ကျနော် နဲ့ သူမ
ရွှေကူ ဆိုတာ ထင်ရှားခြင်းမရှိလှတဲ့
ဧရာဝတီဘေးက မြို့ကလေးပါ
အဲဒီကစ ကျနော့်ဘဝ ၊
သူမ မြို့ပြမှာမွေး လှသွေးကြွယ်ဝ
ချမ်းမြခြင်းနဲ့အတူ ကျနော်လိုလူနဲ့ ခြားနားလှပေါ့ ၊
ဒါပေမယ့်လေ ဘဝဆိုတာ စိတ်ကူးထက်ဆန်း
အချစ်လမ်းမှာ မျက်နှာချင်းဆိုင်တွေ့
ကျနော်တို့ ပျော်မွေ့ခဲ့ပါတယ် ၊
ဒါပေမယ့်ကွယ်
ကော်ဖီခရေဇီက သူမ
ကျနော်က လဘက်ရည်
ငပိရည်ဆိုတာ ကျနော့်အကြိုက်
သူ ခိုက်တာက ဟမ်ဘာဂါ ခက်ဘူးလားဗျာ ၊
စိုင်းစိုင်း ဆိုတာ ကျနော်မသိခဲ့
ခနဲ့တဲ့တဲ့ သူ့စကား လှောင်သံများနဲ့ပေါ့ ၊
ကျနော့်ရင်မှာ ရှိနေတာက ကိုမြကြီးရဲ့ မခင်နှင်းဆီ
တစ်ဆောင်းသစ်ပြီ ဆိုတဲ့ ကိုသန်းလှိူင် အဆိုအလွမ်းပိုင်ပေမယ့်
သူကတော့ ပန်းနွယ်ကစိမ်း ဆိုတဲ့ တွံတေးသိန်းတန်စာသားကို
ဟစ်ဟော့လို ဆိုချင်ပါသတဲ့ ၊
ကဲ ဘယ့်နှယ်ရှိစ ကျနော်နဲ့သူမ ၊
( Jan 22, 2013 )
17 comments
Yae Myae Tha Ninn
October 25, 2014 at 1:35 pm
အနော်က မြိတ်သား ငါးပိစားတယ်… သူက ရန်ကုန်သူ ငါးငံပြာရည် စားတယ်…
တနေ့က ဝက်သားနဲ့ နာနတ်သီးချက်တယ်… သူက မစားတတ်ဘူး…
သူက ငါးဘတ်စားတော့… ကျွန်တော်က ငါးမုန့်ငါး ကို စားချင်တယ်… အကောင်းဆုံးကတော့ ဘဲဥ အကြိုက်တူတယ်… 🙂
တောင်ပေါ်သား
October 25, 2014 at 1:46 pm
ဝက်သား နဲ့ နာနတ်သီးတော့ မစားဖူးဘူးဗျာ ၊
အဲ အဲ ဘဲဥလည်း သိပ်မကြိုက် ၊ ဒီညနေတော့ အိမ်မှာ ဝက်နံရိုး နဲ့ ကျောက်ဖရုံဟင်း ၊
ဂရင်းအပြာလေးနဲ့ တွယ်ဦးမဗျာ ၊ 🙂
အလင်းဆက်
October 26, 2014 at 10:40 am
ဂရင်းအပြာပဲ ထည့် ထည့်ပြောနေတာပဲ
ဂလုစ်
ဖွေးဖွေးနာမည်လေး..ကျနော် ထည့်ထည့်ပြောသလိုမျိုူးပဲ…
:k:
Yae Myae Tha Ninn
October 25, 2014 at 2:01 pm
လာခဲ့ပါဆို… ဆရာကြီးကလဲ… အနီတိုက်မယ်…ဆို… 🙂
တောင်ပေါ်သား
October 25, 2014 at 2:07 pm
အဲဒီဆိုင်က ဘယ်နားတုန်း ? ရ နာရီလောက် ပြန်ရင်ရမလား ၊
Yae Myae Tha Ninn
October 25, 2014 at 2:18 pm
ရှမ်းလမ်းမှာ… လာခဲ့လေ… ၆ နာရီ စမယ်… ရ လောက် ပြန်.. ရပါတယ်..ဗျ… တွေ့ဖူးအောင်ပါ… 🙂
တောင်ပေါ်သား
October 25, 2014 at 2:21 pm
ဓါတ်ဆီဆိုင်ဘက်လား ? လာဖြစ်ရင် ဖုန်းဆက်လိုက်ပါ့မယ်ဗျာ ၊
ခင် ခ
October 25, 2014 at 2:38 pm
ဟမ်ဘာကာကို ငံပိရေနဲ့တို့စားပြီး လဘက်ရည်ကော်ဖီ ရောသမမွှေနဲ့ သောက်ခဲ့ရမှာ ကိုတောင်ပေါ်သားရေ။
တောင်ပေါ်သား
October 25, 2014 at 2:42 pm
ဟမ်ဘာဂါကို ငပိရည်နဲ့တို့ ဟိုဟာလေးနဲ့ မျှောချ ပေါ့နော်
ရေနွေးကြမ်းကို ပြောတာပါ 🙂
မမချွိ
October 25, 2014 at 2:55 pm
ဟယ်။
တညားကို ပေါဒါရား ကိုကိုညိုးတန့်???? 🙄
ကော်ဖီ ဟမ်ဘာဂါ စိုင်းစိုင်း ကို ကြိုက်တာ ဆိုတော့။
:k:
ဒါမဲ့ တညားကတော့ ပန်းနွယ်က စိမ်းဟိန်းဟိန်းဟိန်းဟိန်း ကိုသိပါတယ်။
ရွှေကူ သူတွေချောတယ်နော့။
ရေဆေးငါးလေးတွေ လား ကျလို့။
ကြော်စားချင်ထာ။ ရှလွတ်!!!
:sar:
မြို့ကြီးသူမှ လှတာ မဟုတ်။
စိတ်ကူးမလွဲနဲ့၊ ခုခိ
တောင်ပေါ်သား
October 25, 2014 at 3:06 pm
အဲ ဟုတ်ပ ၊ သူမ နဲ့ ဆွိဆွိက တူလှပါလား ၊
ရွှေကူသူ မယူပဲ ရန်ကုန်သူကို ကြူမိလို့ အခုလို အိမ်ရှင်ထီးဘဝ ရောက်နေရတာ ထင်ပါရဲ့ ၊
ရန်ကုန်သူတွေ ဆဲနေဦးမယ် ၊ လစ်ပြီ 🙂
ကိုပေါက်(မန္တလေး)
October 25, 2014 at 3:32 pm
သူက အဖြူ ဆို သူက အမဲ
သူကအအေးဆို ကို်ယ်က အပူ
အလို မတူ ကြ တဲ့ ဘဝကြီးမှာ
ကျနော်တို့ လမ်းခွဲခဲ့ကြ
အခုပြန်တွေးရင် လွမ်းစရာတွေပေါ့နော်
တောင်ပေါ်သား
October 25, 2014 at 3:41 pm
ဟိုဟာကြီးက လွမ်းစရာလားဗျ ၊
တနင်္ဂနွေသား စိတ်ကြီးတယ် ၊ ပြီးပြီဟေ့ဆိုရင် ဒုတိယပိုင်းလာဖို့ မစဉ်းစားနဲ့တော့ ၊
အခုက ဟိုးးးးး ငယ်ငယ်က တစ်ယောက် ဟဲ ဟဲ 🙂
Yae Myae Tha Ninn
October 27, 2014 at 10:04 am
တနင်္ဂနွေသားတွေက စိတ်ကောက်ရင် ကောက်.. မကောက်ရင် ဆံပင်ကောက်.. မဟုတ်ရင် ဟိုဟာကောက်… ဟီး .. တင်ကောက်တာပါ… တချို့ဆို ၃ ခုလုံး ကောက်တယ်… 🙂
မမချွိ
October 27, 2014 at 12:33 pm
အဲဒီ တနင်္ဂနွေတွေ ကောက်တာကို (စိတ်ကောက်ကောက် ဆံပင်ကောက်ကောက်)
ဝယ်ဒိန်နဲ့ ဆော်၊ တူ နဲ့ထုပြီး ဖြောင့်ချင်ထာအေ။
ခုချွိ ခုချွိ
:mrgreenn:
kyeemite
October 27, 2014 at 1:28 pm
.ကျနော် နဲ့ သူမ
.မတူကြတဲ့သူနှစ်ယောက်
.ယူကြတော့ဘုနဲ့ဘောက်
.ဆိုပါတော့….
တောင်ပေါ်သား
October 27, 2014 at 2:27 pm
မယူလိုက်ရပါဘူး ကိုမိုက်ရယ်