖို့ ဆိုရင်..
မူပိုင်ခွင့် ဥပဒေ ရှိဖို့ လိုအပ်သလို အဆိုပါ မူပိုင်ခွင့် ဥပဒေအရလည်း တရားဝင်
ကိုယ်ပိုင်ဖြစ်ကြောင်း ဝယ်ယူထား ကန့်သတ်ထား ဖို့ private property ဖြစ်ကြောင်း
ကြေငြာထားဖို့ လိုအပ်ပါလိမ့်မယ်။
အဲ့လို လုပ်တဲ့နေရာမှာလည်း တကယ်တမ်း အများသုံးဖြစ်နေတဲ့ စကားလုံး မျိုးကို
private လုပ်ခွင့်မရှိဘဲ ..ကိုယ်တိုင် ထွင်သုံး တွဲစပ်သုံးထားတဲ့ စာလုံးမျိုးကိုသာ
private လုပ်ခွင့် ပေးရမှာ ဖြစ်ပါတယ်။
ဆြာ့ ဥပမာထဲကလို “လေနုအေး” ဆိုတဲ့အသုံးကတော့ ..သိပ်ကို common ဖြစ်လွန်းတာကြောင့်
private လုပ်ဖို့ မသင့်တော် ပေမယ့် ” လေနုအေးသည် တနွဲ့နွဲ့နော့နေဆဲ” ကို private
လုပ်မယ် ဆိုရင်တော့ လုပ် လို့ ရကောင်းပါတယ်။
“ပန်းမြိုင်လယ်” တို့ “ဥယာဉ်မှူး” တို့ ဆိုရင်လည်း အလားတူပါပဲ .. “ပန်းမြိုင်လယ်က ဥယာဉ်မှူး” ဆိုတဲ့
အတွဲလိုက်ကိုတော့ private လုပ်လို့ ရစကောင်းပါတယ်။ လို့ မြင်မိပါတယ်
သဂျီးပြောတဲ့ … ဘာသာစကားအတွင်းက ရှိပြီးသား စကားလုံးတွေကို ပြန်တွဲတဲ့ အတွဲအစပ်သာ
ပြန်တွဲထားတာမို့ … ဒါငါပိုင်တဲ့ စကားလုံး ငါ့ခွင့်ပြုချက် ရမှသုံး ဆိုတာမျိုးထိတော့
တားမြစ်လို့ မရစကောင်းပါဘူး။ တခုပဲ … ရုပ်ရှင်ခေါင်းစီး စီးရီးတိုင်တယ် စတဲ့ ငွေကြေး ပါဝင်မှုရှိတဲ့
အနုပညာ စီးပွားရေး ပစ္စည်းရဲ့ ခေါင်နေရာတွေမှာ သုံးရင်တော့ ဉာဏ်ပူဇော်ခ ပေးသင့်တဲ့ (ပေးရမယ့် မဟုတ်ပါ)
အရာလို့မြင်မိပါတယ်။
http://www.wipo.int/wipolex/en/details.jsp?id=5934
မူပိုင်ခွင့် ဥပဒေတွေ ရှိပါတယ်။ ခေတ်မမီတာ .. အသုံးနည်းတာ တန်ရုံ လူတွေ မထိတွေ့ကြတာပါ။
(လုံလောက်တဲ့ အကာအကွယ်လည်း မရတာကြောင့် အားမကိုးတာ လည်း ပါမှာပါ)
ခိုးပဲချချ.. ဗြောင်ပဲ ယူသုံးသုံး တရားစွဲ တောင်းရင်လည်း မူပိုင် မလုပ်ထားတာမို့ နိုင်မှာ မဟုတ်ပေမယ့်…
ဆြာပြောတဲ့ ဝိုင်းထောက်ပြကြ ပြောကြတာ (သဂျီးပြောတဲ့ သူရဲကောင်းတို့ ထွန်းကားတာက)
ပေါ်လာတယ် ဖြစ်လာတယ် လို့ မြင်မိပါတယ်။
တကယ်က စကားလုံးတွေ မူပိုင်ပေးရတာ အပေါ်ကိုက အင်မတန် သိမ်မွေ့ ရှုပ်ထွေး လွန်းပါတယ်။
တခါက ဟောလိဝုဒ် က အော်စကာ ချီးမြှင့်ရေးအဖွဲ့က အော်စကာ ဆိုတဲ့ စကားလုံးကို
သူတို့ မူပိုင် အဖြစ် ပြဌာန်းဖို့ လုပ်တာ ရှုံးတယ်လို့ ဖတ်ဖူးပါတယ်။ အကြောင်းကတော့
ကမာ္ဘတန်းမှာ အော်စကာဟေ့ ဆိုရင် သူရို့ ချီးမြှင့်တဲ့ အရုပ်ကိုပဲ လူတိုင်း ပြေးမြင်ကြမှာ ဖြစ်ပေမယ့်
တကယ်က သူရို့ တီထွင်ထားတဲ့ စကားလုံးမဟုတ်ဘဲ မြေထဲပင်လယ် ဒေသကနေ စီးဆင်းရွေ့လျောလာတဲ့
စကားလုံးဖြစ်လို့ ပါပဲ။ အဲ့သလို ကန့်သတ်လိုက်ရင် အတော်လေး ဂွကျကုန်မယ့် သဘော။
ဟို ချယ်လ်ဆီးက ဘောသမားလေးတောင် နာမည်ပြောင်းရမယ့် ကိန်း။
ဆက်ရရင် ၁၉၁၁ မြန်မာ ကော်ပီရိုက်ဥပဒေဆိုတာ ရှိပါတယ်
http://www.wipo.int/wipolex/en/text.jsp?file_id=180315
အကြမ်းဖျဉ်း ဖတ်ကြည့်တာအရ ပြည်တွင်း ဖန်တီးမှုတွေကို ကာကွယ်မှုပေးထားတယ် (ထိရောက်တာမထိရောက်တာတပိုင်း)
နိုင်ငံခြားက လာတဲ့ဟာတွေကိုတော့ ထည့်သွင်းရေးသား ဖော်ပြထားခြင်း မရှိလို့ ..သိရပါတယ်….။
ဒန် တန့် တန်…။
အဲ့သည့်မှာ စတွေ့တာပဲ…။ တလောလေးက ခေတ်စားတဲ့ အန်းဒရိုက် ကို မူပိုင်ခွင့် လျောက်တဲ့ ဖုန်းဆိုင်တို့..
အန်းဂရီးဘတ် ကို ကိုယ်ပိုင် ကြေငြာတဲ့ စတေရှင်နရီ ဆိုင်တို့ ..ဆိုတာ … ဇာတ်လမ်းက အဲ့မှာ စတာပဲ။
ပြန်လာခဲ့ပါ့မယ်
hmee
May 19, 2014 at 1:19 pm
ဥပဒေအကြောင်းတွေပါလာလို့ ဝင်ပြောမယ်။ မြန်မာ့ဥပဒေလက်စွဲတဲ့ ဥပဒေအကြောင်းကို လူတိုင်းနားလည်အောင် စကားပြေနဲ့ ပြန်ရြေးပြီး ထု်တာ။ စိတ်ဝင်စားလို့ တအုပ်ဝယ်ထားတယ်။ စကားအတင်းစပ် အဘနီရှင့် နြေပြီတော်ရောက်တော့ အဘနီကို လာတွေ့ချင်တာ ကလေးနှစ်ယောက်နဲ့ မအားတာနဲ့ စိတ်ကူးသာရှြိပြီး လ်တွေ့ အကောင်အထည်မဖော်နိုင်ခဲ့ဘူး။
naywoon ni
May 19, 2014 at 2:09 pm
ဟောဗျာ ကျွန်တော့ ဆီ မက်ဆေ့ပို့လိုက်ရင်လာတွေ့မှာပေါ့ ကျွန်တော်က အချိန်ပြည့်အားနေတာပဲ ကလေးတွေဝိုင်းထိန်းပေးဆိုလဲ နာနီ လုပ်ပေးမှာပေါ့
https://m.facebook.com/naywoonni?fref=fr_tab
ကျွန်တော့ fb လင့်
surmi
May 19, 2014 at 3:29 pm
ငင်
ပြောပြောကတော့မစောဘူး
ကျနော့ဖြင့် ညကြီးမိုးချုပ် မျက်စိတွေလည် လမ်းတွေမှားလို့
အမြန်လမ်းရောက်အောင်မနဲပြန်ထွက်ရတယ်
ညဖက်မြင်ကွင်းတွေပြောင်းသွားတော့ အဝိုင်းကကြာပွင့်တွေကို အမှတ်မှားသွားတာ
နောက်တခါလာရင် ကြိုပြောထားမယ်
ဒါဘဲ 🙂
alinsett (gazette)
May 19, 2014 at 7:44 am
အတည် မမန့်တတ်ဘူး
” တိန် တိန် နှစ်ခါတိန် ” ဆိုတဲ့စကားကို ယူသုံးတဲ့သူတွေ ့ရင်တော့ ပက်သနာ ရှာမယ် ဒါဗြဲ
Mr. MarGa
May 19, 2014 at 9:45 am
တာဝတိံသာမှ အက်ဆေးများ ဆိုတဲ့ စကားစုကို မူပိုင်ခွင့်ထားရင် ကောင်းမလား…. 🙂
surmi
May 19, 2014 at 11:02 am
မောင်ရင်တို့ အိုင်တီဆရာတွေ ဆော့ဖ်ဝဲ တစ်ခုရေးကွာ
မြန်ပြည်တလွှား မူပိုင်စကားလုံးများဆိုပြီး ။
ကျုပ်တို့လည်း ရေးတော့မယ်ဆို အဲဒီဆော့ဖ်ဝဲ နဲ့စစ်လိုက်ရင် အိုကေသွားမှာပေါ့ :kwi:
Mr. MarGa
May 19, 2014 at 11:07 am
အဲဒီအကြံ မဆိုးဘူးဗျ
ဖြစ်နိုင်ချေ ရှိတယ် 🙂
kyeemite
May 19, 2014 at 10:59 am
မောင်ဂီပြောတဲ့..“ဆြာ့ ဥပမာထဲကလို “လေနုအေး” ဆိုတဲ့အသုံးကတော့ ..သိပ်ကို common ဖြစ်လွန်းတာကြောင့်
private လုပ်ဖို့ မသင့်တော် ပေမယ့် ” လေနုအေးသည် တနွဲ့နွဲ့နော့နေဆဲ” ကို private
လုပ်မယ် ဆိုရင်တော့ လုပ် လို့ ရကောင်းပါတယ်။
“ပန်းမြိုင်လယ်” တို့ “ဥယာဉ်မှူး” တို့ ဆိုရင်လည်း အလားတူပါပဲ .. “ပန်းမြိုင်လယ်က ဥယာဉ်မှူး” ဆိုတဲ့
အတွဲလိုက်ကိုတော့ private လုပ်လို့ ရစကောင်းပါတယ်။ လို့ မြင်မိပါတယ်”
အဆိုကိုကျုပ်လည်းသဘောတူတယ်….
common ဖြစ်လွန်း တဲ့မြန်မာစကားလုံးတွေကို private လုပ်နေကြရင်တော့ ခက်ရချည်ရဲ့ဗျာ 🙁
naywoon ni
May 19, 2014 at 3:55 pm
.
common ဖြစ်လွန်း တဲ့မြန်မာစကားလုံးတွေကို private လုပ်ကြရင် အပျော်ဖတ် ဝတ္ထုတွေနဲ့ vdo ဇာတ်ကားတွေ အကုန်ထိမှာပဲ ။ TV က လာတဲ့ ကျော်ညာတွေကောပဲ ။