Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အချစ်​ဋီကာ

ムラカミFebruary 21, 20151min117426

အချစ်ဆိုတာ

 

မအေးတဲ့ ဘီယာ

မသာတဲ့ ပန်းခြံ

မမှန်​တဲ့ နာရီ

မမြန်​တဲ့ ရထား

 

မလန်းတဲ့ ပန်း

မဆန်းတဲ့ ရုပ်ရှင်

မချိုတဲ့ အိုက်စကရင်

မချဉ်တဲ့ သံပုရာ

 

မဖွံ့တဲ မယ်

မော်ဒယ်မမြင့်တဲ့ ကား

မအေးတဲ့ ဆောင်းရာသီ နဲ့

မနွေးတဲ့ လက်ဖက်ရည်

 

အရပ်မမြင့်တဲ့ မင်းသား

စားမကောင်းတဲ့ ဟင်း

သွားမကောင်းတဲ့ ခရီး နဲ့

မြည်းမကောင်းတဲ့ အကင်

 

ဂွင်​အ​ကောင်​းတဲ့ အလုပ်​

အပြင်​မ​ကောင်​းတဲ့ မာမီ

အဆင်​မ​ကောင်​းတဲ့် အချိတ်​

အ​တိတ်​မ​ကောင်​းတဲ့ ထီ

 

အသံမ​ကောင်​းတဲ့ တ​ယော

အ​ပြောမ​ကောင်​းတဲ့ ​လော်​ဘီ

ဆိုက်​မ​တော်​တဲ့ ​ဘော်​လီ နဲ့

လူမကြိုက်​တဲ့ ​တော်​ကီ

 

သငယ်​မရှိတဲ့ ​ဂျော်​လကီ

တကယ်​မသိတဲ့ ကဝိ

ဆားမပါတဲ့ ငပိ လို

တခြားကမာ္ဘက ငတိ

 

​နောက်​ဆုံး​တော့လည်​း

 

ခုတ်​မ​ကောင်​းတဲ့ ဓား

​ဟောင်​း​နေတဲ့ တစ်​ရှူး

မမူး​သော အရက်​

မထူး​သော တမနက်​မို့

 

သည်လိုပဲ ဂွတီးဂွကျရယ် ။   ။ 

26 comments

  • ခင်ဇော်

    February 21, 2015 at 1:31 pm

    ကောင်းလိုက်တဲ့ တင်စားချက်တွေပါလားးး

    အချစ်မပါတဲ့ ဘဝ ဟာလည်း
    ငှက်ပျောအူမပါတဲ့ မုန့်ဟင်းခါး
    ပဲမှုန့် မကောင်းတဲ့ မုန့်တီ
    ဝက်ဆီဖတ်ထည့်မပေးလိုက်တဲ့ မြီးရှည်
    မုန့်ကျွပ်ကြော် ပျော့သွားတဲ့ အုန်းနို့ခေါက်ဆွဲ လိုပဲ ဘယ်ပြီးပြည့်စုံတယ်ရှိပါ့မလဲ ဂီ။

    နာ လည်း သန်ရာသန်ရာ တင်စားမယ်။
    ဘာပုတုန်းးး

    :sar:

    • pooch

      February 21, 2015 at 4:44 pm

      အစိမ်းပေးသွားတယ်လို့ အာ့လာပြောတာ ( မွသဲပြောတဲ့ အဆိုတော်အားကျလို့ ) :loll:

      ငါ့အတွက်တော့ အချစ်ဆိုတာ

      Lens မကောင်းတော့တဲ့ ကင်မရာလိုပဲ
      ဘယ်လို ပဲ ကြိုးစားရိုက်ရိုက် လိုချင်တဲ့ပုံကွက်တိမရဘူး
      ဖိုတိုရှော့လေး သင်အုန်းမှ လို့ :mrgreenn:

  • အလင်းဆက်

    February 21, 2015 at 1:59 pm

    ကဗျာ မဆန်တဲ့ကဗျာဆိုလို့..ဒီတစ်ပုဒ်ပဲ..တွေ့ဖူးတယ်..

    :k:

  • ဦးကျောက်ခဲ

    February 21, 2015 at 2:40 pm

    နိုင်ငံရေးလေးပါအောင်ဆက်ဆွဲ….
    .
    ဒေါ်စုမရှိတဲ့ ဒီချုပ်…
    တိုက်ပွဲမရှိတဲ့ ဒီမို…
    ဂွင်ပျောက်တဲ့ ဘောင်းဘီချွတ်…
    အကြံကုန်တဲ့ စစ်လော်ဘီ…
    ဝေစုမတည့်တဲ့ ကျတ်ဖွတ်…
    ယူယေနီယံကိုင်မိတဲ့ ခရိုနီ…
    တောင်းတာမရ မတောင်းတာရတဲ့ ဆန်ဒါပြသူတွေလို…
    ဟာတိဟာတာ … ပြာယီးပြာရာ ဖြစ်ရတာပဲကွီ…
    :k:

  • Ma Ma

    February 21, 2015 at 4:43 pm

    ကဗျာကဝိပညာရှိတွေချည်းပဲ။
    ဘယ်လိုမန့်ရမှန်းမသိရလောက်အောင် ကောင်းတယ်။
    ဒီတခါ တကယ်ပြောတာ။ 🙂

  • မြစပဲရိုး

    February 21, 2015 at 6:22 pm

    သများလဲ ပါဗျစီ။
    အချစ်ဆိုတာ ….
    “နှစ်ဖက် မကိုက်” တဲ့ “အစမ်းရှင်းတမ်း”
    “လိုငွေပြနေ” တဲ့ “ဘတ်ဂျက်”
    “အရှုံးထွက်နေ” တဲ့ “အရှုံးအမြတ်စာရင်း”
    “ပေးရန်ရှိများနေ” တဲ့ “လက်ကျန်ရှင်းတမ်း”
    “နာမည်ဆိုး” နဲ့ “ကမ်ပဏီ”
    lol:-)))))

  • မွသဲ ( 17082011 )

    February 21, 2015 at 8:45 pm

    အချစ်ဆိုဒါ ပါနာတိပါတာမပါရင် ဟာတာတိဟာတာဆိုတဲ့ဟို အူဂျောင်မင်နဲ့ တူမတော် မဇာယိတို့အဆိုအတိုင်း ဟာတာတိဟာတာမဖြစ်ရလေအောင် ဘူ့ကိုဂျစ်ရင်ကောင်းမဲဟေ

    • ခင်ဇော်

      February 21, 2015 at 8:51 pm

      တညားပြောတာက အစားအသောက်ကို ပြောဒါဘာ။
      ဟီးဟီးးးး
      :k:

  • Courage

    February 23, 2015 at 5:34 am

    အချစ်ဆိုတာ ရွာဦးကျောင်းက “ဟင်းပေါင်း”ကြီး ဖြစ်နေပါရောလား

  • black chaw

    February 23, 2015 at 9:01 am

    ပူလောင်ခြင်းများနဲ ့ နာကျင် မှုများ
    လွမ်းဆွေးတမ်းတ ကြေကွဲခြင်း
    ဒါကို အချစ်ဆိုပြီးတော့ တံဆိပ်နှိပ်လို ့
    မင်းကကိုယ့်ကို လုပ်ကြံတယ်

    အချစ် လို ့ တံဆိပ်နှိပ် ထားပေမယ့်
    သတိ အန္တရာယ် ရှိသည် ပေါ့ဗျာ။
    အချိန် မ ရွေးအသည်းကွဲနိုင် ပါကြောင်း။

  • ဦးကြောင်ကြီး

    February 23, 2015 at 10:16 am

    ဟေ့ကောင်ငဂီ
    အခြစ်နဲ့အဝှာ
    ဒိုက်ယိုက်စိုင်ဒယ်
    ယပီးဒဲ့ခါ
    ခြစ်လွန်းလို့
    အလှကျိထားသူ
    ရှိယဉ်ပြဇမ်း
    ဖဘပေါ်တင်
    ဖွချဉ်ရို့စ်…

  • Mr. MarGa

    February 23, 2015 at 12:23 pm

    အချစ်လား
    ဆေးမကုတဲ့ ဆရာဝန်
    စာမသင်တဲ့ ဆရာမ
    လွှတ်တော်မတက်တဲ့ အမတ်မင်း :mrgreenn:
    အမှုမလိုက်တဲ့ ရှေ့နေ
    သေနတ်မကိုင်တဲ့ စစ်သား
    အဲ့လို အဲ့လို တလွဲတချော်တွေရယ်
    :mrgreenn: :mrgreenn: :mrgreenn:

    • ခင်ဇော်

      February 23, 2015 at 12:29 pm

      မသိရင်ပဲ သူက သိသလိုလို လေသံနဲ့ လာပြောပြန်ပြီ။
      ဟေးဟေးဟေး

      :k:

      • Mr. MarGa

        February 23, 2015 at 12:41 pm

        ရှေ့ကနေ ဆရာကြီးအထာလုပ်သမျှ
        အနောက်ကနေ လိုက်ပြီး ဖော်ဖို့များ ကြံစည်နေသလားဟမ်…
        အသာနေစမ်းပါဗျာ… ငါတွေ့ မဟုတ်ပေမယ့် စာတွေ့ တွေ အပြည့်
        :a:

  • တောင်ပေါ်သား

    February 23, 2015 at 1:50 pm

    အချစ်ဆိုတာ သိချင်စွာနဲ့ရှာမိ
    ကလေး၃ယောက်ရသည့်တိုင်အောင်
    ယောင်ဝါးဝါးသာရှိသေးသမို့
    အချစ် . . . လား? ကန်တော့ဆွမ်းပါဘုရား

  • Mike

    February 23, 2015 at 2:31 pm

    .အချစ်ဆိုတာ
    .လူမနေတဲ့ကွန်ဒို
    .နေစရာမရှိတဲ့ ကျူ း
    .မြေမရှိတဲ့လယ်သမား
    .အသက်မပြည့်သေးတဲ့စစ်သား
    .အရက် မမေ့သေးတဲ့ယောက်ကျား
    .စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း
    .အသက်ပြင်းတဲ့ဖား
    .တို့လိုပဲ..ဂွတီးဂွကျပါဗျာ :k:

  • Mike

    February 24, 2015 at 9:13 am

    .Herry Briyan with Sue Aung

    အချစ်ဟာဦးခင်ရီနဲ့တူတယ်
    ရှင်းလင်းသလိုလိုနဲ့ဘယ်တော့မှမရှင်းနိုင်ဘူး

    အချစ်ဟာ ဦးအုန်းမြင့်လိုပေါ့
    ဆဲရုံနဲ့မပြီးဘဲတခါတခါလက်ပါချင်တယ်

    အချစ်ဟာ ဦးစိုးသိမ်းကိုအတုယူတယ်
    နူတ်ချိုသလောက် လေလုံးထွားတဲ့နေရာမှာ

    အချစ်ဟာ ဦးအောင်မင်း
    အခွင့်အရေးတွေပေးပေးပြီး မြူဆွယ်တတ်သလို

    အချစ်ဟာ ဦးရဲထွဋ်လိုပေါ့
    ကိုယ့်ဘက်ကမှားနေလည်း ဆတ်ဆတ်အထိမခံ

    အချစ်ဟာ ဦးဆန်းဆင့်
    ပြောစကားနားမထောင်ရုံနဲ့အပြစ်ကြီးနိုင်တယ်

    အချစ်ဟာ ဦးဉာဏ်ထွန်းထက်သက်သာတယ်
    ထောင့်ငါးရာနဲ့တင် လုံလောက်လို့

    အချစ်ဟာ တခါတရံဦးမြင့်လှိုင်ပေါ့
    ထမင်းတနပ်စားဖို့် မေ့မေ့နေတတ်တယ်

    အချစ်ဟာဦးရွှေမန်းကြီးအတိုင်း
    အပြောတမျိုး အလုပ်တမျိုးခဏခဏလုပ်လို့

    အချစ်ဟာသမ္မတကြီးလို
    အချိန်မှန် စကားပြောပေမယ့် ကတိမတည်ဘူး

    အချစ်ဟာ လက်ရှိအခြေအနေလိုပဲ
    အချိန်မရွေးနောက်ပြန်လှည့်နိုင်ရဲ့

    အချစ်ဟာအတိုက်အခံပါတီ
    မျှော်လင့်ထားသလို ဘယ်တော့မှဖြစ်မလာဘူး။
    :k: :k: :k: :k:

    • တောင်ပေါ်သား

      February 24, 2015 at 1:26 pm

      🙂 mite tal byar

  • kai

    February 24, 2015 at 4:49 pm

    အခုအော်စကာရသွားတဲ့.. ဘတ်ဒ်မန်င်း ကားထဲက.. စင်ပေါ်ကစတိုရီနာမယ်က…
    “What We Talk About When We Talk About Love” တဲ့..

  • hmee

    February 25, 2015 at 12:50 pm

    ဆရာကြီး​တွေကြည်​့ပဲ။ အားလုံး ဖတ်​ပြီး​တော့ ဘာ​ရေးရမှန်​းမသိ။ 🙂

  • Shwe Ei

    February 26, 2015 at 11:30 am

    -အိုက်ဂလို အားဖြည့်ပါဝင်သူတွေ ရှိလို့..ပို့စ်တစ်ပုဒ်တက်လာရင်
    -ကွန်မန့်အရင်ဖတ်တာ..ပြီးမှ ပို့စ်ပြန်ဖတ်တော့..အရသာပိုရှိသဗျ 🙂

  • Wow

    February 26, 2015 at 1:52 pm

    အချစ်ရှိုဒါ ကြောင်ခံဒွင်းပျက်နဲ့ ဖားခြေတဖောင်ကျိုး ဟုတ်ဖူးလားးးး :mrgreen:

    • ခင်ဇော်

      February 26, 2015 at 2:10 pm

      မုန့်ဟင်းခါးသိုးနဲ့ ရာတန် အပြဲ ဆိုလား ဘာလားပါ။

      :mrgreen:

      • Wow

        February 26, 2015 at 2:54 pm

        ဖိနပ်ပြတ်နဲ့ ကြောင်ငတ်… ဖားငတ် :mrgreen:

        • ခင်ဇော်

          February 26, 2015 at 4:09 pm

          စစ်ပြန် နဲ့ ရွာကျန်

          ရွာမှာ ကျန်တာတော့ နာ တို့ ပဲ။ စစ်က ပြန်လာတဲ့သူကို စောင့်ကြမား???

          :mrgreen:

Leave a Reply