Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အလကားရသော်လဲ အဖိုးတန်တဲ့ MSE…

ကုိ ထြဋ္July 5, 20141min6738

microsoft-security-essentials

ကွန်ပျူတာတလုံးရဲ့ လုံခြုံရေးအတွက်ဆိုရင် ရွေးချယ်စရာ Anti Virus တွေ အများကြီး ရှိပါတယ်… Panda, Kasper, Norton, Avria, Smadav အစရှိသဖြင့်ပေါ့…

ဒီနေ့ပြောမယ့် Anti Virus ကတော့ Microsoft က ထုတ်တဲ့ Microsoft Security Essentials ပဲ ဖြစ်ပါတယ်…

ကျန်တာတွေက မကောင်းဘူးလား မေးစရာရှိပါတယ်.. ဒီမှာပို့စ်တင်တဲ့သူတွေ တော်တော်များများက ကွန်ပျူတာနဲ့ပဲ တင်တော့ Anti Virus မျိုးစုံကို တွေ့တော့ ဒါတွေကရော မကောင်းဘူးလား မေးမှာပေါ့…

ကောင်းပါတယ်.. Kaspersky ဆိုရင် ပိုက်ဆံပေးမှ ကောင်းမှာပေါ့.. 1 Year, 2 Year ကန့်သတ်ချက်နဲ့ပေါ့…

ကျန်တဲ့ဟာတွေကတော့ Smadav က ထားပါ.. တခြားတခြားသော Anti Virus တွေက ပထမဆုံးအကြိမ် Update လုပ်ဖို့ အွန်လိုင်းတော်တော်ကောင်းမှ ရတယ်ဗျ…

Smadav ကတော့ Update လုပ်စရာ တနှစ်တခါဆို ရပြီ.. ကျန်တာတွေက Update ဖြစ်မှ Virus ကို သတ်တာ မဟုတ်ရင် ဖြုံတောင် မဖြုံဘူး…

ဒါဆို ကော်နက်ရှင် မကောင်းရင်ရောဆို.. Kasper နဲ့ MSE က Offline Update နဲ့ လုပ်လို့ရပါတယ်.. ပထမဆုံး Update ကိုပေါ့…

နည်းနည်း မျက်စိလည်သွားသလား..  မလည်ပါနဲ့…

ကျွန်တော်ပြောချင်တာ ဆိုလိုချင်တာ MSE က အကောင်းဆုံးလို့ ပြောချင်တာပါ.. ကျန်တာတွေက သူ့အားနည်းချက်နဲ့ သူလို့ ပြောချင်တာပါ…

သူက အလကားလဲ ရတယ်… Window 8 ထိလဲ သုံးလို့ရတယ်… Offline Update လဲရတယ်… ကော်နက်ရှင် မရှိလဲ Update ဖြစ်ပြီး Virus ကို သတ်နိုင်တယ်လို့ ပြောချင်တာပါ…

Version အနေနဲ့ 32 bit နဲ့ 64 bit ဆိုပြီး ၂ မျိုးရှိပါတယ်… ဒေါင်းတာကတော့ Google Search မှာ Microsoft Security Essentials လို့ ရိုက်ထည့်ပြီး ဒေါင်းနိုင်ပါတယ်…

http://windows.microsoft.com/en-us/windows/security-essentials-download      11 MB လောက်တော့ ရှိတယ်…

Offline Update ကိုလဲ သူ့ရဲ့ Official Website မှာ သွားရောက် ဒေါင်းနိုင်ပါတယ်…

http://support.microsoft.com/kb/971606       90 MB လောက်တော့ ရှိတယ်… နည်းနည်းတော့ ဆိုက်ကြီးတယ်ဗျ…

တကယ်လို့ ဒေါင်းမရရင် နီးစပ်ရာ ကွန်ပျူတာဆိုင်.. ဒေါင်းထားတတ်တဲ့ ဆိုင်မှာ ဝယ်လိုက်ပါ.. တခါလောက် ဝယ်လိုက်ရင် နောက်ပိုင်း သာမန်ကော်နက်ရှင်နဲ့ Update လုပ်လို့ရပါပြီ…

၅၀ဝ လောက်ပဲ ကျပါတယ်…

Kasper ဆို တသောင်းကျော် ပေးရသေး… Update ဖိုးက တခါနဲ့ဆိုတော့ မသက်သာလောက်ဘူး…

ပြီးတော့ သူက အခုခေတ်စားနေတဲ့ Auto Run Virus ကိုလဲ နိုင်ပါတယ်… Bronktot Copy Of Shortcut 1,2,3,4 တွေကို နိုင်ပါတယ်… ကြိုသာတင်ထား Update လုပ်ထားရင်ပေါ့…

Virus စစ်တာကတော့ ပုံမှန်အတိုင်းပဲ Right Click/  Scan With MSE ဆိုပြီး စစ်လိုက်ရုံပါပဲ…

ပြီးရင် ဖမ်းမိတာတွေကို Delete လုပ်လိုက်ရုံပဲ.. အခွံအဖြစ်နဲ့ ကျန်ခဲ့တာတွေကိုတော့ History Tab ကလေးမှာ သွားပြီး ထပ် Select ပေး Delete လုပ်လိုက်ရင် Virus တွေ မာလကီးချောင်းသွားပါပြီခင်ဗျာ…

နှစ်သက်မယ်လို့ ယူဆပါတယ်.. တကယ်လဲ အသုံးလိုလာရင် ဒီပို့စ်ကို လာဖတ် ကော်မန့်ပေးဖို့ မမေ့ကြပါနဲ့လို့…

ဘယ်အိုင်တီဆိုက်ကိုမှ ရေးမတင်ဘဲ ဒီမှာပဲ ရေးတင်ထားပါတယ်လို့လဲ ထပ်ဆင့် ပြောကြားလိုပါတယ်… ကျေးဇူးတင်ပါတယ်… 🙂

8 comments

  • မင်း ခန့် ကျော်

    July 5, 2014 at 10:14 am

    အန်တီဗိုက်ရဲ့

    လမ်းညွန်လေး

    ကျေးဇူးတင်စွာဖတ်သွားပါတယ်။

    စက်ထဲကအကောင်တွေတော့သေပေရော့ပဲ။

    အပြင်က ဝဲလည်လည်နဲ့ထိုးစစ်ဆင်နေတဲ့

    အကောင်တွေပဲ ကျန်တော့မယ်။

  • Yae Myae Tha Ninn

    July 5, 2014 at 11:41 am

    ဒါတွေလဲ Scan With MSE ကို ရွေးပြီး Kick လိုက်လေ.. All Clear .. အားလုံး ကုလားကြီးပဲ ဖြစ်သွားမှာပါ… ဟီး.. Not Politic ပါနော်… နောက်တာ… 🙂

  • ဇီဇီ

    July 5, 2014 at 12:59 pm

    ဒါလည်း အသုံးဝင်မယ် ထင်တယ်။
    ကျေးကျေးးး
    🙂

  • Yae Myae Tha Ninn

    July 5, 2014 at 1:25 pm

    ဟုတ်.. နောက်ထပ် ပို့စ်တွေ ရှိဦးမှာပါ.. အခြေခံ သိကို သိသင့်တဲ့ လုံးဝ မမှားသင့်တဲ့ အမှားတွေ အသိတွေ တင်ပေးပါ့မယ်.. ကျွမ်းတာက ဒါပဲ ရှိတာလေ… 🙂 သီချင်း အညွှန်း Bill Board စာရင်းနဲ့ နားထောင်ကောင်းမယ့် မြန်မာ အင်္ဂလိပ် သီချင်းတွေ.. ဘာသာပြန်တွေ.. အဆိုတော် အကြောင်းတွေ… ပြန်လည်မျှရင်း ပို့စ်တင်မယ်လေ… 🙂

  • Ma Ma

    July 5, 2014 at 2:15 pm

    ကျေးဇူးတင်ပါတယ်။
    သွားဒေါင်းလိုက်ပါမယ်။
    ကြုံတုန်းလေး မေးပါရစေ။
    လက်ပ်တော့မှာ ဝိုင်ဖိုင်သုံးမရတာ ဘယ်လိုလုပ်ရမလဲ။
    ပြောနိုင်ရင် ပြောပေးပါအုံး။ 🙂

  • Yae Myae Tha Ninn

    July 7, 2014 at 9:10 am

    ဟုတ်ကဲ့ပါ… Ma Ma.. အရင်ဆုံးတော့ လက်တော့အောက်နဲ့ ဘေးမှာ Wifi အတွက် Key ရှိလား အရင် ရှာရပါမယ်.. တခါတခါဆိုရင် မတော်တဆ တိုက်မိပြီး ပိတ်သွားတတ်ပါတယ်.. ဒါမှ မဟုတ်ရင် Function Key (Fn) နဲ့ အပေါ်က F1, F2 တို့မှာ Wifi ပုံလေးနဲ့ ဟာကို တွဲနှိပ်ကြည့်လိုက်ပါ.. အဲဒါမှ အဆင်မပြေရင် နောက်တနည်းရှိတယ်.. ပိုရှုပ်တယ်.. အကောင်းဆုံးကတော့ ကျွန်တော့် မေးလ်ကို အင်ဗိုက်လိုက် ဖုန်းနံပါတ်ပြောမယ်လေ.. ဖုန်းနဲ့ ပြောပြမယ် အဲဒါ ပိုမြင်တယ်… 🙂

  • kai

    July 7, 2014 at 9:35 am

    ရှေးကတည်းကသုံးလာတဲ့.. Anti Virus ပါပဲ..
    အဲဒါကို.. Malwarebytes နဲ့တွဲသုံးထားရင်.. အကုန်လိုလိုမိနေတတ်တယ်လို့… ထင်တယ်..။
    Keystroke Logger တွေတော့မသိ..။

  • Yae Myae Tha Ninn

    July 7, 2014 at 11:22 am

    ဟုတ်ပါတယ်.. သုံးတာကတော့ ကြာပီ.. ဒါပေမဲ့… Window 8 နဲ့ တွဲသုံးလို့ ရတာ.. Kaspersky ပြီးရင် MSE ပဲ ရှိတယ်.. MSE ကတော့ အလကားရတာပေါ့.. Smadav တော့ ရှိတယ်.. ဒါပေမဲ့ အပေါ်ယံပဲ ဖမ်းတာ.. Malwarebytes ကတော့ သိပ် မယုံဘူး.. အကုန်လိုလို မိတယ်.. ဟုတ်တယ်.. Key မှာ Error တက်သလို.. အကုန် လျှောက်ဖမ်းတော့ Program Files တွေပါ ကုန်ရော.. 🙂

Leave a Reply