စကားလုံးများနဲ့ နေဝန်းနီ – ၃
ကိုခိုင်ကမြှောက်ပေးတာနဲ့ လေ ရှည်နေလိုက်တာ ရွာလည်သွားပီ ။ အဲ့တော့ ရည်ရွယ်ချက်တော့ အပျောက်ခံလို့ မဖြစ်တော့ ဘူး ပြောချင်တာ ဆက်ပြောတော့မယ် ။ နေဝန်းနီ အခု ဆက်ပြောမှာက စကားလုံးများရဲ့ အဓိပ္ပာယ် ရှာပုံတော်အကြောင်းပါပဲ ။ ကဗျာမှာ အသုံးပြုထားတဲ့ ကဗျာတစ်ပုဒ်မှာ အသုံးပြုမဲ့ စကားလုံးများရဲ့ အဓိပ္ပာယ် ရှာပုံအကြောင်းပါ ။ ဒါနဲ့တွဲပြီး ဘာကြောင့် ဘယ်နေရာမှာ ဘယ်လို အသုံးပြုသွားတယ် ဆိုတာကို ပါ ဆက်စပ်ပြောသွားမှ ရှင်းမှာပါ ။ တတ်သလောက် မှတ်သလောက် ကြိုးစားပီး ပြော အဲ့ ရေးပါ့မယ် ။ ဒါမှ နေဝန်းနီ ဘာကို ပြောချင်နေတာ ဆိုတာ ရေးရေးလေး သဘောပေါက်သွားရင်ကျေနပ်ပါပြီ ။
စကားလုံးအကြောင်း မပြောချင် ကဗျာ အကြောင်းပြောကြရအောင် ။ သမိုင်းထဲက ကဗျာ အစလေးပေါ့။ ကဗျာဆိုတာက အစကတော့ စောင်းညှင်းပတ်သာနဲ့ တွဲဖက်သီဆိုရတဲ့ သီချင်းကနေ အသွင်ပြောင်းလာပုံရပါတယ်။ အဲ့ဒိတော့ သီချင်းက အရင်စပေါ်လာတယ်ပေါ့ ။ ဒီလိုလဲ ဆိုကြတယ် ။ သီချင်းနဲ့ကဗျာစပေါ်လာတာ မရှေးမနှောင်းပဲတဲ့။ ဒုတိယအဆိုမှာက ဘယ်ဟာက စပေါ်လာသလဲ မပြောပဲနဲ့ ရှေ့ဆင့်နောက်ဆင့် တစ်ခုနဲတစ်ခု မကွာဘူးလို့ပြောတာပါ။ ဘယ်ဟာက အရင်ပေါ်သည်ဖြစ်စေ ကဗျာနဲ့ သီချင်း ခွဲခြားလို့ မရပါဘူး ။ ကဗျာက သီချင်းဖြစ်သလို သီချင်းကိုလဲ ကဗျာလို ရွတ်လို့ရတာပဲ။ အဲ့ဒိတော့ ကဗျာဟာ ရွတ်ဖတ်ဖို့ ရေးတာပါ။ နောက်မှပေါ်လာတဲ့ ကာရန် စည်းမျဉ်းတွေကြားမှာ စကားလုံးတွေ ပြွတ်ညှပ်သုံးနေမဲ့အစား ကိုယ့်ကဗျာကိုယ် ဘယ်သူ့မှမပြခင် အရင် အသံထွက်ပီးရွတ်ဆိုကြည့်ပါ ။ အသံအနိမ့် အမြင့် အသံနေ အသံထားနဲ့ ရွတ်ကြည့်ပါ ။ ရွတ်ဆိုရအဆင်ပြေရဲ့လား ?? အသံ ဌာန် ကရုဏ်းကျရဲ့လား ?? ကိုယ့်ဖာသာကိုဆန်းစစ်လို့ရပါတယ်။ ( ဒါက ကဗျာ စရေးသူတွေကို ရည်ရွယ်ပြီးပြောတာပါ ။ နေဝန်းနီလည်း တစ်ခါတစ်လေ အသံထွက် ရွတ်ဖတ်တတ်ပါတယ် ။ အစက ကာရန်ကြောင့် ထည့်ထားတဲ့စာလုံးက ရွတ်တဲ့ အခါမှာ အဆင်မပြေတတ်တာရှိပါတယ် ။ အဲ့ဒိနေရာတွေကို မှတ်ထားပါ ။ ပြင်ရမှာပါ။ ကိုယ့်ဖာသာကို ယ် အသံထွက်ဖတ်လို့ အဆင်မပြေရင် ဝက်ဆိုက်ပေါ်တင်ဖို့ ဖေ့စ်ဘွတ်ပေါ်တင်ဖို့ မဂ္ဂဇင်းကို ပို့ဖို့
မလုပ်ပါနဲ့ဦး ။ ခင်ဗျားကဗျာ “ပါဖက်” မဖြစ်သေးဘူးလို့ပြောချင်ပါတယ် )
ဘယ်လို ပြင်ရမလဲ ပြောပါမယ်။ ကာရန်ကို ငဲ့ပီး ထည့်ထားတဲ့စကားလုံး ကို ဘယ်လို ပြင်ရမလဲ ဆိုတော့ သူနဲ့ အဓိပ္ပာယ် ဆင်တူမဲ့ စကားလုံး လုံးဝရှာမတွေရင် သူနဲ့ သဘာဝချင်း တူတဲ့ စကားလုံး ကိုပြောင်းလဲ သုံးပါမယ် ။
ဥပမာ – နာရီ ဆိုတဲ့စကားလုံးကို ဘာနဲ့အစားထိုးမလဲ ။ ခုမှစကားလုံး အဓိပ္ပယ်စရှာမယ်နော်။ စောစောက ခြေဆင်း အင်ထရိုပေါ့။
နာရီရဲ့ အဓိပ္ပာ ယ် နာရီဆိုတာ အချိန်ကို တိုင်းတာတာ ။ လည်ပတ်တဲ့ သဘောရှိတယ် ။ ရာသီ ဆိုတာလည်း အချိန်ကိုပြောတာပဲ ။ သူကနာရီလောက်တော့ အတိအကျမပြောနိုင်ပေမဲ့ အချိန်ကိုပိုင်းခြားပြတာပဲ။ လည်ပတ်တဲ့သဘာဝ ရှိတာပဲ ။ နောက် ကမ္ဘာ သူလဲလည်ပတ်တာပဲ။ နောက်အချိန်ကိုပြချင်ရင် လည်ပတ်တဲ့ သဘောပါ ပါတဲ့ ”နေ ” “လ ” စဉ်းစားကြည့်ပေါ့ ရမှာပါ ။ ကာရန် မကိုက်လို့ စိတ်မပူပါနဲ့ ။ ကိုယ်ရွတ်ဆိုကြည့်လိုက်လို့ ထောက်မနေတာ ဌာကရုဏ်း ကျတာကိုသာ ရဲရဲတင်းတင်း ယူပါ ပြင်လိုက်ပါ ။
အဲ့ ကဗျာ စရေးကာစ လူတွေတွက်ပြောပါရစေဦး ။ ကဗျာကို အားနေလို့ ကဗျာလေးရေးဦးမယ်မလုပ်ပါနဲ့။ လူတစ်ဦး တစ်ယောက်ကို အဖွဲ့အစည်းတစ်ခုကို ချိုးဖဲ့ချင်လို့ နှိမ်ချင်လို့လဲ ကဗျာမဖွဲ့လိုက်လေနဲ့။ တစ်ကယ့် အတည်အတန့် ကဗျာရေးချင်သူတွေအတွက်ပြောတာပါ။ အဲ့ဒိလို ရေးပါများရင် တစ်ကယ့် ခံစားချက်နဲ့ ရေးတဲ့ကဗျာ ကျရင် ထိခိုက်ပါတယ် ။ အတွေး တွေးလုံးကိုက အတည့်အတန့် ခန့်ခန့်ညားညား ထွက်မလာတော့ပါဘူး။ ကဗြောင်တွေ ကဗြက် တွေပဲထွက်လာတတ်ပါတယ်။ ကဗျာရေးသူတစ်ယောက်မှာ ဘယ်အကြောင်းအရာကို ရေးမယ် လို့ ဦးတည်ချက်မရှိတတ်ပါဘူး။ လောကထဲက အမြင်တွေထဲက သူ့စိတ်ကို နင့်နင့်သီးသီး ထိခိုက်လာတဲ့ အချိန်မှာ စကားလုံး တစ်လုံး ဒါမှ မဟုတ် ကဗျာတစ်ပုဒ်လောက် အတွေးထဲမှာ ဖြတ်ကနဲ ပေါ်လာတတ်တာကလား ။ အဲ့ အတွေးကို စိတ်ထဲမှာ အမိအရ ဆွဲဖမ်းထားပြီး ဆက်လက်ခံစားရင်းနဲ့ ကဗျာတစ်ပုဒ်ဖြစ်လာတာပါ။ ပေါ်လာတဲ့အတွေးကို ခံစားသက် အနု အရင့် ခံစားပုံ အလေးအပေါ့ပေါ်မှာမူတည်ပြီး ကဗျာအဖြစ်ချရေး နိုင်တဲ့ အချိန်ကွာခြားသွားတတ်ပါတယ် ။ တစ်ချို့တစ်လေ လည်း စောစောက ထိသိလိုက်တဲ့ ခံစားမှုထက် ပိုပြီးပြင်းထန်တဲ့ နောက်အာရုံ တစ်ခုပေါ်လာပြီး စောစောက ပေါ်လာတဲ့ အတွေး ပျောက်ကွယ်သွားတတ်တာလည်းရှိပါတယ် ။ အဲ့ဒိတော့ ကဗျာဟာ လောကထဲက အသိအမြင် အတွေ့အကြုံတွေ ဆိုပေမဲ့ အဲ့ဒိ အသိအမြင်အတွေ့ အကြုံတိုင်းဟာလည်း ကဗျာမဖြစ်ပြန်ဘူး ။ ဇွတ်အတင်းချရေး နေရင်လည်း ကဗျာဟာ အသက်မပါပဲ ရွတ်ဆိုနေရင်း ငြ်ီးငွေ့လာမှာပဲ ။ နောက်တစ်ခုက စိတ်ထဲမှာထိခိုက်လာတဲ့ အကြောင်းအရာပေမယ်လို့ အဲ့အကြောင်းအရာဟာ ကိုယ်နဲ့ အကျွမ်းတစ်ဝင် မရှိသေးဘူး ။ ဆိုရင်းလဲ သေသေချာချာ သိအောင်အရင်လုပ်ပါဦး ။ ကိုယ်တိုင်တောင် သေချာမသိပဲနဲ့ သိပ်ခံစားပြလို့လဲ မဖြစ်ပါဘူး ။ သေသေချာချာ မသိသေးပဲနဲ့ ရမ်းသမ်းပီးရေးထားရင် အရပ်ထဲ ကောဠဟာဠ လိုက်ဖြန့်နေတာနဲ့ တူသွားမယ်။ ကိုယ့်စိတ်ထဲ ရင်ထဲမှာ ထိခိုက်မိတဲ့ အရာကို သေသေချာချာ ထည်ထည်ဝင်ဝင် သိပီ ဆိုမှ ထိရောက်တဲ့စာသားနဲ့ ထိထိရောက်ရောက်ရေး ပေတော့ ။ ဘယ်လိုရေးမလဲ ? အပြောနဲ့ အပြ ဘယ်ဟာ ကို သုံးမလဲ ။ လုံးဝ မစဉ်းစားပါနဲ့ အတွေးထဲက သူ့အလိုလို စကားလုံးတွေ ထွက်ကျလာပါလိမ့်မယ် ။ အဲ့ဒါကိုသာ မှိီအောင်လိုက်ရေးပေတော့ ။ ကဗျာရေးသူတွေမှာ တစ်ခါတစ်လေ ကျတော့ လည်း လုပ်ကဗျာတွေ ရေးမိတတ်ကြတယ် ။ ဘယ်မှာ အများဆုံးတွေ့လဲဆိုတော့ ရာသီအလိုက် အချိန်မှီရေးကြတဲ့ရာသီစာ တွေမှာ အတွေ့များတယ်။ တစ်ချို့ကလည်း ရာသီလွန်မှ ခံစားမိ ရေးမိကြတဲ့ စာတွေကို ထုတ်မပြပဲ နောက်ရာသီကျမှပြဖို့ လှောင်ထားတတ်ကြသေးရဲ့ ။ ထားပါ နောက်တစ်ပုဒ်ကျမှ နေဝန်းနီရဲ့ ဘယ်ကဗျာ ကိုတော့ဖြင့် ဘယ်လို စကားလုံးရှာပီး ဘယ်က ဘယ်သူ့စကားလုံးကို ဘယ်လို ဖလှယ်ခဲ့ ကုလားဖန်ထိုးခဲ့တယ်ဆိုတာ ပြောပြတော့မယ် ။ စိတ်ဝင်စားတယ် ဆိုရင်တော့ ရွာထဲမှာ တင်ထားခဲ့တဲ့ နေဝန်းနီရဲ့ ကဗျာတွေထဲက ဘယ်ကဗျာကတော့ ဘယ်လို ရေးခဲ့တာလဲ ဆိုတာ ရွေးပေးမလား ။ နေဝန်းနီ စိတ်ဝင်စားတာ အာရုံ ကျရာကနေ အားရပါးရ ဖြစ်ခဲ့တဲ့ ကဗျာတွေ ပျံကျ ကောက်ပြောရမလား ။ အားရပါးရ ဖြစ်ခဲ့တယ် ဆိုတာက ကဗျာကို ချရေးပီးတာနဲ့ စိတ်ထဲမှာပေါ့သွားတာ ။ ကဗျာပါ ခံစားမှု စိတ်ထဲမှာမကျန်ခဲ့တာ ။ ဒိထက် ထင်ရှားအောင်ပြောရရင် ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် မွေးဖွားပီးလို့ သူ့ခန္ဓာ ကိုယ်မှာ ဘာမှမကျန်ခဲ့ လို့ ပေါ့ပါးသွားသလိုမျိုး ။ ကလေးမွေးပီးစ မိခင်က သူ့ရင်သွေးကိုထွေးပိုက်ထားပီး တစ်စိမ့်စိမ့်ကြည့်နေသလိုမျိုး ကဗျာရေးသူဟာ သူ့ကဗျာသူ ကြည့်ပီး ပီတိ ဖြစ်နေသလိုမျိုး ဖြစ်ခဲ့ရတဲ့ကဗျာမျိုးကိုပြောတာပါ ။ အဲ့ ……. ကဗျာတစ်ပိုဒ်တော့ရေးပီးသွားပီ ဒါပေမဲ့ ထပ်ပြောချင်တာတွေ ရှိနေသေးတယ် ။ ဒါမှ မဟုတ် ဒီကဗျာကို ဖတ်မိပီးတော့ ငါ့ကို အပြစ်ပြောကြတော့မလား ။ ငါဒီကဗျာရေးမိတာ မှာသွားသလား ။ ငါ့ကိုလူတွေက ဒီကဗျာကြောင့် အထင်သေးခံရမလား ။ ဒါမှမဟုတ် ဒီကဗျာကို ဖတ်ပြီး ငါပြောချင်တာကို နားလည်ကြပါ့မလား ။ ဆိုတာမျိုး အတွေးဝင်လာပြီဆိုရင် သေချာတယ် ။ အဲ့ဒါ ကဗျာ သားလျော တာ။ ကဗျာ အဘောရှင်း ဖြစ်တာပဲ ။
ရွာထဲက ကဗျာ အဘောရှင်းတွေကိုတော့ မျက်နှာပူလိူ့မပြောတော့ပါဘူး ။ အန္တာရာယ် ကင်းကင်း ကိုယ့်ကဗျာနဲ့ကိုယ်ပဲ နမူနာ ထုတ်ပြပါ့မယ် ။
နေဝန်းနီ
6 comments
pooch
May 19, 2014 at 11:26 pm
စကားလုံးကအသစ်ကြီးပဲ
ကဗျာအဘောရှင်းရယ်လို့
မဖတ်ဖြစ်တာကြာပေမဲ့ ရေးဟန်တွေက သစ်လွင်နေတုန်းပဲ
naywoon ni
May 20, 2014 at 10:02 pm
ကဗျာ အဘောရှင်းဖြစ်တယ်ဆိုတာက ဖန််တစ်ရာတေအောင် သုံးပီးသား စကားလုံးပါ ။ ကြာတော့ ရိုးပီးသုံးတောင်မသုံးတော့ဘူး ။ ၁၉၈ဝ တစ်ဝိုက်က ကဗျာဝေဖန်ရေး ဆောင်းပါးတွေမှာ တွင်တွင်ကျယကျယ် သုံးခဲ့ကြတာပေါ့ ။ ဘယ်သူစ သုံးတယ်ဆိုတာတောင် မမှတ်မိတော့ဘူး
surmi
May 20, 2014 at 4:48 am
အဘနီဘဲရွေးပြီးပြောဗျာ
စောင့်ဖတ်မယ်
alinsett (gazette)
May 20, 2014 at 10:19 am
———————-
ကောင်းလိုက်တဲ့ အတွေးစ….
အဲ…အဲ… ကျနော် ကဗျာ သားလျောဖူးတယ်… ။
တစ်ကြိမ်..နှစ်ကြိမ်….လောက်ပေါ့….
အခုနောက်ပိုင်းတော့…ကဗျာတွေ ချောချောမွေ ့မွေ ့ မွေးဖွားနိုင်လာသလိုပဲ…
kyeemite
May 20, 2014 at 10:32 am
ကဗျာဝါသနာပါပြီး ရေးနေကြတဲ့လူတွေအတွက်တော့ တော်တော်မှတ်သားဖို့ကောင်းတဲ့ ပို့စ်ပါပဲ…
ကိုနေ က ကဗျာတွေပဲရေးနေသူဆိုပေမဲ့…စကားပြေလည်းအရေးကောင်းတယ်…
ဖတ်ရတာ ရှင်းကြည်သွားတယ်…ကျုပ်က ကဗျာဝါသနာသိပ်မပါပေမဲ့…ကိုနေပြောသလို
စိတ်ထဲမှာထိခိုက် ခံစားမိလာတဲ့ တခါတလေမှာ ရေးလေ့ရှိတော့
ဖတ်မှတ်သွားပါတယ်ဗျာ…(ကဗျာအကြောင်း ဒီလိုကျကျနန ရှင်းပြတာလည်း တစ်ခါမှမဖတ်ဖူးလို့
ကျေးဇူးတင်ပါကြောင်း)
padonmar
May 21, 2014 at 9:51 pm
Like.Thank you Ah Ba Ni.Same as U Kyeemite.