မဝေးတဝေး
မဝေးတဝေးကို ကျွန်မ ငေး
ကျွန်မကိုလည်း
မဝေးတဝေးက ငေးနေတယ်….
ဟော… ကြည့် ခုလည်း စာဖတ်သူက ကျွန်မကို ငေးကြည့်နေတယ်…[/caption]
မဝေးတဝေးကို ကျွန်မ ငေး
ကျွန်မကိုလည်း
မဝေးတဝေးက ငေးနေတယ်….
သဘာဝတရားက ပေးတဲ့ဘဝ
လက်ခံရမှာလား….
ငြင်းဆန်ရမှာလား…
နေဝင်နေထွက် မိုးလင်းမိုးချုပ်
တကုတ်ကုတ်
ဝမ်းစာအရေး ကြိုးစားနေရ
ကံ.. ကံတောလား…
မဝေးတဝေးကို ကျွန်မ ငေး
ကျွန်မကိုလည်း
မဝေးတဝေးက ငေးနေတယ်….
အိမ်ပြန်ချိန်တိုင်း ကားပိတ်နေတယ်….
မနောဖြူလေး ခံစားသည်။
၃၀.၈.၂၀၁၄
2 comments
ခင် ခ
August 30, 2014 at 2:23 pm
မဝေးတဝေး အကွာလေးနဲ့
မနီးတနီး ရှိနေခဲ့တာ
ခုထိတိုင်ပါ။
manawphyulay
August 30, 2014 at 2:41 pm
နီးနီး ဝေးဝေး
အမြဲတမ်းအတွက်
ရင်ထဲ အပြည့်ရှိနေလျှက်ပါ…