“ရှက်……………….”
“ရှက်……………….”
လက်ကမ်းစဉ်က
တိတ်တဆိတ်
လမ်းခွဲသွားတော့
လူသိရှင်ကြား
ရှက်များရှက်မိပါရဲ့။
ရောက်လာစဉ်က
တိတ်တဆိတ်
ပြန်ထွက်သွားတော့
လူသိရှင်ကြား
ရှက်များရှက်မိပါရဲ့။
ပြန်တောင်းပန်တော့
တိတ်တဆိတ်
စော်ကားစဉ်က
လူသိရှင်ကြား
ရှက်များရှက်မိပါရဲ့။
ပြန်ယူသွားတော့
တိတ်တဆိတ်
ပေ းစဉ်တုံးက
လူသိရှင်ကြား
ရှက်များရှက်မိပါရဲ့။
ငိုရတဲ့အခါ
တိတ်တဆိတ်
ပျော်စဉ်တုံးက
လူသိရှင်ကြား
ရှက်များတောင်ရှက်မိပါရဲ့။
ကိုပေါက်လက်ဆောင်အတွေးစဉ်
9-10-2014
8 comments
မမချွိ
October 26, 2014 at 9:11 am
စကားး ပုံ တောင် ရှိသေးးးကော….
ဘာတဲ့!!!
ဝင်တုန်းး ကတော စည်ကြီးး တီးးးဝင်ပြီးးး
ထွက်တော့မှ ခေါင်းးမြီးးခြုံ ထွက်သွားးးတာတို့ ဘာတို့…..
ကဗျာ စကားးးလုံးးးတွေက ကွက်တိဗျားးး
ရေးးးတတ်လိုက်တာ…
Bravo…!!
ကိုပေါက်(မန္တလေး)
October 26, 2014 at 9:33 am
ကျနော့်အဖွား ခဏ ခဏပြောဘူးတယ်
ပိုက်ဆံဆိုတာ တဲ့
ဝင်တုံးက စည်တီး ဝင်လာပြီး
ထွက်သွားတော့ ခေါင်းမြီးခြုံပြီး ထွက်သွားတာ တဲ့
အဲ့ဒါလေးကို သတိရ တာက နေ ဒီကဗျာလေး ကောက်ရေးမိတာပါ
အလင်းဆက်
October 26, 2014 at 10:36 am
ကောင်းလိုက်တဲ့ ကဗျာလေး ။။
ကိုပေါက်(မန္တလေး)
October 26, 2014 at 3:33 pm
အမှတ်တမဲ့ ဖျပ်ကနဲ့
ရလိုက်တဲ့ကဗျာလေးပါ
Yae Myae Tha Ninn
October 27, 2014 at 9:50 am
လခစား ဘဝကတော့ ဝင်လဲ စည်မတီးပါဘူးဗျာ… ဘာဖြတ်မလဲပဲ ကြည့်နေရတာ… ထွက်တာမှ စည်ကြီးနဲ့ ဘာအတွက် ဖြတ်တယ်ဆိုပြီး စာရွက်မှာပါတယ်… 🙂
kyeemite
October 27, 2014 at 10:24 am
.အတွေးကောင်းအရေးကောင်းလေးပါလား…ဂွတ်တယ်ဗျာ
Novy
October 27, 2014 at 12:26 pm
မှန်လိုက်လေ
လေးပေါက်ေ၇…
ပိုက်ဆံများထွက်လိုက်တာ “ဆီလိုအပေါက်ရှာ” ဆိုတဲ့အတိုင်းပါပဲ
Ma Ma
October 27, 2014 at 4:02 pm
ကြားဖူးတာတော့ ………..