မြန်မာစကားကတခြားဘာသာစကားတွေထက်ထူးခြားတယ်
ကျွန်တော်တောင် မသိဘူး….
“ရယ်မောခြင်းသည်အသက်ရှည်ဧ။် “တဲ့ဟုတ်ပါတယ်… ။လူတိုင်းလူုတိုင်းဟာရယ်မောပျော
ကျွန်တော်လည်းလူတိုင်လူတိုင်းကို အပြုံးလေးနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ပဲဆက်ဆံချင်ပါတယ် ။လူသားအားလုံးဟာ အတ္တတွေ ၊မာန်မာနတွေ ၊လောဘမောဟတွေ ၊
ဝါဒအစွဲတွေနဲ့ပဲ လူ့ဘဝကိုကုန်လွန်နေကြပါတယ် ။တစ်ခါတစ်လေဆို အလုပ်များလွန်းလို့ ပြုံးဖို့တောင်မေ့နေတဲ့ အချိန်တွေကလည်းမနည်းပါဘူး. ။
ဒါကြောင့်အပြုံးလေးတွေကိုယ်စီနဲ့ ရယ်မောပျော်ရွှင်နိုင်အောင်ဟာသလေးတစ်ခု တင်ပြလိုက်ပါတယ်…။
တစ်ခါတုန်းကပေါ့ဗျာ…မြန်မာနို်ငငံကိုလာလည်တဲ့ နိုင်ငံခြားသားတစ်ယောက် သူ့နာမည်ကမိုက်ကယ်တဲ့ ။နာမည်အရင်းတော့သေချာမသိပါဘူး…သေချာတာ
တစ်ခုကတော့ မို်က်ကယ်စကိုဖီးမဟုတ်တာသေချာတယ် ။ဘာဖြစ်လို့လဲဆိုတော့ မိုက်ကယ်စကိုဖီးကအခုထိ ပနားမားထောင်ကမလွတ်သေးလို့ ..ဟီး………ဟီး ၊
အဲလိုပေါ့ဗျာ…နိုင်ငံခြားသားကရန်ကုန်မြို့မှာလျှောက်လည်ရင်းနဲ့ ရေဆာလို့အအေးဆိုင်တစ်ဆိုင်မှာ အအေးဝင်သောက်တယ် ။အဲဆိုင်မှာဖြစ်ချင်တော့ဆိုင်ပိုင်ရှင်
အဒေါ်ကြီးက သူ့ဆိုင်မှာအလုပ်လုပ်တဲ့ စာပွဲထိုးတဲ့ကလေးတွေက စာပွဲထိုးရင်းဆော့လိုက်တာ ဖန်ခွက်တစ်လုံးကျကွဲသွားတယ်တဲ့ ဗျာ..။အဲဒါကို အဒေါ်ကြီးက
မြင်တော့ကလေးတွေကိုဆူတာပေါ့ ဆူရင်းဆူရင်း နဲ့ ပွက်လာတာတော့မဟုတ်ဘူးပေါ့ ။ဒေါသထွက်လာတာပေါ့ အဲ.. အဒေါ်ကြီးပြောလိုက်တဲ့ နောက်ဆုံးစကားက “နင်တို့က ဆပ်ပြာသည် လင်ပျောက်” သလိုလုပ်နေတော့ ဖန်ခွက်ကကျကွဲတာပေါ့တဲ့…။အဲဒီစကားကိုနိုင်ငံခြားသားက ကြားပြီးဆိုင်ရှင်အဒေါ်ကြီးနားကပ်သွားတယ် ။ပြီးတော့ နိုင်ငံခြားသားက
“What mean is
ဆပ်ပြာသည်လင်ပျောက်..” လို့မေးလိုက်တယ်…။
အဲဆိုင်ရှင်အဒေါ်ကြီးကလည်း ခေသူတော့မဟုတ်ဘူးဗျ ။သူလည်း အင်္ဂလိပ်လိုတော့နည်းနည်းပါးပါးနားလည်တယ်။ အဲဒါနဲ့ အဒေါ်ကြီးက …
“ဆပ်ပြာသည်လင်ပျောက် is ဗြုတ်စဗျင်း နောင်း ”
လုပ်တာကိုပြောတာပါလို့ ပြန်ပြောလိုက်တယ် ။ အဲဒီမှာ နိုင်ငံခြားသားက ပိုတိုင်ပတ်သွားတယ် ။ အဲဒါနဲ့…
“I don’t know ဗြုတ်စဗျင်းနောင်း”
လို့ပြန်ပြောရော..။အဒေါ်ကြီးကလည်း …..
ဗြုတ်စဗျင်းနောင် is ရှပ်ပြာ ရှပ်ပြာ ” “You understand ?”
လို့မေးလို့တယ် .။
“No , I don’t know .”
နောက် အဒေါ်ကြီးက ..
“ရှပ်ပြာရှပ်ပြာ is ထွေလီ ကာလီ လေမသိဘူးလား”
လို့မေးတယ်..။ နိုင်ငံခြားသားကြီးကလည်း ထုံးစံအတိုင်းပဲ သူမှနားမလည်တာ … နားမလည်ဘူးလို့ ပဲ အင်္ဂလိပ်လိုပြန်ပြောလိုက်တယ် ။ နောက်တော့ အဒေါ်ကြီးကလည်း စိတ်မလျှော့ဘူး ဆက်ရှင်းပြတယ်..။
“ထွေလီ ကာလီ is ထွေရာလေးပါး ”
လို့ ပြောတယ်… ။ နိုင်ငံခြားသားကလည်း စိတ်ညစ်သွားပုံရတယ် .။ ဆက်မမေးတော့ဘူး ။ သူက အအေးကိုကုန်အောင်သောက်ပြီး ပိုက်ဆံရှင်းတော့ မှဆိုင်ရှင်အဒေါ်ကြီးကို ပြောလိုက်တဲ့ စကားက..
“ကျွန်တော်ကမြန်မာစာအထူးပြုနဲ့ ကျွန်တော့်နိုင်ငံက တက္ကသိုလ်မှာ ဘွဲ့ရလာတာပါ॥ မြန်မာစာကို တော်တော်များများသိပါတယ် ॥ ဒါပေမယ့် ကျွန်တော့်ကိုသင်ပေးတဲ့ဆရာတွေက အမကြီးပြောသလိုစကားတွေကိုကျွန်တော့်ကိုမသင်ပေးလိုက်ဘူးဗျာ॥
ကျွန်တော်ကိုယ်တိုင်မလေ့လာမိဘူးဗျ တဲ့..။ ကျွန်တော်ထင်တယ်အမကြီးပြောတဲ့ စကားတွေကတော်တော်မြင့်လိမ့်မယ်ထင်တယ်
ကျွန်တော်တောင်နားမလည်ဘူး
တဲ့ …။ သူလည်းစကားပြောပြီးတာနဲ့ ချက်ချင်းပဲအပြင်ကိုထွက်သွားတယ်။ဆိုင်ရှင်အဒေါ်ကြီးကတော့ …… လမ်းမကို ငေးရင်း….တွေးရင်… တွေရင်း ငေးရင်း… …. နဲ့ ပဲ………………….
(ဒီလောက်ပါပဲ ဗျာ ပျော်ရွှင် ရယ်မောနိ်ုင်ကြပါစေ ၊ မရယ်ရလည်း ကိုယ့် ဗိုက်သာကိုယ့် နှိပ်ရယ်ကြပါတော့ဗျာ… ဘာပဲဖြစ်ဖြစ်ရယ်ဖို့ကအရေးကြီးတယ်မဟုတ်လား… ဟီး..ဟီး)
2 comments
kai
August 13, 2010 at 9:04 pm
ဆပ်ပြာသည်လင်ပျောက် ဆိုတာကို ဘာလည်းသေသေချာချာသိချင်လို့..ချရေးကြည့်တယ်ဆိုပါတော့။
လင်..ဆိုတဲ့စကားပါတော့..ဆပ်ပြာသည်ဟာ မိန်းမတယောက်ဖြစ်ပါလိမ့်မယ်။
ဆပ်ပြာ ဆိုတာက ဒီခေတ်ဆပ်ပြာ မဟုတ်နိုင်ပဲ ရှေးကဆပ်ပြာဖြစ်နိုင်ပါတယ်။
အဲဒီတော့…ရှေးက အဝတ်လျှော်ကြရာမှာ သုံးတဲ့ဆပ်ပြာက သဲဆပ်ပြာ..ဖြစ်တယ်ထင်ပါတယ်။
သဘာဝအတိုင်း မြစ်ကမ်းနဘေးမှာ ဖြစ်နေတတ်တဲ့ ချေးအညှော်ချွတ်နိုင်တဲ့ ..သဲတွေကိုခေါ်တာပါ။
အဲဒါတွေကို အရောင်းအဝယ်လုပ်သူကို ..ဆပ်ပြာသည်ပေါ့။
ဆပ်ပြာတွေဟာ လက်မှာကျန်နေတတ်တာမို ့…တခုခုကိုကိုင်ရင်သေချာမမိပဲ..ချော်နေ..ချောနေမှာပါ။
ဒီတော့..ဆပ်ပြာသည်မိန်းမဟာ…ဘာကိုဖမ်းကိုင်ကိုင်…လွတ်ကျ၊ပြုတ်ကျဖြစ်နေမယ်ပေ့ါ။
ဒါမှမဟုတ်..သွားလာရင် ဆပ်ပြာသည်ဟာ..ချော်များလဲလဲကျနေသလား..?
အဲဒါနဲ့ လင်ပျောက်တာ ဘယ်လိုမှဆက်စပ်ကြည့်လို့မရပါကြောင်း..နဲ့ သဘောပေါက်သူ၊ သိသူရှိရင်..ပြောစေလိုပါကြောင်း…။
Gong Zhu
September 14, 2010 at 10:39 pm
တစ်ခါတွေ့ဖူးပါတယ် ဗိုလ်ချုပ်ဈေးမှာ ဈေးလာဝယ်တဲ့ နိုင်ငံခြားသူလေးကမေးတာပါ . . . လက်ညှိုးထိုးပြီးတော့ ဘာလဲပေါ့ . . . ရောင်းသူပြန်ဖြေလိုက်တာက ” This is ဆွဲသား” တဲ့ နိုင်ငံခြားသူလေးကလည်း ပြုံးပြီးပြန်ထွက်သွားတယ် . . .