ယနေ့မှစ၍နှစ်တရာတိုင်

manandarmaungAugust 17, 20101min920

ယနေ့မှစ၍နှစ်တရာတိုင်

အချစ်စစ်အချစ်မှန်တို့မည်သည် အချိန်တွေဘယ်လောက်ဟောင်းဟောင်း၊နေရာတွေ ဘယ်လောက်ပဲဝေးကွာနေကြပါစေလေ၊
ခိုင်မြဲတဲ့ချစ်ချင်းမေတ္တာတရားနဲ့ နှစ်ပေါင်းမြောက်များစွာကြာအောင် ခိုင်းမြဲစွာ ပေါင်းဖတ်နိုင်ကြပါတယ်လေ။
ရင်ထဲကစစ်မှန်တဲ့ချစ်ခြင်းတွေကြောင့် နားလဲမှု၊ယုံကြည်ကိုးစားမှုတွေနဲ့ ရွှေလက်တွဲတွဲမြဲခိုင်နိုင်ကြပါတယ်။လောကဒဏ်ကိုအေးအတူပူအမျှခံစားရင်းနဲ့ ဘဝတခုလုံးကိုလဲရဲရဲဝင့်ဝင့်ရှောက်လှမ်းနိုင်ကြပါတယ်လေ။အိမ်ခန်းရှေ့က နှစ်ဦးသားရဲ့ မင်္ဂလာဦးဓတ်ပုံကိုကြည့်ရင်းနဲ့ ပြက္ခဒိန်ကိုကြည့်တော့ (၂၀၁၀) ဂျွန်(၂၅)ရက်တဲ့။ ဪ ခုတော့လဲနှစ်ပေါင်း(၂၀)နှစ်တောင်ရှိပါပြီကော။သားကြီးတောင်မှဘွဲ့ရနေလို့အလုပ်တခုတောင်လုပ်နေပြီလေ။အင်း
မင်္ဂလာငွေရတု တောင်ရောက်တော့မှာပါလား။ဒီလိုနဲ့ကျွန်တော်တရောက် ပြက္ခဒိန်ကိုကြည့်ရင်းနဲ့ မော်နဲ့ကျွန်တော်တို့ရဲ့ကုန်လွန်ခဲ့သောအတိက်ကိုပြန်သတိရမိပါသည်။

ကျွန်တော်ကတော့ ကိုအောင်မြင့်လေ။လွန်ခဲ့တဲ့အနှစ်(၂၀)လောက်က ကျွန်တော်တို့လှိုင်သာယာမှာ အထည်ချုပ်စတ်ရုံတွေစတင်တဲ့အချိန်လောက်ကပေါ့။အဲဒီတုန်းကကျွန်တော်ကလူပျိုပေါက်စလေ.၊(၁၆)နှစ်ကျော်ကျော်ပဲရှိသေးတာပါ။
နေတာကရွှေပြည်သာမှာလေ။အထည်ချုပ်စက်ရုံတွေစဖွင့်တော့ ကျွန်တော်ရဲ့အမ(၂) ရောက်က အထည်ချုပ်စက်ရုံမှာအလုပ်ရသွားတယ်။အားနေတဲ့ကျွန်တော်ကိုအိမ်ကထမင်းချိုင့်ပို့ခိုင်းတယ်လေ။အားနေတဲ့သူဆိုတော့လဲ
ပျင်းပျင်းရှိတာနဲ့လိုလိုချင်ချင်ပဲသွားပို့တဲ့အလုပ်ကိုလက်ခံခဲ့ပါတယ်။

“မမော် ဒါငါတို့ရဲ့မောင်လေး အောင်မြင့်တဲ့” ။ဆိုပြီးအမကြီးတရောက်နဲ့မိတ်ဆတ်ပေးပါတယ်။အဲဒီအမက တချက်ပဲလှဲ့ကြည့်ပြီး ဘာတခွန်းမှ လဲမပြောဘူးလေ။မသာကာ ပြုံးရုံလေးတော့ပြုံးပါတော့လား။အခုတော့။ဟင်း။မာနခဲကြီးလားမသိပါဘူး။နောက်တော့မှအမကပြန်ပြောတာက အဲဒါသူတို့ဆိုက်အဖွဲ့တခုလုံးရဲ့ အုပ်ချုပ်သူတဲ့။”အုပ်ချုပ်သူဆိုတာတကယ်တော့ အတော်ဆုံးအချုပ်သမကို နေရာပေးထားတာပါ။
“သူကတဆင့်အသစ်တွေကို ချုပ်ပုံချုပ်နည်း ကတ်ကျေးယူနည်း ကိုသင်ပေးရတာလေ။အဲဒီအမကြီးကသူများတွေထက်လစာပိုရတယ်ဆိုပဲ။

နေ့လည်ဘက်အမတို့ထမင်းစားကြတော့ပျော်စရာပါ။ကျွန်တော်ကအားနေသူမို့လား။အမတို့ထမင်းစားအပြီးအထိစောင့်ပြီးမှပြန်တာပါ။တယောက်နဲ့တယောက်စကြနောက်ကြနဲ့တကဲ့မောင်ရင်းနှမရင်းတွေလို ပျော်စရာပါ။ပြောပုံကိုကြည့်အုံးလေ။”မရီညည်းမောင်ကိုငါ့ကိုပေးပါလားတဲ့” အစ်မတရောက်ကစတာပါ ။အမကြီးက လည်း”အေး ငါ့မောင်ကအစားကြီးတယ် ။ညည်းပုံနဲ့ငါ့မောင်ကိုလုပ်ကျွေးနိုင်မယ်မထင်ပါဘူးအေ”တဲ့။လာအလုပ်လုပ်တဲ့သူတွေက အများစုက တောသူတောင်သားလေ။တယောက်နဲ့တရောက်စရင်အားမနာပါဘူး။ဒုတ်ထုးိအိုးပေါက်စကြတာပါ.။အားမနာပါဘူး။ကြားထဲက
ကျွန်တော်မှာသာမျက်နှာပူုရတာ။သူတို့ကတော့ပြုံးပြုံးပဲလေ။

ပြီးတော့လည်းတယောက်နဲ့တယောက်ကမောင်ရင်းနှမတွေလိုအရမ်းပဲသည်းခံကြတာပါ။တယောက်ထမင်းချိုင့် တယောက်ယူစားသွားလဲဘာမှမပြောဘူး။စားစရာမရှိရင်ဗိုက်မှောက်ပြီးရေသောက်နေလိုက်ကြတာပဲလေ။အဲလိုသည်းခံတာပါ။ဪ ဘဝတူလုပ်ဖော်ကိုင်ဖက်တွေမဟုတ်ပါလား။ဒါပေမဲ့မမော်ကတော့ဘာမှမပြောဘူး။သူကအနေအေးတယ်လေ။ရောတ်လာတဲ့စက်ချုပ်သမတွေကို ချုပ်ပုံချုပ်နည်း။တိုင်းပုံတိုင်းနည်း၊ကတ်ကျေးယူပုံယူနည်းတွေကို အားတဲ့အချိန်မှာသင်ပေးတယ်လေ။ကျွန်တော်နဲ့တော့သိပ်မရင်းနှီးသေးပါဘူး။မျက်မှန်းတန်းမိယုံပဲပေါ့။

အင်းတငါနားနီးတငါ၊မုဆိုးနားနီးမုဆိုးတဲ့။သိပ်မှန်တဲ့စကားပါ။ကျွန်တော်ရဲ့စိတ်ထဲမှာလဲစက်ချုပ်ချင်လာတယ်။အင်းစက်ကိုချုပ်ချင်တာမှ ခေါင်းဆောင်ဖြစ်တဲ့မမော်ရဲ့စက်ကိုမှချုပ်ချင်တာပါ။မမော်ရဲစက်က အားလုံးထဲမှာ အကောင်းဆုံးပါ။သူဋ္ဌေးကမမော်အတွက်သီးသန့်ကိုဝယ်ပေးတာပါ။သူများစက်တွေကပျတ်ရင်ကိုယ့်ဖာသာပြင်ရပေမဲ့ မမော်စက်ကတော့အမြဲတန်းနာမည်ကြီးစက်ပြင်ဆရာများရဲ့လက်ထွက်လေ။အကောင်းဆုံးပဲ။ဘယ်လောက်ကုန်ကုန်
ကောင်းပစေဆိုတဲ့ပုံစံမျိုးပြင်ထားတာလေ။မမော်ကလဲသူ့စက်ကိုဘယ်သူမှကိုင်တာမကြိုက်ပါဘူး။သူ့ရဲ့စက်ချုပ်တဲ့လက်ရာကလဲအကောင်းဆုံးပါ။
မာနကြီးတာမျိုးမဟုတ်ပေမဲ့ သူ့စက်ကိုသူ့စိတ်ကြိုက်မောင်းနိုင်အောင်လုပ်ထားတာမို့တခြားသူ ဘယ်သူမှကိုင်တာမကြိုက်တာပါ။

ခက်တာကကျွန်တော်လေ။မမော်ရဲ့စက်ကိုမှချုပ်ချင်တယ်။သူသိလို့လဲမဖြစ်ဖူးလေ။သူတို့တွေထမင်းစားရင်အနည်းဆုံးတော့
တစ်နာရီခွဲလောက်တော့ကြာတတ်ပါတယ်။ထမင်းစားရင်းစကားစမည်ပြောကြရင်းပေါ့။
ဒီလိုနဲ့အရက်မမော်ထမင်းစားနေတုန်းမမော်ရဲ့စက်ကိုတက်ချုပ်ပါတယ်။ကျွန်တော်ရဲ့စိတ်ဝင်စားမှုလဲရှိတယ်။သူတို့ချုပ်ပုံချုပ်နည်းတွေကို ဘေးကနေအသေအခြာကြည့်ထားတော့ ချုပ်တတ်နေတယ်။အစအဆုံးတော့မသိဘူးပေါ့။ချုပ်လက်စအဝတ်တွေကလည်းအနာမှာအဆင်သင့်ရှိနေတော့ လက်တဲ့စမ်းချင်တဲ့ကျွန်တော်အတွက်အကိုက်ပေါ့။

ဒါပေမဲ့ဆရာမကြီးကရောက်တော့သိတယ်လေ။အဝတ်တွေကို ဟိုကိုင်ကြည့်ဒီကိုင်ကြည့်နဲ့။ကျွန်တော်ကတော့သူ့ကိုကြည့်ပြီးရီချင်နေပါတယ်။ရီလည်းမရီရဲဘူး။လက်ရာကတော့အတော်ကွာမှာပါ။ချုပ်ပုံချုပ်သား၊
လက်ကျလက်နအနေအထား ကိုကြည့်ရင်သူ့လက်ရာမဟုတ်ဘူးဆိုတာကိုသူကတော့တန်းသိမှာပေါ့။ဒါပေမဲ့ဘာမှတော့မပြောပါဘူး။ဒီလိုနဲ့၃ရက်တိတိ ချုပ်ပြီးတဲ့နောက်တရက်မှာတော့
ခါတိုင်းလိုပဲ သူတို့ထမင်းစားချိန်မှာ ဟိုလိုလိုဒီလိုလို နဲ့အသာလေးလစ်ထွက်လာခဲ့ပါတယ်။

စက်ကိုစပြီးကိုင်မိလိုခဏနေတယ်ဆိုရင်ပဲ။
“ဒေါက်”တဲ့။
ကျွန်တော်ခေါင်းကိုတရောက်ရောက်ကခေါက်လိုက်တဲ့အသံပါ။ခေါင်းတခုလုံးလဲပူထူသွားတာပဲ။ကြည့်လိုက်တော့ မမော်ရယ်လေ။ဒေါသဖြစ်တဲ့မျတ်လုံးတွေနဲ့ပေါ့။
“ဘာလို့ကျွန်တော်ခေါင်းကိုခေါက်တာလဲဗျ ၊နာလိုက်တာ”
“နင်ငါ့စက်ကိုဘာလုပ်နေတာလဲ။””ကျွန်တော်စက်ချုပ်တတ်ချင်လို့ဗျ”
(နောက်မှသိရတာက မမော်ကထမင်းစားနေရင်းနဲ့ သူစားနေတဲ့နေရာဘေးမှာအပေါက်ဖောက်ပြီး ကျွန်တော်ကိုခိုးကြည့်ပြီး ချက်နေတာကိုး)

“အေးနင်ဒီလောက်ချုပ်တတ်ချင်တယ်ဆိုရင်သင်ပေးမယ်”
မမော်ရဲ့စေတနာကြောင့်ပဲလား? မမော်ရင်သင်ကြားပြသမှုကောင်းတာကြောင့်ပဲလား?ကျွန်တော်ရဲ့ပါရမီကြောင့်ပဲလားတော့မသိပါဘူး?
အင်္ကျီတထည်ကတော့ အချိုးအစားကျနစွာနဲ့ပုံလှလှလေးထွက်လာခဲ့ပါတယ်,၊ဒါပေမဲ့လိုနေတာကကော်လာလေ။
ကော်လာကမချုပ်ရသေးပါဘူး။အင်္ကျီတထည်ရဲ့ကော်လာဆိုတာအလွန်အရေးကြီးပါတယ်။ကော်လာချုပ်ပုံကျမှ၊သပ်ရပ်မှ အကျီတထည်ရဲ့အချိုးအစားကျနမှုကပိုပြီးပေါ်လွင်လာတယ်လေ။
ကျွန်တော်ကအကျီကိုကော်လာတတ်မယ်ဆိုပြီးစကိုင်တော့။

“ဒေါက်”တဲ့။
ဒုတိယအကြိမ် ခေါက်လိုက်လို့မည်တဲ့အသံကပိုပြီးကျယ်ပါတယ်။
“မမော်ကလဲခေါက်ပြန်ပြီ။ ကျွန်တော်ကဘာလုပ်နေလို့လဲ”
“ဟင်၊ နင်မသိဘူးလား။ငါစက်စချုပ်တုန်းကဒီပညာကိုအစအဆုံးရဖို့(၃)လတိတိသင်ခဲ့ရတယ်။ဒီမှာစက်ချုပ်တဲ့ ကလေးမလေးတွေဆို ညဏ်ကောင်းရင်(၁)လ၊ညဏ်မကောင်းရင်(၂)လသင်ရတယ်။နင်ကခုတထိုင်တည်းတတ်ချင်တယ်ဆိုတော့။နင်မလွန်လွန်းဘူးလား။နင်သွားလိုက်တော့”

တင်းမာပြီး ဒေါသထွက်နေတဲ့မမော်ကိုကြည့်ကာဆရာစိတ်မကုန်ခင်အမြန်လစ်ဖို့ဖြစ်မှာမို့။
“မမော် ဒါဆိုရင်ကျွန်တော်ပြန်လိုက်အုံးမယ်”လို့ပြောပြီး ပြန်လာခဲ့ရတယ်။’

နောက်ရက်ကျတော့” အောင်မြင့်၊လာလေ စက်ချုပ်သင်မယ်လေ” ကျွန်တော်ဘာမှမပြောခင် အံအားသင့်တဲ့မျက်နှာနဲ့ကြည့်မိတယ်ဆိုရင်ပဲ
“နင်ကပါရမီရှိတယ်ဟ။ဒီဘက်ပိုင်းမှာတော်အောင်၊ထူးချွန်အောင်ကြိုးစားနော်”လို့ပြောပြီး ကျွန်တော်ကိုအဲဒီနေ့ကစပြီးမမော်ကကျွန်တော်ကိုမဆူမငေါက်ရုံမက အမကြီးတယောက်ကမောင်လေးတယောက်ကိုချော့တခါ၊ချောက်တလှဲ့နဲ့။အိတ်သွန်ဖာမှောက်ဆရာစားမချန်ပဲသင်ပေးခဲ့ပါတယ်။

ဒီလိုနဲ့ကျွန်တော်တရောက်မမော်ရဲ့သွန်သင်ဆုံးမမှုကြားမှာ ရက်များမကြာခင် ကျွမ်းကျင်တဲ့(professional)အဆင့်ထိရောက်တဲ့စက်ချုပ်သမားကောင်းတယောတ်ဖြစ်ခဲ့ပါတယ်။မမော်ဟာမချော်ပေမဲ့ စိတ်သဘောထားကောင်းပြီး။နူ့ညံ့အေးဆေးသိမ်မွေ့တယ်။ပြီးတော့ချစ်စရာလဲကောင်းပါတယ်။မမော်နဲ့ကျွန်တော်တို့ဟာ
မောင်နှမရင်းခြာ၊ဆွေမျိုးသားချင်းတွေလိုစအတူ၊နောက်အတူပြောင်အတူနဲ့အချိန်တွေကိုဖြတ်သန်းလာခဲ့ပါတယ်။
ဒါပေမဲ့တနေ့

တရှုံရှုံငိုကျွေးနေတဲ့မမော်ကိုကြည့်ပြီးသူငယ်ချင်းကျော်သူရကိုမေးတဲ့အခါမှာတော့
“ဟေ့ကောင်၊အဲဒါမင်းပယောဂကွ”
“ဟငါနဲ့ဘာဆိုင်လဲ ဟကောင်ရ”
“ဆိုင်ပါသကောကွာ၊မမော်ရီးစားက မင်းနဲ့မမော်တို့ နေပုံ၊ထိုင်ပုံကိုသဝန်တိုပြီးအဆက်ဖြတ်လို့ မမော်ကငိုနေတာကွ”
“ဟာ ငါတို့ကမောင်နှမရင်းလိုနေကြတာ မင်းလဲအသိပဲ၊အားလုံးလဲအသိပဲလေ”
“အဲဒါတော့ ငါမသိဘူးမောင်၊မင်းကဒီကိစ္စမှာပါနေတာတော့အမှန်ပဲလေ”

ကျွန်တော်နဲနဲတော့တွေဝေသွားတယ်။စိတ်ရင်းကောင်းလွန်းတဲ့မမော်၊စိတ်ထားဖြူစင်တဲ့မမော်၊သူများကိစ္စကိုသူ့ကိစ္စလိုသဘောထားပြီး ကူညီတတ်တဲ့မမော်၊ကျွန်တော်ကြောင့်ဆိုတော့ ရင်ထဲမှာစိတ်မကောင်းဖြစ်မိတာတော့အမှန်ပဲလေ။အဲဒါနဲ့ပဲ

“မမော် မမော်ရီးစာကမမော်ကိုဖြတ်တာကကျွန်တော်ကြောင့်ဆို” အမှန်တော့လဲအရမ်းရင်းနှီးလို့ဒီလိုစကားကိုပြောရဲတာပါ။
“နင်ကိုဘယ်သူပြောလဲ”
“အဲဒါကအရေးမကြီးပါဘူး၊ကျွန်တော်ကြောင့်ဆိုရင်တော့စိတ်မကောင်းတာအမှန်ပဲဗျာ”
“အဲဒါနင်နဲ့မဆိုင်ဘူးအောင်မြင့်၊အဲဒါသူ့အပိုင်းပဲလေ။နင်လဲဘာမှမစွက်ဖက်နဲ့”တဲ့။
ဪ အပြစ်မရှိအပြစ်ရှာပြီးဖြတ်သွာတာဆိုတော့ မမော်တော်တော်ခံစားနေရမှာပေါ့။အရှက်ကြီးတဲ့မိန်းကလေးက ို ဒီလိုဖြစ်ရတယ်လို့၊ကျွန်တော်ကြောင့်ဆိုတော့ကျွန်တော်လဲ ခံစားရတာပေါ့။ကျွန်တော်နဲ့လဲဆိုင်တယ်လေ။ရင်ထဲမှာမမော်ကိုသနားစိတ်ကကြီးစိုးနေတယ်။
“သူရ၊ငါမမော်ကိုသနားတယ်ကွာ.’။”
“အေးမမော်ကမင်းကိုဒီလောက်ကရုစိုက်တာ။ငါတို့လဲမမော်ကိုသနားတယ်ကွာ၊ဖြစ်နိုင်ရင် မင်းနဲ့သဘောတူတယတဲကာင်၊စိတ်ရင်းကောင်းတဲ့မမော်ကိုမခံစားစေချင်ဘူးကွာ”တဲ့။
ကျွန်တော်ဘာလုပ်ရမလဲ
“ရင်ထဲမှာလဲ မမော်ကိုသနားတဲ့စိတ်၊မမော်ကိုမြင်ရောင်ရင်းမခံစားစေချင်တဲ့စိတ်၊သူရပြောသွားတဲ့စကားတွေကိုနားထဲမှာ အခါခါကြားရောင်ရင်း အိပ်လို့မရပဲမိုးလင်းသွားခဲ့ရတယ်။
မနက်လင်းတော့ကိုယ့်ကိုကိုယ်တွေးမိတာကတော့
“မမော်ကိုငါချစ်မိနေပြီလား”
ကိုယ့်ကိုယ်ကိုအခါခါမေးရင်း။သက်ပြင်းကိုအခါခါချရင်း၊နှလုံးသားက ချစ်တယ်လို့ပြောနေတဲ့ကိုယ့်ရဲ့စိတ်ကိုဦးညွတ်လိုက်ရပါတော့တယ်။

ကျွန်တော်ရဲ့အချစ်ဆိုတာတကယ်တမ်းတော့ မမော်ကိုမသိစိတ်ကချစ်နေခဲ့တာလေ။မမော်ကိုသနားတယ်လို့ထင်နေတဲ့စိတ်က တကယ်တော့မီးခဲပြာဖုံးဖြစ်နေတဲ့ကျွန်တော်ရဲ့အချစ်ကို ပြက်ပြက်ထင်ထင်ပြလိုက်သလိုပါပဲ။အစတုန်းကတော့ မမော်ကမလွတ်လပ်သေးတော့ရင်ထဲကအချစ်တွေကိုဖော်ပြခွင့်မရဘူးလေ။ခုမှပဲစိတ်ကလွတ်လပ်ရေးရသွားတာလို့ပဲထင်ပါတယ်။အင်းအခွင့်အရေးယူပြီး ဖြာခင်းတာမျိုးမဟုတ်ဘူးဆိုတာကိုယ့်ကိုကိုယ်အသိဆုံးမို့
အဲဒီနောက်နေ့မှာပဲ မမော်ထံသွားပြီးရင်ထဲကအချစ်တွေကိုဖွင့်ဟဝန်ခံဖို့ဆုံးဖြတ်ခဲ့မိပါတယ်။

“မမော်” တကယ်တန်းကျတော့လဲ ကျွန်တော်မဝင့်မရဲနဲ့ခေါ်လိုက်မိပါတယ်။ကျွန်တော်အသံကနည်းနည်းလေးကြောက်ရွံတုန်လှုပ်သံပါနေမှာပါ။ပြီးတော့သူကျွန်တော်ကိုအထင်သေးမှာဆိုးတယ်။အခွင့်အရေးယူတယ်လို့ထင်လိုက်မှာလဲဆိုးတယ်လေ။
“ပြောအောင်မြင့်”တဲ့။ရင်ထဲကမောင်းတင်ပြီးသားမို့
“ဟိုလေ မမော်ကိုကျွန်တော်ချစ်တယ်။ပြီးတော့ လက်ထပ်ချင်တယ်။တသက်လုံးလက်တွဲချင်တယ်။ကျွန်တော်ရင်ထဲကစကားပါ၊မမော်”
“ဘာပြောတယ် အောင်မြင့်”
မမော်ရဲ့အသံဟာဟိန်းထွက်နေပါတယ်။ပြီးတော့ကျားနာတကောင်ရဲ့ဒဏ်ရာရတဲ့မျက်ဝန်းတွေနဲ့လေ။
“နင်ကပါငါ့ကိုအထင်သေးတာလားအောင်မြင့်။ပြီးတော့ဒီကိစ္စကနင်နဲ့မဆိုင်ဘူးလို့ပြောပြီးပြီလေ။ငါအသနားမခံနိုင်ဘူး။တဲ့”
ပြတ်သားတဲ့အသံနဲ့ရဲရဲဝင့်ဝင့်ကိုပြောနေတာပါပဲလား။တကယ်တော့မမော်ကိုကျွန်တော့်မသိစိတ်ကချစ်ခဲ့မိပြီဆိုတာဒီမနက်မှသိခွင့်ရတာလေ။
မမော်ရယ်ကျေးဇူးပြု၍Please…ကျွန်တော်ထပ်ပြောမယ်

“မဟုတ်ဘူးမမော်၊ကျွန်တော်တကယ်ပြောနေတာ။မမော်ကိုချစ်တယ်။”
မမော်ရဲ့နှုတ်ခမ်းဖျားများက ပြုံးတော့မရောင်၊၊မဲ့တော့မရောင်နဲ့ တချက်ဆိုမှတချက်လေးပေါ်လာခဲ့ပြီး ခဏနေတော့ မမော်ကဘာမှမပြောပဲလှဲ့ထွက်သွားခဲ့တယ်။

ဪ မမော်ရယ်ကျွန်တော်ကိုမယုံလို့လား။တကယ်တော့ကျွန်တော်ရင်ထဲကပေါက်ဖွားလာတဲ့အချစ်စိတ်က တစိမ့်စိမ့်နဲ့မှပေါက်ကွဲထွက်လာတဲ့အချစ်မျိုးပါမမော်။တကယ်ဆိုနှလုံးသားမှာအမြစ်တွယ်တာကြာပါပြီဗျာ။ဖွင့်မပြောရဲလို့,။
အခြေအနေမပေးလို့မျိုသိပ်ခဲ့ရတာပါ။နောက်ဆုံးတော့လဲဘယ်လိုမှမနေနိုင်လို့ပြောလိုက်မိတာပါဗျာ။

နောက်နေ့ကစလို့မမော်ကအဲဒီကိစ္စနဲ့ပတ်သတ်လို့တခွန်းမှမဟဘူးလေ။ဘာမှမဖြစ်တဲ့အတိုင်းပါပဲ။မျက်နှာကလဲပကတိ
၊ရှိုးတို့ရှန့်တန့်ဟန်လဲမရှိဘူးလေ။အရင်လို သွာအတူ၊စားအတူပြောဆိုဆက်ဆံတာလဲတရင်းတနှီးလေ။ဆက်ဆံပုံကလဲမောင်နှမတွေလိုပါပဲ။မျက်နှာကလဲရှင်းတော့
မမော်ရဲ့မျက်နှာကဲကိုဖမ်းရတာတော်တော်ခက်ပါတယ်။ကျွန်တော်လဲကြောက်တော့သူ့ကိုဘာတခွန်းမှလဲမဟရဲဘူး။
ရင်ထဲမှာလဲအီလည်လည်နဲ့ခံစားနေရပါတယ်။
သူရကတော့
“မမော်က မင်းကိုချစ်နေတာတဲ့”
“ဟာငါကတော့မထင်ရဲဘူးကွ၊သူ့စိတ်ကမှန်းရတာခက်တယ်။”
“မင်းကလဲ။သူ့ရီးစားပြတ်သွားတာတောင်မှ သိပ်မခံစားရဘူးထင်တယ်။အရင်လိုပဲတဲ့။မင်းအတွတ်မျှော်လင့်ချက်ရှိတယ်တဲ့။”
အင်း ခုတော့လဲမမော်စိတ်အနယ်ကျအောင်စောင့်ရအုံးမှာပေါ့လေ။ရှေးခေတ်ကသုံးနှစ်သုံးမိုးတဲ့။အချစ်စစ်မှန်ရင်တော့မမော်ကိုပိုင်ဆိုင်ပါရစေလို့။
ရင်ထဲကအခါခါဆုတောင်းနေမိတယ်။

ဒီကြားထဲမမော်နဲ့ဝေးဖို့အကြောင်းတခုဖန်လာခဲ့တယ်။
ဦးလေးတရောက်တညင်ဖက်မှာဝပ်ရှော့တခုထောင်လိုက်လို့ ကျွန်တော်ဒီအလုပ်ကထွက်ပြီးဦးလေးဆီမှာသွားနေရတယ်။အလုပ်ကပင်ပန်းပေမဲ့မမော်ကိုသတိရတဲ့စိတ်ကပိုပင်ပန်းတယ်လေ။
လွမ်းတယ်မမော်။

အလုပ်ကနေတခါ၊နှစ်ခါလောက်ခွင့်ယူပြီး မမော်စီကိုလာတွေဖြစ်ပါတယ်။အဲဒီအကြောင်းနဲ့ပတ်သတ်လို့လဲလုံးဝလေသံတောင်မဟဘူးလေ။တွေ့တဲ့အခါအရမ်းရင်းနှီးတဲ့
မိတ်ဆွေတယောက်ကသူ့စီအလည်လာသလိုမျိုးဝမ်းသာမှုတော့ပြပါရဲ့။နေကောင်းအောင်နေဖို့၊ကျန်းမာရေးကိုဂရုစိုက်ဖို့ အထပ်ထပ်တော့မှာပါရဲ့၊ဒါပေမဲ့ကျွန်တော်လိုချင်တာကမမော်ရဲ့အချစ်လေ။ဒီကကောင်ရဲ့နှလုံးသားမှာ လွမ်းဆွေးမှုတွေခံစားနေရတာမမော်တယောက်တော့မသိပဲနေမှာမဟုတ်ပါဘူး။လူတွေကပြောကြတယ်မမော်။
နှလုံးသားချင်း၊မျက်လုံးချင်းစကားပြောတယ်တဲ့။ကျွန်တော်မျက်ဝန်းတွေကနေပြောနေတဲ့စကားတွေကိုမမော်သိမှာပါ။

ဒီလိုနဲ့ ကြားထဲမှာ မာကြောင်း၊သာကြောင်းတွေကိုမိတ်ဆွေတွေကတဆင့် တဆင့်စကားတဆင့်နားနဲ့ပါးခဲ့ပါရဲ့၊မမော်ဆီကကြားချင်တဲ့စကားကိုတော့မကြားခဲ့ရပါဘူး။စောင့်နိုင်ပါတယ်မမော်။သုံးနှစ်သုံးမိုးဆိုတာကျွန်တော်အတွက်နဲပါသေးတယ်ဗျာ။
တနှစ်တိတိအကြာမှာတော့

မမော်နဲ့သူ့သူငယ်ချင်းတွေနဲ့တညင်ကိုလာလည်ကြတယ်။အဲဒီတုန်းကတညင်တတားကြီးမရှိသေးဘူးလေ။
စက်လှေနဲ့လာရတာပါ။လာတွေ့တဲ့ပုံစံကမတွေ့တာကြာပြီဖြစ်တဲ့သူငယ်ချင်းတရောက်ကလာတွေ့သလိုမျိုးပါ။တွေ့ကြတဲ့အခါ မာကြောင်းသာကြောင်းသူငယ်ချင်းတွေအကြောင်းပြောဖြစ်ကြတယ်။ဒီလိုနဲ့လက်ဖက်ရေဆိုင်ထိုင်ဖြစ်ကြပြီး သူတို့ကိုကျွန်တော်စက်လှေဆိပ်အထိလိုက်ပို့တယ်။

စက်လှေထွက်ခါနီးတော့ သူ့သူငယ်ချင်းနှစ်ယောက်ကအရင်ဆုံးတက်နှင့်ကြတယ်။သူကတော့ဟိုငေးသလိုလိုနဲ့စက်လှေပေါ်တက်ခါနီးတော့ နှုတ်ဆက်သလိုလိုနဲ့နား နားကပ်ပြီးစကားတခွန်းပြောသွားခဲ့တယ်လေ။သူ့အသံကတိုးတိုးလေးမှတကယ်ကို တိုးတိုးလေး၊ညင်ညင်သာသာလေးမှတကယ်ကိုညင်သာလွန်းပါတယ်။
“နင့်ကိုချစ်တယ်”တဲ့။
ပြောပြီးပြီးဆိုရင်ပဲပြေးထွက်သွာခဲ့ပါတယ်။ကျွန်တော်လဲတိုးတိုးလေးဆိုတော့မနည်းဘာပြောတာလဲဆိုတာ စဉ်းစားရင်း အဖြေကိုသိလိုက်ရတော့ဝမ်းသာအားရကြည့်လိုက်မိတော့။စက်လှေကထွက်သွားပြီလေ။သူကတော့စက်လှေပေါ်ကနေ
ကျွန်တော်ကိုလက်ပြလို့။တဖက်ကမ်းမှာကျန်နေသူကျွန်တော်ကတော့ မြစ်ကိုပဲလက်ပြစ်ကူးရမလား။ဒိုက်ပင်ပဲထိုးကူးလိုက်ရမလား။ရင်ထဲမှာတော့မမော်တို့စီးနင်းကျော်ဖြတ်သွားတဲ့ လှိုင်းတံပိုးရဲ့အရှိန်ပြင်းပြင်း ရင်ဖတ်ထဲကိုဝင်ဆောင့်လိုက်သလိုပါပဲ။တုန်ခါလှိုက်မော်မူးနောက်စွာ အရူးတပိုင်းဖြစ်ပြီးကျန်ရစ်ခဲ့ပါတယ်။ဟင်း တော်တော်ဆိုးတဲ့မမော် ။နောက်တခါတွေ့ရင်တော့လား။

ချစ်စခင်စကြင်နာစမှာ ကျွန်တော်တို့နှစ်ယောက်ဟာမျက်စီအောက်ကအပျောက်မခံနိုင်ကြဘူးလေ။ကျွန်တော်ကတော့ကိုယ့်ချစ်သူကိုချစ်တာပေါ့။သမီးရီးစားတို့သဘာဝနေချင်တာပေါ့။ဒါပေမဲ့မရွှေချောက လက်ကလေးကိုင်မယ်မကျန်လိုက်နဲ့ လက်ကိုဗျန်းကနဲမြည်အောင်ရိုက်ချပြီးပုတ်ချတတ်တယ်။သူများတကာသမီးရီးစားတွေလို တူလျင်တွဲပြီးချစ်ပွဲဝင်ဖို့မပြောနဲ့။ဘယ်ကိုမှကိုခေါ်လို့မရတာပါ။တိတ်ဆိတ်တဲ့နေရာမပြောနဲ့။လူမြင်ကွင်းမှာတောင်မှစေ့စေ့ကြည့်တာမကြိုက်ဘူးလေ။အဲလောက်အထိအရှက်ကြီးသူလေ။သူ့ရဲ့အနေ၊အထိုင်ကိုလေးစားရသလိုအားမလိုအားမရလဲဖြစ်ခဲ့မိပါတယ်။ဖြတ်ဖို့မပြောနဲ့သူ့မျက်နှာကိုမြင်လိုက်ရရင်ပဲပျော်ရွှင်ရတာမို့ သည်းခံခဲ့ကျေနပ်နှစ်သိမ့်ခဲ့မိပါတယ်။

မှတ်မှတ်ရရအခုလို့ဝါဆိုလပြည့်နေ့ကြီးမှာပေါ့။

ဝါဆိုလပြည့်နေ့ဆိုတာအရင်တုန်းကရွှေတိဂုံဘုရားမှာအရမ်းစည်ကားတယ်လေ။စည်ကားတယ်ဆိုတာက အောက်ဖက်စောင်းတန်းကစလို့ တောက်ရှောက်ကို ဈေးဆိုင်တွေ၊ပွဲတွေလမ်းတွေနဲ့ သွားကြလာကြနဲ့တပျော်တပါးကြီးကိုစည်ကားတာပါ။ဝါဆိုလပြည့်နေ့မှာ ကျွန်တော်ရယ်၊မမော်ရယ် ၊ကျွန်တော်အမတွေဖြစ်တဲ့မရီတို့ရယ်၊မမော်သူငယ်ချင်းတွေရယ် တပျော်တပါးကြီးကိုသွားခဲ့ကြတယ်။သွားတယ်ဆိုတာကလဲကျွန်တော်တို့နေတဲ့နေရာကနေဘုရားအထိလမ်းရှောက်ကြတာပါ။လမ်းမှာလဲလူစုလူဝေးနဲ့ ဆိုတော့တပျော်တပါးကြီးပေါ့။လမ်းမှာမမော်ကဘာလုပ်တယ်ထင်လဲ။ကျွန်တော်ကိုမသိချင်ယောင်ဆောင်တယ်လေ။

ကျွန်တော်ကသူ့လက်ကိုစွဲတယ်။ကျွန်တော်ကတော့လက်ကလေးတွဲလို့ ဘုရားကိုအတူတူတက်မယ်ပေါ့။သူကလုံးဝအတွဲမခံဘူး။ကျွန်တော်အမတွေနဲ့သွားတွဲတယ်လေ။သူတို့အချင်းရီလိုက်၊မောလိုက်စလိုက်နောက်လိုက်နဲ့။မမော်ကကျွန်တော်ကိုရှိတယ်လို့တောင်သဘောမထားဘူး။လမ်းကလဲတဖြေးဖြေးရှောက်ရင်းနဲ့လူကစိတ်တိုလာပြီလေ။ဘုရားခြေရင်းရောက်တော့ ကျွန်တော်ဖိနပ်ကိုအတင်းဆွဲတယ်။ပြီးတော့ မရီတို့နဲ့လိုက်သွားတယ်။သူ့တာဝန်ကျေပြီပေါ့လေ။ဘုရားရင်ပြင်တော်ကိုရောက်ရောက်ချင်းကျွန်တော်ထိုင်ချလိုက်တယ်။စဉ်းစားကြည့်ပါအုံးဗျာ။ကိုယ့်ချစ်သူနဲ့အတူတူ လက်ကလေးဆွဲ၊ကြည်နူးစရာလေးတွေပြော ပြီးသွားချင်တာပေါ့။အဲဒီအခွင့်အရေးတောင်မပေးဘူးလေ။အဲဒါကြောင့်သူတို့နဲ့မလိုက်တော့ပဲထိုင်ချလိုက်တာ။

မမော်နဲ့ကျွန်တော်အမတွေကခဏနေမှသတိထားမိတယ်နဲ့တူပါတယ်။မမော်ကလဲပါမလာတာသိတော့ လိုက်လာတယ်။ကျွန်တော်လဲစိတ်ကတော်တော်တိုနေတာမို့ စီးကရက်တလိပ် ထုက်သောက်လိုက်တယ်။မမော်ကစီးကရက်သောက်တာမလိုက်ဘူးလေ။မမော်လာတာလဲကျွန်တော်မြင်တယ်။ကျွန်တော်ကလဲသူသိအောင်တမင်လုပ်တာ။မမော်ကကျွန်တော်ဘေးနားရောက်တော့ စီးကရက်ကိုယူလွှတ်ပြစ်လိုက်တယ်။

ပြီးတော့ဘာမှမဖြစ်သလိုပုံစံနဲ့ “ဘုရားပေါ်မလိုက်ဘူးလားတဲ့” ။
ကျွန်တော်လဲ “အေးနင်တို့ပဲဖူးကြတော့ငါဒီမှာစောင့်နေမယ်။”
“အေးပြီးတာပဲ ၊ငါတို့သွားလိုက်အုံးမယ်တဲ့”

ချက်ချင်းပဲကျွန်တော်စိတ်ကတွေးရင်းတွေးရင်းဒေါသဖြစ်လာတယ်။ဒီလောက်တောင်ဖြစ်လှတာ ပြတ်လဲပြတ်ပစေတော့။ဒီတသတ်တော့သူနဲ့ပြတ်ပြီ။ဖြစ်ချင်ရာဖြစ်သွားချင်ရာသွားမယ်ဆိုပြီးထထွက်လာခဲ့တယ်။

ကျွန်တော်ပြန်သွားတာကိုအမမရီကမြင်တယ်လေ။
မရီက”မမော် နင်ငါ့မောင်အကြောင်းကိုမသိဘူးနော်။သူ့အကြောင်းငါသိတယ်။သူကဗူးဆိုဖရုံသီးတဲ့လူစားမျိုးမဟုတ်ဘူး။စိတ်လဲတိုခဲတယ်။ညည်းမပြတ်ချင်ရင်လိုက်သွား။”

အဲဒီလိုပြောလိုက်တာကိုကျွန်တော်ကနောက်မှအမပြောမှသိရတာပါ။ကျွန်တော်ကစောင်းတန်းအောက်ဆုံးမှာဖိနပ်ကိုချမလို့လုပ်တုန်း လားလား မမော်ရယ်လေ ပြေးဆင်းလာလိုက်တာ ရုပ်ရှင်ထဲကအတိုင်းပဲ လေ။
လှေခါးကို၂ထစ်ကျော်၊၃ထစ်ကျော် ကျော်လာတာ။ဘယ်သူကိုမှလဲဂရုမစိုက်ဘူး။ တခါတည်းခုန်ကျော်ပြီးတော့ ကျွန်တော်ရှေ့နားရောက်လာခဲ့တယ်။ကျွန်တော်လဲစောင့်နေလိုက်တယ်လေ။ကျွန်တော်နားကိုရောက်လာတယ်ဆိုရင်ပဲ ချွေးတွေလဲရွှဲနှစ်နေတာပဲ။ပြီးတော့အမောမပြေသေးတဲ့အသံနဲ့

“အောင်မြင့် နင်စိတ်ကောက်နေတာလား”
“မကောက်ပါဘူး”
“နင်ကလဲ စိတ်မကောက်ဘူးသာပြောတာ ယောင်္ကျားကြီးတန်မဲ့နဲ့စိတ်ကောက်နေလိုက်တာ”
“ခုနင်ဘယ် သွားမလို့လဲ၊နင်ဘယ်သွားသွား ငါလိုက်မယ်”တဲ့။
ပြောပြောဆိုဆိုနဲ့ကျွန်တော်လက်မောင်းကို တွယ်ကပ်နေလိုက်တာ။လုံးဝကိုမလွှတ်တော့ဘူးလေ။လက်ကလဲလှုပ်လို့ကိုမရတော့ပါဘူး။
ခဏနေတော့ အမနဲ့သူ့သူငယ်ချင်းတွေ ရောက်လာတယ်။သူတို့လဲ ဘုရားလာတာ ၊ကျွန်တော်တို့နှစ်ယောက်ကြောင့် ဘုရားဖူးခဲ့ရဟန်မတူပါဘူး။

အိမ်အပြန်လမ်းမှာလဲ လက်မောင်းကိုချိတ်တွယ်ထားလိုက်တာလုံးဝကိုမလွှတ်တော့ဘူးလေ။ကျွန်တော်လက်မောင်းကို မှီတွဲလိုက်လာတဲ့ မော်ကိုအလွတ်မပေးပဲ လူကြားမှာခိုးနမ်းလိုက်တယ်ဆိုရင်ပဲ မော်မျက်နှာတခုလုံးရဲတွတ်သွားတာပဲလေ။အဲဒီအချိန်ကစလို့ ကျွန်တော်တို့နှစ်ယောက်ရဲ့ရှောက်လှမ်းလာတဲ့ခိုင်မြဲတဲ့ခြေလှမ်းတွေဟာ ယနေ့မှစလို့ ငွေရတု၊ရွှေရတုမှသည် နောင် နှစ်ပေါင်းများစွာတိုင်အောင်ကမ႓ာဆုံးတိုင်ရှောက်လှမ်းနိုင်လိမ့်မယ်လို့ နှလုံးသားထဲကနေ အဆုံးစွန် ယုံကြည်နေခဲ့မိပါတော့တယ်။

“တူစုံမောင်နှံ ရှင်ဖော်တွဲကာ
အေးအတူ ပူအမျှ
လောကဒဏ်ကို ကြံ့ကြံ့ခံရင်း
ဆုံးတသက်တိုင် လက်တွဲညီညီ
လျှောက်လှမ်းသွားမည် ယနေ့မှစ၍နှစ်တရာတိုင်ဆီ”

စာရေးသူ မနန္ဒာမောင် (Blogger in XMX )