Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

၂၀၁၄ ခုနှစ်  ဖီဖာကမာ္ဘ့ဖလား ဘောလုံးပြိုင်ပွဲ အကျဉ်းချုပ် သုံးသပ်ချက်

wc

၄နှစ်တခါ ကျဉ်းပလေ့ရှိသော ဖီဖာ ကမာ္ဘ့ဖလား ဘောလုံးပြိုင်ပွဲ ကား ယခု၂၀၁၄ ခုနှစ်တွင်မူချိမ့်ချိမ့်သဲသဲ

ကျင်းပ ပြီးဆီး ခဲ့လေပြီ။ ပွဲစဉ်တလျောက် အမေရိက တိုက် ကိုယ်စားပြု နဲ့ ဥရောပအသင်း ကိုယ်စားပြု အသင်းများ

ထိပ်တိုက်တွေ့ဆုံမှု များ ပြင်းထန်ခဲ့သည့် ပြိုင်ပွဲ၏ အကျဉ်းချုပ်သုံးသပ်ချက်အား  ရေးသားတင်ပြရသော်

 

၁။ အုပ်စုအဆင့်

          ၁-၁။ အုပ်စု(က) (အုပ်စုဗိုလ် း ဘရာဇီး ။ အုပ်စု ဒုတိယ း မက်ဟီကို)

အုပ်စု-က တွင် အိမ်ရှင်ဘရာဇီး ၊ မက်ဟီကို ၊ ခရိုအေးရှား နှင့် ကင်မရွန်း အသင်းတို့ပါဝင်ခဲ့ပြီး ခန့်မှန်းသူအများစု

တွေးဆသလိုပင် အမေရိကတိုက် အသင်း၂သင်းပင်ဖြစ်သော အိမ်ရှင်ဘရာဇီးနှင့် မက်ဟီကို အသင်းတို့

ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါသည်။

 

A
Group A

 

 

 

          ၁-၂။ အုပ်စု(ခ) (အုပ်စုဗိုလ် း နယ်သာလန် ။ အုပ်စု ဒုတိယ း ချီလီ)

အုပ်စု-ခ တွင်မူ လက်ရှိချန်ပီယံ စပိန်အသင်း ၊ ဒုတိယဆုရ နယ်သာလန်အသင်း ၊ ချီလီအသင်း နှင့် ဩစတျေးလျအသင်းတို့

ပါဝင်ခဲ့ပြီး မည်သူမျှ မမျှော်မှန်းထားသည့် ရလာဒ်ဖြင့် ချန်ပီယံ စပိန်အသင်း အုပ်စုမှ လှည့်ပြန်ခဲ့ရကာ နယ်သာလန်အသင်း နှင့်

ချီလီအသင်းတို့ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါသည်။

 

Group B
Group B

 

 

၁-၃။ အုပ်စု(ဂ) (အုပ်စုဗိုလ် း ကိုလံဘီယာ ။ အုပ်စု ဒုတိယ း ဂရိ)

အုပ်စု-ဂ တွင်မူ ကိုလံဘီယာအသင်း ၊ ဂရိအသင်း ၊ အိုင်ဗရီကိုစ့်အသင်း နှင့် ဂျပန်အသင်းတို့ပါဝင်ခဲ့ပြီး တိုက်စစ်ခြေစွမ်းကောင်းမွန်သော

ကိုလံဘီယာအသင်း နှင့် ခံစစ်ကျစ်လစ်သိပ်သည်းသော ဂရိအသင်းတို့ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါသည်။

Group C
Group C

 

          ၁-၄။ အုပ်စု(ဃ) (အုပ်စုဗိုလ် း ကော့စတာရီကာ ။ အုပ်စု ဒုတိယ း ဥရုဂွေး)

အုပ်စု-ဃတွင် မထင်မှတ်ဘဲ ခြေစွမ်းကောင်းများ ပြသနိုင်ခဲ့သော ကော့စတာရီကာ အသင်းနှင့် လိုအပ်သော ရမှတ် ရလာဒ် ကို

ရရှိအောင် ကစားနိုင်ခဲ့သော ဥရုဂွေးအသင်းတို့သည် ဥရောပ နာမည်ကျော် အသင်းများဖြစ်သော အီတလီ နှင့် အင်္ဂလန်အသင်းတို့အား

နောက်ကောက်ချပြီး ရှုံးထွက်အဆင့် ရောက်ရှိခဲ့ပါသည်။

Group D
Group D

 

၁-၅။ အုပ်စု(င) (အုပ်စုဗိုလ် း ပြင်သစ် ။ အုပ်စု ဒုတိယ း အီကွေဒေါ)

အုပ်စု-င တွင် ကမာ္ဘ့ဖလား ကို နောက်ဖေးပေါက်မှ တက်လှမ်းလာခဲ့ပြီး လူမစုံခဲ့သဖြင့် အထင်သေးခံခဲ့ရသောပြင်သစ်

အသင်းသည်ခြေစွမ်းကောင်းများ ဖြင့် အုပ်စုဗိုလ် ဖြစ်ခဲ့ကာ အီကွေဒေါအသင်းကလည်း အုပ်စုဒုတိယဖြင့်  ရှုံးထွက်အဆင့်ကို

တက်လှမ်းနိုင်ခဲ့ရာ ဥရောပကိုယ်စားပြု အသင်း ၂သင်းလုံး ရှုံးထွက် အဆင့်ရောက်ခဲ့သော ထူးခြားသည့် အုပ်စုအဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။

Group E
Group E

 

၁-၆။ အုပ်စု(စ) (အုပ်စုဗိုလ် း အာဂျင်တီးနား ။ အုပ်စု ဒုတိယ း နိုင်ဂျီးရီးယား)

အုပ်စု-စ တွင် နာမည်ကျော် အာဂျင်တီးနား အသင်းနှင့် နိုင်ဂျီးရီးယား အသင်းတို့သည် ဘော့စနီးယား အသင်းနှင့်

အီရန်အသင်းတို့ကို နောက်ကောက်ချပြီး ရှုံးထွက်အဆင့် သို့တက်ရောက်နိုင်ခဲ့ပါသည်။

Group F
Group F

 

 

၁-၇။ အုပ်စု(ဆ) (အုပ်စုဗိုလ် း ဂျာမနီ ။ အုပ်စု ဒုတိယ း ဂါနာ)

အုပ်စု-ဆ မှ ဂျာမနီ အသင်း နှင့် ယူအက်စ်အေ အသင်းတို့သည် အာဖရိက ကိုယ်စားပြု ဂါနာအသင်း နှင့်

လက်ရှိကမာ္ဘ့အကောင်းဆုံးဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒို ပါဝင်နေသော ပေါ်တူဂီ အသင်းကို

နောက်ကောက်ချကာ ရှုံးထွက်အဆင့် သို့တက်ရောက်နိုင်ခဲ့ပါသည်။

G
Group G

 

၁-၈။ အုပ်စု(ဇ) (အုပ်စုဗိုလ် း ဘယ်လ်ဂျီယံ အုပ်စု ဒုတိယ းအယ်ဂျီးရီးယား)

အုပ်စု-ဇ တွင်မူ အသင်း၏ သမိုင်းတလျောက် အကောင်ဆုံးသော မျိုးဆက် စုဖွဲ့မှု နှင့် ငယ်ရွယ်ထက်မြက်မှု တို့ဖြင့်

ဘယ်လ်ဂျီယံ အသင်းသည် အုပ်စုဗိုလ်အဖြစ်လည်းကောင်း ထူးထူးခြားခြား ကစားအားကောင်းမွန်သော

အယ်ဂျီးရီးယားအသင်းသည် အုပ်စုဒုတိယအဖြစ်လည်းကောင်း နာမည်ကျော် ရုရှားအသင်း နှင့် တောင်ကိုရီးယား

အသင်းတို့ကို ချန်ထားပြီး ရှုံးထွက်အဆင့်တက်လှမ်းခဲ့ပါသည်။

Group H
Group H

 

————————————————————————————————————–

 

 

WC Semi

 

၂။ ရှုံးထွက်အဆင့်

          ၂-၁။  ဘရာဇီး ၃- ၂ ချီလီ

ရှုံးထွက်အဆင့် ပထမပွဲ အနေဖြင့် ကစားကြသောတောင်အမေရိက ဒါဘီ ပွဲဖြစ်သည့် အိမ်ရှင်ဘရာဇီး အသင်း

နှင့်ချီလီ အသင်းတို့၏ ပွဲစဉ်မှာ အချိန်ပိုပြီးဆုံးသည်အထိ ၁ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သဖြင့် ပယ်နယ်တီ အဆုံးအဖြတ်

ခံယူခဲ့ရာ အိမ်ရှင် ဘရာဇီး အသင်းက ၃-၂ ဂိုးဖြင့်အနိုင်ရကာ ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါသည်။

၂-၂။ ကိုလံဘီယာ ၂ – ဝ ဥရုဂွေး

နောက်ထပ် တောင်အမေရိက အသင်းချင်း ထိပ်တိုက်တွေ့ဆုံမှု အနေဖြင့် ကိုလံဘီယာအသင်း နှင့် ဥရုဂွေး အသင်းတို့

တွေ့ဆုံခဲ့သည့်ပွဲစဉ်တွင်မူ ကိုလံဘီယာအသင်းက ခြေစွမ်းအသာ ဖြင့် ကစားပြီး ၂-ဝ ရလာဒ်ဖြင့် နောက်တဆင့်သို့တက်လှမ်းသွားနိုင်ခဲ့ပါသည်။

၂-၃။ နယ်သာလန် ၂ – ၁ မက်ဟီကို    

နယ်သာလန် အသင်းနှင့် မက်ဟီကို အသင်းတို့၏ ရှုံးထွက်ပွဲစဉ်တွင်မူ နယ်သာလန်အသင်းက ၂-၁ ဂိုးဖြင့် မိနစ် ၉ဝအတွင်း

အနိုင်ကစားပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါသည်။

၂-၄။ ကော့စတာရီကာ ၁ – ၁ ဂရိ (ပင် ၅ – ၃)

အမေရိက-ဥရောပ အားပြိုင်မှုဖြစ်သော ကော်စတာရီကာ အသင်းနှင့် ဂရိအသင်းတို့ ပွဲစဉ်တွင်မူ ၁ဖက်တဂိုးစီသရေရလဒ်သာ

ထွက်ပေါ်နေသဖြင့် ပယ်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာ ကော်စတာရီကာအသင်းက ဂရိအသင်းကို ၅-၃ဂိုးဖြင့် အနိုင်ယူကာ

နောက်တဆင့်ကို တက်လှမ်းသွားခဲ့သည်

၂-၅။ ပြင်သစ် ၂ – ဝ နိုင်ဂျီးရီးယား

ပြင်သစ်အသင်း နှင့် နိုင်ဂျီးရီးယား အသင်းတို့ ၏ ရှုံးထွက်ပွဲစဉ်တွင်မူ ပြင်သစ်အသင်းက ခြေစွမ်းပြကာ

၂ဂိုးပြတ်ဖြင့် အနိုင်ယူသွားခဲ့ပါသည်။

၂-၆။ ဂျာမနီ ၂ – ၁ အယ်ဂျီးရီးယား    

နောက်ထပ် ဥရောပ-အာဖရိက အားပြိုင်မှုတွင်မူ ဂျာမနီအသင်းက အယ်ဂျီးရီးယားအသင်းကို ၂-၁ဂိုး ဖြင့် အနိုင်ရရှိကာ

နောက်တဆင့်တက်လှမ်းသွားပါသည်။

၂-၇။ အာဂျင်တီးနား ၁ – ဝ ဆွစ်ဇာလန်

တဖက်က အမေရိက-ဥရောပ အားပြိုင်မှုတွင်မူ အာဂျင်တီးနားအသင်းက ဆွစ်ဇာလန်အသင်းကို ၁လုံးတည်းသော

ဂိုးဖြင့်အနိုင်ယူကာ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းခဲ့ပါသည်။

၂-၈။ ယူအက်စ်အေ ၁- ၂ ဘယ်လ်ဂျီယံ

ယူအက်စ်အေ အသင်းနှင့် ဘယ်လ်ဂျီယံအသင်းတို့၏ ပွဲတွင်မူ ယူအက်စ်အေ ဂိုးသမား စွမ်းစွမ်းတမံ ကာကွယ်ခဲ့သော်ငြား

ဘယ်လ်ဂျီယံအသင်း၏ ဂိုး၂ဂိုးကို ခွင့်ပြုခဲ့ရကာ ပြိုင်ပွဲမှ ၂-၁ဂိုးဖြင့်ထွက်ခွာခဲ့ရပြီး ဘယ်ဂျီယံအသင်း နောက်တဆင့်တက်လှမ်းခဲ့ပါသည်။

 

————————————————————————————————————–

 

၃။ ကွာတာဖိုင်နယ် အဆင့်

          ၃-၁ ဘရာဇီး ၂ – ၁ ကိုလံဘီယာ

ကွာတားဖိုင်နယ် အဆင့်အဖြစ် အိမ်ရှင် ဘရာဇီး အသင်းနှင့် ပြိုင်ပွဲ တလျောက် ခြေစွမ်းကောင်းပြသခဲ့သော ကိုလံဘီယာ

အသင်းတို့၏ ပွဲစဉ်တွင် ဘရာဇီးအသင်းက နောက်ခံလူ၂ဦး၏ သွင်းဂိုးများဖြင့် ၂-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သော်လည်း အဓိက

တိုက်စစ် ပုံဖော်ကစားသမား နေးမား ဒဏ်ရာ ရရှိသွားပြီး ပြိုင်ပွဲကို လွဲချော်တော့မည် ဖြစ်ရာ ပေးဆပ်မှုကား ကြီးမားခဲ့သည်။

တဖက်က ကိုလံဘီယာအသင်းသည်လည်း ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်ရာ ယခုပြိုင်ပွဲတွင် ခြေစွမ်းပြ ဂိုးအများဆုံး သွင်းယူထားသည့်

ကွင်းလယ်တိုက်စစ် ကစားသမား ဂျေမီ ရိုဒရီဂွက်စ် (၆ဂိုး) ၏ နောက်ထပ် သွင်းဂိုးများ ထပ်မံ မြင်တွေ့ရမည် မဟုတ်တော့ချေ။

          ၃-၂ နယ်သာလန် ဝ – ဝ ကော့စတာရီကာ (ပင် ၄ – ၃)

ကွာတားဖိုင်နယ် ဒုတိယအဖြစ် နယ်သာလန်အသင်းနှင့် ကော့စတာရီကာ  အသင်းတို့ ရင်ဆိုင်ကစားခဲ့ရာ နယ်သာလန်အသင်း၏

တိုက်စစ်ကို ကော့စတာရီကာ ဂိုးသမားနှင့် နောက်ခံလူများ ပွဲချိန် ၁၂ဝ လုံးလုံးကြံ့ကြံ့ ခံနိုင်ခဲ့ကြသော်လည်း ပယ်နယ်တီ

အဆုံးအဖြတ်တွင်မူနယ်သာလန်အသင်း ၏ လူစားဝင်ကစားသမား တင်ခရူးလ်လက်စွမ်းပြ ကာ ကော့စတာရီကာ အသင်း၏

ပယ်နယ်တီ၂လုံးကို ပုတ်ထုတ်ကာကွယ်မှုနှင့်အတူ ၄-၃ ဂိုးနှင့် ရှုံးနိမ့်ပြီးပြိုင်ပွဲမှ ထွက်ခွာခဲ့ရတော့လေသည်။

၃-၃ ပြင်သစ် ဝ – ၁ ဂျာမနီ

တတိယ ကွာတားဖိုင်နယ် ပွဲအဖြစ် ဥရောပါဒါဘီ  ပြင်သစ်အသင်း နှင့် ဂျာမနီ အသင်းတို့ တွေ့ဆုံမှုတွင်မူဂျာမနီအသင်းမှ

နောက်ခံလူ၏ အစောပိုင်း သွင်းဂိုး ၁ဂိုးနှင့်အတူ အနိုင်ရရှိကာ ဝ-၁ ဂိုး ရလဒ်ဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားနိုင်ခဲ့ပါသည်။

၃-၄ အာဂျင်တီးနား ၁ – ဝ ဘယ်လ်ဂျီယံ

နောက်ဆုံး ကွာတားဖိုင်နယ် ပွဲစဉ်တွင် (တောင်အမေရိက-ဥရောပ) ထိပ်တိုက်တွေ့ဆုံမှုအဖြစ် အာဂျင်တီးနားအသင်း နှင့်

ဘယ်လ်ဂျီယံ အသင်းတို့ ကစားခဲ့သည့် ပွဲစဉ်တွင်မူ အာဂျင်တီးနားအသင်းက ကစားချိန် အစောပိုင်း ရရှိခဲ့သည့် ဂိုးအား

အကောင်းဆုံး ထိန်းသိမ်းသွားခဲ့ပြီး ၁-ဝ ဂိုး ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားခဲ့ပါသည်။

အာဂျင်တီးနား အသင်းအတွက် ထိုးနှက်ချက်တခု အနေနှင့်တော့ အားထားရသည့် တိုက်စစ် ဘယ်ခြမ်း ကစားသမား ဒီမာရီယာ

ဒဏ်ရာ ရရှိသွားခြင်းပင်ဖြစ်သည်။

 

————————————————————————————————————–

 

၄။ ဆီမီးဖိုင်နယ် အဆင့်

          ဘရာဇီး  ၁ –  ရ ဂျာမနီ

Semi

သမိုင်းဝင်သော ပွဲ တပွဲ ဖြစ်ခဲ့လေသည်။ ကမာ္ဘ့ဖလားသမိုင်း တလျောက် အပြတ်သားဆုံး နိုင်ပွဲ ဖြစ်ခဲ့သလို ဘရာဇီးအသင်း

သမိုင်းတလျောက်ပါ ဂိုးအပြတ်သားဆုံးသော ရှုံးနိမ့်မှုဖြင့် အိမ်ရှင် ပရိတ်သတ်တို့၏ မျှော်လင့်ချက်အိပ်မက်တို့

ရိုက်ချိုးဖျက်ဆီး ခံလိုက်ရသောပွဲဖြစ်သည်။ အသင်းခေါင်းဆောင် နောက်ခံလူ သီယာဂိုဆေးလ်ဗါး ၏ ပွဲပါယ်ပစ်ဒဏ်နှင့်

အဓိက တိုက်စစ်ဦးဆောင်ကစားသမား နေးမား ၏ ဒဏ်ရာပြသနာ ကပင် ၇-၁ တည်းဟူသော သမိုင်းဝင် ရှုံးပွဲအတွက်

အဓိကကျ နေသယောင်။ သို့သော် သူတို့ ပါဝင်လျင်လည်း သည်လောက် မကွာဟစေကာမူ ဂျာမနီ နှင့် ဘရာဇီးအသင်းတို့၏

အသင်းလိုက် စုဖွဲ့မှု ကွာဟပုံကြောင့် ရှုံးနိမ့်မည် မလွဲဟု ယုံကြည်ကြသူတွေ ရှိနေ၏။ ဂျာမနီအသင်းကတော့ ဗိုလ်လုပွဲသို့

ယုံကြည်မှု မြင့်မားစွာဖြင့် ချီတက်လေပြီ။ သူတို့ တိုက်စစ်မှူး ကလိုဆေးသည်လည်း ဘရာဇီး ဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒို၏

ကမာ္ဘ့ဖလား ဖြတ်သန်းပုံတလျောက် သွင်းခဲ့သည့် ဂိုး ၁၅ဂိုးကို ၁၆ဂိုးဖြင့် ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်လေသည်။

 

          နယ်သာလန်  ဝ – ဝ အာဂျင်တီးနား (ပင် ၂ – ၄)

Semi2

နယ်သာလန် အသင်း နှင့် အာဂျင်တီးနား အသင်းတို့၏ ပွဲ ဖြစ်သည်။ တဖက်နှင့်တဖက် ခံစစ်ကို အသားပေးပြီး

ထိန်းချုပ်ကစားနေသောကြောင့် အပြန်အလှန်သွင်းဂိုးများဖြင့် ကြည့်ကောင်းသော ပွဲကောင်းတပွဲကား ဖြစ်မလာချေ။

အာဂျင်တီးနားအသင်းမှ လီယွန်နယ် မက်ဆီတယောက် တဖက်နောက်ခံလူများ၏ လူကပ်ကစားပုံကြောင့် နယ်သာလန်

ပယ်နယ်တီဧရိယာအတွင်း တလုံးမှပင် ချိန်းခြောက်နိုင်ခဲ့ခြင်းပင် မရှိခဲ့။ တဖက် နယ်သာလန်အသင်းမှ အားထားရသော

တိုက်စစ်ကစားသမား အာဂျန်ရော်ဘင်သည်လည်း ထင်တိုင်းမပေါက်ခဲ့ချေ။ သည်လိုနှင့် မိနစ် ၁၂ဝပြည့်ပြီး ပယ်နယ်တီ

ကန်သောအခါ တွင်တော့ အာဂျင်တီးနားအသင်းမှာ ၄-၂ဂိုးဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်လှမ်းသွားတော့လေသည်။

 

————————————————————————————————————–

 

၅။ တတိယနေရာ လုပွဲ

          ဘရာဇီး – နယ်သာလန်

3rd

 

တတိယ နေရာလုပွဲ အဖြစ် ကစားခဲ့သည့် အိမ်ရှင် ဘရာဇီးအသင်း နှင့် နယ်သာလန်အသင်းတို့ ပွဲစဉ်တွင်

နယ်သာလန် အသင်းက အိမ်ရှင်အသင်းအား ၃-ဝ ဂိုး ဟူသောရလဒ်ဖြင့် ပြတ်ပြတ်သားသား အနိုင်ယူကာ

တတိယနေရာနှင့် ထိုက်တန်ကြောင်း သက်သေပြခဲ့သည်။ ပွဲရလဒ် ၏ အဓိက အလှည့်အပြောင်းမှာ

ယနေ့ပွဲ Man of the Match ရရှိခဲ့သော အာယန် ရော်ဘင် ပင်ဖြစ်သည် ။ ပွဲအစ ၂မိနစ်မှာတင်

ဧရိယာအတွင်း ပြေးဆွဲ ဝင်ရောက်လာသော သူ့ကို ဘရာဇီး နောက်ခံလူ (ကတ်ပီတန်) သီယာဂိုဆေးလ်ဗား

ဆွဲလှဲရာမှ ပယ်နယ်တီ ရရှိခဲ့ရာ ရော်ဘင် ဗန်ပါစီ အမှားအယွင်းမရှိ ကန်သွင်း ရယူခဲ့ခြင်းဖြစ်သည်။

ဂိုးပေးပြီးနောက်ပိုင်း ဘရာဇီးအသင်း ဖိကစားလာသော်လည်း ထိရောက်သည့် ချိန်းခြောက်မှု မျိုးမရှိခဲ့ဘဲ

သွေးတိုးစမ်း အဝေးကန်ချက်မျိုးလောက်သာ မြင်တွေ့ခဲ့ရသည်။ ချိတ်ဆက်မှုပိုင်း နားလည်မှု အားနည်းခဲ့သောကြောင့်

ပွဲချိန် ၁ရ မိနစ်တွင် တန်ပြန်တိုက်စစ်မှတဆင့် နယ်သာလန်အသင်း၏ ဒုတိယမြောက် ဂိုးကို ခွင့်ပြုခဲ့ရလေသည်။

ဒီဂိုးက ဘရာဇီးအသင်း၏ နောက်တန်းနှင့် ကွင်းလယ်တို့ ချိတ်ဆက်အားနည်းမှုကို ဖော်ပြသောဂိုးဖြစ်သည်။

၆ကိုက်စည်းအတွင်းမှ ဒါးဗီးလူးဝီးစ် ၏ ရှင်းထုတ်မှုကို ရှေ့တက်လာသော နယ်သာလန် ဘယ်တောင်ပံခံစစ် ကစားသမား

ဒီ ဘလိုင်း ပယ်နယ်တီ စပေါ့ မှ အေးအေးလူလူ ထိန်းယူကန်သွင်းခဲ့ခြင်းဖြစ်သည်။ ထိုအချိန် ဘရာဇီး ကွင်းလယ်ကစားသမား ၃ယောက်ခန့်

ဧရိယာ အစပ်တွင် မတ်တပ်ရပ်ကြည့်နေကာ နောက်တန်း နှင့် ကွင်းလယ်ခံစစ်ကြား နေရာလွတ်မှ သွင်းယူခဲ့ခြင်းဖြစ်သည်။

ထိုနောက်ပိုင်းတွင် ဘရာဇီးအသင်း ပြန်လည် စုစည်းပြီး ကစားလာသော်လည်း ယခင့်ယခင် ဘရာဇီးအသင်းများလို ဖန်တီးထိုးဖောက်မှု

တကိုယ်တော် ဘောလုံးစွမ်းရည်ပြည့်ဝမှု စသည်တို့ အားနည်းနေခြင်းဖြစ်ရကား ကန်-တင်-ပြေး-တောင်ပံပို့-ခုတ်တင်-ပိတ်-သွင်း

စသည့်ပုံစံဖြင့် ဥရောပ မြောက်ပိုင်း အသင်းများ ကစားဟန်ဖြင့် ကစားနေရာ နယ်သာလန်အသင်းမှ ရှင်းထုတ်နိုင်ခဲ့သည်ချည်းသာ။

တန်ပြန်တိုက်စစ်ဖြင့်လည်း ရံခါ သွေးတိုးစမ်းနေခဲ့သည်ချည်းသာ။

 

semi2-1

 

ဒုတိယပိုင်းပြန်စလာတော့လည်း ထိုနည်းတူစွာပင်။ ထိုးဖောက်လေ ဂိုးမရလေ ကြာလာတော့ ဘရာဇီးအသင်း ကစားပုံကြမ်းတမ်းလာသည်။

တဖက်က နယ်သာလန်အသင်းကလည်း ခုခံကာကွယ်ရင်း အဝါကတ်တွေ ပြစ်ဒဏ်ဘောတွေ မကြာခန ပေးလာရသည်။

အာယန်ရော်ဘင် ကို အလွတ်ပေးလို့ မရတာ သိလာသောကြောင့် ၂ယောက်လောက် ညှပ်ထိန်းကာ ဧရိယာ ခပ်ဝေးဝေးတွင်

လူချကစားတာမျိုး ဘရာဇီးအသင်း ပြုလုပ်လာသည်။ ပွဲကြမ်းတပွဲ အသွင်ဆောင်လာပြီး ရည်ရွယ်ချက်ရှိရှိ ဖျက်ထုတ်မှုမျိုးများပင်

မြင်လာရသည်။ သည်ကြားထဲ တားထားသည့်ခြေထောက်ကို ဝင်တိုက် ကျွမ်းပစ်ကောင်းလို့ အော်စကာ အဝါကတ်ပြခံရသေးသည်။

ပွဲချိန်ကြာလာသည်နှင့်အမျှ ဖိနေသော ဘရာဇီးထက် တချက်ထိ လိမ်ခေါက် ပြေးဝင် ပုံစံဖြင့် ကောင်တာကစားနေသော နယ်သာလန်အသင်းက

အခွင့်ရေးတချို့ ပြန်မြင်လာရသည်။ ပွဲပီးခါနီး ၉၀+၁ မိနစ်တွင်တော့ ညာခြမ်းမှ ရော်ဘင် ခင်းပေးလိုက်သည်ကို လူစားဝင်ကစားသမား

ဂျန်မတ် က ချိုးပေးပြီးကွင်းလယ်ကစားသမား ဝစ်ဂျ်နယ်လ်ဒန် က ပိတ်သွင်းယူကာ ၃-ဝ ဟူသောရလဒ်ဖြင့် ပွဲကိုပြီးစေတော့လေသည်။

ဂိုးသမားနှင့်ပတ်သတ်၍ ထူးထူးခြားခြား လူစားလဲဖူးသော နယ်သာလန်အသင်း၏ နောက်ထပ် ထူးခြားမှုတခုမှာ ပွဲအဖြေအရေးမပါတော့သည့်

အချိန်တွင် ယခုနှစ် ကမာ္ဘ့ဖလား တွင် ဝင်ရောက်မကစားဖူးသေးသော သူတို့အသင်း၏ တတိယဂိုးသမား ဗွန်းမ် ကို ၄မိနစ်ခန့် ဝင်ရောက်

ကစားစေခဲ့ပြီး ကမာ္ဘ့ဖလား အငွေ့အသက်ကိုထိတွေ့စေခြင်းဖြင့် သူတို့၏ တတိယ လူစားလဲမှုကို ပြုလုပ်ခဲ့ခြင်းပင်ဖြစ်သည်။

 

၂၀၁၄ ခုနှစ် ဖီဖာ ကမာ္ဘ့ဖလား တတိယ ကြေးတံဆိပ် ဆုရ နယ်သာလန် အသင်း
၂၀၁၄ ခုနှစ် ဖီဖာ ကမာ္ဘ့ဖလား တတိယ ကြေးတံဆိပ် ဆုရ နယ်သာလန် အသင်း

 

————————————————————————————————————–

 

၆။ ဗိုလ်လုပွဲ

          အာဂျင်တီးနား ဝ – ၁ ဂျာမနီ  (အချိန်ပို-ဒု)

 

 

 

1st

Final

 

ဗိုလ်လုပွဲစဉ်ဖြစ်သည်နှင့်အညီ ၂သင်းစလုံး အမှားမခံဘဲ ခံစစ်ကို လုံအောင် ပိတ်ဆို့ပြီးမှ တန်ပြန် တိုက်စစ်ဆင်သည့်

ပုံစံ ဖြင့် ကစားသွားကြသည်။ ၂ဖက်စလုံး အခွင့်အရေး တချို့ ရရှိခဲ့သော်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းကား မရှိပေ။

ဂိုးမရရှိသော်လည်း အပြန်အလှန် ထိုးဖောက်မှုများကြောင့်သော်လည်းကောင်း အနီကတ်၊ ပယ်နယ်တီ စသည်တို့

မပါဝင်ခြင်းကြောင့်သော်လည်းကောင်း ကြည့်ကောင်းသော ပွဲကောင်းတပွဲဖြစ်ခဲ့သည်။ ပွဲချိန်ကြာလာသည်နှင့်အမျှ လူငယ်ကစားသမား

ပိုများသော ဂျာမနီအသင်းက ကစားအားကျမသွားဘဲ တောက်လျောက်တင်ကစားနိုင်သော်လည်း အာဂျင်တီးနားကစားသမားတချို့ကစားအားကျ

လေးလံလာသည်ကိုတွေ့ရသည်။ ထို့ကြောင့်ပင် အချိန်ပို ၁၁၃ မိနစ်တွင် ဘယ်ခြမ်းမှ ခုတ်တင်ပေးပို့မှုကိုလျင်မြန်သည့် လူစားဝင် တိုက်စစ်ကစားသမား

မာရီယို ဂေ့ါဇီ ပိတ်သွင်းယူသွားခဲ့ခြင်းဖြစ်သည်။ လီယွန်နယ်မက်ဆီ တို့လူသိုက်လက်ကျန်ပွဲကစားချိန်တွင် အသဲပေါက်မတတ် အကောင်းဆုံး

ကြိုးစားကစားခဲ့သော်လည်း တောင့်တင်းသည့် ဂျာမန်နောက်တန်းကိုမကျော်နိုင်ခဲ့ဘဲ ဒုတိယနေရာဖြင့်သာ ကျေနပ်လိုက်ရတော့သည်။

ဂျာမနီ အသင်းကတော့ ၁၉၀ဝ ပြည့်နှစ်နောက်ပိုင်း ၂၄နှစ်အကြာတွင်ကမာ္ဘ့ဖလား ကိုပြန်လည်သိမ်းပိုက်နိုင်ကာ ကမာ္ဘ့ဖလား-၄ ကြိမ်ရသည့် အသင်းအဖြစ် သမိုင်းတွင် မှတ်တမ်းရေးထိုးနိုင်ခဲ့တော့သည်။

 

cup

 

arg

 

၂၀၁၄ ကမာ္ဘ့ဖလား မှတ်တမ်း

          ချန်ပီယံ                   –        ဂျာမနီ

          ဒုတိယ           –        အာဂျင်တီးနား

          တတိယ                   –        နယ်သာလန်

         

          အကောင်းဆုံးကစားသမား                         –        မက်ဆီ (အာဂျင်တီးနား)

          အကောင်းဆုံး ဂိုးသမား                             –        နျူအာ (ဂျာမနီ)

          ဂိုးသွင်းအများဆုံး ကစားသမား                   –        ဂျေမီ ရိုဒရီ ဂွက်ဇ် (ကိုလံဘီယာ)  ၆ဂိုး

          အကောင်းဆုံး လူငယ်ကစားသမား                –        ပေါ့ဂ်ဘာ (ပြင်သစ်)

          အသန့်ရှင်းဆုံးအသင်း                     –        ကိုလံဘီယာ

 

rank

 

 

Ref: http://www.fifa.com/worldcup/index.html

 

26 comments

  • ဇီဇီ

    July 13, 2014 at 12:02 am

    ဘယ် ဘက် က လောင်းး ရ မ တုုန်းးးး

    😀

  • အရီးခင်

    July 13, 2014 at 2:31 am

    အားနည်းသော အသင်းများ ဖြစ်တဲ့
    ဘရာဇီး (ယခု) ကို အားပေးပါမည်။
    နက်ဖြန် အာဂျင်တီးနား ကို အားပေးပါမည်။
    ဂျာမနီ နိုင်မည်ထင်ပါသည်။
    အထင်လွဲ စေသား။

  • အရီးခင်

    July 13, 2014 at 2:32 am

    အမ်း
    ရေးပြီးရုံ ရှိသေး ပယ်နတီတဲ့။
    မပြောတော့ဘူး။
    ဘရာဇီး ရယ် အားပေးသူ ကို အားနာပါဦး။ :-))

    ဒီနှစ် ပွဲ ရဲ့ အမြန်ဆုံးစံချိန်တဲ့။
    လာပြန်ပီ။ နောက် တစ်ဂိုး။

    ကိုယ့် အင်တာနက်လိုင်း ကဘဲ ကြာလား ဘာလား မသိ၊
    မှတ်ချက် တစ်ခု တက်ဖို့ တစ်အားကြာ တယ်။
    🙄

  • Iris

    July 13, 2014 at 2:48 am

    ၁-၇။ အုပ်စု(ဆ) (အုပ်စုဗိုလ် း ဂျာမနီ ။ အုပ်စု ဒုတိယ း ဂါနာ)
    အုပ်​စု ဒု က ဂါနာလား ယူအက်​စ်​​အေ လားဟင်​။

    အဆုံးအဖြတ်တွင်မူနယ်သာလန်အသင်း ၏ လူစားဝင်ကစားသမား တင်ခရူးလ်လက်စွမ်းပြ ကာ ကော့စတာရီကာ အသင်း၏

    ပယ်နယ်တီ၂လုံးကို ပုတ်ထုတ်ကာကွယ်မှုနှင့်အတူ ၄-၃ ဂိုးနှင့် ရှုံးနိမ့်ပြီးပြိုင်ပွဲမှ ထွက်ခွာခဲ့ရတော့လေသည်။

    နည်​းနည်​လည်​သွားတယ်​။ သုံးသပ်​ပြသွားတာ​ဖတ်​လို့​ကောင်​းတယ်​။ ကိုယ်​ကြည်​့ချင်​တဲ့ပွဲပဲကြည်​့တာဆိ​တော့ အကုန်​မသိခဲ့ဘူး။ ​ကျေးဇူးပါ စာကြမ်​းပိုး။

    • နှူးဘာ မိဂီ

      July 13, 2014 at 3:33 am

      မိနစ် ၁၂ဝ ပြည့်ကာနီးမှာ နယ်သာလန်အသင်းက ပထမဂိုးသမားကို ဒုတိယဂိုးသမား တင်ကရူးစ် နဲ့ လဲခဲ့တယ်ဗျ မလဲခင်ကတည်းက ကွင်းဘေးမှာ ဟိုက ပယ်နယ်တီအတွက်လေ့ကျင့်နေခဲ့တာ
      အကြောင်းပြချက်ကတော့ ပထမဂိုးသမား(နာမယ်မေ့နေ) က သူ့ ကစားသမားသက်တမ်းတလျောက်မှာ ပယ်နယ်တီ တလုံးမှ ကာကွယ် ခဲ့ဖူးခြင်းမရှိလို့ပါပဲတဲ့။

      အဲ။တိုက်ဆိုင်မှုလားတော့မသိ အာဂျင်တီးနားပွဲ သူကိုယ်တိုင် ဝင်ဖမ်းတော့ ရှုံးပါလေရောဗျာ။

      • အရီးခင်

        July 13, 2014 at 3:45 am

        အဲဒီ ဒုတိယဂိုးသမား က သူဂိုးဖမ်းတုန်းက ဂေါက်တောက်တောက် နဲ့ ကန်မဲ့ သူတွေ ကိုမကန်ခင် မှာ သွား သွားပြီး ရန်စကား လိုက်ပြောနေတယ်။
        မင်းတို့ ဝင်အောင် မကန်နိုင်ပါဘူး ဆိုလား။
        ဒါကြောင့် သူ့ကို မဖမ်းခိုင်းတော့တာထင်ရဲ့။

  • naywoon ni

    July 13, 2014 at 3:07 am

    အခု​တော့ဘရာဇီယမ်​က ၂လုံး​တောင်​အသွင်​းခံထားရပါ​ရောလား ။ မနက်​ဖန်​လဲ နာဇီ တို့ ​အောင်​ပွဲခံမည်​ထင်​ပါ့ ။

    • နှူးဘာ မိဂီ

      July 13, 2014 at 3:40 am

      ဒါဗီးလူးဝီးစ့် ရဲ့ဖျက်ထုတ်မှုကနေ လျှံကျလာတဲ့ဘောလုံးကို ဘလိုင်းဆိုတဲ့ကောင် ပယ်နယ်တီစပေါ့တဲ့တဲ့မှာ အေးဆေးထိန်းကန်သွားတာကို ဘရာဇီး
      ကွင်းလယ်က သုံးယောက် စည်းစပ်(စာလုံးပေါင်းပြင်ခြင်းသီးခံပါ) ကနေပီး မတ်တပ်ရပ်ကြည့်နေတယ် အံ့ရော
      :mrgreen:

      ပြောပါတယ် သည်ညတော့ ဘရာ လေးတော့ လန်ပါပီ ဆို။
      အာ ဟိ

  • ဦးကြောင်ကြီး

    July 13, 2014 at 4:01 am

    ဆာကြက်ဖိုး
    မာမက်မျိုး
    နှာနှပ်ပိုး
    လျှာသပ်အိုး
    စာတတ်ခိုး
    ရွာဖက်နိုး
    ဝါထပ်ကိုး
    အာဓာတ်ဖြိုး..

  • အရီးခင်

    July 13, 2014 at 4:12 am

    အခုမှ သတိရ လိုက်တာ။ ဇီဇီ ဒီ သတင်းကို သိလား။

    Published on Jul 9, 2014

    An anti-gambling advert which featured a man putting his son’s life savings on Germany winning the World Cup was widely panned by Singaporeans online Wednesday after it was shown during Brazil’s crushing defeat.

    World Cup: Singapore anti-gambling ad backfires after Germany win
    • Advert has child telling friends his dad bet savings on Germany
    • Government ministers respond as advert goes viral

    Singapore has scored an own goal with its World Cup anti-gambling ad which features a crestfallen boy telling his friends his dad bet his life savings on Germany – who have just reached the finals by thrashing the host nation Brazil 7-1.

    The video, which has run every day of the World Cup, went viral on social media soon after the Brazil game ended.
    http://www.theguardian.com/football/2014/jul/09/singapore-anti-gambling-ad-germany-world-cup

    ကြည့်ရတာ တို့ရွာ သူကြီးမင်း ကများ ရှင်ကျားပူ အစိုးရ အကြံပေး ဖြစ်နေရော့သလား။ lol:-)))

    http://www.youtube.com/watch?v=DkiryxVxoj4

    • ဇီဇီ

      July 13, 2014 at 8:30 am

      သူများတွေ ရှယ်ထားတာတော့ တွေ့မိတယ်။
      တစ်ခါမှ ဖွင့် မကြည့်ဖူးဘူးးး

      😀

    • နှူးဘာ မိဂီ

      July 13, 2014 at 11:06 am

      ဆက်စပ် သတင်းတပုဒ်အနေ နဲ့ ဖတ်ဖူးတာက …
      စင်္ကာပူရ က လူတယောက်ဟာ လုံးဝမထင်မှတ်ထားတဲ့ ရလာဒ် ထွက်ပေါ်လာတဲ့
      (လုပ်ပွဲကစားတယ်လို့ သံသယနဲ့ စောင့်ကြည့်ခံရတဲ့)အာဖရိက အသင်းတသင်းရဲ့ ပွဲစဉ်မှာ
      အနှီ ရလဒ်ကို မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့ဖူးတယ်.. ဆိုပဲ (ယခုပြိုင်ပွဲမဟုတ်ပါ)

      နောက်ပိုင်း ဆက်လက် စုံစမ်းစစ်ဆေးမှုတွေအရ ဘောလုံးအေးဂျင့်တွေ နဲ့ ချိတ်ဆက်ပြီး
      အသင်းနဲ့ ကစားသမားတွေ ဆီကို အဝါတကတ် ဘယ်လောက် အနီတကတ် ဘယ်မျှ ဂိုးတဂိုး ဘယ်ဈေး
      အဲ့သည်လောက်ထိကို ပေါက်ဈေး အတိအကျ ရှိပါသတဲ့ …။ အဲ့ဒါလည်း စလုံးက လောင်းကစားဒိုင်
      တခုနဲ့ အေးဂျင့်တွေ ချိတ်ဆက်တာပါတဲ့…

      သည်တော့ ကောက်ချက်ချ စလုံးမယ် ကမာ္ဘ့အဆင့် ပြိုင်ပွဲတွေထိ သက်ရောက်မှုရှိနိုင်တဲ့
      လောင်းကစားဂိုဏ်း ခပ်ထွားထွားတော့ ရှိနေတာ အမှန်…

      • ဇီဇီ

        July 13, 2014 at 12:38 pm

        ဂိုုဏ်းးချုပ် က ဘူလဲတဲ့????
        :boss:

        • နှူးဘာ မိဂီ

          July 13, 2014 at 1:46 pm

          ဂိုဏ်းချုပ်က ကျော့်ကို ဇဂါးမကျောဝူးခည..

          ဗြဲ ….

          :'(

  • နှူးဘာ မိဂီ

    July 13, 2014 at 4:21 am

    အလှူအိမ် ဆိုသည်မှာ
    ၀-၃

    🙂

  • alinsett (gazette)

    July 13, 2014 at 11:31 am

    အကြောင်းအရာ မျိုးစုံကို.. ဆွေးနွေးတင်ပြနိုင်တဲ ့.. စာဂျဘိုး..ပေပဲ… ။
    ကောင်းပါလေ့….

  • အရီးခင်

    July 13, 2014 at 8:49 pm

    ရှာကီရာ ရဲ့ ပိတ်ပွဲ သီချင်း။
    ဖွင့်ပွဲ က ဂျနီဖာ ထက် ပိုမိုက်တယ်။
    ပို ကြိုက်တယ်။
    ဒါကတော့ ရှာကီရာ ဘဲနော့။

    Shakira:La La La (Brazil 2014)

    Essa bola vai rolar
    Mundo é um tapete verde
    Quando a bola chega lá
    O coração fica na rede, na rede, na rede
    Olá, olá

    La la la la la
    La la la la la
    La la la la la
    La la la la la
    I dare you

    (Leggo, Leggo, Leggo, Leggo)

    Feel how the planet’s Become one
    Beats like a drum To the same rhythm
    Hear the whistle kick the ball
    The entire world soars like an eagle

    In Rio we play like we dance
    Only today there’s no tomorrow

    Leave all behind in this place
    There’s no space for fear or sorrow

    Is it true that you want it
    Then act like you mean it
    With everyone watching
    It’s truth or dare can you feel it

    La la la la la
    La la la la la
    La la la la la
    La la la la la
    I dare you

    You have arrived it’s the place
    No more doubts the time is coming
    Feel how the planet’s become one
    Like a drum destiny’s calling

    German, Colombians, spanish and French
    Off the bench you gotta own it
    Down here we play like we dance
    It’s Brazil and now you know it

    Is it true that you want it
    Then act like you mean it
    With everyone watching
    It’s truth or dare can you feel it

    La la la la la
    La la la la la
    La la la la la
    La la la la la
    I dare you

    Is it true that you want it
    Then act like you mean it
    The whole world is watching
    It’s truth or dare can you feel it

    (Hola! Hola! hola! hola! hola! hola! hola!)

    La la la la la
    La la la la la
    La la la la la
    La la la la la
    I dare you

    (Leggo, Leggo, Leggo, Leggo)

    http://www.youtube.com/watch?v=7-7knsP2n5w&feature=kp

    • နှူးဘာ မိဂီ

      July 14, 2014 at 12:23 am

      ပိုပြီး တန်းမြင့်တယ် ပြောရင် အဆင်ပြေမလားပဲ …
      ကျနော်လည်း တအားနှစ်သက်ပါတယ်ဗျ

      ခင်တဲ့

  • အရီးခင်

    July 14, 2014 at 4:06 am

    Germany … you should deserve it.
    Take that Trophy to your home forever as you won 4th title.
    :-)))

    • နှူးဘာ မိဂီ

      July 14, 2014 at 4:08 am

      This time for Germania …
      😛

      • အရီးခင်

        July 14, 2014 at 4:21 am

        They showed team spirit. Well Done. 🙂

        • နှူးဘာ မိဂီ

          July 14, 2014 at 4:45 am

          မိုးလင်းမှ ပွဲ သုံးသပ်ချက်ရေးဒေါ့မယ်
          ဂုဒေါ့နှပ်ပီ
          ပြောပါဒယ် ..ဟစ်တလာ့မြေးတွေ ဖလားသိမ်းဗါ့မယ်ဆိုဒါ…
          ဝှားးးးး…
          zZZ z ZZZ z ZZZZ
          (ဇက်ကလေး ကို သတိရထှာ ဂျာ- စကားချပ်)

  • စန်းစန်းတင့်

    July 14, 2014 at 5:25 pm

    ဒီပို့မှာကျတော့စာကြမ်းပိုးအဖွဲ့ရဲ့တယောက်တမျိုးထင်မြင်ယူဆချက်လေးတွေမပါဘူးနော်။စာကြမ်းပိုးတွေရဲ့တယောက်တမျိုးထင်မြင်ယူဆချက်လေးင်္တေနဲ့ရေးတဲ့စကားဝိုင်းပို့လေးတွေကိုပိုသဘောကျမိတယ်ချင့်

  • နှူးဘာ မိဂီ

    July 14, 2014 at 5:34 pm

    နောင် ၄နှစ် ဆိုရင်လည်း လက်ရှိ ဂျာမေးနီးယန်းတွေ တောင့်တင်းနေအုံးမှာပဲ လို့ မြင်မိပါတယ်ဂျာ…
    တခုလေးပဲ ..သံဝေဂ ရမိတယ်..
    တခါက ဘရာဇီး အသင်းဘက်က တာဝန်ရှိသူတယောက်လား ကစားသမားဟောင်းလားမမှတ်မိ
    ဘာတဲ့ …မိုက်ကယ်ဘောလက်လို ကစားသမားမျိုး တယောက်ထွက်ဖို့ ဂျာမန်တွေက ၁ဝနှစ်လောက်စောင့်ရတယ်
    သူတို့ ဘရာဇီးတွေကတော့ ရော်နယ်ဒင်ညိုလိုကစားသမားမျိုး နောက်တယောက်ထပ်ရဖို့ ၁ဝနှစ် မလိုဘူး (၅နှစ်ဆိုလားပဲ)
    ဘရာဇီးရဲ့ ဘောလုံး ဩဇာ ရေခံမြေခံကောင်းပုံကို ကြွားခဲ့တာလေ …လွန်ခဲ့တဲ့ ၁ဝနှစ်လောက်ကပေါ့..

    အော်.. ခုများမတော့ ခေါင်းတလုံးမက မော်ကြည့်နေရပါပေါ့လား ဆိုပြီး….
    အင်း…..

  • black chaw

    July 15, 2014 at 12:02 pm

    ဂျာမနီက စမတ်ကျလွန်းပါတယ်ဗျာ…။

  • ညှစ် ကြီး

    July 15, 2014 at 4:36 pm

    ဒီနှစ် ကမ္ဘာ့ဖလားကို
    မြန်မာတွေ
    ရရမှာ
    နည်းနည်းလေး ကပ်လွဲသွားတယ်

Leave a Reply