Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တို့တစ်​​တွေ မတိုးတက်​တာ စနစ်​​တွေ​ကြောင်​့လဲပါတယ်​ ……….

naywoon niMay 27, 20141min115726

ဒီစကား​ပြောလိုက်​လို့ ကိုခိုင်​ရဲ့ “စနစ်​​ကြောင်​့ မဟုတ်​ဘူး စနစ်​​ကြောင်​့မဟ ုတ်​ဘူး ” ဆိုတဲ့စကားကို ဆန်​့ကျင်​တာ မဟုတ်​ပါဘူး ။ ​နေဝန်​းနီ ​ပြောချင်​တဲ့ စနစ်​က အတိုင်​းအတာ အချိန်​အတွယ်​​တွေမှာ သုံးတဲ့ စနစ်​ (Unit ) ကို​ပြောချင်​တာပါ။ ​ကျောင်​းတုန်​းက သင်​ခဲ့ရတာက ​ဒေသန္တရ စနစ်​ ​( အစဉ်​အဆက်​ သုံးလာခဲ့တဲ့ မြန်​မာ စနစ်​ ) ၊ ဗြိတိသျှ စနစ်​ ၊ ဒုတိယ ကမ္ဘာ စစ်​​နောက်​ပိုင်​း ​ပေါ်လာတဲ့ မက်​ထရစ်​စနစ်​ ( အ​မေရိကန်​ဦး​ဆောင်​ပြီး သုံးစွဲခဲ့တယ်​လို့မှတ်​သားခဲ့ဖူးပါတယ်​ ) ဒီအ​ကြောင်​းအရာကို တင်​ဖို့ အကြိမ်​ကြိမ်​ ကြိုးစားခဲ့ဖူးတယ်​ ။ အ​ကြောင်​း​ကြောင်​း​ကြောင်​့ အထမ​မြောက်​ခဲ့ဖူး ။ ​ရေးပီးသိမ်​းထားတာက မင်​မိုရီစတစ်​ထဲမှာ ။ ခု ဖုန်​းနဲ့သုံး​နေ​တော့ အင်​တာနက်​ဆိုင်​မ​ရောက်​ဖြစ်​​တော့ဘူး ။ သူငယ်​ချင်​းကွန်​ပူတာနဲ့ ဖွင်​့ကြည်​့​တော့လည်​း အဆင်​မ​ပြေပြန်​ဘူး ။ ကိုယ်​သိမ်​းထားတာက မိုက္ခရို​ဆော့ ၂၀၀ရ ။ စက်​ထဲရှိတာက မိုက်​ခရို​ဆော့ ၂၀၀၃ ။ စက်​ကမသိဘူးဖြစ်​​နေ ။ ​မေးလ်​ကို အက်​ဒစ်​ သန်​့စင်​​ရေး ပြန်​လုပ်​ရင်​က ​မေးလ်​ထဲမှာ သိမ်​းထားခဲ့တဲ့ အချက်​အလက်​ တစ်​ချို့ပြန်​​တွေ့တာနဲ့ ပြန်​​ရေးဖို့ အစရလာတယ်​ ။ ​ကေဇီ ရဲ့ ချက်​ပြုတ်​​ရေး ပို့ထဲမှာကတည်​းက​ရေးဖို့ပဲ ။ ​ရေးရမှာ နဲနဲပျင်​း​နေတာနဲ့ ။ ​နောက်​ ကိုခင်​ခ ​ဖျော်​ရည်​ပို့စ်​ ကို​တွေ့​တော့ ​ရေးချင်​စိတ်​ပြန်​​ပေါ်လာပြန်​​ရော ။ ဗမာပြည်​မှာ အသုံးအနဲဆုံး အချိန်​အတွယ်​ဖြစ်​တဲ့ မက်​ထရစ်​ စနစ်​ မက်​ထရစ်​ယူနစ်​ကို သုံးထားတာ​တွေ့လို့ပါ ။ MRTV က အချက်​အပြုတ်​ မုန်​့လုပ်​တဲ့ ဘာသာပြန်​ အစီအစဉ်​​တွေမှာလဲ အဲ့ မက်​ထရစ်​ယူနစ်​နဲ့ပဲ ​ပြော​နေတာပဲ ။ ဆို​တော့ကာ
​နေဝန်​းနီ တို့ လူမျိုး အ​ခြေခံ လူတန်​းစား​တွေ သိတာ အသုံးများတာက ​ဒေသန္တာရ ယူနစ်​နဲ့ ဗြိတိသျှ ယူနစ်​ပါ ။ နားလည်​တယ်​အသုံးတွင်​ကျယ်​တယ်​​ပေါ့ ။ ဗဟုသုတ အဖြစ်​ ​ဒေသန္တာရယူနစ်​ရဲ့ လင်္ကာ​လေး ကူးထည်​့​ပေးလိုက်​ပါတယ်​ ။ အတိုင်​းအတာ ယူနစ်​​လေးပါ ။

၁ဝ ဆံချည်​ ၁နှမ်​း
၆ နှမ်​း ၁ မု​ရော
၄ မု​ရော ၁ လက်​သစ်​
၈ လက်​သစ်​ ၁မိုက်​ ( ၁ မိုက်​ကို ၆ လက်​မနဲ့တွက်​တဲ့ ​ရှေး​ဟောင်​းအတိုင်​းအတာဖြစ်​ပုံရပါတယ်​ ။ အခု လက်​ရှိက​တော့ ၁ မိုက်​ ကို ၄. ၅ လက်​မ နဲ့ပဲတွက်​ပါတယ်​ ။ )
၃ မိုက်​ ၁ ​တောင်​
၄ ​တောင်​ ၁ လံ
ရ ​တောင်​ ၁တာ
၂ဝ တာ ၁ ဥဿဘ
၂ဝ ဥဿဘ ၁ ​ကောသ
၄ ​ကောသ ၁ ဂါဝုဒ်​
၄ ဂါဝုဒ်​ ၁ ယူဇနာ
၁၀ဝ တာ ၁ တိုင်​

ကဲ ကြားဖူး ​တွေ့ဖူးတဲ့သူ ရှိချင်​ရှိမယ်​ ။ များ​သောအားဖြင်​့ ​တွေ့ဖူးမယ်​မထင်​ပါဘူး ။
​နောက်​ရှိ​သေးတယ်​ ။ လက်​သမားအ​ခေါ် လို့​ပြောမလား ။ ဗြိတိသျှ စနစ်​က လက်​မကို ​ဒေသသုံးအ​ခေါ်နဲ့ ခွဲခြမ်​းစိတ်​ဖြာပြီး​ခေါ်တာ ။
၁ဝ ဆံချည်​ ၁ပဲ
၂ပဲ ၁ မူး
၂မူး (၄ ပဲ ) ၁ မတ်​
၄ မတ်​ ၁ လက်​မ တဲ့ဗျာ ။ အဲ့ဒါ​ကြောင်​့ သံလုံး​တွေ ပိုက်​​တွေမှာ မူးလုံး မတ်​လုံး ​တွေ​ခေါ်ကြတာနဲ့ တူပါရဲ့ ။ ငါးမူးလုံး တို့ တစ်​မတ်​လုံး တ်​ို့ ငါးမတ်​ပိုက်​ တို့က အဲ့ ဒိက ဆင်​့ပွားလာပုံရပါတယ်​ ။ တိုးတက်​တဲ့ နိုင်​ငံ​တော်​​တော်​များများ က ဗြတိသျှ ယူနစ်​ကို စွန်​့ပယ်​ခဲ့ကြပါပြီ။ ​နေဝန်​းန်​တို့လူမျိုးက​တော့ ဖက်​တွယ်​ထားတုန်​းပဲ ။ ဘာလို့ စွန်​့ပယ်​ကြသလဲ ဆို​တော့ အ​ဖြေက ရိုးရိုး​လေးပဲ ​ပေးကြပါတယ်​ ။ တွက်​ရခက်​လို့ပါ။ မက်​ထရစ်​ယူနစ်​ကရှင်​းတယ်​ ။ ဆယ်​လီ ​ထောင်​လီ ပဲရှိတယ်​ ။
၁၂ လက်​မ ၁ ​ပေ
၃ ​ပေ ၁ ကိုက်​
၂၂ ကိုက်​ ၁ သံကြိုး
ဒါ​ကျောင်​း​နေတဲ့ က​လေးတိုင်​းရတယ်​ ။ ​နောက်​
၁ဝ မီလီမီတာ ၁ စင်​မီတာ
၁ဝ စင်​တီမီတာ ၁ ဒက်​စီမီတာ
၁ဝ ဒက်​စီမီတာ ၁ မီတာ
၁၀၀ဝ မီတာ ၁ ကီလိုမီတာ
​နောက်​
ဂရမ်​နဲ့ ချိန်​တာ လင်္ကာ ရှိလား​တော့မသိဘူး ။
၁၀၀ဝ ဂ ရမ်​က ​တော့ ၁ ကီလိုဂရမ်​ပါပဲ ။ မက်​ထရစ်​ ယူနစ်​က ရှင်​းတယ်​​လေ ။ ၁၀၀ဝ ဆိုရင်​ ကီလိုတတ်​​ခေါ်လိုက်​တာပဲ ။ ကီလိုဂရမ်​ ကီလိုမီတာ ကီလိုဗိုက်​ စသည်​့ဖြင်​့ ။
မရှင်​းတာက ​နေဝန်​းနီတို့မြန်​မာယူနစ်​နဲ့ ဗြတိသျှ ယူနစ်​ ။
အ​လေးချိန်​ကြည်​့ပါလား ။
၄ ​ရွေးတစ်​ပဲတဲ့ ။ အဲ့ဒါ​ရွေး​လေး ​ရွေးကြီး ဆိုတာ ရှိ​သေး ။ ထားပါ ။ ၂ ပဲ တစ်​မူး
၂မူး တစ်​မတ်​
၂မတ်​ ငါးမူး ဆို​တော့ သူ့အတိုင်​းဆ်​ို ​လေးမူးဆိုတဲ့ အ​ခေါ်​ပျောက်​မ​နေဘူးလား ။
​နောက်​ ၂ငါးမူး တစ်​ကျပ်​ တဲ့
ပိုက်​ဆံမှာလည်​းပဲ မူးမတ်​ ဆိုတဲ့ အသုံးရှိခဲ့ ဖူး​သေးတယ်​ ။
အချိန်​အတွယ်​မှာလည်​း တစ်​ကျပ်​သားနဲ့ မပြီး​တော
၁၀ဝ ကျပ်​သား တစ်​ပိဿာ ရှင်​း​နေပြီးခါမှ ရှစ်​စိတ်​စိတ်​ရတာ ဝါသနာပါပုံရတယ်​ ။ တစ်​ပိဿာရဲ့​လေးပုံ့တစ်​ပုံ ကို အစိတ်​သားတဲ့ ။ တစ်​ပိဿာရဲ့ ရှစ်​ပုံ တစ်​ပုံ ကို အဝက်​သားတဲ့ ။
​နေဝန်​းနီ ထက်​အသက်​နဲနဲကြီးတဲ့ သူငယ်​ချင်​း ​ပြောဖူးတာက​တော့ တို့လူမျိုး​တွေက ရှုပ်​​ထွေး​ပွေလီ တဲ့ အသုံးအနှုန်​း​တွေ ယူနစ်​​တွေ လိုက်​မှတ်​​နေရတာနဲ့ ကျန်​တာ စဉ်​းစားချိန်​မရတာလားမသိဘူး ။ မသိဆို ဘာမှကို မသိကြတာတဲ့ ။ အရည်​နဲ့ ပတ်​သက်​တာလဲ ရှိ​သေး ။ ဆန်​နဲ့လယ်​ယာထွက်​​တွေကြ​တော့
၂ လမယ်​ ၁စလယ်​
၂စလယ်​ ၁ ခွက်​
၂ခွက်​ ၁ပြည်​
၄ပြည်​ ၁ စိတ်​
၂စိတ်​ ၁ခွဲ
၂ခွဲ ၁တင်​း ဆိုတာပဲ ။
ထူးခြားချက်​က​တော့ အမြင်​့ဆုံး ၁ယူနစ်​ကို ၁၆ စိတ်​ စိတ်​ထားတာပဲ ။
၁၆ ပဲ ၁ကျပ်​
၁၆ ပဲ ၁ကျပ်​သား
အဲ့ဒိ​တော့ ကမ္ဘာ့ နိုင်​ငံ​တွေနဲ့ အ​ရောင်​းအဝယ်​ လုပ်​​တော့ ဘယ်​ယူနစ်​ကို သုံးမလဲ ။ ကမ္ဘာသုံးယူနစ်​လို့ ​ခေါ်တဲ့ မက်​ထရစ်​စနစ်​နဲ့ အ​ရောင်​းအဝယ်​လုပ်​ရာမှာ ပိဿာချိန်​ဘ
်​​လောက်​ ဘယ်​နှစ်​တင်​း စသည်​့ဖြင်​့ အဆင်​မ​ပြေ​တော့ဘူး ။ သူ့စနစ်​နဲ့ညီ​အောင်​လိုက်​​ပြောင်​းရ​တော့မယ်​ ။ ပြည်​တွင်​းမှာလည်​း လိုက်​​ပြောင်​းသုံးရမှာပဲ ။ နို့မို့ဆို ညစ်​တာခံ​နေရမှာ​ပေါ့ ။ ​ပေါင်​ ​အောင်​စ သုံးတဲ့ စနစ်​နဲ့ ပိဿာ ကျပ်​သားသုံးတဲ့စနစ်​ ညှိကြည်​့ရ​အောင်​ ။ တစ်​ပိဿာ ၃. ၆ ​ပေါင်​ ရှိပါတယ်​ ။ ၁​ပေါင်​ကို ၂ရကျပ်​သား ၁၂ပဲနဲ့ ​ရွေးကြီး ၁​ရွေး ရှိပါတယ်​ ။ ၁ ​အောင်​စ ကို တစ်​ကျပ်​နဲ့ ၁၄ ပ​ဲ ​ရွေး​လေး ၁ ​ရွေး ရှိပါတယ်​ ။
၁ ကီလိုဂရမ်​က ၂. ၂ ​ပေါင်​ ရှိပါတယ်​ ။အဲ့ ဒါ​ကြောင်​့ ၁ကီလို ဂရမ်​မှာ ၆၁.၁၁၁၁ ကျပ်​သား ရှိပါတယ်​ ။ ၁ဂရမ်​ကို .၆၁၁၁၁ ကျပ်​သား ရှိပါတယ်​ ။ ဒါ လူတိုင်​းသိ​နေတဲ့ အချိန်​အတွယ်​မဟုတ်​ပါဘူး​နော်​ ​နေဝန်​းနီ​တောင်​မှ ဒီစာ​ရေး​နေရင်​း ကာကူလိတ္တာ နဲ့ ပြန်​ပြန်​တွက်​​နေရတာ ဆို​တော့ ။ ပိဿာ ကျပ်​သားပဲ ဆက်​သုံး​နေတာ​ကောင်​းမလား ????။ သူများ​တွေက ဂရမ်​နဲ့ ​ပြောတာ တန်​းနားလည်​​အောင်​ ဂရမ်​ ကီလိုကိုပဲ ​ပြောင်​းသုံးမလား ???? သူများ​တွေက ဂရမ်​​တွေ လီတာ​တွေ​ပြော ကိုယ်​က ​မော့ကြည်​့ ပြီး ​ခေါင်​းညိမ်​့ ​ပေးသ​လောက်​ယူ ။ ​မေ့လို့ဗျို
ဂါလံနဲ့ လီတာအ​ကြောင်​း ​ပြေဦးမယ်​ ။ ၂ ပိုင်​့ ၁ကွပ်​
၄ ကွပ်​ ၁ဂါလံ လူတိုင်​းသိတယ်​​နော်​ ။ ​ရေသန်​့ဗူး ​လေး​ထောင်​့ဗူးက ၁လီတာ ရှိပါသတဲ့ ။ ၁ ဂါလံကို ၄.၅ လီတာ ရှိပါသတဲ့ဗျာ ။ လမ်​း​ဘေးဆိုင်​မှာ ဓာတ်​ဆီ ဝယ်​ထည်​့ရင်​ ၁ဂါလံ ​လေးလီတာပဲ ရပါတယ်​ ။ ပန်​့နဲ့​ရောင်​းတဲ့ ဆိုင်​မှာဝယ်​ပါမှ ၄.၅ လီတာ ရပါသတဲ့ ။ အများပြည်​သူ မသိတဲ့ အ​ပေါ်မှာ အချင်​းချင်​း ​ခေါင်​းပုံဖြတ်​ခံ​နေရတာပါ ။ ဒီ​တော့ကာ

နားလည်​​အောင်​လုပ်​ယူမယ်​ဆိုလဲ သီခြား မှတ်​​နေရဦးမှာ ဆို​တော့ တစ်​ခါတည်​း ​နေ့စဉ်​သုံးကိုပြင်​လိုက်​မယ်​ဆ်​ိုရင်​ ……………
ကမ္ဘာကိုရင်​​ဘောင်​တန်​းဖို့ ကမ္ဘာသုံး စနစ်​ကို သုံးဖို့လိုတယ်​ ။ ကမ္ဘာသုံးစနစ်​ကို လိုက်​မသုံးပဲနဲ့ အ​ခြေခံဥပ​ဒေ ဆိုတာကြီး ​သေ​အောင်​ပြင်​ ကမ္ဘာကြီး ကိုမှီတယ်​ဆို ကြိုက်​သလို​ပြော …….. ။

​နေဝန်​းနီ

26 comments

  • lu lu

    May 27, 2014 at 6:49 am

    ကျေးဇူးဗျို ့
    ကြားတောင် မကြားဖူးခဲ့တဲ့ ရှေးမြန်မာတို ့ရဲ ့အချိန်အတွယ် တွေကို
    ပြုစု ဖော်ပြခဲ့ တာတကယ် လေးစားပါတယ်
    အဲ့ စနစ်တွေကိုပြန်ပြောင်းသုံးဖို ့ကမလွယ်တော့ပါဘူး ။
    နှစ်ချီပြီးပြင် မှရ တော့မယ် ။
    🙂

  • kyeemite

    May 27, 2014 at 8:54 am

    ဆန် အချင်အတွယ်အပြည့်အစုံကြားဖူးတာက…
    ၂လမျူ ၁ လမျက်
    ၂ လမျက် ၁ လမယ်
    ၂ လမယ်​ ၁စလယ်​
    ၂စလယ်​ ၁ ခွက်​
    ၂ခွက်​ ၁ပြည်​
    ၄ပြည်​ ၁ စိတ်​
    ၂စိတ်​ ၁ခွဲ
    ၂ခွဲ ၁တင်​း ။..တဲ့
    ဘာပြောပြောဗျာ…ဗမာအချိန်အတွယ်တွေက မတိကျတာသေချာနေတာပဲ
    ဆိုတော့ တိကျတဲ့အချင်အတွယ်ဖြစ်တဲ့ “မက်​ထရစ်​စနစ်​ ” ခေါ် SI ယူနစ်ပြောင်းသုံးသင့်ပါပြီ
    ခုတော့ သုံးနေမကျတော့ နိုင်ငံတကာကရေးနေပြောနေတာကို မခန့်မှန်းနိုင်ဘူးဖြစ်နေတယ်..
    ဥပမာ “အသား တစ်ကီလို” လို့ပြောရင် စိတ်ထဲမှာ “ပေါင်”ပြန်ဖွဲ့…“ပိသာ” “ကျပ်သား” ပြန်ဖွဲ့ပီး
    ခန့်မှန်းကြည့်နေရတယ်..ဇယားရှုပ်တဲ့အပြင် မတိကျတော့ဘူး….
    ဆိုတော့ကာ…ကိုနေ ရဲ့ အဆိုကိုအပြည့်အဝထောက်ခံပါတယ်ဗျာ…

  • kyeemite

    May 27, 2014 at 9:08 am

    ဗမာပြည်မှာက ​ဒေသန္တရ စနစ်​ ​( အစဉ်​အဆက်​ သုံးလာခဲ့တဲ့ မြန်​မာ စနစ်​ ) နဲ့ ဗြိတိသျှ စနစ်​
    ကိုရောထွေးသုံးနေတဲ့အဆင့်မှာပဲရှိသေးတယ်……နောက် မြန်မာ့ ဆေးအချင်အတွယ်ကပိုရီရသေး…
    ကွမ်းသီးလုံးခန့်
    ဇီးကင်းခန့်
    လက်တစ်သစ်ခန့်
    ရွေးစေ့ခန့်
    လက်နှစ်လုံးလောက်
    😀

  • တိမ်မည်း

    May 27, 2014 at 9:19 am

    သိသမျှကတော့ မြန်မာ အင်ဂျင်နီယာ လက်စွဲ စာအုပ်မှာတောင် ပေ လက်မ နဲ ့ပဲ ဖော်ပြထားတယ်….. ဒါကြောင့် အဆောက်အုံဆောက်မယ်ဆိုရင် တဖက်က ရုံးကို ပြရင် စင်တီမီတာ မီတာ နဲ ့…. တကယ်အလုပ်ခွင်ကြတော့ ပေ လက်မ နဲ ့ အမြဲ ပြောင်းနေရပါကြောင်း………… (အဲ့လို ပြောလို ့ ကျုပ်က အင်ဂျင်နီယာ မဟုတ်ပါဖူးဂျာ…. တခါတုန်းက တာဝါ လေး တခုဆောက်တာ ဝင် ကူညီပေးလို ့ နည်းနည်း ကြားဖူး နားဝ ဖြစ်တာပါ…)

  • ဦးကျောက်ခဲ

    May 27, 2014 at 11:33 am

    ဆရာနေကို ထောက်ခံပါတယ်…
    အတိုင်းအတာ အချိန်အတွယ် နဲ့ပက်သက်ရင် ကမ႓ာသုံးစံနစ်တစ်ခုကို စံပြုမှ နိုင်ငံတကာနဲ့ ရောင်းဝယ်ဖောက်ကားမှုမှာ ကိုယ်တွေ မနာမှာခင်ဗျ ။ ကိုယ်တွေ့ပြောရရင် ၁၂လက်မ တစ်ပေ ၊ ၃ပေ ၁ကိုက် ၊ ၂၂ကိုက် ၁သံကြိုးနဲ့ နိုင်ဂျံကားကို ထွက်အလုပ်လုပ်တာ ၊ အလုပ်ထဲရောက်တော့ မက်ထရစ်စံနစ်နဲ့တိုး ၊ တချိန်လုံး ကာကူလိတ္တာ ခါးကြားထိုးရတဲ့ ဘဝကိုရောက်ရပါလေရော…
    😀

    • ကေဇီ

      May 27, 2014 at 11:35 am

      ဟီးဟီးးးး
      အစစ်ပဲ။
      ကွန်ပြူတာထဲ ဆို ကွန်ဘာတာ တစ်ခါတည်း ဒေါင်းထားရတာ။
      အုန်း သိပ်မကောင်းဘူးရယ်။
      ယူနစ်တွေနဲ့ ပတ်သက်ရင်။

      😀

  • ဒီ စံ နစ် ကြောင့် မိ တ်ဆွေ တစ်ယောက် သန်း ချီ ပြီ း ဆုံးရှုံးဘူး ပါတယ်။
    သူ က သစ် အ ချော ကိုင် ပြီး နိုင်ငံခြား ပို့ တာ။

    တစ် ခါ တော့ သူ ့ စက်ကိုင်တဲ့သူ မ လာ အလုပ် ကလ ဲ အ ရေး ကြီး တော့ စက်ဆ ရာ တစ် ယောက် ငှား သုံးလ ိုက်ပါတယ်။
    အတိုင်း အတာ ကို မီ လီ မီ တာ နဲ့ ချ ပေး ထား တာ ကို သူ စိတ် ကြိုက် ပေ တွေ လက် မ တွေ ဖွဲ့ ပြီး အ ချော ကိုင် လိုက် ပါတယ်။
    အဲ့ဒီပစ္စည်း ကို နိုင်ငံ ခြား လဲ ပို့ ရော အေးဂျင့်က လက် မ ခံ တော့ ပါ။
    နောက် ဆုံး တော့ အ ရင်း မပြော နဲ့ သစ် သား တွေ ထည့် ဘို့ ငှား ထား တဲ့ ကော်တိန်န ာ ဘိုး ကျေ အောင်
    အတော် ကို လုပ် ခဲ့ ရပါ တယ်။
    1998 ခုနှစ်ေ လာက်က ပါ.

  • surmi

    May 27, 2014 at 11:49 am

    ဂလိုမျိုး ဆန်ဆန် အလေးအချိန်အတွယ်နဲ့အတိုင်းအတာတွေ
    ကိုု့့ယို့ကားယားနိုင်ကြောင်း ကိုထူးဆန်းရေးဖူးသေးတယ် ။
    ရွှေနဲ့ပတ်သက်တဲ့အလေးအချိန် တွေလည်း
    ကွဲပြားနေသပေါ့ ။
    ကျပ် ပဲ ရွေး ဘဲလူတွေကစွဲနေတာ
    တပယ်တော့ အားလုံး ဂရမ်နဲ့တွက်တာပြောက်းသင့်ပြီ ။
    ကမ္ဘာ့ဈေးကိုကလည်းပုံမကျဘူး
    တစ်အောင်စဈေးတဲ့လေ
    ကိုယ်တွေက ဒီမှာ ကျပ် ပဲရွေးနဲ့ပြန်ဖလှယ်ရပြန်ရော
    ဒုတ်ခိ ဒုတ်ခိ

  • alinsett (gazette)

    May 27, 2014 at 12:18 pm

    ဂရမ် နဲ ့ အချိန်အတွယ်ပြု တာကို ပိုသဘောကျတယ်..
    ရွှေဆိုလည်း.. တစ်ပဲ နှစ်ပဲ..မချိန်ပဲ.. တစ်ဂရမ် နှစ်ဂရမ် ချိန်တာကို..သဘောကျတာ..
    ရွှေတစ်ကျပ်သားက.. 16 . 6 ဂရမ် ဆိုလား..

  • black chaw

    May 27, 2014 at 1:52 pm

    ကျွန်တော် တို့ ပြင်ရမယ့် အရာများပေါ့ခင်ဗျာ…။
    ခေတ်နဲ့ လျော်ညီအောင် ပြောင်းလဲရမယ့် အရာများပေါ့…။
    ဝင်ရောက်ဖတ်ရှု ပြီး သဘောတူပါတယ် ဆိုတဲ့အကြောင်း…။
    😀

  • အစ်ကိုရှင်းပြတော့လဲ ဟုတ်သားဗျ….. ကျုပ်တို.ဘာမှမဟုတ်ဘူးထင်ထားတာတွေက သူများတွေနဲ.ယှဉ်ရင် နှိမ့်ကျနေတာနောာာာ.. ကဲအချိန်အတွယ်ကိုပဲကြည့်.. သူများတွေက အသာချည်ပဲ…

    အောက်ဆုံးစာကြောင်းလေး က အဓိပ္ပာယ်နဲ.မာန်ပါနေသလိုပဲနော.. ကိုနေဝန်းနီ..

  • TNA

    May 27, 2014 at 6:24 pm

    တခါမှမကြားဖူးတဲ့ အချိန်အတွယ် အလင်္ကာတွေအများကြီးပါနေသမို့ မှတ်သားသွားပါတယ်။ အနိမ့်ဆုံး မုန့်လုပ်ရင်တော့ ကျွန်မမှာ ဂရမ်၊ ခွက်တွေကနေ ကျပ်သားပြန်ပြောင်း၊ ကျပ်သားကနေ ဂရမ်တွေခွက်တွေပြန်ပြောင်းနဲ့ ဘယ်တော့မှအဆင်ပြေပြေမပြီးဘူးရယ်။ မှန်းချေ စတီးဇွန်းတဇွန်းခန့်တို့ လက်တဆုပ်တို့ အဲ့ဒါတွေလဲပြင်ရအုံးမယ့်ထဲပါသေး။

  • nozomi

    May 27, 2014 at 6:48 pm

    အဲဒီကိစ္စလွှတ်တော်မှာ ဆွေးနွေးပြီး ပြောင်းဘို့ သဘောတူပြီးသားလို့ မှတ်ထားမိတာပဲ
    ဘာကြောင့် ကြာနေမှန်တော့ မသိ

  • Mr. MarGa

    May 27, 2014 at 9:20 pm

    အဲဒါပေါ့
    ပြင်သင့်တဲ့နေရာတွေမှာကျ နှုတ်ပိတ်နေကြပြီး မဟုတ်တဲ့နေရာတွေမှာ International Standard လို့ အော်အော်နေကြတာ

  • အရီးခင်

    May 27, 2014 at 9:43 pm

    {ကမ္ဘာသုံးစနစ်​ကို လိုက်​မသုံးပဲနဲ့ အ​ခြေခံဥပ​ဒေ ဆိုတာကြီး ​သေ​အောင်​ပြင်​ ကမ္ဘာကြီး ကိုမှီတယ်​ဆို ကြိုက်​သလို​ပြော }

    စနစ်ကောင်း ရဖို့ လူကောင်း နဲ့ဘဲ စလို့ရပါတယ်။
    ဘတို့က မပြင်နိုင်လို့ မပြင်ဘဲ ဖြစ်နေတဲ့ စနစ် ကို ပြင်ဖို့
    ပြင်နိုင်တဲ့ အရည်အချင်းရှိ “လူ” ကို
    အရင်ရှာဖို့ မလိုပေဘူးလား အဘနီ။
    :-))))

    • naywoon ni

      May 27, 2014 at 11:42 pm

      အရီး​ရေ လူက​ရွေးစရာ မလို​တော့ဘူးဗျ ၂၀၁၅ မှာ ပြည်​သူ​တွေဘယ်​သူ့ကို​ရွေးမလဲ ​စောင်​့ကြည်​့လိုက်​ ။ ကျုပ်​တို့ပြည်​သူ​တွေက လူညံ့​တွေတစ်​​ယောက်​မှ ပါဘူးရယ်​ ။ အခွင်​့မသာလို့ လုပ်​ခွင်​့မရှိတာဘဲ ရှိတယ်​ ။ ကျွန်​​တော်​တို့က အ​ခြေခံ ​ဖောင်​​ဒေးရှင်​းဖြစ်​တဲ့ လူမှု အ​ဆောက်​အအုံ အုတ်​မြစ်​ကိုပြင်​ချင်​တာ ။ အ​ပေါ်ယံ​ကောပတ်​စားပြီး ​ဆေးပြန်​မှုတ်​ထားတာမလိုချင်​ဘူးရယ်​ ။

  • ဝင့်ပြုံးမြင့်

    May 27, 2014 at 11:53 pm

    ရွာထဲမှာ အဘနီလို ဗဟုသုတ ဟင်းလေးအိုးကြီး ရှိနေတာ အရမ်းကောင်းတယ်။ မျှစ်ကြော်ကတော့ စွာတေးလန်တာကလွဲရင် သူများတွေနဲ့ ယှဉ်လိုက်ရင် ဗဟုသုတ မှာ ကချလာပါ။

  • kogyi mind

    May 28, 2014 at 10:57 am

    ဖတ်ရခဲတဲ့ အကြောင်းအရာပဲ..ကျေးဇူးတင်ပါတယ်..

  • naywoon ni

    May 28, 2014 at 1:39 pm

    ကျွန်​​တော်​တို့ ​ရှေးမြန်​မာလူမျိုး​တွေက စိတ်​တွက်​နဲ့ပဲတွက်​ကြပုံရတယ်​ ။ တစ်​ကျပ်​ရဲ့ တစ်​ဝက်​ ငါးမူး ငါးမူးရဲ့ တစ်​ဝက်​ တစ်​မတ်​ တစ်​မတ်​ရဲ့ တစ်​ဝက်​ တစ်​မူး တစ်​မူးရဲ့တစ်​ဝက်​ နှစ်​ပဲ စသသည်​ဖြင်​့ အဲ့ဒိလို တစ်​ဝက်​တစ်​ဝက်​​တွေ ဝက်​ရင်​းနဲ့ တစ်​ဆယ်​​ခြောက်​ပုံ ​တွေဖြစ်​လာပုံရတယ်​ ။ တစ်​ကျပ်​ တစ်​ဆယ်​​ခြောက်​ပဲ ။ တစ်​တင်​းမှာ တစ်​ဆယ်​့​ခြောက်​ပြည်​ ​နောက်​ ၁ဝ ဆံချည်​ တစ်​နှမ်​းမှာလဲ ၁ဝဆံချည်​နဲ့ တစ်​လက်​မရဲ့ တစ်​ဆယ်​့​ခြောက်​ပုံတစ်​ပုံ အညီတွက်​ထား​သေးဗျ ။

  • အိမ်လွမ်းသူ

    May 28, 2014 at 2:02 pm

    အဲဒီ ကိစ္စကို အရင်ကသူငယ်ချင်းတွေနဲ့ လဲတော်တော်ပြောဖြစ်တယ်။ ဥပမာ ကျွန်တော်တို့ရဲ့ တိုင်းရင်းဆေး ဆိုပါတော့ သမားတော်ကြီး ဇီဝက ကစလို့ မြန်မာတိုင်းရင်းဆေးတွေဟာ တော်တော် အစွမ်းထက်တယ်လို့ကြားဘူးပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ မတိကျတဲ့ အချိန်အတွယ် တွေနဲ့ သုတေသန တွေ့ရှိချက်တွေကို မှတ်တမ်းမှတ်ရာလုပ်မှူ့ အားနဲ့ ချက်တွေ ကြောင့် နှစ်ကာလ ကြာလာတာနဲ့ အမျှ ပါးစပ်ပြောတွေနဲ့ ရမ်းရမ်းလုပ်ရင်းနဲ့ အစွမ်းထက်မှူ့တွေဟာ ပြောက်ကွယ်လုမတတ် ဖြစ်လာရတော့တာပဲ။ ကြည့်လေ ကွမ်းသီးလုံးခန့်တို့ ဇီးကင်းခန့်တို့ပြောကြတယ် ဒါပေမဲ့ ကွမ်းသီးတို့ ဇီးကင်းတို့ ဆိုတာ အရွယ် အမျိုးမျိုးရှိနေ နှိုင်တာပဲလေ။ ဘယ်လိုလုပ်ပြီး တိကျတဲ့ အချိန်အတွယ် ဖြစ်လာနှိုင်မှာလဲ။

    • အိမ်လွမ်းသူ

      May 28, 2014 at 2:17 pm

      သူငယ်ချင်းပြော သလိုပေါ့ ဒီခတ် လူငယ်လေး တယောက်ကို မင်း ဝမ်းနှုတ်ဆေးကို ဇီးကင်းခန့်စားလိုက်ပါလို့ပြောရင် သူမြင်ဘူးတဲ့ ဇီးကင်းက အညာက ဇီးချင်သီးအကင်း သေးသေးလေးတွေမဟုတ်ပဲ ခုခတ် နိုင်ငံခြားကလာတဲ့ ကီလိုဇီကင်း အကြီးကြီး တွေသွားမြင်ပြီး စားလိုက်လို့ကတော့ သေပြီ ဆရာပဲ။

  • moonpoem

    May 28, 2014 at 5:42 pm

    ဟုတ်တယ်ဗျ။ကျွန်တော်မှာသာ ဘယ်ခရီး ဘယ်နှမိုင်ဆိုပြီးသာ ကျက်ထားရတာ တကယ်တမိးကျ ဂျပန်တွေက ကီလိုနဲ့ မေးတာရယ်။

  • Ma Ma

    May 28, 2014 at 7:36 pm

    စနစ်ကြောင့်လို့ပြောလို့ ကိုနေတစ်ယောက် သဂျီးကို ကလန်ပြီလို့ ထင်လိုက်တာ။ 😀
    အရင်က ဒစ်ဂျစ်တယ် ရွှေချိန်စက်က ဂရမ်ပဲ ပြနိုင်တယ်။
    ကိုယ့်ဖာသာ ကျပ် ပဲ ရွေး ပြန်ဖွဲ့ရတယ်။
    ခုခေတ်မှာ ဒစ်ဂျစ်တယ် ရွှေချိန်စက်တွေကတော့ ကျပ် ပဲ ရွေး တစ်ခါတည်း တန်းပြနိုင်နေပြီဆိုတော့………..
    သဂျီး ပြောသလိုပဲ ပြောလိုက်မယ်။
    စနစ်ကြောင့် မဟုတ်။ :LoL:

  • padonmar

    May 28, 2014 at 9:32 pm

    အဲဒီ ယူနစ်တွေ တွက်တဲ့ အချိန်အတွက်၊အခြင်ဇယားများ (နာမည်အတိအကျမဟုတ်)စာအုပ် စာပေဗိမာန်ထုတ်ထင်တယ်၊ကျမမှာရှိတယ်။
    မြန်မာ့ရိုးရာယူနစ်တွေ သိချင်ရင် စာအုပ်ပြန်လှန်ရတယ်။
    ကျမတို့လည်း နှစ်ပေါင်းများစွာ စနစ်ဟောင်းထဲ ကျင်လည်ခဲ့ကြတော့ ကိုယ့်ကိုယ်ကိုယ် ပြောင်းဖို့ အတော်ခက်နေကြတယ်။
    လူနာရဲ့ အပူချိန်ပြောရင် အပူချိန် ၁၀၀/၁၀၂/၁၀၃/၁၀၄ ဆိုတာမျိုးပဲ နားယဉ်တယ်။
    37.5 ဆိုရင် ဘယ်လောက် ပူနေမှန်း စဉ်းစားမရဘူး။
    ကိုယ့်ကိုယ်အလေးချိန်ဆို ၂ရပိဿာ ဖြစ်ဖြစ် ၉၈ ပေါင်ဖြစ်ဖြစ် ပြောမှ စိတ်ထဲ သိသလို။
    စီးတီးမတ်မှာ အသီးအနှံတွေ ဂရမ်/ကေဂျီ နဲ့ ရောင်းရင် မမှန်းတတ်လို့ မဝယ်တော့ဘူး။
    အမှန်တော့ အလုံးသေးသေး များများကြိုက်သလား၊အလုံးကြီးကြီး အရေအတွက်နည်းနည်းကြိုက်သလား ကိုယ်ကြိုက်တာ ရွေး အခွင့်အရေးတူ ရတာ။
    ကွန်တိန်နာတွေ တွက်တော့ ပေ ၂၀၊ပေ ၄ဝ လို့ သုံးတုန်း။
    အထဲမှာ ဘယ်လောက်ဆန့်တာကျတော့ CBM (Cubic Meter)
    နဲ့ တွက်ရတယ်။အထဲမှာထည့်တဲ့ စက္ကူကာတွန်းပုံးတွေကို cm နဲ့ ပေးသူကပေး၊ ပေ လက်မနဲ့ ပေးသူကပေး၊
    ပြန်ပြီး အမြှောက်အစားလုပ်နေရတယ်။
    ဆန်တို့ပဲတို့ နိုင်ငံခြားတင်ရင် အခုထိ မက်ထရစ်တန်ဆိုတာ သုံးရတုန်းပဲ။
    တပြည်လုံး တညီတညာတည်း ပြင်ရင်တော့ မြန်မြန်ဖြောင့်သွားမယ်ထင်ပါတယ်။
    အခုလို ပြုပြင်သင့်တာ ထောက်ပြတဲ့ အဘနီ ကို လေးစားပါတယ်။

  • ဦးဦးပါလေရာ

    May 30, 2014 at 10:20 am

    .ခက်တာက-
    .ကျုပ်တို့လူမျိုး ကျုပ်တို့နိုင်ငံသားတွေက ပြုလွယ်ပြောင်းလွယ် မရှိကြဘူး..
    .ဥပမာ- ယာဉ်မောင်းတဲ့အခါ လက်ယာကပ်မောင်းစံနစ်ပေမယ့် အချက်ပြတဲ့အခါတွေမှာတော့ လက်ဝဲမောင်းစံနစ်က အချက်ပြပုံတွေကို .အခုထိ ပြောင်းလို့ကို မရသေးဘူး…။
    .အဲဒါဟာ စံနစ်ကြောင့်လား လူကြောင့်လား လို့ပြောရရင်
    .ကျုပ်ကတော့ စံနစ်ကြောင့် လို့ပဲပြောမယ်…
    .ကျုပ်တို့နိုင်ငံမှာ သမိုင်းတစ်လျှောက်က ဒီကနေ့မနက်ခင်းအထိကို အာဏာရှင်တွေက တောက်လျှောက် အနိုင်ကျင့် နှိပ်ကွပ် အုပ်ချုပ်လာတာ..။
    .ဒါကြောင့် ကျုပ်တို့လူမျိုး (မြန်မာတိုင်းရင်းသားအားလုံး) ရဲ့ သွေးထဲသားထဲ အတွင်းစိတ်ထဲမှာ-
    .လက်ရှိထက် ပိုကောင်းတာကို ပိုသင့်တော်တာကို မမျှော်လင့် မတောင့်တ မယုံကြည်ချင်တော့ဘူး….
    .လက်ရှိထက် ပိုမဆိုးအောင်ပဲ လက်ရှိထက်ပိုမဆိုးတဲ့အခြေအနေကိုပဲ မျှော်လင့် တောင့်တ ဖက်တွယ်ထားချင်တော့တာ…

    .နဲနဲဝေးတဲ့ ဥပမာတစ်ခုပြောရရင်
    .တောကျောင်းမှာစာသင်တဲ့ ကျုပ်သူငယ်ချင်းတစ်ယောက်ဆို
    .ရတဲ့ဝင်ငွေနဲ့ ထမင်းလဲ နပ်မမှန်ဘူး
    .(နပ်မမှန်ဆိုတာ တစ်ချိ့ရက်တွေမှာ နှစ်နပ်ပြည့်အောင်မစားနိုင်တာမစားရတာဖြစ်တယ်)
    .အဲဒီအလုပ်ကလဲ မထွက်ရဲတာ နှစ်အစိတ်ကျော်ပြီ
    .ဘာကြောင့်လဲဆိုတော့ သူ့ဘဝ ဒီ့ထက်ကောင်းလာမှာ မယုံကြည်ပဲ ဒီ့ထက်ဆိုးသွားမှာစိုးရိမ်လို့….

    • naywoon ni

      May 30, 2014 at 11:21 am

      အဲ့သဟာက​တော့ ဘုရား​ဟောထဲမှာလဲပါသားဗျ ။ အရိယာ မဖြစ်​သမျှ ဘဝ​ပြောင်​းရမှာ ( ​သေရမှာ ​ကြောက်​တယ်​ ) ငရဲကို ကျ​နေ​စေဦး​တော့ လက်​ရှိဘဝကို စွန်​့ရမှာ​ကြောက်​​သေးသတဲ့ ။ အဲ့ဒိ​တော့ ပြုပြင်​​ပြောင်​းလဲ​ရေး လိုလားသူ ပြုပြင်​​ပြောင်​းလဲဖို့ လိုလာသူ​တွေဟာ ​လောကုတ္တရာမှာ အာရိယာ ပုဂ္ဂိုလ်​ မဟုတ်​​သေး​ပေမဲ့ ​လောကမှာ ​တော့ အာရိယာ ပုဂ္ဂိုလ်​​တွေပဲလား မဆီမဆိုင်​ ဘာသာ​ရေးနဲ့ နွယ်​ပြီး ​တောင်​​တောင်​အီအီ ​တွေး​နေမိရဲ့

Leave a Reply