Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ယနေ့…နားစွန်နားဖျားရပ်ကွက်…။

black chawMay 30, 20142min78222

နားစွန်နားဖျားရပ်ကွက်သည် တစ်ခါသုံး ပစ္စည်း သာ ဖြစ်ပါသည်…။
နားစွန်နားဖျားရပ်ကွက် မှ သင့်အား မည်သည့် ပညာ…ဗဟုသုတ…ကိုမှ ပေးရန် ရည်ရွယ်ချက် မရှိပါ…။
နားစွန်နားဖျားရပ်ကွက်သည် စာကြီးပေကြီးကြိုက်သူများကို မရည်ရွယ်ပါ…။
နားစွန်နားဖျားရပ်ကွက်သည် လူကြီးလူကောင်းကြီးများအတွက် မဟုတ်ပါ…။
နားစွန်နားဖျားရပ်ကွက်သည် စာဖတ်သူ သင့်အား ပေါ့ပေါ့ပါးပါး ဖတ်ပြီး ပေါ့ပေါ့ပါးပါး ပြုံး စေလိုခြင်းကသာ
တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်ကြောင်း ဝန်ခံပါသည်…။
နားစွန်နားဖျားရပ်ကွက်ထဲမှ နာမည်ကျော် ပုဂ္ဂိုလ်များ၏ သတင်းများ၊ ဒိုင်ယာလော့ခ်များသည်…
မြန်မာနိုင်ငံအတွင်း တရားဝင်ထုတ်ဝေလျှက်ရှိသော
ဂျာနယ်များတွင် ဖေါ်ပြထားသည့် အချက်အလက်များ ဖြစ်ကြောင်း ဝန်ခံအပ်ပါသည်…။

 

မမသန်း လို့ ချစ်စနိုးခေါ်ကြတဲ့ ထပ်ဆင့်အကယ်ဒမီ ခင်သီတာထွန်းကြီးတစ်ယောက်…

အဆိုတော်မဟုတ်ဘာမဟုတ်နဲ့ အမ်တီဗွီ ဆိုပြီး ဟော့ရှော့ထလုပ်ခဲ့ဖူးတာ အသေအချာပါ ကျောင်းဒကာ…။

ကလီယိုပါထရာ လို့ အမည်ရတဲ့ မောင်သစ်မင်းရေးသားသော အယ်လ်ခွန်းရီရဲ့ စီးရီးစ် ခွေပေါ့…။

ဒါရိုက်တာ မောင်မောင်လှမြင့်ရဲ့ ရိုက်ချက်တွေနဲ့ မမသန်းကြီးရဲ့…

အပျင်းစား…အကြမ်းစား…အမိုက်စား…ညှို့အားပြင်း သရုပ်ဆောင်ချက်တွေက

အဲဒီခေတ်ရဲ့ အစ်ကိုကာလသားတွေရဲ့ အိပ်မက်တွေကို…

ပိုင်စိုးခဲ့ဖူးတာလည်း အသေအချာပါ…။ (ကိုယ်တွေ့နော် ကိုယ်တွေ့…ဟေးဟေး)

အလှဘုရင်မ ကလီယိုပါထရာ အကြောင်းဖွဲ့ထားတဲ့ သီချင်းမှာဆို…

မမသန်းရဲ့ စွဲမက်ဖွယ်ရာ သရုပ်ဆောင်ချက်တွေက ဂျနီဖာလိုပက်နဲ့ မလဲနိုင်ပါဘူးခင်ဗျာ…။

အခု စန္ဒီမြင့်လွင် ဆိုတဲ့ သရုပ်ဆောင် အဆိုတော်မလေးက…စီးရီးစ် တစ်ခွေထွက်ဦးမတဲ့…။

စီးရီးစ် အမည်က ကလီယိုပါထရာ ဆိုပဲ…။

မောင်သစ်မင်းကြီးရဲ့ ကလီယိုပါထရာ သီချင်းမှာ RAPPING တွေထည့်လို့…

စမ်းသစ်ကြဦးမယ်ပေါ့…။

ဘလက်ကြီးစိတ်ဝင်စားတာကလည်း အဲဒီ ကလီယိုပါထရာ သီချင်းကိုပါပဲ…။

ဖြူဖြူကျော်သိန်းကြီးရဲ့ Featuring သီဆိုမှုနဲ့ စန္ဒီမြင့်လွင်ရဲ့ ကလီယိုပါထရာ သီချင်းဟာ

အယ်လ်ခွန်းရီရဲ့ ကလီယိုပါထရာ သီချင်းကို အလဲထိုးလိုက်မှာတဲ့လား…။
ဘာတွေများ ထူးခြားမှာတဲ့လဲ…။

အဲဒီတစ်ပုဒ်တည်းနဲ့တင် ဒီစီးရီးစ်ကို နားထောင်ဖြစ်အောင် နားထောင်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်…။

စန္ဒီမြင့်လွင်ကြီးကလည်း သူ့ကိုယ်သူ ကလီယိုပါထရာ လို ခြယ်သပြင်ဆင်ဖီးလိမ်းလို့…

စီးရီးစ်ကြော်ငြာတွေလည်း တွေ့ရရဲ့…။

တေးရေး မောင်သစ်မင်း၊ ဇဝါ၊ ဂျေ-မီ၊ စနဲ၊ ဆောင်းဦးလှိုင်၊ ရန်ရန်ချမ်း၊ ဟဲလေး၊ ဘိုလေး၊ စိုးကြီး၊ ဒီးဒီ

တို့ရဲ့သီချင်းတွေတဲ့…။

ကဲ…သူမရဲ့ အလှ ကြောင့် ရောမမြို့ကြီးပျက်ခဲ့ရတယ်ဆိုတဲ့ ကလီယိုပါထရာ…၊

မောင်သစ်မင်း ရဲ့ ကလီယိုပါထရာ…၊

အယ်လ်ခွန်းရီ ရဲ့ ကလီယိုပါထရာ…၊

ခင်သီတာထွန်းကြီးရဲ့ ကလီယိုပါထရာ…။

စန္ဒီမြင့်လွင် ရဲ့ နောက်ဆုံးပေါ် ကလီယိုပါထရာ စီးရီးစ်ကို ၁-၆-၂၀၁၄ မှာ ပရိသတ်များ

နားဆင်နိုင်ပါပြီ ဆိုတဲ့ အကြောင်း…။

++++++++++++++++++++++++++++++++++++++++++++++

 

ကျွန်တော်တို့ ရွာသူလို့ ပြောလို့ရတဲ့…

ပရိုဂရမ်မာမလေး တစ်ယောက်က ကျော်ဟိန်းကို ဆရာတင်လို့ မင်းသမီးထလုပ်ခဲ့တဲ့ ဖြစ်ရပ်ကြီးတစ်ခု

အမှန်တကယ်ဖြစ်ပွားခဲ့ဖူးပါတယ်…ကျောင်းဒကာ…။

ပါချီပါချဲ့တော့ မဟုတ်ဘူးနော်…စရိုက်ကတည်းက ရုပ်ရှင်ကားကြီးတဲ့…။

ဇာတ်ကားနာမည်က “ကျော်ဟိန်း တပည့်” တဲ့ …။

အမည်သညာခေါ်စရာကား ဒေဝီဆူးခက် ဟူလို…။
အနေအစားမတတ်လိုက်တာ ငါ့ညီမရယ်…။

ဘယ့်နှယ့် ကျော်ဟိန်းခေတ်က ကျန်ခဲ့ပြီကောကွယ်…။

လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက စာနယ်ဇင်းတွေကို တလေးတစားဖိတ်လို့…
မိတ်ဆက်ပွဲကျင်းပခဲ့သေးပေါ့…။

အဲဒီတုန်းက အခမ်းအနားထဲကို ခေါင်းလောင်းတီးပြီး ဝင်ရောက်လာခဲ့တဲ့ သူမရဲ့ သတင်းကို
ချိုပေါ့ကျ (၆) မှာ ရေးခဲ့ဘူးပါတယ်ဗျာ…။

အောင်မယ်…အဲဒီပို့စ်မှာ ဒေဝီဆူးခက်ကိုယ်တိုင် ရွာထဲဝင်ပြီး ကွန်းမန့်တွေ ဝင်ရေးလိုက်သေးတာ
အခုအထိ မှတ်မိနေပါသေးတယ်…။

ပြန်ရှာဖတ်ချင်ရင် ဟောဒီမှာလင့်…။ (https://myanmargazette.net/109603)

ဆိုတော့…သူမသည်လည်း ကျွန်တော်တို့ ရွာသူတစ်ယောက်ပေပဲပေါ့…။

ဟော…အခု…သူမရဲ့ အမည်ဟာ ဒေဝီဆူးခက် မဟုတ်တော့ပါဘူးတဲ့…။

သူမရဲ့ အမည် အရင်းဖြစ်တဲ့ နန်းကလျာ ဆိုတဲ့ နာမည်နဲ့ပဲ အနုပညာအလုပ်တွေကို
ဆက်လုပ်သွားတော့ မှာပါတဲ့…။

ဒေဝီဆူးခက် ဆိုတဲ့ နာမည်က ခိုက်လို့ဆိုလား…။
အော်…သမီးရယ်…ဒေဝီဆူးခက်ဆိုတဲ့ နာမည်လေးက လှနေရက်နဲ့…။
အေးလေ…သူ့နာမည် သူပြောင်းတာ ပဲ ကိုယ်နဲ့ ဘာဆိုင်တာမှတ်လို့…။
နန်းကလျာဆိုတော့လည်း နန်းကလျာ ပေါ့…။ ဟုတ်ဘူးလား…။
ကဲ…ကျောင်းဒကာ ကျောင်းအစ်မတို့ရေ…
ဒေဝီဆူးခက်ကို မေ့လိုက်ကြစို့…။
နန်းကလျာ လေးကိုပဲ ပြောင်းအားပေးကြစို့…နော့်…။

 

+++++++++++++++++++++++++++++++++++++++++++++++++++

 

ပြီးခဲ့တဲ့ အကယ်ဒမီပေးပွဲမှာ အမျှော်လင့်ကြီးမျှော်လင့်ခဲ့ပြီးမှ…အလွဲကြီးလွဲခဲ့ရရှာသော
မင်းသမီး နဝရတ်…

တစ်ယောက်လည်း ရုပ်ရှင်လောကက နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပါပြီတဲ့…။

အကယ်ဒမီ ကြီးကို စိတ်ကုန်သွားတယ်ထင်ပါရဲ့…။
လောလောဆယ် စီးပွားရေးလုပ်ငန်းထဲမှာပဲ စိတ်နှစ်ထားဦးမှာပါ တဲ့…။ (Spa ဖွင့်ထားတာတဲ့နော်…ဟေးဟေး)

သူမပိုင် ငွေလမင်း ဗီဒီယို ထုတ်လုပ်ရေးရုံးခန်းကိုပါ ပိတ်သိမ်းသွားခဲ့ပါတယ်တဲ့…။
ရိုက်ထားတဲ့ ဗီဒီယို ၃ ကားနဲ့ ရုပ်ရှင်တစ်ကားကိုတောင် ရောင်းပစ်လိုက်ပြီဗျာ…။
အော်…အကယ်ဒမီ…အကယ်ဒမီ…တယ်ပြီး နတ်ကြီးတာပဲနော်…။

 

++++++++++++++++++++++++++++++++++++++++++++++++++++

 

ဟိုတလောက ကိုးရီးယားနိုင်ငံက နာမည်ကြီး K Pop အဖွဲ့တွေ…

ဖျော်ဖြေခဲ့တာကို… စကိုင်းနက်က Live ကြည့်လိုက်ရပါတယ်…။
နည်းတဲ့ ပရိသတ် မဟုတ်ပါ။ ဒါတောင် ဝင်ကြေးက သိန်းဂဏန်းရှိတယ်ဆိုလား။
တစ်ဖွဲ့တက်လာပြီး သီချင်းဆိုလိုက်တိုင်း သာမန်ထက်အိုဗာဖြစ်တယ် ထင်ရတဲ့ အားပေးမှုတွေကို
အံ့ဩစရာ မြင်တွေ့ခဲ့ရပါတယ်…။
သီချင်းပြီးလို့ ကိုးရီးယားအဆိုတော်လေးတွေက ပရိသတ်ကို နှုတ်ဆက်စကားပြောကြတဲ့အခါ
စကားတစ်ခွန်းပြောလိုက်တိုင်း အာခေါင်ခြစ်အော်တဲ့ အသံတွေနဲ့ လှိုက်လှဲတဲ့ အားပေးမှုတွေကို
မြင်ရကြားရတဲ့အခါ…အော်…သူတို့တတွေများ ကိုးရီးယား စကားကို နားလည်နေကြပြီလားလို့
ထင်မှတ်ရလောက်ပါတယ်…။
ရှေ့ဆုံးတန်းမှာထိုင်နေသူတွေကိုကြည့်လိုက်တော့ ဝိုင်းစုခိုင်သိမ်း၊ ဝါဆိုမိုးဦး၊ ရဲအောင် တို့ကို တွေ့ရ။
လူငယ် အဆိုတော်တွေကိုလည်း ဖြတ်ကနဲမြင်လိုက်ရ။
သေချာတာကတော့ K Pop ယဉ်ကျေးမှုဟာ မြန်မာလူငယ်ကျား/မတွေကို လွှမ်းမိုး သိမ်းပိုက်သွားခဲ့ပြီ
ဆိုတာပါပဲ…။
အခု…နောက်ထပ် နာမည်ကြီး K Pop အဖွဲ့တွေကို မြန်မာပြည်ထဲတင်သွင်းလို့…
ရုံသွင်းကြဦးမယ်ဆိုလား…။
လက်မှတ်တစ်စောင် ၁၅ သိန်း တဲ့…။
မြန်မာပြည် ဆင်းရဲတယ်လို့ ဘယ်သူတွေကပြောကြသတဲ့လဲ…။
လေးဖြူတို့ ဇော်ဝင်းထွဋ် တို့ ကို အားနာစရာ…။
ခဗျာများ ဝင်ကြေးသောင်းဂဏန်းလောက်လေးတွေနဲ့ သီချင်းဆိုနေရရှာ။
လူတစ်ယောက် တစ်နေ့ ၂၀၀ဝ နဲ့ လောက်ပါတယ် ဆိုတဲ့ ဦးဉာဏ်ထွန်းကြီး ကို အားနာစရာ…။
K Pop ကြည့်ဖို့ ၁၅ သိန်းတော့ တတ်နိုင်ကြတယ် ဆိုတဲ့သူတွေက ဘယ်သူတွေလဲ…။
အသာလုပ်ကြပါကွယ်တို့။

 

+++++++++++++++++++++++++++++++++++++++++++++++++++++++

အသက်ကြီးမှ စန်းထနေတဲ့ ဒေါက်တာစိုးသူလွင်ခေါ်

ရုပ်ရှင်မင်းသား အဆိုတော် စိုးသူ…တစ်ယောက်

သရုပ်ဆောင် ပြန်လုပ်တော့မယ်လို့ နားစွန်နားဖျားကြားမိပါတယ်ဗျာ…။

ဟိုတုန်းက ပေါက်မင်းသားတစ်လက်ဖြစ်ခဲ့တဲ့ အကယ်ဒမီ စိုးသူ ရဲ့ ပြန်လည်ထိုးဖေါက်လာမှုကို
လက်ရှိပေါက်မင်းသားတွေက စိုးရိမ်တကြီး စောင့်ကြည့်နေကြတယ် ဆိုလား…
နားစွန်နားဖျားကြားရတာပဲကွယ်…။

နွားပျိုသန်လှ နွားအိုပေါင်ကျိုးဆိုတဲ့ စကားကလည်း ရှိသေးသကိုး…။

++++++++++++++++++++++++++++++++++++++++++++++++++++++++

 

အဆိုတော်ဖြိုးကြီးနဲ့ ကွာရှင်းထားတဲ့ အကယ်ဒမီ စိုးမြတ်နန္ဒာ

တစ်ယောက်လည်း
နောက်အိမ်ထောင်ပြုဦးမယ့် သဘောရှိပါတယ်ခင်ဗျာ…။

စိုးမြတ်နန္ဒာ ရဲ့ အပြောက…
အားလုံးနဲ့ အဆင်ပြေတဲ့သူ ဆိုရင် ရွေးမှာပါ တဲ့…။
အစ်မဖြစ်သူ စိုးမြတ်သူဇာကြီးကလည်း ကိုယ့်ညီမ ဆုံးဖြတ်တဲ့အရာဟာ မှန်မှာပါ ကောင်းမှာပါ လို့
ပြောသွားတယ်ဆိုတော့ စိုးမြတ်နန္ဒာကြီးရဲ့ မင်္ဂလာသတင်း မကြာမီ လာမည် လို့ပဲ
ဘလက်ချောကြီးက ခန့်မှန်းရေးသားလိုက်ရပါတယ်ခင်ဗျာ…။

 

++++++++++++++++++++++++++++++++++++++++++++++++++++++++

 

ဒါရိုက်တာ ဝိုင်း ရိုက်တဲ့ရုပ်ရှင်တွေကို …

အကယ်ဒမီအတွက် လျှောက်လွှာမတင်ပါဘူးတဲ့…။

အခုမှ ကြားဖူးတဲ့ စကားပါ…။
အကယ်ဒမီရဖို့ လျှောက်လွှာတင်ရဦးမတဲ့လား…။
လျှောက်လွှာမတင်ရင် ဘယ်လောက်ကောင်းကောင်း အကယ်ဒမီမပေးတော့ဘူးတဲ့လား…။
တစ်ခုခုတော့ လွဲနေပါပြီကွယ်…။
အခုရုံတင်နေတဲ့ စေတန်ရဲ့ ကချေသည် ရုပ်ရှင်ကားဟာ အကယ်ဒမီ ပြိုင်ပွဲမဝင်ထားဘူးတဲ့ခင်ဗျ…။
ဟာနေတိုးကြီးတော့ သရုပ်ဆောင်တာမိုက်တယ်ကွာ ဆိုပြီး အကယ်ဒမီ သွားမျှော်မနေနဲ့…။
သေချာတယ် နေတိုး ဆိုတဲ့ မင်းသား စေတန် ရုပ်ရှင်နဲ့ အကယ်ဒမီ မရဘူးဆိုတာ…။
သက်မွန်မြင့်လေးသရုပ်ဆောင်တာကတော့ အကယ်ဒမီရှော့ပဲ ဆိုပြီး ရင်ခုန်မနေနဲ့ ဗျ…။
အဲဒီရုပ်ရှင် အကယ်ဒမီ ပြိုင်ပွဲ မဝင်ထားဘူးတဲ့…။
တစ်နှစ်မှာ ၁ဝ ကားလောက်သာ ထွက်တဲ့ မြန်မာ့ရုပ်ရှင်လောကမှာ ပြိုင်ပွဲမဝင်ရင်
အကယ်ဒမီ မပေးဘူးဆိုတော့ မြေနိမ့်ရာလှံစိုက်သလို ဖြစ်မနေဘူးလားဗျာ…။
နံနက်ခင်းက ဒါရိုက်တာဝိုင်းကို ဗျူးထားတဲ့ အမေးအဖြေလေးတစ်ခုကို ဖတ်ကြည့်ပါဗျာ…။
နံနက်ခင်း။ ။ ဝိုင်းရိုက်တဲ့ကားတွေ အကယ်ဒမီအတွက် လျှောက်လွှာမတင်ရဘူးဆိုတော့ သရုပ်ဆောင်တွေ၊
ပရိုဂျူဆာတွေ ဘက်က မနစ်နာနိုင်ဘူးလား။
ဒါရိုက်တာဝိုင်း ။ ။ အဲလို မနစ်နာအောင်လို့ “နင်စေရင်” ရုပ်ရှင်ကို လက်မှတ်ထိုးပေးလိုက်ပါတယ်။
ကစ်ကစ်အတွက်ပါ။ စေတန်ကို မဝင်ဘူးလို့ပြောလိုက်တယ်။ စေတန် မှာ ပါဝင်တဲ့ နေတိုး၊
သက်မွန်မြင့်၊ ယွန်းယွန်း တို့အားလုံးအကယ်ဒမီရပြီးပါပြီ။ မရသေးတာဆိုလို့ ဒါရိုက်တာဝိုင်းပဲ
ရှိပါတယ်။ အဲဒီ ဒါရိုက်တာကိုလည်း ဆုပေးမှာမဟုတ်ဘူးလေ။
ဒီတော့ ကျွန်တော့် ပရိသတ်နဲ့ပဲ နဖူးတွေ့ ဒူးတွေ့ ဆက်ဆံတော့မယ်။ ဘာမှန်းမသိတဲ့
သဘောထားရှိတဲ့ လူတွေနဲ့ မဆက်ဆံချင်တော့ဘူး။ ပြီးတော့ ကျွန်တော်ယုံကြည်မှုရှိရင်
အကယ်ဒမီပြိုင်ပွဲကို ဝင်ပါမယ်။ အကယ်ဒမီ ဘုတ်အဖွဲ့ကို ယုံကြည်မှုမရှိရင် ဝင်ဖို့လက်မှတ်
ထိုးပေးမှာလည်း မဟုတ်ပါဘူး။

ကဲ…ကျောင်းဒကာ…ကျောင်းအစ်မတို့ရေ…။
ကွက်ရှင်လေး နည်းနည်း ရှု ခွင့်ပြုပါခင်ဗျာ…။
မြန်မာ့ရုပ်ရှင် ရဲ့ အကယ်ဒမီ ကို ဘယ်သူတွေက ရွေးချယ်နေပါသလဲ…။
အကယ်ဒမီရဖို့ နောက်တစ်ခါ ထပ်ပြီး ပြိုင်ပွဲဝင်နေရဦးမတဲ့လား…။
ဒါရိုက်တာက ပြိုင်ပွဲ မဝင်ဘူးဆိုတာနဲ့ သရုပ်ဆောင်တွေက အကယ်ဒမီ မရတော့ဘူးတဲ့လား…။
ကဲ…တာဝန်ရှိသူတွေဖြေကြပါ…။
မြန်မာ့ရုပ်ရှင်လောက ဘာလဲ…ဘယ်လဲ…။

++++++++++++++++++++++++++++++++++++++++++++++++++++++++

 

ပြီးခဲ့တဲ့ လက အဆိုတော် ချမ်းချမ်းတို့လင်မယားနဲ့ ပတ်သက်လို့…

ညီမဖြစ်သူနေနေရဲ့
အင်တာဗျူးတစ်ခုမှာ ပြောစကားတွေကြောင့် အပြန်အလှန် ရှင်းကြလင်းကြဖြစ်ခဲ့ကြတာ
မှတ်မိဦးမှာပေါ့…။
ဘလက်ကြီးကတော့ သတင်းတွေ လိုက်ဖတ်ပြီးကတည်းက ဘယ်သူအလွန်လဲဆိုတာ
ကိုယ့်အတွေးနဲ့ ကိုယ် ဆုံးဖြတ်ထားပြီးသားပါ။
အရေးအကြီးဆုံးဖြစ်တဲ့ နေနေ့ အစ်မ ချမ်းချမ်းက ဒီကိစ္စအပေါ် ဘယ်လိုများပြောမလဲဆိုတာ
စိတ်ဝင်တစား စောင့်ကြည့်မိပါတယ်။
ဟော…အခု နံနက်ခင်းမှာ ချမ်းချမ်းနဲ့ အင်တာဗျူးအရှည်ကြီးတစ်ပုဒ်ပါလာပါတယ်ဗျာ…။
အဲဒီအင်တာဗျူးထဲက အမေးအဖြေလေးတစ်ခုကို ဖတ်လိုက်ရုံနဲ့
ချမ်းချမ်းရဲ့ သဘောထားကို ပြတ်ပြတ်သားသားသိခွင့်ရကြမှာပါ။
ကဲ…ဖတ်ကြည့်ကြဗျာ။

မး ။ ချမ်းချမ်းတို့ မိသားစုနဲ့ ပတ်သက်ပြီး နေနေပြောခဲ့တဲ့ အပေါ်မှာ ဘယ်လိုခံစားရလဲ။
ဖြေ ။ ပြောချင်တာကတော့ အစ်မတို့ မိသားစုက အေးချမ်းတယ်၊ မအေးချမ်းဘူးဆိုတာကတော့
အစ်မတို့ကိုယ်တိုင်ပဲ သိတယ်။ ဒါပေမယ့် အမြဲတမ်းရန်ဖြစ်တယ်ဆိုတာ ဘယ်ဟုတ်ပါ့မလဲ။
လင်နဲ့မယား လျှာနဲ့သွား ရည်းဇားဘဝတုန်းကလည်း ဒီလိုပဲ။ တကယ်ချစ်လို့ပဲ တိုင်တိုင်ပင်ပင်နဲ့
လက်ထပ်ခဲ့ကြတာပဲလေ။ မဟုတ်တာတွေ အပိုလုပ်ပြီးပြောတာကတော့ အစ်မတို့ မိသားစုကို
ထိခိုက်တာပေါ့။ မသိတဲ့လူတွေက တကယ်အဆင်မပြေဘူးလို့ ထင်ယောင်ထင်မှား ဖြစ်ကုန်တယ်။
တကယ်တမ်းကျတော့ နေနေပြောတာတွေ သိတောင်မသိဘူး။ ဒီလိုမျိုးတွေပြောတယ်ဆိုတာက
ဂျာနယ်ဖတ်လိုက်တော့မှ ဝဋ်ကြွေးခံရတယ်လို့ သိလိုက်တဲ့အခါကျတော့ အစ်မစိတ်မကောင်းဘူး။
အစ်မဘက်က အမျိုးသားမိသားစုကလည်း အနေအေးတယ်။ အစ်မတို့ကို ဒီလို အထင်မှားအမြင်မှား
ဖြစ်အောင် သူတို့ကို မိဘတွေလို ပြုစုစောင့်ရှောက်နေပါတယ် ပြောတဲ့စကားက နေနေဖြေတာတွေ
မှားပါတယ်။ အမှန်ပြုစုထောက်ပံ့တယ်ဆိုတာက ဥပမာ ငပလီကပြန်လာလို့ လက်ဆောင်ပစ္စည်းတွေ
ဝယ်ပေးတာလောက်ပဲ ရှိတာပါ။ ဒါတွေကလည်း သားသမီးတိုင်း လုပ်ရမယ့် ဝတ္တရားပဲလေ။
ဒါကို ထောက်ပံ့တယ် ပံ့ပိုးတယ်လို့ ပြောလို့မရဘူးလေ။ သူလည်း အစ်မမိဘတွေကို ဒါမျိုး စောင့်ရှောက်
တာပဲလေ။ သူတို့က အထင်လွဲပြီးဖြေလိုက်တာ့ မှားတာပေါ့။ အစ်မပြောချင်တာက အစ်မတို့ရဲ့ မိသားစု
အကြောင်းကို ဝင်ပြီး စွက်ဖက်တာများသွားတယ်။

ဆိုတော့ ဘုဏ်းသိုက်ရဲ့ မိဘတွေအပေါ်အထင်အမြင်သေးမှုတွေ ရှိနေကြသူတွေအနေနဲ့
ဇနီး ဖြစ်သူ ချမ်းချမ်းရဲ့ စကားကိုဖတ်ကြည့်လိုက်ရင် အဖြစ်မှန်ကို သိနိုင်ကြပြီပေါ့…။
ကဲ ကိုဘုဏ်းသိုက်ရေ အမှန် အတိုင်း ဖြစ်ရမှာပေါ့ဗျာ။ အေးဆေး…နွေးထွေး။

++++++++++++++++++++++++++++++++++++++++++++++++++++++++

 

တစိမ့်စိမ့် ကြည့် သီချင်းနဲ့ အောင်မြင်ခဲ့တဲ့ အဆိုတော် ဖိုးကာ ဟာ …

သီချင်းရေးလည်း
ကောင်းသူတစ်ယာက်ပါ…။

ဝိုင်းစုခိုင်သိမ်း ရဲ့ ချစ်ဦးပုံပြင်၊ မျိုးကြီးရဲ့ သူစိမ်းတစ်ယောက်ပါ
သီချင်းတွေဟာ တေးရေးဖိုးကာရဲ့ သီချင်းတွေပေါ့…။
အဆိုဘက်မှာတော့ ပေါ့ပ်သီချင်းချိုချိုလေးတွေကိုပဲ တစိုက်မတ်မတ် ဆိုခဲ့ရာကနေ
အခု အသက်ကြီးကာမှ ဘာစိတ်ကူးပေါက်တယ်မသိ…။
ROCK လိုင်းဘက် ကူးမလို့တဲ့ဗျာ…။
အလိုတော် အတိုင်းပါ ကိုဖိုးကာ…။
Rock ဆိုတော့လည်း Rock ပေါ့ဗျာ…။
ပရိသတ်ကတော့ Rock တွေ Pop တွေခွဲမနေကြဘူးထင်ပါရဲ့…။
သီချင်းကောင်းရင် အားပေးကြတာပါပဲ…။
မြန်မာသံအဆိုတော်ကြီးလွှမ်းမိုးတောင် Rock စီးရီးစ်တစ်ခွေ ဆိုခဲ့ဘူးသေးတာပဲ…။
ကာဖီဆိုင်အိပ်မက်လို့ အမည်ရတဲ့ စီးရီးစ်ပေါ့…။
မျိုးကျော့မြိုင် ရေးတဲ့ ထွန်းအိန္ဒြာဗို ရဲ့ မာစတာပိစ် မိုင်ပေါင်းကုဋေ ကိုတောင်
သူ့အသံ ဝါဝါကြီးနဲ့ ထည့်အော်ခဲ့သေးတာ မှတ်မိပါသေးတယ်…။
စကားတွေက ဘေးရောက်ကုန်ပြီ…ပြန်တည့်ကြဦးစို့…။
ဖိုးကာက Eulogy Rock Band နာမည်နဲ့ စီးရီးစ် ထွက်မယ်ဆိုပဲ…။
Band ပါ တစ်ခါတည်း ထောင်ပလိုက်တာနော်ကျောင်းဒကာ…။
ယုဇနရဲ့ ခင်ပွန်း Keyboard သိန်းထိုက်အောင်လည်း ပါတယ်တဲ့…။
ဟိုတုန်းက The Ants အဖွဲ့လိုပေါ့…။
အဆိုတော်တွေက ၄ ယောက်တဲ့…။
အောင်ခန့်၊ လေးနက်၊ လွင်ထူး နဲ့ ဖိုးကာ…။
အဲဒီစီးရီးထဲက သီချင်းတွေအောင်မြင်ခဲ့ရင် Group အနေနဲ့ပဲ သိစေချင်ပါတယ်တဲ့…။
Eulogy ဟာ Rock အဆိုတော် အသစ်တစ်ယောက်လို့ပဲ မှတ်ယူပေးပါတဲ့…။
အော်…မေ့တော့မလို့…။
စီးရီးစ် နာမည်က “မျိုးနဲ့ ရိုးနဲ့” လို့ အမည်ရပါတယ်တဲ့…။
မျိုးနဲ့ ရိုးနဲ့ ကိုဖိုးကာ ပေါ့ဗျာ…ဟေးဟေး…။

++++++++++++++++++++++++++++++++++++++++++++++++++++++++

 

အရမ်းအရမ်း နာမည် ကြီးနေတဲ့….

မော်ဒယ် ဇွန်သဉ္ဇာနဲ့ ဇာဇာထက်တို့ ဟာ ပြည်မြို့မှာ ကျင်းပခဲ့တဲ့
Pool Party ပွဲတစ်ခုကို တက်ရောက် ဖျော်ဖြေခဲ့ပါသတဲ့…။
သူမတို့ရဲ့ကျော်ကြားလှတဲ့ ခန္ဓာကိုယ် အလှအပတွေကြောင့်
ပွဲတက်ချင်သူတွေဟာ ၄ ဦးစာတစ်ဝိုင်းကို ကျပ် ၂ သိန်းပေးခဲ့ရပါတယ်တဲ့…။
ထွန်းအိန္ဒြာဗိုတို့ ဖြူဖြူကျော်သိန်းတို့ ထက်တောင် ကြေးပျင်းနေသေး…ဟေးဟေး…။
သူ့ဒေါသနဲ့ သူပေါ့ကွယ်…။ သုံးကြ ဖြုန်းကြပေါ့…။
မော်ဒယ်တွေဟာ အတွင်းခံသာသာ လောက်သာ ဝတ်စားထားကြောင်း
ပွဲတက်ရောက်သူတွေက ဆိုပါတယ်တဲ့…။
အဲဒါ ကြည့်ချင်လို့ သွားကြတာပဲ…။ ကြည့်ကြပေါ့…။
ဒါ…လေး…များ…။

++++++++++++++++++++++++++++++++++++++++++++++++++++++++

 

အနုပညာလောကထဲက အိမ်ထောင်ကျသွားတဲ့ မမတွေလည်း ..

ကလေးယူဖို့ စဉ်းစားနေကြပါပြီ…တဲ့…။

လင်းလင်း ကတော် ချစ်သုဝေလေးရဲ့ အပြောကဒီလိုပါဗျာ…။

“ထရီဇာကတော့ ရင်သွေးယူချင်နေပါပြီ။ ကိုလင်းနဲ့ ထရီဇာကြားထဲမှာ
ထရီဇာတို့ရဲ့ ကိုယ်ပွားလေးကိုတော့ လိုချင်မိတယ်။ သားသမီးဆိုတာ
အိမ်ထောင်တစ်ခုရဲ့ မှတ်တိုင်ပါ”
တဲ့…။

 

ဥက္ကာဦးသာ ကတော် ရှင်ဖုန်းကလည်း…

“ကလေးယူဖို့တော့ စဉ်းစားနေပြီ၊ ယူလည်းယူချင်နေပြီ၊ ဒီနှစ်အတွင်းတော့ ရင်သွေးယူမှာပါ”
တဲ့…။

ကချင်မလေး ရေဗက္ကာဝင်း ကလည်း

“နောက်တစ်နှစ်နှစ်နှစ် လောက်ဆိုရင်တော့ ယူဖြစ်မှာပါ၊ ကလေးကလိုချင်တယ်။
ယူဖို့လည်း စဉ်းစားထားတယ်။

တဲ့…။

 

မျိုးစန္ဒီကျော် ကျတော့ ကိုယ်ဝန်တောင်လွယ်ထားရပါပြီတဲ့…။
အင်း… သားလေးမွေးရင် ကိုယ့်နာမည်ပေးပါ ဆိုတဲ့ လွှမ်းမိုးကြီးသီချင်း ကြုံးကြုံးသာအော်ပေတော့
ကျောင်းဒကာရေ့…။

++++++++++++++++++++++++++++++++++++++++++++++++++++++++

 

“အခုဆိုရင် မိန်းမလျာတွေကလည်း မြန်မာနိုင်ငံမှာ ရာနှုန်းများလာကြပြီ။

အဲဒီ ရာနှုန်းများလာတဲ့ မိန်းမလျာတွေမှာ နိုင်ငံရဲ့ တချို့လိုအပ်နေတဲ့ ကွက်လပ် နေရာတွေကို

ဖြည့်ဆည်းပေးနိုင်တဲ့ အစွမ်းအစတွေရှိတယ်။

ဂေး ဆိုတဲ့ လူတန်းစားဟာ လူ့လောကမှာ ရှိသင့်ရှိထိုက်တဲ့ လူတန်းစားဆိုတာကို ကျွန်တော်လည်း
အသိအမှတ်ပြုပါတယ်”

လို့ ဒါရိုက်တာ ဒေါနက ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်ဗျာ။

“အခုချိန်မှာ Copy ကိုဆိုတာကတော့ ကလေးနဲ့ အရူးပဲ ဆိုတော့တာပါ။ ကိုယ့်ကိုယ်ကို ပရော်ဖက်ရှင်နယ်လို့
သတ်မှတ်တဲ့ လူတွေက Copy မဆိုတော့ဘူး။ ဆိုလည်း မဆိုသင့်တော့ပါဘူး။”

လို့ HIPHOP အဆိုတော် ယုန်လေးက ပြောကြားလိုက်ပါတယ်။
အသာလုပ်ပါ ယုန်လေးရာ…။

နားစွန်နားဖျားရပ်ကွက် ကို လာအားပေးတာ ကျေးဇူးပါဗျာ။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။

 

 

22 comments

  • Mr. MarGa

    May 30, 2014 at 4:01 pm

    ဟဲဟဲ….. ကျောင်းဒကာရေ့
    လောလောဆယ်တော့ ဇွန်သဉ္ဖာ လဲ စိတ်ထဲမရှိ ဇာဇာထက် လည်း ခေါင်းထဲမထည့်တော့ပါဘူးဗျာ….
    နောက်တက်လေးတွေ ပေါ်လာပဗျ…
    ဘာတဲ…
    မေမြတ်မွန် ဆိုလားပဲ
    အဟေး… အဟေး….

  • ကေဇီ

    May 30, 2014 at 4:09 pm

    ဖတ်ရတာကို မောတာရယ်။
    ရေးနိုင်တဲ့ လူဂျီးကို ချီးကျူးချင်သော်လည်းးး သများကို တာဝန်မယူနိုင်ဘူး ငြင်းထားတာမို့ ကျော်လိုက်မယ်။
    ဟွန့်!
    😀

    မင်းသမီးထဲ နဝရတ်လည်းကြိုက်တယ်ဗျ၊မထီတရီမို့။
    ဒီဒီတို့ ညီ အမတွေကိုလည်း သိပ်ချစ်တာပဲ။
    အားပေးဦးမှာ။

    :s:

  • alinsett (gazette)

    May 30, 2014 at 4:12 pm

    စုံပလုံစိလို့. . .
    စပ်မိစပ်ရာဘာညာကွိကွစ်တွေကို
    အားရပါးရဖတ်သွားတယ် ဗျို့။

    ——–;

    သားလေးမွေးရင် ကျနော့်နာမည်ပေးပြီး နာနာလေးသာ ရိုက်စမ်းပါ ထွီဇာလေးရေ

    :mrgreen:

  • Wow

    May 30, 2014 at 4:32 pm

    ကလီယိုပတ်ထရာကို ဒီးဒီ ဘယ်လိုထွက်လာမလဲတော့ စိတ်ဝင်စားသား :kwi:

  • Kaung Kin Pyar

    May 30, 2014 at 4:41 pm

    နားစွန်နားဖျားဆိုလို့ အပြေးအလွှားတက်လာတာ…
    Contact us ကြီးနဲ့ တိုးလို့ အမောဆို့သွားတယ်… တော်သေးဒယ်..တော်သေးဒယ်..

  • Nyo Win

    May 30, 2014 at 4:43 pm

    နားစွန်နားဖျားရပ်ကွက်သည် စာကြီးပေကြီးကြိုက်သူများကို မရည်ရွယ်ပါ…။
    နားစွန်နားဖျားရပ်ကွက်သည် လူကြီးလူကောင်းကြီးများအတွက် မဟုတ်ပါ…။
    နားစွန်နားဖျားရပ်ကွက်သည် စာဖတ်သူ သင့်အား ပေါ့ပေါ့ပါးပါး ဖတ်ပြီး ပေါ့ပေါ့ပါးပါး ပြုံး စေလိုခြင်းကသာ
    တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်ကြောင်း ဝန်ခံပါသည်…။
    .
    .
    .
    ဟီဟိ…………..ကျနော်နဲ ့ တော့ ကွက်တိ….. 😀

  • ROssI

    May 30, 2014 at 5:18 pm

    အခွေခေါင်းစဉ်တွေဆိုလို့
    ယနေ့ အတော် ဟိုင်းသွားပြီဖြစ်တဲ့
    ဟို မမကြီးတယောက် အခွေထွက်ဖူးပါတယ်..
    ခေါင်းစဉ်က အဆန်းကြီး …ဘာတဲ့ …
    လိုရင်း ပြောပါ တဲ့
    ခွိ ခွိ
    အော် ..ကျော်ကလည်း မျက်စိက သိပ်ကောင်းတာမဟုတ်တော့ …
    အော်ဖတ်လိုက်မိပါတယ်…..

    လိုရင်းပြောပါလို့ပဲ …ဟီး ….

  • pooch

    May 30, 2014 at 7:08 pm

    အယ်​ .. ချမ်​းချမ်​းတို့သတင်​းမသိလိုက်​ဖူး ခုမှသိတယ်​
    ဖြစ်​ရ​လေ
    ​ပြောရရင်​ ချမ်​းချမ်​းမှ မဟုတ်​ဖူး တခြားသတင်​း​တွေလည်​း ခုမှသိတာ

    နားစွန်​နားဖျားရပ်​ကွက်​ကိုကြိုဆိုပါတယ်​
    မဖတ်​ဖြစ်​တဲ့သတင်​း​တွေ ဂျာနယ်​ဖိုးမကုန်​ပဲ အစုံသိရတာမို့ကြိုက်​တယ်​ 🙂

    လင်​းလင်​းနဲ့ ချစ်​သုတို့ရဲ့မျိုးဆက်​ကို စိတ်​ဝင်​စားတယ်​ ဘယ်​လိုပုံ​လေး ထွက်​လာမလဲလို့ အနုပညာgene ​ကောင်​းမှာ​သေချာတယ်​

    ကိုဘလက်​က​ ဓမ္မရာဇက​ရွှေချတယ်​​ပြောလို့ ​နောက်​ရက်​ စိတ်​ကူး​ပေါက်​ပြီး ည ၃ နာရီ​လောက်​ကြီးဝုန်​းဒုန်​းဆို ထသွားလိုက်​​သေးတယ်​
    ပူလိုက်​တာမှ ကျစ်​​နေတာပဲ

  • padonmar

    May 30, 2014 at 9:14 pm

    သတင်းစုံကို နားစွန်နားဖျားကြားလို့ မမြင်မကန်းဖတ်သွားပါတယ်။

  • padonmar

    May 30, 2014 at 9:22 pm

    ချိုပေါကျ(၆)ကို ခုမှ ပြန်ဖတ်ရတယ်။
    သူကလေး လာသွားတာကိုး။
    ဟိုတလောကတောင် ပန်ပန့် ဖွဘုတ်မှာတွေ့မိလို့ တခါကရွာထဲမှာ တင်ဖူးတဲ့ ဒေဝီဆူးခက်လားလို့ မေးမိသေး။
    အဲဒီနာမည်က မှတ်မိလွယ်တယ်။

  • naywoon ni

    May 30, 2014 at 11:25 pm

    နားစွန်​ နားဖျားကြားပြီး နား​ဝေတိမ်​​တောင်​ဖြစ်​သွားပါပြီ ​ကျေးဇူးပဲ

  • အရီးခင်

    May 31, 2014 at 2:40 am

    နားစွန်နားဖျား ကြားရုံ နဲ့ ထမီစွန်တောင်ဆွဲ ပြေးလာလိုက်ရတာ။
    “တစ်ခါသုံး ပစ္စည်း” ဆိုတာ လိုအပ်ချိန်မှာ ဘယ်လောက်တန်ဖိုးရှိတယ် ဆိုတာ ရှင်သိရဲ့လား ကဘချော ရဲ့။

    အမှတ်မမှားရင် အဲ့ ခင်သီတာထွန်း ရဲ့ “ကလီယိုပါထရာ” က အပိတ်ခံလိုက်ရသလားလို့။
    ကြုံတုန်းဝင်ကြွားစ် ရရင် သများ မောင်လေး လဲ အဲဒီထဲ မှာ ဆိုင်ကယ်ကြီးစီးပြီး အပျော်ပါလိုက်သေးရဲ့။
    အတော်ပေါရဲတာလို့ အားပေးခဲ့ပါရဲ့။

    တစ်ချို့ သတင်းတွေက ရှုတတ်ရင် တစ်ရာ ရ သမို့ ရသမျှ တစ်ရာ ယူ ရင်း ကျေးဇူးကြီးပါလို့။
    (သူကြီးမင်း ပွိုင့် ကိုမဆိုလို)
    :-)))

  • ဦးဦးပါလေရာ

    May 31, 2014 at 5:35 am

    .လာအားပေးသွားတယ် ကိုချောရေ…

    .တစ်လျှောက်လုံးပေါ့ပေါ့ပါးပါးလေးပြုံးရင်း ဖတ်လာမိရာက
    .ယုန်လေးရဲ့စကားကိုဖတ်ရတော့
    .မဲ့ပြုံးလေး ပြုံး မိပါရဲ့….

  • Crystalline

    May 31, 2014 at 10:41 am

    မိုက်အိ… နေ့စဉ် ကိုယ့်ရဲ့လက်တွေ့ဘဝမှာက ရုန်းကန်နေရတော့ အခုလိုပေါ့ပေါ့ပါးပါး.. ပျော်စရာလေးတွေကိုဖတ်ရတာ.. အမောပြေပါတယ်.. လေးဘလက်ရယ်… ဖိုးကာက သူ့အသံနဲ့ ရော့ခ်နဲ့က သိပ်လိုက်ဖက်မယ်လို့မထင်မိဘူး.. 🙄

  • Paing Lay

    May 31, 2014 at 3:55 pm

    ဖွဘုတ်မှာတော့ နားစွန်နားဖျားသွားမလုပ်လေနဲ့ အကုန်လုံးက ခုတ်မယ်ထစ်မယ် ပါးပါးလှီးမယ်ဆိုတာတွေချည်း 😀

  • Paing Lay

    June 1, 2014 at 4:28 pm

    စကားအတင်းစပ် ကိုဖိုးကာ ကိုတော့ အနော်စိုးရိမ်မိသား Rock နဲ့ သိပ်လိုက်ဖက်ပါ့မလားလို့ ကျန်တဲ့သူတွေကတော့ သူ့ Key နဲ့သူတော့ အဆင်ပြေနေမှာ အမှန်ပဲ 🙂

  • TNA

    June 1, 2014 at 11:40 pm

    နားစွန်နားဖျားကတော့ အရင်းအထိသိသိသွားတာပဲ။ တန်ဖိုးရှိလှတဲ့နားစွန်နားဖျားပါ။ ကွ့ကိုယ်ဆို အဲ့လောက်မစုံဘူး

  • ဦးကြောင်ကြီး

    June 2, 2014 at 8:12 am

    တရုတ်ကောင်းဂျောင်း ဓာတ်ပုံပို့စ်များ ဝေဝေစာစာ မစားရဝခမန်း တင်လေ့ရှိသူ ကြေးမုံဂျီး (ခ) အီတွန့်ဗွမ် ဆိုသူမှာ ရွာသားများ ထင်နေသလို တရုတ်ကူမြူ နစ် ပေါလစ်ဗျူ ရို အဖွဲ့ဝင်တဦး မဟုတ်ဘဲ တရုတ်ပြည်ရှင်ကျန်းဒေသ ခွဲထွက်ရေး အကြမ်းဖက် ပန်းသေးသဗုံဂေါင်းဇောင် ဖြစ်နေဂျောင်း တရုတ်ထောက်လှမ်းရေး သတင်းပေး ဆလိုင်းဖင်ပြောင်ထံမှ သိရှိရသီဆိုဒါမျိုးကြတော့ မပါဗာလား ဦးဘလက်..။

  • kyeemite

    June 2, 2014 at 11:06 am

    လက်မှတ်တစ်စောင် ၁၅ သိန်း တဲ့….ဖျား..ဖျား..
    ဟဲဟဲ….. ကျောင်းဒကာရေ့ဝင်အားပေးပြီး မမန့်ရသေးလို့ခုမှ မန့်ဖြစ်တယ်ဗျာ..
    နောက်ကျနေတာဆောဒီးပါ 🙂

  • ရွှေတိုက်စိုး

    June 2, 2014 at 11:40 am

    သားသားလဲ ကလေးထိန်းနေတာနဲ. မန်.တာနောက်ကျသွားတယ်ဗျာ.. ဆောတိ..
    သတင်းတွေကတော့စုံနေတာပဲဗျို…
    ဒါနဲ. ဇွန်သင်ဇာနဲ. ဇာဇာထက်ကို ကြည့်ဖို. ၂သိန်း ဟုတ်လား.. အမလေးနော်.. ဒီထက်ကောင်းတဲ့ပုံ တွေ တစ်နာရီ ၄၀ဝ နဲ. ကြည့်စမ်းပဗျာ… လိုင်းမကောင်းလို. အဝိုင်းလေးလည်တာ ထိုင်စောင့်ရင်တောင် ၃သောင်းလောက်ပဲ ကုန်မဲ့ဟာပဲဟာပဲ.. ဘာမှ လဲ ဘာလို.မရဘဲနဲ. အံ့ဩဘဗျာ…..

  • black chaw

    June 3, 2014 at 2:05 pm

    နားစွန်နားဖျားရပ်ကွက်ထဲ ဝင်ရောက်ဖတ်ရှုပြီးသကာလ
    ကွန်းမန့်လေးများ ချီးမြှင့်ပေးသွားတဲ့ ရွာသူရွာသားအားလုံးကို
    ကျေးဇူးအထူးတင်ရှိပါကြောင်း…။
    :mrgreen:

  • Ma Ma

    June 3, 2014 at 8:38 pm

    သူများပြောတာကို ပါးစပ်အဟောင်းသားနှင့် နားထောင်ပြီးသကာလ….
    အဲဒါရွာထဲက နားစွန်နားဖျားမှာ ရေးထားတယ်ဆိုုလို့ အပြေးအလွှားပြန်လာရတယ်။ :kwi:

Leave a Reply