သက်တမ်းနဲ့ ဇာတ်လမ်း
. . .
. . . အူသံတွေအဆုံးမှာ. . .
ငါ့တို့ ကိုယ် ငါတို့ မီးခိုးလုံးလို ဝေဝါးပစ်လိုက်ရမှာလား???
တိမ်ကို ခိုစီးရင်း သီချင်းတစ်ပုဒ်တော့ ညည်းပါရစေ. . .
”ဒါ တို့ ပြေ . . . ဒါ. . .တို့မြေ. . ”
မဟုတ်သေးဘူး. . .
ငါတို့နေလို့ရဖို့အတွက်
လေထဲမှာတောင် တန်ဖိုးနည်းအိမ်ရာမရှိဘူး။
ဒီသီချင်း. . .
သခင်ခေတ်မှာမှ. . .ဆိုကြမယ်နော်. . .
တဂျုန်းဂျုန်းခုတ်မောင်းနေတဲ့ ရထားတစ်စင်းရဲ့ ခြေသံ. . .
ဆာလောင်နေတဲ့ ငါတို့ မကြားလိုက်ဘူး။
ဘယ်ကြားမလဲ . . .
ငါတို့မှာ ကိုယ်စီကိုယ်င
လက်ဖြန့်ပြီးတောင်းရမလား
လက်သီးဆုပ် လုပ်ယူရမလား
အာရုံနည်းနည်းများထားတယ်။
((သူ့ကို ဆက်ထားလည်း
ငါတို့ကို ငါတို့ မသနားရာကျမယ်
သူ့ကို မောင်းထုတ်လည်း. . .
သူဖောက်ခဲ့တဲ့မြောင်းပုပ်ကြီးထဲ
ငါတို့ပဲ ခုန်ဆင်းပြီး သေကြေကြရမယ်. . .))
ဘယ်မှာလဲ. . .
ငါတို့ အသက်ရှုဖို့ . . .လေ. . .
အရှိကိုအရှိအတိုင်းခံစားပြောဆိုဖို့. . .
ပုဒ်မတွေ. . . လည်ချောင်းထဲ ထောင်လို့. . .
မေမေရယ်. . .
ဒီတိုင်းပြည်မှာ. . .နေသ၍. . .
မိုးမလင်းဒီမိုကရေစီနဲ့ပဲ
ခပ်မှောင်မှောင် ဆက်ငေါင်နေရဦးမှာလား???
အခုတလော. . .
သား . . .သွေးတွေ ယားနေတယ်။
သေသေသပ်သပ်ပြုလုပ်ထားတဲ့ ဟန်ဆောင်အမှန်တရားတွေကြားမှာ. . .
ထွားချင်သူတို့ တင်းကျပ်ပေါက်ကွဲ. . .
သွေးသံရဲရဲနဲ့ လဲကြ မွဲကြ. . .
လူဟုတ်ပြီး လူမလုပ်ရတဲ့သရုပ်ဆောင်တွေကိုတော့. . .
သား ဇာတ်ပို့ချင်တယ်မေမေ. . .
ဟောဒီ အဖျက်ကြမ်းတဲ့ အမှောင်ခေတ်မှာ
တစ်ဖက်တစ်လမ်းကသာ
မီး ဝင်ထွန်းခဲ့ရင်. . .
ဘာပဲဖြစ်ဖြစ်. . .
မှတ်တမ်းတော့ ကျန်ခဲ့မှာပဲ။
မေမေသိပါတယ်. . .ဒီသက်တမ်းမှာ
ဒီဇာတ်လမ်းကိုပဲ အသုံးကျအောင် . . .
ကရမယ်ဆိုတာ. . .
။။။။၊။။။။။။။။။၊။။။
အလင်းဆက်(Gazette)
15/9/2014/07:00
18 comments
ဦးကြောင်ကြီး
September 15, 2014 at 7:54 am
အသက်ရှူ ဖို့
ဓာတ်ကူစို့
ဘက်တူပို့
နတ်လူဒို့..
alinsett
September 15, 2014 at 4:49 pm
အသက်ရှုခွင့်ရဖို့
ဓါတ်ကြိုးပြတ်တွေ ရှောင်ကြစို့
ခင် ခ
September 15, 2014 at 8:18 am
အမေလည်း မမောတမ်းက
သားတို့လည်း အင်အားပြ
အဆုံးသပ်ဇာတ်လမ်းကောင်းချင်လို့ပါဗျ။
alinsett
September 15, 2014 at 4:58 pm
အဆုံးသတ်
အဲ့ဒါ အရေးကြီးတယ် လေးခ ရေ
ကိုယ်တွေ ကတဲ့ ဇာတ်လမ်းဟာ အဆုံးသတ်မှာ ဘာမှ စိတ်မကျေနပ်လိုက်ရဘူးဆိုရင်
ဘာထူးမလဲ
😆
ဇီဇီ ခင်ဇော် (15102012)
September 15, 2014 at 8:25 am
စိတ်ထဲမှာ အရမ်းရေးချင်တာတွေ ကို ရေးထား ဆက်ဆက်။
အဲဒီ စာတွေက ပြီးရင် အဖိုးတန်လိမ့်မယ်။
alinsett
September 15, 2014 at 9:14 am
ဟုတ်။
အခုတလော ဒါမျိုး ခံစားချက်လေးတွေပဲ ဒီပုံစံနဲ့ ရေးချင်နေတယ်။
😆
kyeemite
September 15, 2014 at 2:59 pm
.လူဟုတ်ပြီး လူမလုပ်ရတဲ့သရုပ်ဆောင်တွေကိုတော့. . .
.သား ဇာတ်ပို့ချင်တယ်မေမေ. . .
.ကြိုက်တယ်ကွာ 😆
alinsett
September 16, 2014 at 12:24 am
ဦးကြီး
ကျနော့်ကဗျာတွေထဲက အကြိုက်တွေ ့တာတွေပါရင်
ကျနော် ကဗျာတွေစုထုတ်တဲ့အခါ
ကျနော့်ကဗျာစာအုပ်ကို အားပေးရမယ်နော
Yae Myae Tha Ninn
September 15, 2014 at 3:29 pm
ဟွန်း ဟွန်း ဆက်ဆက် ဒါ ဘာအချိုးချိုးတာလဲ… နာက ရုပ်ရှင်ရိုက်မယ် ပြောတာ.. နီက ဇာတ်ကမယ် ပြောတယ်.. မကြိုက်ဘူးနော်… မကြိုက်ဘူး.. 😛
အားပေးသွားပါတယ်.. ဆက်ရေးပါဗျိုးးးးးးး
တာရာမင်းဝေ စာအုပ်ထဲကလို ကရင်း မီးတောက်အသွင်နဲ့ အလှဆင်သွားတာမျိုးဖြစ်သွားတဲ့အထိ…
မှတ်ချက်။ နည်းနည်း ကျပ်ပေးခဲ့သည်…
alinsett
September 15, 2014 at 4:05 pm
အဟိ..
အရှေ့မြို့ရိုးမှ မိုးရေစက်များထဲက….
ဂျူနိုလိုလား….
အဲဒီလို..ကိုယ့်ခန္ဓာကိုယ်ကို မီးအိမ်တစ်လုံးလို..ထွန်းညှိပြပြီး…
နှစ်သစ်ကိုကြိုခွင့်ရမယ်ဆိုရင်….
ကြိုချင်မိပါရဲ့ဗျာ… ။
အဲဒီလို ကကွက်မျိုး…ကနိုင်တဲ့ တနေ့..ပေါ့…
:kwi:
Yae Myae Tha Ninn
September 15, 2014 at 4:34 pm
ရောက်မှာပါ… ပါရမီ ပါပါတယ်.. ဒါပေမဲ့ ၃ခုကိုမေ့ပြီး မလုပ်မိဖို့ပဲ.. စားဝတ်နေရေးပဲ.. ကမ္ဘာကျော်တချို့က ချို့ချို့ တဲ့တဲ့ နဲ့ ပြီးသွားတယ်ဗျ.. သိပ်သနားတယ်.. သူဖန်တီးခဲ့တာ သူမစံစားသွားရဘူး.. ဆက်ဆက်ကို အောင်မြင်စေချင်ပါတယ်.. ဒါပေမဲ့ ကျွန်တော်က စီးပွားရေးသမားဆိုတော့ ကျွန်တော့်အတွေးပေါ့… မျှအောင် လုပ်ပါလို့… ဝါသနာ နဲ့ ၃ခု ယှဉ်ပြီးလုပ်ပါလို့… 🙂
Yae Myae Tha Ninn
September 15, 2014 at 3:32 pm
ပထမက ဇီဇီကို နောက်သလို ကဗျာကို နောက်မလို့ပဲ.. မနောက်ရက်လို့.. ဖော့ပြီးပဲ နောက် မန့်သွားတာပါ… ဆက်ဆက်… 🙂
alinsett
September 15, 2014 at 4:06 pm
ဘာလို့ မနောက်ရက်သလဲ…
ကဗျာ တစ်ပုဒ်ကနေ…နောက်ထပ် ကဗျာတစ်ပုဒ် ထပ်ထွက်လာမှာပဲ…
ကျနော်တော့..သဘောကျတယ်
😆
Yae Myae Tha Ninn
September 15, 2014 at 4:36 pm
အင်းပါ.. နောက် တပုဒ်ဆို နောက်မယ်ဗျာ.. ဘာတင်တင်.. ဟုတ်ပြိလား.. ပြိးမှ စိတ်မဆိုးနဲ့.. ကျွန်တော်က ပေါက်ကရ အတွေးဆို သိပ်ရတယ်.. အခုတောင် လေလည်တာကို အနုစိတ်ရေးထားတာ ရှိတယ်.. တင်ရမလား.. မတင်ရမလား.. စဉ်းစားနေတာ… 🙂
aye.kk
September 15, 2014 at 8:38 pm
အချိန်ဘီလူးစားတာခံရင်း
မျှော်လင့်ချက်တွေလည်းသေမင်းနဲ့အဖော်
ပြုနေရပြီ
alinsett
September 16, 2014 at 12:18 am
လူ မသေခင်
မျှော်လင့်ချက် သေနေရတဲ့ဘဝ
အဲဒါမျိုးကတော့ . . .ဆိုးတယ်ဗျာ. . .
ကျနော့်ခံစားချက်ကလေးကို
လာရောက် ဝေမျှခံစားပေးသွားတဲ့အတွက်
ဇူးဇူးပါဗျာ
မွသဲ ( 17082011 )
September 16, 2014 at 8:31 am
မျှော်လင့်ချက်တွေဝေဝါး သေချာမသိနိုင်တော့ပါလား။ ရင်ထဲကနာကျင် ခံပြင်းမှု့တွေနဲ့ ဆက်လျောက်သင့်လား ရပ်ပလိုက်ရမလား
ငါတော့သီချင်းဆိုရင်းငိုလ်ုက်ချင်ပါတယ်ဟယ်
alinsett
September 16, 2014 at 10:01 am
ငိုပါနဲ့ တဲသီ
တဲသီ ငိုရင် သားလည်း ငိုချင်တယ်
ဖွေးဖွေးကို ဖက်ပြီး ငိုဘရဇေဂျာ
😥