ဆာဆာကို ကပျာကယာ တူးခြင်း
ကျနော့် ဘဝထဲမှ ဆာဆာဆိုသော လူတစ်ယောက် ……
__________________________
အဲ့ဒီလူကြီးပေါ့ဗျာ ။
နာမည်နဲ့ လူ ဆန့်ကျင်ဘက် ဖြစ်နေတာ ။
နာမည်ကို ကြားရုံနဲ့ လူကိုမမြင်ရသေးခင်မှာဆိုရင်…..ကျနော်တို့ မှန်းဆမိတာက ဦးဆာမိဆိုတာ အသားမဲမဲ သွားကျဲကျဲနဲ့ နှာခေါင်းချွန်ချွန် ဆံပင်ကောက်ကွေးကြီး နေမှာပါ.. . .လို့ပဲ မြင်ယောင်မှာ။
ဒါပေမယ့် လွဲတယ်ဗျ ။
နာမည်နဲ့လူက ခွက်ခွက်လန်အောင် လွဲနေတာ။
နာမည်နဲ့ ဆန့်ကျင်စွာ အသားအရေက A4 လို ဖြူနေတယ်။
ဆာမိလို့ ခေါ်ရမယ့်အစား ကျင်ဝှက်တို့ ကျင်စိန်တို့ ကျင်ဟုတ်တို့ အဲ့လို ခေါ်ရမယ့် အပေါက်ဗျို ့ ။
ထားပါတော့ ဒါက အပေါ်ယံဥပဓိပိုင်းဆိုင်ရာ။
အဲ့ဒီလူကြီးနဲ့ စ ဆုံတာက ဂဇက်စာပေချစ်သူများ စာမူဆုပေးပွဲနဲ့ တွေ ့ဆုံပွဲ ပထမအကြိမ် (2013/ဇန်နဝါရီ)|
မိတ်ဆက်စကားတွေ ကိုယ်စီ ရှေ့ထွက် ပြောကြချိန်မှာ နာမည်နဲ့ လူကို တွဲ မှတ်မိလိုက်တယ်ပေါ့ ။
(အစက Surmi ဆိုတဲ့ နာမည်နဲ့ ရေး တင်တဲ့ စာသာ ဖတ်ဖူးတာကိုး။)
ဒါပေမယ့် . . .
အဲ့ဒီ ပွဲမှာလည်း မျက်မှန်းတန်းမိရုံက လွဲပြီး စကား သေချာ မပြောဖြစ်။
. . . . . . . . . . . . . . . . . . . . . .
နောက်ပိုင်းမှာတော့
မတွေ ့ချင်လို့ ရှောင်ပြေးမယ်ဆိုမှ အဆုံးပဲ ။
ဂဒီးဂဒီးတွေ ့ကြ/ဆုံကြ လက်ဖက်ရည်ဆိုင်တွေ ပတ်ထိုင်ပြီး မျက်နှာချင်းဆိုင် ချက်ကြနဲ့ ဟုတ်နေတော့တာပဲ။
သာမန် လက်ဖက်ရည်ဆိုင်လေးတွေမှာ လက်ဖက်ရည်ကျဆိမ့်နဲ့ ရေနွေးကြမ်းအိုး ရှေ့ချပြီး စာအကြောင်း . . .
ပေအကြောင်း . . .ကဗျာအကြောင်း . . . ရွာအကြောင်းတွေ ရေပတ်မဝင်အောင် ပြောဖြစ်ကြတော့တာပါပဲ။
အဲ့လိုတွေ ဆုံတွေ ့ဖြစ်ဖို့. . .အကြောင်းဖန်လာတာကတော့. . . . .
ဟောဒီဂဇက်မှာ ကဗျာပြခန်းဆိုတာလေး လုပ်မယ် ဆိုပြီး . . .
ကဗျာချစ်သူအဖွဲ့လေး ဖွဲ့ဖြစ်တော့ . . .
အနုပညာနဲ့ မစိမ်းတဲ့သူ ကဗျာကိစ္စ / စာကိစ္စတွေ စိတ်ပါဝင်စားနိုင်မယ့်သူအဖြစ် အဲ့ဒီလူကြီးကို ပြေးမြင်ပြီး. . . အဖွဲ့ထဲ ဆွဲထည့်လိုက်တာ။
အဲ့ဒီလူကြီးပေါ့ဗျာ. . .ရုန်းရင်းကန်ရင်းနဲ့ အဖွဲ့ဝင် ဖြစ် လာပြီး ကျရာတာဝန်တွေ ဝင်ထမ်းခဲ့ရရှာတာလေ ။
သူ ဘယ်လောက် ပင်စင်ယူမယ်ပြောပြော နောက်ဆုံးတော့ ကဗျာအဖွဲ့ထဲက ကလေးတွေကြားမှာ
ကလေးတွေစကားကို လိမ်မာစွာနားထောင်ပြီး အစည်းအဝေးတွေ လာတက်ရတာပဲ ။
ကလေးကုလားဆိုတာ အဲ့ဒါပေါ့။
(ကလေးတွေကြားမှာ ကုလားနာမည်နဲ့ဆိုမှတော့ ကလေးကုလားပေါ့။ ဂစ်ဂစ်)
ကလေးတွေရဲ့ အတင်းရော အဓမ္မရော ခေါ်တဲ့ ကဗျာအစည်းအဝေးကို အပြေးအလွှားလာရ /
ကလေးတွေ ပြောသမျှ (သူဘယ်လောက် ငြင်းငြင်း) နောက်ဆုံးမှာ လိုက်လျောရရှာတာပဲ။
အစည်းအဝေးမှာ
ပြောရင်းဆိုရင်း အကြိတ်အနယ် တိုင်ပင်ဆွေးနွေးကြရင်း ကျနော်တို့ကလေးတွေ စားထားသောက်ထားသမျှတွေကို . . .
သူကပဲ . . .ဒိုင်ခံရှင်းပေးရတာ။
:kwi:
အဲ့ဒီလူကြီး သည်းခံစိတ်ရှိတယ်။
သူတပါးကို ကူညီတတ်တယ်။
ဘဝ အတွေ ့အကြုံ စုံပြီး စကားပြောလည်းကောင်းတယ်။
တစ်ခုခုဆို ဘာကူညီရမလဲလို့အရင် တွေးတတ်တဲ့ စိတ်နေသဘောထားကို အထွေအထူးရှင်းပြနေစရာမလိုပါဘူး။
တစ်ခါနှစ်ခါ ဆုံဖူးရုံနဲ့ သိသာပါတယ်။
(နောက်နေ့ လက်ဖက်ရည်တိုက်ဦးနော် )
အတည်ပြောတာပါ ။
နောက်ပိုင်းမှာတော့ . . .အဲ့ဒီလူကြီး အပါအဝင်
ကဗျာချစ်သူအဖွဲ့လေးဟာ သူစိမ်းပြင်ပြင်တွေ မဟုတ်တော့ပဲ တကယ့် ညီအစ်ကို မောင်နှမတွေလို ရင်းနှီးကျွမ်းဝင်သွားလိုက်တာ။
ကဗျာချစ်သူများ ဆိုတဲ့ အဖွဲ့လေးဟာ တစ်ယောက်ကိုတစ်ယောက်
အပြန်အလှန် နားလည်မှုတွေရှိတဲ့ မိသားစုတစ်စုလို အိမ်ကလေးတစ်လုံးလိုဖြစ်လာတယ် ။
ဆိုးတိုင်ပင် ကောင်းတိုင်ပင်ရှိနေကြတာများ. . .
ကဗျာပြခန်းဆိုပြီး ပိုစ့်မတင်ဖြစ်တော့တာတောင် ကဗျာချစ်သူတွေဟာ အဆက်အသွယ်မပြတ်ကြတော့ဘူး။
အဖွဲ့လေးတွေ ဖွဲ့မိသမျှ ပါဝင်မိသမျှထဲမှာ. . . ကျနော်တော့ ဒီကဗျာချစ်သူအဖွဲ့လေးကို အချစ်ဆုံးပဲ။
ကဗျာတွေ ရွတ်ကြ ရေးစပ်သီကုံးကြ ကိုယ်ယုံကြည်ရာကို ရိုးသားပွင့်လင်းစွာ တင်ပြကြ
ဆွေးနွေးတိုင်ပင်ကြ
လူငယ်တွေပီပီ ငြင်းကြ သတ်ကြ
ဒါပေမယ့် တကယ့် (တကယ့်ကို) တမိတည်းမွေး ညီအစ်ကို မောင်နှမတွေလို . . .တသားတည်း ပျော်ဝင်နေကြတာပါ။
ကဗျာချစ်သူအဖွဲ့ထဲမှာ မာယာတွေ မရှိဘူး။
သာတယ် နာတယ်တွေ မရှိဘူး ။
ကဗျာပြခန်းဖန်တီးရတာ မောလည်းမောပါရဲ့။
ဒါပေမယ့် . . .
ဒီလူဒီလူတွေနဲ့ စိတ်ရင်းကိုယ်ရင်း မောင်နှမသားချင်းတွေလို သွားလာလှုပ်ရှားကြရတာမို့. . .မောတဲ့ကြားက . . .ပျော်လည်းပျော်။
((ဦးဆာရေ. . . ကဗျာပြခန်းလေးနဲ့ ကဗျာ့အရေးအစည်းအဝေးတွေကို လွမ်းလိုက်တာဗျာ. . .))
တစ်ခါတုန်းကတော့. . .ကျနော်ဟာ ကျနော့် အတိတ်ထဲက ပါလာတဲ့ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ အလူးအလဲပါပဲ။
စိတ်အားတွေ ထိုးဆင်း ကျသွားဖူးတယ်။
ဘဝဟာ ဘာမှ အဓိပ္ပာယ်မရှိလောက်အောင် တန်ဖိုးမဲ့နေတယ်ဆိုတဲ့ အတွေးတွေနဲ့ စိတ်ကျရောဂါသည်တစ်ယောက်လို
သွေးရူးသွေးတန်း ခံစားနာကျင်နေချိန်မှာပေါ့။
အဲဒီ ခံစားချက်တွေနဲ့ ကျနော့်ဒဏ်ရာအနာတရတွေကို ရင်ဖွင့်ပြဖို့နေရာဟာလည်း ကဗျာချစ်သူအိမ်ကလေးပါပဲ။
အဲဒီတုန်းက . . .
ကျနော့်ကို စိုးရိမ်ကြီးစွာနဲ့ ကျနော့်ဒဏ်ရာတွေကို ကုစားပေးဖို့ ဦးဆာအပါအဝင် ကဗျာမောင်နှမတွေက ကြိုးစားပေးကြတယ်။
အဲဒီလူကြီးဆိုရင် မအားတဲ့ကြားက . . .အချိန်ပေးပြီး ကျနော့်နာကျင်မှုတွေကို လျှော့ချဖို့ အားဖြစ်စေတဲ့ စကားတွေ ပြောပေးခဲ့တယ်။
စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်စေ ရုပ်ပိုင်းဆိုင်ရာပြဿနာဖြစ်စေ
ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ ချပြခဲ့တာ ကျေးဇူးတင်စရာပါ။ ပြီးတော့ ဘဝမှာ မမေ့စရာပါ။
ဒုက္ခရောက်တဲ့အချိန်မှာ မိတ်ဆွေစစ်ကို ရှာပါဆိုရင် ကျနော့်မိတ်ဆွေစစ်များ စာရင်းမှာ ဦးဆာမိ ဆိုတဲ့ လူကြီး ပါတယ် ။
(နောက်တစ်ခါမှာလည်း ကျနော့်ခေါင်းမှာ ဒဏ်ရာရတုန်းက မူးလဲကျသွားမယ့်အခြေအနေ
မရောက်ခင် ကြိုတင်စီစဉ်ထားရမယ့် အချက်တွေ လှမ်းသတိပေးသေးတယ်။
ပြီးတော့ လိုအပ်ရင် ၂၄ နာရီ အချိန်မရွေး ဖုန်းဆက်ခေါ်ဖို့ အကူအညီပေးဖို့ အသင့်ရှိနေတယ်တဲ့ ။
အဲဒီတုန်းက ကျနော့်ကို
စိုးရိမ်စွာ ကူညီပေးခဲ့ကြသူတွေထဲမှာ ကျနော့်အမျိုးအဆွေထဲက မရှိ/ ဂဇက်ရွာက မိတ်ဆွေတွေကပဲ ကူညီကြ/စိုးရိမ်ခဲ့ကြတာ။ မမေ့နိုင်စရာပါ ။ )
ကျနော့် အစ်ကိုအရင်းနဲ့တောင် တည်ဆောက်လို့မရတဲ့ ရင်နှီးချစ်ခင်မှုတွေနဲ့
အဲ့ဒီလူကြီး အပါအဝင် ကဗျာချစ်သူတွေဟာ ဖြူစင်စွာ ရစ်ပတ်နှောင်တွယ် တည်ဆောက်နိုင်ခဲ့ကြတယ်။
ကျနော့်ဘဝမှာ မေ့ထားလို့မရတဲ့
(မမေ့သင့် မမေ့အပ်သော/သွေးသားရင်းချာ အစ်ကိုတစ်ယောက်လို) လူတစ်ယောက်အဖြစ် ဦးဆာမိက ပါဝင်ဖြစ်တည်နေခဲ့တယ်။
အဲဒီ အခြေအနေလေးကို ဒီနေရာမှာ မှတ်မှတ်ရရ အသိအမှတ်ပြုပြီး မှတ်တမ်းတင်လိုက်ပါတယ်။
(ကျနော်ဟာ နေ့စဉ် ဒိုင်ယာရီ မရေးဖြစ်သူမို့ . . .
ဒီ့ထက်တစ်ဆင့်တက်ပြောရရင်
ဟောဒီ ဂဇက်စာမျက်နှာတွေဟာ ကျနော့်ဘဝ စာမျက်နှာ/ကျနော့်ဘဝမှတ်တမ်းမှတ်ရာ အစိတ်အပိုင်းတစ်ခုမို့. . . )
ဒီပိုစ့်ဟာ . . .
ဦးဆာမိဆိုတဲ့ ရွာသားကြီးကို
လေးစားစွာနဲ့ ဦးညွတ်ပြမှုတစ်ခုပါ။
————-
မိတ်ဆွေများ လွတ်လပ်ငြိမ်းချမ်းပါစေ. . .
လေးစားချစ်ခင်လျက်
အလင်းဆက်(Gazette)
21 / 8 / 2014 / ည ၈ နာရီ်
34 comments
ဇီဇီ ခင်ဇော် (15102012)
August 22, 2014 at 7:41 am
ဟုတ်တယ်။
နာ ရော ပဲ.။
ဆာဆာ့ကိုလည်းချစ်တယ်။
ကဗျာ ပြခန်းကိုလည်း ချစ်တယ်။
ကဗျာ ချစ်သူတွေကိုလည်း ချစ်တယ်။
:chit:
ဟိဟိ။
ကပျာကရာတွေ တူးကုန်ပြီ။
ဟိ
:k:
အလင်းဆက်(24/05/2011)
August 22, 2014 at 7:56 am
မကြာမီ လာမည် ဇီဇီ
ဟီဟိ
ဇီဇီ ခင်ဇော် (15102012)
August 22, 2014 at 8:58 am
အမှန်တော့ ဆာဆာ့ အကြောင်းတွေ ပြောစာရှိပါတယ်။
ကွကိုယ် ပြောဖို့ ချန်ထားလို့ ဒီမှာ မပြောတော့ဘူးးး
ဟိဟိ
:k:
အလင်းဆက်(24/05/2011)
August 22, 2014 at 11:13 am
အော်…မမဂျီး လည်း..သူ ့ကို..တူးဦးမှာလား… ။
တူးလေ ပေါ်လေ…ဟေဟေ့… ။
ဦးဆာတော့..ဒီကလေးတွေနဲ့တော့….လူပေါင်းမှားပါပြီလို ့..အော်နေပြီလားမသိ.. ။
Ko chogyi
August 22, 2014 at 7:43 am
အလင်းဆက်တစ်ယောက် ဘိုင်ပြတ်လို့ ကျောက်တူးတယ်ထင်နေတာ
အခုတော့ လက်ဖက်ရည်ဖိုးမရှိလို တူးတာဖြစ်နေတယ်
သူ့ပို့စ်ထဲမှာ လက်ဖက်ရည်ဖိုးရှင်းတာရယ် လက်ဖက်ရည်တိုက်ခိုင်းတာရယ်ပဲ
တွေ့နေရတယ်လေ
အလင်းဆက်(24/05/2011)
August 22, 2014 at 7:57 am
တိန် တိန် နှစ်ခါတိန်
အခြားဟာဒေလည်း ပါပါတယ်ဂျ
Mr. MarGa (12512)
August 22, 2014 at 8:59 am
ရန်ဖြစ်ချင်သေးတယ်
ကဗျာချစ်သူ တစ်ဖွဲ့လုံးနဲ့ နာနဲ့ :mrgreenn:
အဲဒီ ဦးဆာ ဆိုတဲ့ လူရီးကိုလည်း
ရန်ုကုန်ရောက်ရင် နှိပ်စက်ချင်သေးတယ်
ဟီးးး
အလင်းဆက်(24/05/2011)
August 22, 2014 at 11:12 am
ကဗျာချစ်သူ အဖွဲ ့ချက်ဘောက်ထဲမှာ.. မကြာမကြာ..ရတ်ဖြစ်ကြသေးတာပေါ့ကွာ.. အဟိ…
သဂျား ရန်ကုန်ရောက်ရင်…သဂျားကို..နှိပ်စက်ရဦးမယ် … ။ မန်းလေးထိတော့..လာနှိပ်စက်ပြီးပြီမို ့…
ဦးကြောင်ကြီး
August 22, 2014 at 9:04 am
ကစာမိ
အဝှာဘိ
လျှာကလိ
ခါခါငြိ
နှစ်ထွာရှိ
တဏှာပိ
ဗွာအဟိ
ရွာကဝိ..
အလင်းဆက်(24/05/2011)
August 22, 2014 at 11:15 am
ရွာကဝိ…ကာရန်ငါးပိကြီး..ဦးကြောင်
ကိုပေါက်(မန္တလေး)
August 22, 2014 at 9:13 am
ပြောရမယ်ဆိုရင်
ကဆာမိနဲ့ ကလူချင်းမတွေ့ဘူးခင် စာခြင်းပေါင်းမိကြတာ
ဆာဆာနဲ့ ပိုစ်တွဲရေးဖြစ်တာကိုပြောတာပါ
တွေ့ မယ့် တွေ့ တော့ လည်း ကျနော်က ဘုန်းကြီ း ဝတ်ကြီးနဲ့
မနှင်းပြုံးရယ် ကျနော် ရယ် ဆာဆာ ရယ် ကျနော်တို့ အလှူ လုပ် မယ်ရွှေပြည်သာ မယ်သီလရှင်ကျောင်းကိုအတူသွားခဲ့
မနှင်းပြုံးရယ် ကိုစွယ်တော် မောင်ယဉ်အောင် ရယ် ကိုဆာရယ် လက်ဖက်ရည်ဆို်င်မှာ အကြာကြီးလေပေါခဲ့ ကြ
တွေ့ ဘူးတာတော့ ဒီနှစ်ခါ ဘဲ ဒါပေမယ့် သတိရ နေ ပါတယ်
ဖုန်းပြောကြရင်လှိုက်လှဲသောလေသံနဲ့အားရပါးရပြောတာတော့ သဘောအကျ ဆုံးဘဲ
အလင်းဆက်(24/05/2011)
August 22, 2014 at 11:10 am
ဖုန်းထဲတင်မဟုတ်…
အပြင်မှာ မျက်နှာချင်းဆိုင် တွေ ့လည်း..အားရပါးရ စကားပြောတဲ့သူ…
သူပြောရင်.. သူ ့အတွေ ့အကြုံ စုံ စုံတွေကလည်း..ပါနေလို ့…နားထောင်လို ့ လွှတ်ကောင်း…
အပြောကောင်းသလောက် အကောင်းပြောတတ်သူပါ ။ လေးပေါက် ရေ…
ရွှေတိုက်စိုး
August 22, 2014 at 10:28 am
ပြောရင်းဆိုရင်း အကြိတ်အနယ် တိုင်ပင်ဆွေးနွေးကြရင်း ကျနော်တို့ကလေးတွေ စားထားသောက်ထားသမျှတွေကို . . .သူကပဲ . . .ဒိုင်ခံရှင်းပေးရတာ။
အကုန်လုံးထဲမှာ ဒါလေးစိတ်ဝင်စားတယ်… ဟေ့ဟေ့… ဦးဆာက အဲလိုတဘောကောင်းသလားအေ… ဒါဆို.. သများတို. ခေးဒွေ စားထာတာတွေ မရှင်းရင်တောင် သောက်ထားတာလေး ဒိုင်ခံရှင်းပေးနော်… နော် လို…. ခွိ… 😛
အလင်းဆက်(24/05/2011)
August 22, 2014 at 11:08 am
သူက…အနံ ့တောင် မခံနိုင်တဲ့ လူကြီးဟ… ။
အနံ ့နဲ့တင်..မူးတာတဲ့… ။
ဒီတော့.. မူးတဲ့ လက်ဖက်ရည်ကို..သူနဲ့အတူ သောက်ခွင့်မရ… ။
မမူးတဲ့ လက်ဖက်ရည်အစစ်ပဲ..သောက်ရတာ..
မ " တတ် ပါ့ "
August 22, 2014 at 11:00 am
ဆာဆာကို ကပျာကယာ 2ပြီးရင်… who’s next?
အလင်းဆက်(24/05/2011)
August 22, 2014 at 11:16 am
ဆာဆာ နဲ့ ဇီဇီ ..နှစ်ယောက်ပဲ… ။
ကျန်တာက..သူတို ့နှစ်ယောက် ပတ် တူးနေတာလေ..
ဟီဟိ
ကျနော်က သူတို ့ကို..ပြန် တူးတာ..
kyeemite
August 22, 2014 at 11:24 am
ကိုရင်ဆာမိရဲ့ သုဘရာဇာသံချောင်း ပို့စ်လေးတွေ လွမ်းသကွာ…ဒီလူက မြန်ပြည်တစ်လွှားနေရာစုံရောက်ဖူးသလောက် အတွေ့အကြုံလည်းစုံသဗျ…
စာတွေပြန်ရေးတာကိုမျှော်နေပါဂျောင်း….
-မြန်မာ့ရိုးရာဟာသလေးတောင်ရှိသေး..ဟေးဟေး
-ရွာတစ်ရွာမှာ ဆာမိနဲ့ မူးတူးဆိုတဲ့သူငယ်ချင်းနှစ်ယောက်ရှိသတဲ့
-နှစ်ယောက်လုံးက ဗုဒ်ဓဘာသာဝင်တွေပါတဲ့
-တစ်ခါသား…ဆာမိက အိမ်မှာ ဘုန်းကြီးဆွမ်းကပ်ပြီး သူငယ်ချင်း မူးတူးတို့မိသားစုကိုပါဖိတ်သတဲ့
-ဘုန်းကြီးကသီလပေးတော့..ထုံးစံအတိုင်း ဗုဒ်ဓံသရဏံ ဂစ္ဆာမိ
ဓမ္မံသရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ…စသဖြင့်ဆိုပြီးဆုတွေတောင်းပေးတော့
-ဆာမိရဲ့ မိသားစုတွေပီတိဖြစ်ကြသလို သူငယ်ချင်း မူးတူး ရဲ့မိသားစုတွေလည်း ဝမ်းသာပြီး -အားကျနေကြသတဲ့….
-တစ်နေ့တော့သူတို့မိသားစုလည်းဘုန်းကြီးဆွမ်းကပ်ပြီး ဆာမိတို့မိသားစုကိုဖိတ်ပြီးပြန်ကြွားသပေါ့..
-သီလပေးတော့ ဘုန်းကြီးကထုံးစံအတိုင်း..ဗုဒ်ဓံသရဏံ ဂစ္ဆာမိ
ဓမ္မံသရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ…လို့အစချီပြန်တော့…မူတူး က
-အူယားဖားယား“အရှင်ဘုရား..အခုလှူတာက တပည့်တော်မူးတူးပါဘုရား…ဆာမိမဟုတ်ပါဘူးဖျာ့
-လို့ အတင်းဝင်ပြောတော့…ဘုန်းကြီးလည်း သဘောပေါက်သွားပြီး..အလှူရှင်မူးတူး ကျေနပ်အောင်
– ဗုဒ်ဓံသရဏံ ဂစ်မူးတူး
ဓမ္မံသရဏံ ဂစ်မူးတူး
သံဃံ သရဏံ ဂစ်မူတူး…..လို့ပြောင်းဆိုလိုက်ရသတဲ့ :k:
-ကိုဆာမိ ဆိုတဲ့နာမည် နဲ့ပါတ်သက်ပြီး အမှတ်ရနေတဲ့ ဟာသလေးပါ အလက်ဆင်းရေ
အလင်းဆက်(24/05/2011)
August 22, 2014 at 11:28 am
အဟီးးး
ဦးကြီး.ရဲ ့… ဟာကလည်း..ရှာရှာဖွေဖွေ…
ခင် ခ
August 22, 2014 at 11:31 am
ကဗျာချစ်သူတွေနှင့်ဆာ အကြောင်းဆိုတော့
“ဆာဆာ ကဗျာ”
ဒါလည်း ဟုတ်သေးဘူး
“ဆာဆာ(ကဗျာ)”
ဒါကြတော့လည်း မောင်စိန်ဝင်း(ပုတီးကုန်း) လို့ သိကြလေတော ကဗျာ ကဘယ်မြို့လည်းမေးနေမှဖြင့် ဒါလည်းဟုတ်သေးဘူး
“ဆာ ကဗျာ”
အဲ နဲနဲခေါ်လို့ကောင်းတယ် ဒါဆို ဒီလိုခေါ်ရင် ပိုမိုက်မယ်
“ကဗျာ ဆာ”
အလင်းဆက်(24/05/2011)
August 22, 2014 at 11:35 am
ကဗျာနဲ့ ဆာနဲ ့ တွေ ့ကြလေသတည်းပေါ့… ။
ဗုံဗုံ
August 22, 2014 at 11:36 am
မီးလည်းဆာ့ဆာ့ကိုချစ်ဒယ်
ညက်မှန်လေး ရချင်လို့
သဘောကောင်းရင် ပိုက်ဆံချေးအူးမှ (^_^) (^_^)
အလင်းဆက်(24/05/2011)
August 22, 2014 at 11:43 am
အံမယ်… သူချစ်ပုံက..တညိုးကိုး…
လုံမလေးမွန်မွန်
August 22, 2014 at 11:51 am
နာလည်း အူးဆာကို ချစ်တယ်..
အူးဆာကို အားမနာတမ်း နှိပ်စက်ချင်လောက်အောင်ကို ချစ်တာ..
ဟိုတစ်ယောက်နဲ့များ ကွာပါ့.. အူးဆာနဲ့တွေ့ဖို့ ချိန်းမယ်ဆိုရင်ကို အူးဆာမအားမှာစိုးပြီး အားနာလို့ နာ့ကို ဖုန်းမဆက်ဖို့တားတာ.. ရန်တောင်ဖြစ်ရတယ်.. ခိခိ..
အလင်းဆက်(24/05/2011)
August 22, 2014 at 2:32 pm
ဦးဆာတော့ ဖျားတနေလောက်ပြီ ညီမတော်မွန်မွန်ရေ
အားမနာတမ်းနှိပ်စက်ချင်လောက်အောင် ချစ်တာဆိုတော့လေ
ဂစ်ဂစ်
surmi
August 22, 2014 at 2:49 pm
ရစ်တာတွေ
ဂွကျကျ ပြောတာတွေ
ကန့်လန့်တိုက်တာတွေ
အဲဒါတွေလည်း ချန်မထားနဲ့လေ
ဖြေးဖြေးတော့လုပ်ကြပါကွယ်
တကယ်တော့ သာမန်ဖြစ်ရိုးဖြစ်စဉ်လေးတွေပါ အလက်ဆင်းရေ …
အလင်းဆက်(24/05/2011)
August 22, 2014 at 5:50 pm
ကျနော့်အတွက်တော့… ဒါလေးတွေက… အမှတ်ရစရာ….
အဖြစ်အပျက်လေးတွေပါ… ဦးဆာ….
😆
ဦးကျောက်ခဲ
August 22, 2014 at 3:22 pm
ကိုရင်ဆာအကြောင်းလား… အများကြီးကျန်သေးတယ်…
နောက်ဆုံးပေါ် ရေနွေးဓာတ်ဗူးနဲ့ ဖူးစာဆုံခဲ့ပုံလေးက ဓာတ်သေနဲ့တကွ… အဟိ
:k:
အလင်းဆက်(24/05/2011)
August 22, 2014 at 5:45 pm
အဲဒီ သက်သေလေးတွေ ဒီပိုစ့်ထဲ..ထည့်လိုက်ရင်ကောင်းမလား… ဦးကျောက်
မွသဲ ( 17082011 )
August 22, 2014 at 4:34 pm
ဦးဆာကူညီတတ်တာတော့တကယ်ပါ။ ကျန်တဲ့ရွာထဲက မိတ်ဆွေတွေလဲ အတတ်နိုင်ဆုံးတယောက်နဲ့တယောက်ကူညီတတ်ကြတယ်။ ဒီရွာထဲဝင်မိတာ ဘယ်တော့မှနောင်တမရဘူး။ သံယောဇဉ်တွေတိုးသထက်သာတိုးလာပဲ
အလင်းဆက်(24/05/2011)
August 22, 2014 at 5:42 pm
အဟုတ်ပဲ… ဗျ… ။
မြစာကလေး (23122011)
August 22, 2014 at 10:17 pm
“ချစ်သူ ကို ကြည့်ရင်း နဲ့ ပို ဝ ဝ လာတယ်။”
အကြွေး လို့ ဆာဆာ့ ကို ပြောလိုက်နော်။
:-))
အလင်းဆက်(24/05/2011)
August 23, 2014 at 11:48 am
တိန်
pooch
August 23, 2014 at 2:06 pm
ကိုဆာမိလား သူတို့ဒေသဖက် ငါးငါးပိသိပ်တဲ့အကြောင်းရေးတဲ့ပိုစ့် ကတော့ မှတ်မှတ်ရရပဲ ။ ။ တောခြောက်ခံရတဲ့ ပိုစ့်တွေလည်း ကောင်းတာပဲ ။ စာရေးကောင်းသလို စိတ်ဓာတ်လည်း ကောင်းတယ်။
တခါက ဟိုင်းဝေးကားပေါ်က ကောင်မလေးတယောက် သူ့ပုခုံးပေါ်လာအိပ်တာကို နေရာလဲပြီး အိပ်ခိုင်းတဲ့ အထိ သူ့လိပ်ပြာသူလုံအောင် ကြိုးစားတဲ့အကြောင်း စာရေးဖူးတယ်။
ဆန္ဒကို သိက္ခာနဲ့ထိန်းတာလေ။
မဒမ်ဆာကလည်း ဖြူဖြူသန့်သန့်လေး တခါက သူ့အမျိုးသမီးနဲ့ ဈေးဝယ်ထွက်တုန်း လွဲခဲ့တဲ့အလွဲတခုကို ရေးတဲ့ပိုစ့်ကို မှန်းပြီးပြောရတာ။ 😛
လူလတ်ပိုင်းလူကြီးထဲမှာ ကျမလေးစားတဲ့ လူတွေထဲက တယောက်ပေါ့ ။
အလင်းဆက်(24/05/2011)
August 23, 2014 at 6:01 pm
ဟုတ်တယ်ဗျ… စာရေးတော့လည်း…ချောာာာာာလို ့ပဲ..
😆