Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အခမဲ့တဲ့လား. . .အရှက်မရှိဘူးလားလို့. . .

alinsettMay 31, 20141min76826

နိုင်ငံရေးတို ့ ဘာသာရေးတို့ ပညာရေးတို့ကို

မောင်သူရ ပါးစပ်က မပြောမိအောင်နေပါတယ် ။

 

အဲဒါတွေပြောမိရင်

မောင်သူရ ပါးစပ်ထဲက တစ်တစ်ခွခွစကားလုံးတွေပဲ ထွက်လာတတ်လို့ပါ။

 

နားဝင်ချိုအောင် မပြောနိုင်မယ့်အစား ကိုယ့်ဘာသာကိုယ် . . .

ရသ အနုပညာနယ်ပယ်ထဲမှာပဲ အေးအေးဆေးဆေးနေ နေတာပါ။

 

ဒါပေမယ့် အခုတော့ . . .

မပြောရ မနေနိုင်လောက်အောင် လျှာက ယားလာပြီမို့

အယားပြေ နည်းနည်းလောက် ပြောရတော့မှာပဲ။

 

မောင်သူရတို့ တိုင်းပြည်ဟာ အသံတော်တော်ကျယ်တဲ့

တိုင်းပြည်ပါ။

 

ဒဲ့ ပြောရရင်

”အသံကောင်းတွေ ဟစ်နေတာပဲ ကြားနေရပြီး တကယ့်တကယ်လက်တွေ ့မှာ တော့ ဘာမှ မဖြစ်စလောက်နဲ့ပါ။

 

လူကြားကောင်းအောင် ပြောတဲ့စကားတွေ ရေးပြတဲ့သတင်းတွေကို ဖတ်မိတိုင်း . . .

လက်တွေ ့နဲ့ တော်တော် သဟဇာတမဖြစ်လေခြင်းဆိုပြီး ကြိတ်မနိုင်ခဲမရ ဒေါသထွက်ရုံပါပဲ။

 

အဲ့ဒီ လူကြားကောင်းအောင် အသံကောင်း ဟစ်တဲ့အထဲမှာ

အခမဲ့ပညာရေး တို့ စရိတ်မျှပေးကျန်းမာရေးတို့. . .

တန်ဖိုးနည်း ဖုန်း တို့ . . .

တန်ဖိုးနည်း အိမ်ရာတို့. . .

WIFI FREE တို့ . . .

စသည်ဖြင့်ပေါ့. . .

 

ပညာရေးဆိုလည်း . . .

အခမဲ့ အခမဲ့ နဲ့ အသံတွေထွက်နေလို့ . . .

တကယ်ပဲ အခမဲ့လား လို့ မေး။

 

ကိုယ်တိုင်ကြုံမှ သိမယ်။

ဟိုပြောဒီပြော သတင်းတွေအရတော့ တကယ့်ကို အခမဲ့လိုလိုပေါ့။

 

ဒါပေမယ့် အခမဲ့ရဲ့နောက်ကွယ်မှာ အလှူငွေဆိုတာ ရှိနေတယ်။

ဘာကြေးညာကြေးဆိုတာတွေ တတိတိတောင်းနေတယ်။

မောင်သူရရဲ့ညီ. . .တက်နေတဲ့ကျောင်းမှာဆိုရင် ကျောင်းအုပ်ကြီးပင်စင်ယူလို့

ဆိုပြီးတောင်. . .အလှူငွေကောက်တယ်။

ကျောင်းအုပ်ကြီးက သူ ့ဘာသာ ပင်စင်ယူပြီးနားတာ။

မနားခင် ကျောင်းသားကျောင်းသူတွေဆီက ဘာလို့. . .ပိုက်ဆံတောင်းသလဲပေါ့။

ထားပါတော့။

 

ရှက်စရာကောင်းတာတွေ ဆက်ရှာ မပြောတော့ပါဘူး။

 

အခမဲ့ပညာရေးတဲ့။

နယ်ကျော်ကျောင်းအပ်မှုတွေနဲ့ ဆက်စပ်ကြည့်ရဦးမှာပဲ။

စာကောင်းကောင်းမသင်တဲ့ ကျောင်းမှာတော့ . . .ကိုယ့်ကလေးကို မထားနိုင်ဘူးဆိုပြီး. . . ပညာသင်ကောင်းမယ်ထင်တဲ့

ကျောင်းတွေဆီ

ကျော် အပ်ကြတာပေါ့။

 

(နာမည်ကြီးကျောင်းတွေကလည်းကျောင်းအပ်လာသူကို အရင်ဆုံးမေးတာက

အလှူငွေဘယ်နှစ်သိန်းထည့်မလဲ တဲ့)

အခနဲ့ ပေးတိုင်းတောင် ပေးရတာနဲ့ ထိုက်တန်သော ပညာရေးကို ပြန်မရသေးတာ။

 

အခမဲ့ဆို ပိုမဆိုးဘူးလား။

ပညာလိုချင်လို့

”ပညာသင်စရိတ် မကုန်ပါဘူး”လို့ နာမည်အတပ်ခံရပြီး ”အမည်တပ်မရတဲ့ တတိတိပေးရတဲ့ စရိတ်တွေ အကုန်ခံပြီး”သင်ပေးရတာ. . .

 

ပေးသလောက် ဘာများ တန်ရာတန်ရာ ပြန်ရသတုန်း။

ကိုယ့်ကလေးတွေရဲ့အနာဂတ် ဒီပညာရေးနဲ့ စိတ်ချလို့ရသလား။

 

ဒီတော့ ဟိုတနေ့က ကိုပီချို ့ပိုစ့်မှာ comment ပေးခဲ့သလိုပဲ ပြောရတော့မှာပဲ။

 

မောင်သူရတို့ရဲ့ ကလေးတွေအတွက် အခမဲ့ပညာရေး မလိုချင်ပါဘူး။

 

မျှတသင့်တော်သော အဖိုးအခကို စနစ်တကျ/စည်းကမ်းရှိရှိ/တိတိကျကျတောင်းပါ။

 

ပေးပါ့မယ်။

 

ဒါပေမယ့် ပေးရတာနဲ့တန်တဲ့ တကယ်အသုံးကျသော ပညာရေးကိုတော့ ကလေးတွေရဲ့အနာဂတ်အတွက် ပြန်ပေးပါ။

 

အခမဲ့ကို မလိုချင်ပါဘူး။

 

ပေးတာနဲ့ တန်တဲ့ အရည်အသွေးကိုပဲ ပြန်လိုချင်ပါတယ် ။

 

———————–

အခမဲ့ တို့ တန်ဖိုးနည်းတို့

 

မောင်သူရတို့ ခံနေရတာ အဲ့ဒီစကားလုံးတွေပဲ ။

 

ဒီမိုကရေစီရဲ့ အနှစ်သာရကို တိုင်းသူပြည်သားများ ပျော်ရွှင်ကျေနပ်စွာ စားသုံးနေရပြီ တို့. . .

 

ထင်ထားတာထက် ပိုလုပ်ပြနိုင်ခဲ့တယ် တို့. . .

 

ဖွံ ့ဖြိုးတိုးတက်ပြီး . . .

ဘာသော အစိုးရ ညာသော အုပ်ချုပ်မှုတို့. . .

 

ဖူလုံရုံမက ပိုလျှံနေလို့တို့. . .

 

စကားလုံးကောင်းကောင်းတွေ အသုံးပြခံနေရတာပါ။

 

လက်တွေ ့မှာက ဘာာာာမှကို မဟုတ်တာပါ။

 

အကြီးကြီးတွေကိုထားပါ။

အသေးအဖွဲကိုပြောပြပါ့မယ်။

မောင်သူရတို့လို အခြေခံလူတန်းစားတွေအသုံးပြုနိုင်အောင်ဆိုပြီး တန်ဖိုးနည်းဖုန်းတွေ ချပေးတယ်။

 

1500 ကျပ်ထဲနဲ့ ဆင်းကတ်တွေရောင်းချပေးပါတယ်ဆိုပြီး အများသိအောင် သတင်းတွေမှာ ကြေညာတယ်။

 

ဟုတ်လား။

 

တကယ် တန်ဖိုးနည်းလား။

တကယ် ၁၅၀ဝ ကျပ်ထဲလား။

 

ပြောတော့သာ ၁၅၀ဝ ။

၁၅၀ဝ နဲ့ ရတာက လူမြင်ကောင်းအောင် မဲပေါက်ပေးတဲ့ ”တစ်ရပ်ကွက်ကိုတစ်ယောက်နှစ်ယောက်နဲ့ . . .

သူတို့နဲ့ ပတ်သက်ရာပတ်သက်ကြောင်း

ဝန်ထမ်းတွေ ”ပဲ ရတာ။

 

တကယ့်အခြေခံလူတန်းစားတွေ ၁၅၀ဝ နဲ့ ဘယ်မှာ ဝယ်လို့ရလဲ။

 

ဆင်းကတ် တစ်သိန်းကျော်

ဟန်းဆက်ငါးသောင်းပဲထား။

ငွေဖြည့်ကတ်နဲ့ဘာနဲ့အပြီးအစီးဆို

ဖုန်းလေးတစ်လုံးကိုင်ခွင့်ရဖို့ တစ်သိန်းခွဲနဲ့အထက် ပေးရတာ။

 

အဲဒါလား တန်ဖိုးနည်း။

အဲ့ဒါလား ၁၅၀ဝ ။

 

ဖုန်းတစ်လုံးကိုင်ခွင့်ရဖို့ မောင်သူရတို့မှာ အလုပ် လုပ်ခ တစ်လစာလောက် ပေးလိုက်ကြရတာ။

တစ်လ တစ်သိန်းမရတဲ့ အလုပ်သမားတွေအများကြီး

ဆိုတော့ တစ်သိန်းအောက်ပဲရတဲ့

အလုပ်သမားတွေအတွက် တန်ဖိုးနည်းပါတယ်ဆိုတဲ့ဖုန်း ကိုင်နိုင်ဖို့ . . .

နှစ်လစာလောက် ပေးရတာ။

 

အသံကောင်း ဟစ်ကြတာတော့ တန်ဖိုးနည်း တဲ့ ။

 

တန်ဖိုးနည်းပါတယ်ဆိုတဲ့ လက်ကိုင်ဖုန်းတစ်လုံးကိုင်နိုင်ဖို့လုပ်ခလစာ တစ်လစာ/နှစ်လစာလောက် ပေးရတာမျိုး ဘယ်နိုင်ငံမှာဖြစ်ဖူးလဲပေါ့ ။

 

————————

 

တန်ဖိုးနည်းအိမ်ရာ ဆိုလည်း ”တန်ဖိုးနည်း”ဆိုတဲ့စကားလုံးကိုသာ ထည့်သုံးနေတာ။

ဘယ်မှာတန်ဖိုးနည်းလို့လဲ။

 

သိန်းရာကျော် နှစ်ရာ ဖြစ်နေတဲ့အိမ်တွေကို ဆင်းရဲမွဲတေနေတဲ့ ပြည်သူတွေ ဘယ်လိုဝယ်နိုင်မလဲ။

 

တစ်သိန်းနှစ်သိန်းဆိုရင်တောင် စားဖို့အနိုင်နိုင် လူတန်းမစေ့တဲ့ပြည်သူတွေ ဝယ်နိုင်ဖို့ မနည်းကြိုးစားရမှာ။

အခုတော့ တန်ဖိုးနည်းအိမ်ရာက သိန်းရာကျော် နှစ်ရာဖြစ်နေတော့ ချမ်းသာတဲ့သူတွေပဲ ဝယ်နိုင်လိမ့်မယ် ။

 

တစ်လသိန်းငါးဆယ်လောက် လစာ ရတဲ့ ပုဂိ္ဂုလ်တွေအတွက်တော့ အဲဒါတန်ဖိုးနည်းအိမ်ရာပေါ့။

 

မောင်သူရတို့အတွက်တော့. . . .

အဲဒီတန်ဖိုးနည်းအိမ်ရာဆိုတာ. .

လူကြားကောင်းအောင် ”တန်ဖိုးနည်း” ဆိုတဲ့စကားလုံး ထည့်သုံးထားတဲ့ တန်ဖိုးများအိမ်ရာပါပဲ ။

 

—————————

 

ကျန်းမာရေးဘက်ဆိုလည်း ဆေးရုံတွေမှာ လူမြင်ကောင်းအောင် ရေးထားတဲ့စာသားတွေကရှိသေးတယ်။

စရိတ်မျှပေးကျန်းမာရေးတဲ့။

 

မရှိဆင်းရဲသားတွေအတွက် ကျန်းမာရေးပြဿနာတွေ ကြုံလာပြီး ဆေးရုံဆေးခန်းပြေးရတဲ့အခါ အင်မတန် ခက်ခဲကျပ်တည်းပါတယ် ။

တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေခံလူတန်းစားတွေမှာ ငွေပိုငွေလျှံ စုဆောင်းထားနိုင်တာလည်းမဟုတ်။

လမ်းဘေးမှာမနေရရုံ /

မသေရုံလေးစားပြီး နေထိုင်အသက်ရှင်ရတဲ့ဘဝတွေမှာ ကျန်းမာရေးစရိတ်မတတ်နိုင်လို့ မသေသင့်တဲ့ရောဂါ

အသေးစားလေးတွေနဲ့တောင် သေနေကြရတယ် ။

 

စရိတ်သက်သာပါမယ်လို့ အမည်တပ် အသံကောင်းဟစ်ပြီး ငွေကြေးမတတ်နိုင်တဲ့ လူနာတွေကို ဆောင့်ကြီးအောင့်ကြီး စိတ်တိုလက်တိုပြုစုကြတဲ့ဆေးရုံတွေ

ငွေမတတ်နိုင်သူတွေကို ခွေးလိုဝက်လို ဆက်ဆံကြတာတွေ

လက်ဖက်ရည်ဖိုးမပေးရင် ငြူဆူဆောင့်အောင့် တဗျစ်တောက်တောက်ပြောဆိုနေတတ်တဲ့ ဆေးရုံဝန်ထမ်းတွေ

 

တကယ်တမ်းကျတော့ ငွေကြေးတတ်နိုင်သူတွေအတွက်တောင် အရည်အသွေးပြည့်တဲ့

ကျန်းမာရေးဝန်ဆောင်မှုမပေးနိုင်တဲ့ ဆေးရုံတွေပါ။

 

ဒီလို ဝန်ဆောင်မှု ညံ့ဖျင်းပုံတွေကြောင့်ပဲ

မတတ်နိုင်သူတွေ သေကြေပျက်စီးရ /

တတ်နိုင်သူတွေ တခြားနိုင်ငံသွားကုသကြရတာပါ

 

ဒီတော့ ဆေးကုသစရိတ်ကိုလည်း

အခမဲ့တွေ လျှော့ပေါ့မျှတမယ်တွေ လုပ်မနေပါနဲ့။

 

အခြေခံလူတန်းစားတွေအတွက် မျှတသင့်လျော်တဲ့ အခကိုတောင်းပါ။

တန်ပြန်သောအားဖြင့်

အရည်အသွေးရှိသော ဝန်ဆောင်မှုကိုပြန်ပေးပါပေါ့။

 

ကိုယ်ချင်းစာတရား

လက်ကိုင်ထားပြီး ရောင်းသူဝယ်သူ အသံတူသင့်ကြပါပြီ ။

 

((ပြည်သူ့ဆေးရုံဆိုတာတွေဘက် ရောက်တိုင်း . . . .ဦးကျော်သူတို့ ကူညီမှုအသင်းလို စိတ်နေသဘောထားမျိုးနဲ့ လှုပ်ရှားနေကြတဲ့အဖွဲ ့တွေကို ပိုလေးစားမိတယ်။ ))

—————–

 

ရွှေတိဂုံဘုရားပေါ်တို့ တခြား Wifi free လွှင့်ထားပေးတယ်ဆိုတဲ့နေရာတို့ကို ရောက်တိုင်း မဲ့ပြုံးလေးပြုံးမိသေးတယ် ။

 

wifi ကို အခမဲ့အသုံးပြုနိုင်အောင် ဝန်ဆောင်မှုပေးထားပါတယ်

ဆိုပြီး နာမည်ကောင်းတော့ ယူပါရဲ့။

လုပ်ပေးထားတာလည်း ကျေးဇူးတင်စရာပါ။

 

ဒါပေမယ့် ဘာတစ်ခုမှ သုံးလို့မရတဲ့ ဝန်ဆောင်မှုကို အလကားပေးနေမယ့်အစား

အသုံးကျတဲ့ဝန်ဆောင်မှုကိုပေး

ထိုက်သင့်တဲ့ ဝန်ဆောင်ခ ပြန်ယူတာကမှ ပိုရိုးသားဦးမယ် ။

 

အခုဟာက free ဝန်ဆောင်မှုပေးတယ်လို့တော့ ဂျာနယ်တွေ သတင်းတွေမှာ အသံကျယ်ကျယ်ကြားနေရပြီး တကယ်တမ်းကျတော့ အဲ့ဒီ freeက ဘာမှ သုံးလို့မရတဲ့ဟာကြီးပါ။

 

အဲဒီတော့ မောင်သူရ စဉ်းစားမိတယ် ။

 

မောင်သူရတို့ ရနေတဲ့ အခမဲ့တော်တော်များများက ဘာမှ အသုံးမဝင်တဲ့အခမဲ့တွေ။

 

မောင်သူရတို့ အခမဲ့ကို မလိုချင်တော့ဘူး။

ထိုက်သင့်မျှတတဲ့ အဖိုးအခ ပေးမယ် ။

ပေးရတာနဲ့ တန် တဲ့ ဝန်ဆောင်မှုကိုပဲ ပြန်လိုချင်တယ် ။

 

လူကြားကောင်းအောင် ပြောနေတဲ့စကားလုံးတွေကို မလိုချင်ဘူး။

 

ဘာမှ သုံးမရတဲ့အဲ့ဒီစကားလုံးမျိုးတွေကို အရှက်မရှိတိုင်းပြောနေမယ့်အစား အရှက်သိက္ခာကို စောင့်ထိန်းပြီး ဂုဏ်ယူကြည့်ကြပါလားလို့ ပြောချင်တာ ။

 

 

ဒါပေမယ့်. . . .နောက်မှပြောတော့မယ်။

 

 

_____________

 

မောင်သူရ

 

31 / 5 / 2014 /

 

07 : 11

 

 

 

 

 

 

26 comments

  • Kaung Kin Pyar

    May 31, 2014 at 8:21 am

    ခုတော့ လူမှုဖူလုံရေးဆိုတာကို လစာရဲ့ 2% ကောက်တဲ့ပုံ ပြောင်းနေပြီ ကိုအလင်းစက်ရေ။ ဘာတွေထပ်ဖြစ်လာမလဲ စောင့်ကြည့်ရမှာပဲ။ နိုင်ငံခြားသားတွေ ပိုက်ဆံရှိရင် ခရီးထွက်နိုင်ကြတယ်။ ဒီကလူတွေကတော့ အိုစာမင်းစာနဲ့ ပိနေတယ်။
    ဒီမှာ ကျောင်းကြီးတွေက အလှူငွေ ဘယ်နှသိန်းဆိုတာနဲ့တောင်မရတော့ဘူး။ ဘယ်လူကြီးအကပ်ရှိလဲ၊ မိဘက ဘာလဲဆိုတာတောင် လာသေးတာ။ အဲ့ကောျင်းဝင်ခွင့်ရတောင် ကလေးချင်းချင်းရဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ စာဘယ် အာရုံရပါ့မလဲ။

    • alinsett (gazette)

      May 31, 2014 at 9:02 am

      တကယ့်တကယ်မှာ
      လူမှုဖူလုံရေးဆိုတာ ဘာမှန်းတောင်မသိနိုင်တဲ့ ဝန်ထမ်းတွေတပုံကြီးပါ
      လစာလျှော့စာရင်းပေးခံထားရတဲ့ဝန်ထမ်းတွေလည်း ရှိပါတယ်။

      ပြောနေကျစကားပဲပြောရမှာပဲ မမကောင်းကင်ရေ
      ဒီမှာက မဖြစ်သင့်တာတွေပဲ ဖြစ်နေပြီး ဖြစ်သင့်တာတွေ မဖြစ်ဘူး။
      🙁

  • moonpoem

    May 31, 2014 at 9:58 am

    အခမဲ့ မဟုတ်သော အလှူငွေစနစ်ဖြစ်ပါကြောင်း 🙂

    • alinsett (gazette)

      May 31, 2014 at 11:33 am

      သိမ်မွေ ့တဲ့ စကားလုံးပေါ့

      အမှန်တော့ ဒမြတိုက်တာပဲ

      မပေးရင် ကိုယ်တွေ ရဲ့ ကလေး မျက်နှာငယ်ရမယ်
      အငြူစူ ခံရမယ်ဆိုတော့လည်း ပေးရတာပဲ

      :mrgreen:

  • ko six

    May 31, 2014 at 10:39 am

    အခမဲ့ ဆိုတာ
    အ,ခ မ​ပေးရတာကု​ပြောတာ
    ဟိုးတုန်​းက အ,တဲ့အခပါ​ပေးရတာ​လေ

    • alinsett (gazette)

      May 31, 2014 at 10:56 am

      အ တဲ့ အခ
      ဟုတ်တယ်
      အဲ့ဒါမျိုး မပေးချင်ဘူးး
      🙂

  • lu lu

    May 31, 2014 at 1:43 pm

    အခမဲ့ , အခမဲ့ နဲ ့ပြည်သူတွေ အ, အ တွေထင် နေတာ
    လားမှမသိ အမှန်တော့ အောင့်သက်သက်နဲ ့အ , ချင်
    ယောင် ဆောင် ပေးနေတာ
    😆

    • alinsett (gazette)

      May 31, 2014 at 2:29 pm

      အ ချင်ယောင် ဆောင်ရင်း ဆောင်ရင်း ဆောင်ရင်းနဲ့. . .
      တကယ် အ သွားလို့တော့ မဖြစ်ဘူးဗျို့. . .

      :mrgreen:

  • naywoon ni

    May 31, 2014 at 4:16 pm

    ​ပြော​နေလို့လဲအပို​တွေပါပဲ ဟို ပါးရိုက်​မယ်​ဆိုတဲ့ ဝံဂျီးလက်​ အပ်​လိုက်​

    • alinsett (gazette)

      May 31, 2014 at 4:43 pm

      တို့တိုင်းတို့ပြည်
      ပါးရိုက်မယ်ဆိုတဲ့ ယဉ်ကျေးတဲ့ အစိုးရနဲ့ကွ လို့ ဂုဏ်ယူနေရတာ အဘနီရေ

      ဒါတို့တိုင်း တိူ့ပြည်
      ဟီဟ်ိ

      :mrgreen:

  • Shwe Poe

    June 1, 2014 at 1:50 am

    အ ခ မဲ့ ဆိုတဲ့စကားလုံးအောက်မှာပဲ ကျ နော် တို ့
    နလန်မထူ နိုင် အောင် ပိပြားနေတာပါ
    တန်ဖိုးနဲ ဆိုတဲ့စကားလုံးလှလှ လေးတွေက ကျ နော်တို ့ရဲ ့မျှော်လင့်
    ချက်တွေကို ခြစားခံနေရသလိုပေါ့ ဗျာ
    :buu:

  • ရွှေ ကြည်

    June 1, 2014 at 10:14 am

    ၁၅၀ဝ ဖုန်းကိစ္စကိုအရမ်းကိုမကျေနပ်ဖြစ်မိတာ အမြတ်ကြီးစားလောကကလူတွေအဲ့လူတွေ မြန်မာတွေပဲ မြန်မာအချင်းချင်းခေါင်းပုံဖြတ်နေကြတာ
    ဒီလောက်သိသာနေတာကိုတောင် တိုးတက်မှုလို့ပြောချင်ကြသေးတဲ့သူတွေ ခေါင်းထဲဘာရှိနေတာလဲ ခွဲကြည့်လိုက်ချင်တယ်

    • alinsett (gazette)

      June 1, 2014 at 7:37 pm

      သူတို ့က..အရှက်မရှိတာလေ…မမရွှေကြည်ရဲ ့..
      မျက်နှာပြောင်တိုက်င်္ပြီး..ပြောရဲတာကို အံ့ဩတာ..

      🙁

  • ကေဇီ

    June 1, 2014 at 10:55 am

    ဘာမှ အလကားမရတဲ့ ခေတ်မို့
    အခမဲ့လို့ ပြောတိုင်း ယုံရင် …
    ယုံသူ အမှားဟုသာ ယူဆကြောင်းးးး

    :mrgreen:

    • alinsett (gazette)

      June 1, 2014 at 7:40 pm

      ယုံပါဘူး…။
      မယုံဘူးဆိုလည်း.. အခမဲ ့တို ့..တန်ဖိုးနည်းတို ့..စကားလုံးလှလှသုံးပြီး.. မျက်နှာပြောင်တိုက်ပြ..
      အသံကောင်း ဟစ်ပြနေဦးမှာပဲ..မို ့….
      လောလောဆယ်…
      အချက်မချိတဲ ့..
      တူရို ့ကို…ဆဲချင်တာပဲ..သိတယ်..

      :mrgreen:

  • kyeemite

    June 2, 2014 at 1:58 pm

    အခမဲ့ကို မလိုချင်တော့ဘူး။

    ထိုက်သင့်မျှတတဲ့ အဖိုးအခ ပေးမယ် ။

    ပေးရတာနဲ့ တန် တဲ့ ဝန်ဆောင်မှုကိုပဲ ပြန်လိုချင်တယ် ။
    ကြိုက်တယ်။ :mrgreen:

  • eipu

    June 2, 2014 at 5:13 pm

    ယုံခဲ့မိလို့မှားပါသည်

  • black chaw

    June 3, 2014 at 3:08 pm

    အရှက်လား သူ ဖျားနေတယ်…။
    ဟေးဟေး…။
    😀

    • alinsett (gazette)

      June 3, 2014 at 4:03 pm

      အရှက်မရှိခြင်းဟာ
      ဖျားနာရောဂါတမျိုးလား
      ကူးစက်တတ်ပုံရော ရသလား

      :mrgreen:

  • Paing Lay

    June 3, 2014 at 3:18 pm

    ကိုယ်ကျင့်တရားလား အမှန်တရားကို ရှာဖွေဖို့ သွားရင် ခရီးလွန်နေတယ် :mrgreen:

  • Mahar Myanmar

    June 4, 2014 at 2:17 pm

    ဟေ ဘယ်ကောင်လဲ ကွ
    စကားလုံး တွေ ကို ပုတ်ခတ် နေတာ
    တကယ် အပြစ်တင် ရမှာ က
    ဒီ စကား လုံး နားလည် နေတဲ့
    ကိုယ်တွေ ကို ပါ ပဲ
    တန်ဖိုးနည်း
    အခမဲ့
    ဘာဟဲ့
    ညာဟဲ့

    • alinsett (gazette)

      June 4, 2014 at 4:14 pm

      သိနေ တွေးနေ
      မြင်နေ ပြောနေမိတာကိုက အမှား

      :mrgreen:

Leave a Reply