( ငြိမ်းချမ်းပါစေ မနောမြေ )
ကျနော့်ဇာတိ ပီဘိစိမ်းလန်း
ငြိမ်းချမ်းခဲ့တာ ဘာမှမကြာပဲ
ပေါက်ကွဲသံလွှမ်း ကျည်ဆံလမ်းမှာ
ဝမ်းရေးကခက် အအိပ်ပျက်၍
အိုးရွှေ့ အိမ်ခွာ ကျိန်စာကသင့်
ထောက်ချင့်မှုကင်း လူချင်းတူငြား
ဘဝခြားကြ ကြားကလူထု
ဒုက္ခစုကျ ပြေးရမနား
စားစရာထက် နေရာခက်ခါ
သက်မညှာနိူင် လက်နက်ကိုင်များ
နိူင်စားရာအောက် ကျရောက်ပြည်သူ
မည်သူလာ၍ ကူမည်နည်း ။
10 comments
Kaung Kin Pyar
December 17, 2014 at 2:50 pm
လူဖြစ်ရှုံးရတဲ့ဘဝတွေကို ဇောင်းပေးရေးသွားတယ်…
ကဗျာလေးအတွက် ဘရာဗိုပါ အူးမျိုးရေ….
ကချင်ပြည်တော့ မရောက်ဖူးဘူး….။ သွားလည်ကြည့်ချင်စိတ်တော့ ဖြစ်မိပါရဲ့…
တောင်ပေါ်သား
December 17, 2014 at 2:55 pm
ဒုက္ခသည် ထောင်သောင်းချီပြီး အေးလှတဲ့ ရာသီကြား စားစရာက မရှိ ၊
လှုမည့်သူလည်း မလာနိူင် ၊ စဉ်းစားသာကြည့်တော့ ကောင်းကင်ပြာရေ ၊
Zaw Lwin
December 17, 2014 at 2:59 pm
ကချင်ပြည်နယ် နဲ ့ နိုင်ငံ အနှံ ့က
စစ်ဘေးကြောင့် ဒုက်ခ ရောက်နေကြရသူတွေကို
စာနာသနား မိပါတယ်။
ဒီဒုက်ခဘေးမှ မြန်မြန်ဝေး နိုင်ကြပါစေ။
ခင်ဇော်
December 17, 2014 at 3:20 pm
တကယ် ငြိမ်းချမ်းပါစေ။
ပိုင်နက်ကျူးလွန်သူတာ ဘယ်သူတွေ ဆိုတာ သိကြပါတယ်။
:g:
အလင်းဆက်@မောင်သူရ
December 17, 2014 at 3:23 pm
စတေးခဲ့ရတာပြည်သူများ
ပျက်စီးသွားခဲ့တဲ့အိမ်ရာများ
ကျည်ဆန်ကြားက ဘဝဟာ အဓိပ္ပာယ်မဲ့ခြင်းပါ. . .
ငါအော်သံတွေမရပ်. . .
စစ်ပွဲတို့ချုပ်ငြိမ်းလိုက်. . .
တိုးတက်နေတဲ့ တိုင်းပြည်များကို ကျည်ဆံနဲ့တည်ဆောက်မရ. . . .
(ဖြူဖြူကျော်သိန်း / စစ်)
ဦးသု
December 17, 2014 at 9:17 pm
Photo CMT မပေးတတ်လို့ ။
Font တွေက ဘာမှဖတ်လို့မရကြောင်းပါ
lu lu
December 18, 2014 at 8:58 am
ပုံ ပဲတွေ ့ရ လို ့ပါ စိတ်မကောင်းစရာ
လုလု ဖုန်းမြန်မာ စာဖောင့်က ဘာဖြစ်တာလဲမသိ
အဝိုင်းလေးတွေပဲပေါ်နေလို ့ ဒီရွာထဲက ပို့စ် တွေ ဖတ်လို ့မရတာ
တောင်းပန်ပါတယ် တချို ့နာမည်တွေလည်းဖတ်မရဘူး ဘယ်သူမှန်း
မသိရပဲ ဖတ်ရတလောက်ပဲ reply ပြန်ထားပါတယ်
kyeemite
December 18, 2014 at 11:59 am
.Bravo!!!!!! ကိုမျိုးရေ…ငြိမ်းချမ်းရေးလမ်းတော့ဝေးနေသေးတယ်ဗျာ :p:
တောင်ပေါ်သား
December 18, 2014 at 12:54 pm
ဝေးနေတာက တကယ်မလိုချင်လို့ပါဗျာ ၊
ပြေးလွှားရင်း ငတ်ပြတ်နေရတာက ပြည်သူတွေပါ ၊ 🙁
ဦးကြောင်ကြီး
December 18, 2014 at 12:29 pm
မနောမြေ
ငပေါနေ
သဘောရွှေ
အကြောဖြေ…