ကျွန်မကလေးတွေကတော့ ဒီလိုပဲရှိတယ်-၃

ကျွန်မတို့ပတ်ဝန်းကျင်မှာ ဆေးလိပ်မှုတ်တယ်လို့ သုံးတဲ့လူတစ်ယောက်မှမရှိပဲ

ကျွန်မသားနဲ့သမီးက ဆေးလိပ်သောက်တာကို

ဆေးလိပ်မှုတ်တယ်လို့ပြောလေ့ရှိတယ်။

 

နောက်တစ်ခု ကျွန်မသားလေးက စာမဖတ်တတ်သေးပါဘူး။နံပါတ်တွေကိုတော့ အင်္ဂလိပ်လို့ကော မြန်မာလိုပါသိတယ်။

ဒါပေမယ့် သူက စာဖတ်တတ်သလိုပုံစံအမြဲဖမ်းတယ်။

သူသိချင်တဲ့ စာတစ်ခုခု(ဥပမာ မုန့်တံဆိပ်ပဲဖြစ်ဖြစ်-သီချင်းခွေပဲဖြစ်ဖြစ်) ကို တစ်ယောက်ယောက်ကိုဖတ်ခိုင်းပြီးမှတ်ထားလေ့ရှိတယ်။

ကျွန်မကိုဖတ်ခိုင်းထားတာဆို သူ့အဖေကို၊သူ့အဖေကိုဖတ်ခိုင်းထားတာဆို ကျွန်မကိုလာပြီး သူမှတ်ထားတဲ့ တစ်ခုခုကိုပြာကာ

မေကြီး ဒါက ဘာလို့ရေးထားတာ စသည်ဖြင့် သူဖတ်သလိုလိုပြောလေ့ရှိတယ်။

တစ်ရက် သူ့အစ်မက သူ့လက်ဖဝါးမှာ စာရေးပေးလိုက်တယ်။ဘာရေးလိုက်တယ်ဆိုတာလည်းပြောပြလိုက်ပုံရတယ်။

သူကကျွန်မကိုလာပြတယ်။

“မေကြီး ဒီမှာကြည့်လိုက် ချစ်စရာဘုံဘုံ ပျော်ရွှင်ဘုံဘုံတဲ့”

ကျွန်မကဖတ်ကြည့်လိုက်တော့ “အီးပေါက်ဘုံဘုံ နံနံစော်စော်”တဲ့

ကျွန်မသမီး ချောက်ချလိုက်ပြီဆိုတာသိပြီး

“ဘယ်ကသာအဲ့ဒါအမှားကြီး သားစာဖတ်တတ်အောင်ကြိုးစားနို့မို့ မမက သားကိုညာညာရေးနေတာသားခံနေရမှာ”

လက်မခံသေးဘူး

“မေကလည်း ဒီမှာ နှစ်တန်းလေ တစ်တန်းက ချစ်စရာဘုံဘုံ အောက်ကပျော်ရွှင်ဘုံဘုံ”

တဲ့။

 

နောက်တစ်ခါ နံပါတ်တွေကိုသိတဲ့အတွက် သူက ပြက္ခဒိန်ကို အားအားရှိသရွေ့ကြည့်တယ် မှတ်တယ်။

သူ့မူကြိုပိတ်ရက်တွေတိုင်း စနေ၊တနင်္ဂနွေရက် ပြက္ခဒိန်မှာ ပြထားတဲ့အကွက်ရောင်က တခြားရက်တွေရဲ့အရောင်နဲ့မတူတာကိုမှတ်ပြီး ကျွန်မကိုပြောတယ်။

 

”မေကြီး အနီကွက်တွေက ပိတ်ရက်တွေ၊အမည်းကွက်တွေကဖွင့်ရက်တွေ။တွေ့လား ဒီအကွက်နီနေတယ်(ဥပမာ-အထိမ်းအမှတ်ပိတ်ရက်တစ်ခုခုကိုထောက်ပြပြီး)အဲ့နေ့ကျသားတို့ကျောင်းပိတ်မှာ”

ဆိုပြီး ပြတတ်တယ်။ပြက္ခဒိန်ကိုအလေးထားတာကတော့ ကျွန်မလက်ဖျားခါမိတယ်။

လူကြီးတစ်ယောက်ယောက်က ဒီနေ့ဘာနေ့ပါလိမ့်

ဆိုတာနဲ့ သူက ဘယ်နှစ်ရက်နေ့လေ

လို့ ဆော့နေရာကတောင် ထဖြေတတ်တယ်။

အဝိုင်းလေးပြထားရင် လပြည့်နေ့

ဒီအကွက်က ဂျွန်လ ဆိုရင် အပေါ်ကွက်တွေကိုလိုက်ရေပြီး

ဒါဖြင့် ဂျွန်လက ၆လပေါ့

လို့ သူ့ဟာသူမှတ်တယ်။တခြားသူကိုပြန်ပြောပြတယ်။ဘယ်နှစ်လပိုင်းမှာကျောင်းပိတ်ပြီး ဘယ်နှလပိုင်းကျကျောင်းပြန်ဖွင့်မှာ။

သူ့ရဲ့ ပြက္ခဒိန်အပေါ်စွဲလန်းမှုလေလားမသိ။

 

တစ်ရက် အိမ်မှာ မီးချောင်းလဲလို့ အလူမီနီယံထောက်လှေကားထောင်ကြတယ်။မီးပြင်ပြီးတော့ ကျွန်မက ကလေးတက်ဆော့ရအောင်လှေကားကိုမသိမ်းခိုင်းသေးဘူး။

အောက်ကစောင့်ပေးရင်း သားကိုလှေကားတက်ခိုင်းတော့

“တက်ရဲဘူး ပြုတ်ကျမှာကြောက်တယ်” တဲ့

ကျွန်မကလည်း

“သားကလည်းသတ္တိနည်းလိုက်တာ ဟိုနေ့ကတီဗွီမှာ စစ်သားတွေ လှေကားတွေတက် ဝမ်းယားမှောက် လေ့ကျင့်နေတာမတွေ့ဘူးလား”

ဆိုတော့

“စစ်သားတွေက တောထဲမှာ အဲ့လိုနေရာတွေရောက်ရင် မတက်တတ်မှာဆိုးလို့တက်ကြည့်တာနေမှာပေါ့ သားက ဆရာဝန်ပိုင်းလော့လုပ်မှာ စစ်သားလုပ်မှာမှမဟုတ်တာ”

တဲ့ တက်ခိုင်းလို့ကိုမရ နောက်မှ တစ်ဆင့်တက်လိုက် နှစ်ဆင့်တက်လိုက် သူ့ဟာသူ တက်တက်လာတယ်။

 

ဒီနေ့မှာတော့

လုံခြုံရေး ဦးလေးကြီးက အလုပ်ရခါစသူ့သမီးလေးကို ထမင်းချိုင့်သွားပို့ဖို့အသွား “ဘုံဘုံရေ လိုက်မလား ” ဆိုပြီးအော်သွားတယ်။

“မေကြီး ဘဘကဘယ်သွားတာလဲ”

လို့မေးတာနဲ့ “မမခိုင်အလုပ်ရနေပြီ အလုပ်သွားလုပ်လို့ ဘဘကထမင်းချိုင့်လိုက်ပို့တာ”

ဆိုတော့

“”မမကဘယ်မှာအလုပ်သွားလုပ်တာလဲ”

ဆိုပြီး ထင်တဲ့အတိုင်း ဆက်မေးတော့ပါတယ်။

ကျွန်မလည်း ထမင်းခွံ့နေတာမို့ ပုစွန်ကိုကျိတ်ပိုင်းနေရင်းကအလွယ်ပဲ

“မိုးကောင်းကင်မှာ (စတိုးဆိုင်အမည်)”

လို့ဖြေလိုက်တော့

“ဟင် မိုးကောင်းကင်ဆို မမပြုတ်ကျမှာပေါ့”

တဲ့ မျက်လုံးလေးအဝိုင်းသားနဲ့

44 comments

  • ခင်ဇော်

    February 21, 2015 at 12:33 pm

    ခိခိ
    ချစ်ဖို့ ကောင်းတာအေ။
    :chit:
    ညာဏ်ကျယ်လေးတွေဖြစ်မှာ။
    သူ့ အမေလိုသာ အငြင်း မသန်စေနဲ့
    ခုခိ
    ခုခိ

    :k:

    • သူ့အမေက ငြင်းချင်လို့ငြင်းတာဟုတ်ပု
      သူ့သားလိုပဲ
      ဆရာမလေးတွေနဲ့ ဟိုဘက်ခန်းဒီဘက်ခန်းနေတော့
      ဘုံဘုံရေ တီတီတို့ဆီလာလည်လေ
      ခေါ်ရင်
      ဒီဘက်မှာက မေမေနဲ့မမနှစ်ယောက်တည်း တီတီတို့က၃ယောက်သားလာလိုက်ရင် မေမေနဲ့မမပဲကျန်ခဲ့ပြီး တီတီတို့က၄ယောက်ဖြစ်မှာ
      ဆိုပြီးမသွားဘူး။
      ဆရာမနှစ်ယောက်လောက်က အိမ်လာလည်နေတောင် ဒီဘက်မှာကလူတွေများနေတယ် ဟိုဘက်မှာကတီတီတစ်ယောက်တည်းဖြစ်နေတယ်ဆိုပြီး ကူးသွားတယ်။
      အရေအတွက် လိုက်လိုက်ညှိတတ်တယ်။
      သားနဲ့တူတဲ့မေမေပါ
      :mrgreen:

  • အလင်းဆက်

    February 21, 2015 at 2:10 pm

    .ရေးပြတာလေးတွေ ဖတ်ပြီး… အဲ့ကလေးတွေနဲ့ စကားပြောချင်လိုက်တာ…

    😆

  • ဦးကျောက်ခဲ

    February 21, 2015 at 2:48 pm

    ကျောက်စ် စာစဖတ်တော့… ၂ တန်းကျောင်းသား…
    တွေ့သမျှစာတွေ လိုက်ပေါင်းဖတ်တာ…
    အဖေက အမေ့ကိုပေးတဲ့ ရည်းစားစာကို… လူကြားထဲ ဖတ်မိလို့
    :k:

    • သာမိလည်း ၂တန်းမှ စဖတ်တာ၊ကာတွန်းစာအုပ်အလွန်ကြိုက်ပေါ့။
      တုံလေးကတော့ ခု၁တန်းမှာ အစုံဖတ်နေပြီ

  • Ma Ma

    February 21, 2015 at 4:49 pm

    သိပ္ပံမောင်ဝရဲ့ မောင်လူကလေးတို့ သားအဖကိုတောင် မြင်ယောင်လာတယ်။
    အဲဒါကြောင့်လည်း မြေးတွေကို အဖိုးအဖွားတွေ အသက်ရှည်ဆေးလို့ ပြောကြတာ။ 🙂
    သူတို့နဲ့တောင် စကားပြောကြည့်ချင်လာတယ်။

    • အမောဖောက်တတ်တဲ့အဘိုးဆိုရင်တော့ အသက်တိုမှာပါ အန်တီမမ
      သူတို့က တအားမေးကြတာကိုး
      မိဘတောင် စိတ်မရှည်တဲ့ခါဆူမိတယ်
      🙂

  • မြစပဲရိုး

    February 21, 2015 at 6:24 pm

    ရီလိုက်ရတာ မနန်း ရယ်။
    ကြည့်ရတာ သားလေး က စာဖတ်ဝါသနာပါပုံရတယ်။
    သချာင်္လဲ တော်မဲ့ ပုံဘဲ။
    မကြာခင်ကာလ မှာ မြန်မာပြည်က ကလေး တွေ အတွက် စာကြည့်တိုက် တွေ အများကြီး ပေါ်လာတော့မယ် မှန်းပါတယ်။
    ဒါတွေဟာ ပထမဆုံး လုပ်ရမဲ့ အရေးကြီး အလုပ်ထဲ ပါတယ်။

    • အရီးရေ သူက စာရေးတော့အတော်ပျင်းတယ်။
      စာရေးခိုင်းရင် လက်ညောင်းလို့လို့ ၁မျက်နှာပဲရေးမယ်တို့လို့
      အခွင့်အရေးတွေတောင်းဆိုတော့တာ
      🙁

  • Crystalline

    February 21, 2015 at 6:57 pm

    အမေတူလေးတွေနေမှာ.. :mrgreenn: .. အခု အော်ဇီပေါက်တူတော်မောင်နဲ့ထားပေးရမယ်.. ၁၁တန်းရောက်နေတဲ့အထိ..မြန်မာစကားကို တော်တော်လေးပြောနိုင်သေးတာ.. ချီးကျူးမိတယ်.. တချို့စကားလုံးတွေနားမလည်လို့ ပြန်မေး..အမေးမြန်းထူချက်က ဘုံလေးထက်သာမလားပဲ.. မြန်မာစာလုံးတွေစိတ်ဝင်စားပြီး သင်ချင်စိတ်လည်းရှိ.. ပတ်ပြေးနေရတယ်.. :loll:

    • သူတို့ကအင်္ဂလိပ်လို တအားပြောချင်တာချစ်မကြီး။
      သော်လည်းရန်ကုန်ရွှေ့ဖြစ်ရင်တော့ ဆန်းမားသင်တန်းကောင်းလေးတွေ နှစ်တိုင်းထားပေးမို့ပဲ။
      ခုလက်ရှိပုံစံနဲ့က မရွှေ့ဖြစ်ပြန်သေးတော့
      🙁

  • တိမ်မည်း

    February 21, 2015 at 7:59 pm

    .အဲ့လောက် သိချင် တက်ချင် စိတ် ရှိတာ ကောင်းပါ့… ချစ်ဖို ့ကောင်းထှာ….
    .လူပျိုကြီး တယောက်အနေနဲ ့ (ကြွားတယ်လို ့မထင်ပါနဲ ့ ကလေး အဖေလို ့ ခနခန အပြောခံရလွန်းလို ့ဘာ)…
    .ကိုယ့်ကလေး ဆိုတဲ့ ခံစားချက်တော့ သိပ်မသိပေမယ့်… သူများ ကလေးတွေတော့ ခန ခန ထိန်း ရဖူးတယ.်..
    .တချို ့ကလေးတွေဆို သိပ်အမြင်ကပ်ဖို ့ကောင်းတယ်…. အားကြီး ရိုင်းတယ်… တချို ့ကျတော့ လည်း လိမ္မာတာ…
    .သေချာတာကတော့ အခုခေတ် ကလေးတွေက ကျွန်တော်တို ့ ခေတ်ထက် အတက်မြန်တယ်….

    • ဟုတ်တယ်မောင်တဲမိန်လေးရေ
      ပိုအတတ်မြန်တယ်နော်။
      တချို့ကလေးတွေကျ ရိုင်းတယ်ဆိုတာ အိမ်မှာ တအားအလိုလိုက်ထားတာတွေ
      ဆဲတာကိုရယ်စရာလို့သတ်မှတ်ပေးထားတဲ့လူကြီးတွေေြကြာင့်လည်းပါတယ်။

      မုန့်ဟင်းခါသွားဝယ်ရင် ကလေးမလေးတစ်ယောက် သူ့အမဝမ်းကွဲကို တအားဆဲနေတာတွေ့ဖူးတယ်။
      အဒေါ်တွေက ကျိတ်ဟန့် ကျိတ်မာန်လဲ မာန်တဲ့လူပါဆဲ။
      အဒေါ်တစ်ယောက်ကပြောတယ် အဲ့ဒါနင်တို့ ငယ်ငယ်တည်းကအဆဲတွေသင်ထားတာ မှတ်ပလားတဲ့။

  • မွသဲ ( 17082011 )

    February 21, 2015 at 8:41 pm

    ဟိဟိပျော်စရာအဖြူရောင်ခေါင်းလောင်းလေးတွေပေါ့။ အိမ့်မင်းကွန်းခေါင်းလောင်းဒေ။ တခါတလေဒေါသတောင်ထွက်တယ် ရှာရှာဖွေဖွေမေးလွန်းအားကြီးလို့။ ပျင်းတော့မပျင်းရတော့ဘူးပေါ့

  • hmee

    February 22, 2015 at 9:39 am

    သား​တော်​​မောင်​နဲ့ တူချက်​။ သချင်္ာကို ပိုစိတ်​ဝင်​စားတယ်​ထင်​ပါရဲ့။ ပြက်​ခဒိန်​ကို အလွတ်​ရတယ်​။ အားရင်​ စာအုပ်​အလွတ်​မှာ ပြက်​ခဒိန်​ကို ကူး​ရေးတယ်​။ အိမ်​ရှိလူအကုန်​ ​မွေး​နေ့ဟာ ဘယ်​​နေံကျမယ်​​မေးရင်​ သူမသိတာမရှိ။ အခါကြီးရက်​ကြီးဟာ ဘာ​နေံ ကြလည်​း​မေး မလွဲ​စေရဘူး။ သူ့ ဦးလတ်​က ခရစ်​စမတ်​ ဘယ်​​နေ့လည်​း​မေးတယ်​ သူက ​သောကြာတဲ့ သူ့ ဦးက မင်​းမှားပြီ ကြာသပ​တေးကွ ဆို​တော့ သူက ရီတယ်​ ဦးလတ်​ကလည်​း သားက ၂၀၁၅ ​ပြောတာ ဦးလတ်​က ၂၀၁၄ကြီးတဲ့။ သား ဦး​လေးခမျာ ​နောက်​ဆို ပညာမစမ်​းရဲဘူး။ သူပြခဒိန်​ကို စွဲလန်​းလွမ်​းလို့ ​ပြောယူ​နေရတယ်​။ ကြာရင်​ ချွန်​လွန်​းြပြီး ​လျှောထွက်​သွား မစိုးလို့။ စား​မေးပွဲမှာ သချာင်္ အလွယ်​​လေးပါ ဆိုတဲ့ အချိုးနဲ့ လုပ်​ခဲ့လို့ အဲ့ ဘာသာပဲ အမှတ်​ပြည်​့မရ အဲ့လို။ 🙂 🙂

    • မမမှီရေ ပြက္ခဒိန်ကိုသေသေချာချာစိတ်ဝင်တစားတွက်တတ်တာ သချာင်္ထူးချွန်မယ့်အရိပ်ယောင်ပါ။ကလေးအမှတ်ပြည့်မရလည်း စိတ်မပျက်ပါနဲ့ ပင်ကိုယ်အရည်အသွေးရှိရင် စာမေးပွဲအကြီးအသေးတွေရဲ့ အဆင့် တစ် နှစ်တွေက ကျောင်းမှာပဲကျန်ခဲ့မှာပါ။ညီမတော့ မူလတန်းအရွယ်မှာ စိတ်ကြိုက်တွေးတော ဆော့ကစား ကလိခွင့်ပေးထားသေးတယ်။
      🙂

  • black chaw

    February 22, 2015 at 7:00 pm

    စုံစီနဖာ ဘဝပစ်ချာ လေးတွေကို စုပြီး စာအုပ်ထုတ်ဖို့
    လေးလေးစားစား တိုက်တွန်းသွားပါတယ်ဗျာ…။
    ချစ်စရာကောင်းတဲ့ ကလေးအတွေးလေးတွေမို့
    မှတ်တမ်းတင်ထားသင့်ပါတယ်…။
    ချစ်ခင်လေးစားတဲ့…
    ဦး…ဘလက်ချော…။

    • သုမောင်ကိုအားကျပါတယ်ဦးဘလက်ရေ
      လုပ်ချင်ပြီးမလုပ်ဖြစ်သေးတာတွေထဲ တစ်ခုပါပဲ၊
      အားပေးတာကျေးဇူးပါ။
      ချစ်ခင်လေးစားလျက်
      🙂

  • ဝင့်ပြုံးမြင့်

    February 23, 2015 at 2:04 am

    .သော်သော်က ရန်ကုန်ရွှေ့ဖြစ်ဖို့ ဆန္ဒရှိနေတာကိုး။ အမရောပဲ။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ရန်ကုန်မှာ ကားကြပ်တဲ့ ဒုက္ခ၊ ကားလမ်းပိတ်တဲ့ ဒုက္ခပေါ့။ အဲဒါကြီးကို မခံနိုင်ဘူး။ နယ်မှာက အသက်ရှူ ချောင်တယ်။ နယ်မှာက မီးအားနည်းတဲ့ ဒုက္ခရှိပေမယ့် အခု လျှပ်စစ်မီးနဲ့သုံးတဲ့ပစ္စည်းတွေက ဝပ်အား များများ မယူဘဲ သုံးလို့ရတာတွေ ပေါ်နေပြီ။ မီးချောင်းကွေးလိုမျိုး၊ မီးဖိုဆိုရင်လည်း ဝပ်အားနည်းနည်းနဲ့ မီးအားကောင်းကောင်း ပေါ်လာပြီ။ အရင်လို hot plate ကြီးတွေ မဟုတ်ဘူးလေ။ ခလေး ပညာရေးအတွက် ရန်ကုန်တက်ရမှာ သိရက်နဲ့ကို ရန်ကုန်က မွန်းကြပ်တဲ့ဒုက္ခကို မခံနိုင်ဘူး။ ကားလမ်းပိတ်တာ အမ အကြောက်ဆုံး။

    .အမ သား ပြုံးမောင်နဲ့ ပတ်သက်လို့ကတော့ အမလည်း စိတ်ဓာတ်နည်းနည်းကျနေတယ်။ ကလေးက ဉာဏ်ရည်ဉာဏ်သွေး ကောင်းမှကောင်းရဲ့လားလို့ တွေးမိနေတာ။ အခု ၂ နှစ်သားရှိပြီ။ စကားမပြောဘူး။ တက်ဘလက်နဲ့ရော ကွန်ပျူ တာ မောက်စ်ကိုင်ပြီးတော့ကော ဂိမ်းတော့ ဆော့တတ်တယ်။ မောက်စ်ကိုင် ကျွမ်းကျင်တယ်။ ဂိမ်းတွေအကုန်လုံးကို ဖွင့်ပိတ် အကုန်သိတယ်။ သူက ပုံစံအကွက်လေးတွေကို မှတ်ထားတာ။ တဆင့်ချင်းစီ သွားတတ်တယ်။ သူ့ကို အမ သင်မပေးဘူး။ သမီးကြီးဆော့တာကို မြင်ပြီး သူ့ဟာသူ တတ်သွားတာ။ ဒါပေမယ့် စကားမပြောဘူး။ အဲဒါ အခုလောလောဆယ် အမ စိတ်အဆင်းရဲဆုံးကိစ္စပေါ့။ နားကတော့ ပါးတယ်။ လှပ်နေတာပဲ။ တခြားအကုန် ပုံမှန်ပဲ။ လူလည်ကျတယ်၊ ရစ်တယ်၊ သောင်းကျန်းတယ်။ ပြောရင်လည်း နားလည်တယ်။ ဒါပေမယ့် ခုထိ စကားလုံးဝ မပြောဘူး။

    • မြစပဲရိုး

      February 23, 2015 at 3:05 am

      မပြုံး
      တကယ်တော့ တစ်ချို့ကလေးတွေစကားမပြောတာ ပုံမှန်ပါတဲ့။
      ဒီမှာ အသိ ရဲ့ သားလေးတစ်ယောက် ၄နှစ်ခွဲ မှ စကားစပြောတယ်။
      ကျောင်းစတက်ချိန်မပြောသေးဘူး။
      နောက်မှ ဖြေးဖြေးချင်းပြောလာတာ။
      သူတို့ ဒုတိယ သားလေးကလဲ ဒီလိုဘဲ။
      သူကျတော့ နဲနဲ ပိုစောပြောတယ်တဲ့။ ၃နှစ်မှာ။

      ဒီတော့ မပြုံးသားလေး မှာ တစ်ခြား ဟာ တွေ ကို လုပ်နိုင်နေတာ ဘဲ။
      သိပ်စိတ်မပူပါနဲ့။ Normal ဘဲ နေမှာပါ။
      အဲဒီကလေး တွေ က နောက်ပိုင်း သူများထက်တောင် ထူးချွန်တတ်တာ ကြားဖူးတယ်။

    • ဦးကျောက်ခဲ

      February 23, 2015 at 8:37 am

      မပြုံးရေ … ကျောက်စ် အတွေ့အကြုံလေးပြောပါရစေ…
      ဖအေက ဗမာ ၊ မအေက တရုတ် … ၂-ယောက်လုံး အဂျင်္င်နီယာတွေပါ…
      သူတို့ အိမ်မှာ ဗမာလိုနဲ့ အင်္ဂလိပ်လိုပြောတယ်…
      နေ့ကလေးထိန်းကျောင်းမှာ ကလေးကို အင်္ဂလိပ်လိုပြောတယ်…
      ရန်ကုန် မအေဘက်မိဘတွေကြတော့ တရုတ်လိုပြောတယ်…
      အဲသည့်မှာ ကလေးက လေးနှစ်ခွဲအထိ No ကလွဲရင် ဘာစကားမှမပြော…
      ဝူးဝူးဝါးဝါးနဲ့မို့ … Autism ဖြစ်ပါပြီဆိုပြီး မိဘတွေမှာ မျက်ရည်လည်ရွဲ…
      .
      သူတို့နေတဲ့ ကျောင်းဝင်းထဲက တခြားကလေးတွေက သူနဲ့ မကစားချင်ကြဘူး…
      ဖြစ်ချင်တော့ တနေ့သား… ကစားဖို့သွားတော့… ကုလားလေးတစ်ယောက်က…
      “Hey… damn mute, don’t come and play with us” လို့ ပြောလိုက်တာ…
      မျက်နှာကြီးနီ … အကြာကြီး စိုက်ကြည့်နေပြီးမှ…
      “Fxxk YOU …. နာ ယိုး မ တား…. ” လို့
      အကျယ်ကြီး ကုန်းအော်လိုက်တာ ၊ ကျောက်စ်တို့ နားနဲ့ဆတ်ဆတ်…
      အဲသည့်နောက်ပိုင်းတော့ ပြောလိုက်တဲ့စကား …
      အခု တက္ကသိုလ်တောင် တက်နေပြီ … စိတ်ဓာတ်မကျပါနဲ့…
      အချိန်တန်ရင် ပြောပါလိမ့်မယ်… ဂိန်းပေးဆော့တာကိုတော့ မကြိုက်…
      ပြင်ပလောက နဲ့ အထိအတွေ့မရှိ Visual World ကို အဟုတ်မှတ်သွားမယ်…
      :k:

    • မမပြုံးရေ
      ညီမတို့လင်မယားနှစ်ယောက်စလုံးမှာက ခံစားချက်တူညီနေတာရှိတယ်။
      ညီမအမျိုးသားက ကျောင်းပြီးတည်းကစလို့ ရခိုင်မှာတာဝန်ကျတယ်။အသိပညာဗဟုသုတကအစ နောက်ကျကျန်။အင်တာနက်မထွန်းကားရုံမက လျှပ်စစ်မီးတောင်နပ်မမှန်တော့ ရန်ကုန်ရောက်ပြန်ရောက်ချင်လို့ ကျောင်းပြန်ဆက်တက်တယ်။ကျောင်းတက်ရင်းကတခြားသင်တန်းတွေအပြေးအလွှားတက်ကျာင်းပြီးပြန်တော့ကရင်ပြည်နယ်ထဲရောက်သွားပြန်တယ်။
      သူ့လူငယ်ဘဝတွေက တခြားအသိပညာဆည်းပူးခွင့်သိပ်မရခဲ့ဘူးဆိုပြီး တော်တော်စိတ်မကောင်းဖြစ်ရတယ်။

      ညီမကကျတော့လည်း ကျောင်းပြီးတာနဲ့အိမ်ထောင်တန်းကျ ပြည်နယ်တွေလိုက်နေရတဲ့အတွက် ညီမဝါသနာပါတာတွေကို သင်ယူခွင့် လုပ်ကိုင်ခွင့်မရခဲ့ဘူး။

      နယ်တွေက သင်တန်းတွေဆိုတာလည်း ကိုယ်တိုင် စာအုပ်ကြည့် အင်တာနက်သုံးလေ့လာတာထက်တောင်မသာတဲ့အပြင် သင်တန်းတက်ပြီးသားလူတွေကိုတောင် ပြန်ပံ့ပိုးပေးရတာမျိုးတွေရှိနေတော့
      အသိပညာဗဟုသုတမျိုးစုံရှာမှီးနိုင်တဲ့ အရပ် အစစရှေ့ရောက်နေတဲ့နေရာမျိုးမှာ ကလေးတွေကိုပွင့်လင်းစေချင်လို့ပါ။

      (အစ်မသားနဲ့ပတ်သတ်လို့အရီးတို့ ဦးကျောက်တို့ပြောသလိုပဲ စိတ်မပျက်ပါနဲ့။ယောက်ျားလေးတွေက မိန်းကလေးတွေထက် အမြဲနောက်ကျပါတယ်။တစ်ချို့ဆိုအရီးပြောသလို ၄ ၅နှစ်မှပြောတာတွေရှိတယ်။ဖေဖေတို့မျက်စောင်းထိုးအိမ်ကကလေးဆို မိန်းကလေးဖြစ်တာတောင် အစ်မသားအရွယ်ကိုစကားမပြောသေးပါဘူး။ကျန်တာလူကြီးလိုပဲအကုန်သိ အကုန်လုပ်တတ်တယ်။အားမငယ်ပါနဲ့၊လူကြီးတွေကစိတ်မစောပါနဲ့။ကလေးကလေးချင်းထားပါ စကားများတဲ့ကလေးမျိုးနဲ့ပေါ့။
      🙂

  • La Yeik

    February 23, 2015 at 9:16 am

    ကလေးတွေ အပြစ်ကင်းပုံက အရမ်းချစ်ဖို့ကောင်း….

    • ကလေးတွေဘဝကအရမ်းဖြူစင်အပြစ်ကင်းပါတယ်။အဲ့ဒါကြောင့် အနိဌာရုဏ်တွေကြားမြင်ရရင် မခံစားနိုင်ဘူး။

  • Mr. MarGa

    February 23, 2015 at 9:44 am

    တုန်လေးအကြောင်းကျ မပြောဘူးး
    လျှိုထားတယ်
    ဟွန့်
    :a:

    • တုန်လေးအကြောင်းက ဘုံလေးလောက်ပြောစရာမရှိသလိုပဲ။ကျောင်းမှာတအားကုတ်၊အိမ်မှာတအားဆော့တာတစ်ခုပဲ။သူလည်းကတ်သီးကတ်သတ်မေးတတ်ပေမယ့် ဘုံဘုံ့လောက်အတိအကျ ခရေစေ့တွှုင်းကျတော့မဟုတ်ဘူး။
      🙂

  • ဦးကြောင်ကြီး

    February 23, 2015 at 9:49 am

    နမ်းတော်ရာသူ
    လှမ်းခေါ်လာယူ
    တန်းပေါ်စာဖြူ
    နှမ်းဖျော်သာကူ..

  • Kaung Kin Pyar

    February 23, 2015 at 10:23 am

    .ဉာဏ်ကောင်းမယ့်…သားလေးပဲ…။ အိမ့်ဆည်းလည်းလေး တစ်လုံးရထားတယ်ပေါ့….။
    .ကလေးတွေ ပြက္ကဒိန်ကို စိတ်ဝင်စားတယ်ဆိုတာ….ဒီပိုစ့်ဖတ်မိတာ…သတိထားမိတယ်….။ ချစ်ဖို့ကောင်းကြမှာပဲ….။ အန်တီမမရဲ့ ပြက္ကဒိန်လေးများရရင် ဘယ်လိုနေမယ် မသိ….။
    🙂

    • ဦးကြောင်ကြီး

      February 23, 2015 at 10:27 am

      ကင်းကြောင်ပြာလေး မီမွေးချဉ်ဖူးရား… သဗောတူ ခြစ်ကြဇို့

    • အန်တီမမရဲ့ပြက္ခရရင် ဖြေရှင်းနိုင်အောင် လူကြီးတွေအရင်လေ့ကျင့်ရမယ်ကွယ်။
      အားပေးတာကျေးဇူးပါ။
      🙂

  • တောင်ပေါ်သား

    February 23, 2015 at 12:50 pm

    ကျုပ်သားထက် သွက်သကိုး
    သားက တော်တော်နဲ့ စကားမပြောဘူး
    စ စချင်းပြောတာက မာမား တဲ့
    နင့်အမေ မာမားပါလားလို့ ကျုပ်ကအော်တော့ နောက် ၄ – ၅လအထိ ဘာမှ မပြောပြန် ၊
    အမေက ကျုပ်ကို အသေဆူတာ ၊ ကလေးကို အဲသလိုပြောရမလားဆိုပြီး
    ဘာဖြစ်ဖြစ် သော့်ကလေးတွေက စာထဲမှာတင် ချစ်စရာ

    • ကလေးတွေကအဲ့လိုပဲဦးမျိုး ဖေဖေ မေမေ ထက် ပါပါး မားမား စခေါ်ကြတာများတယ်။
      ခေါ်ရတာ သူတို့အတွက်ပိုအလျဉ်းသင့်အဆင်ပြေတယ်လေ။
      သန့်ကောင်းစံလေးကိုလည်း နိုင်ငံ့လက်ရွေးစင်ဖြစ်အောင်ပျိုးထောင်ပေးပါနော်။အားပေးမယ်။

  • Mike

    February 23, 2015 at 3:06 pm

    .ခုခေတ်ကလေးတွေက ကျုပ်တို့တုန်းကထက် ဉာဏ်ရည်သာတာသေချာပါတယ်
    .တဖြည်းဖြည်းလမ်းကြောင်းတည့်ပေးဖို့ပဲလိုတာ…အိမ်ကသမီးလမ်းလျှောက်တတ်ခါစ
    .သူနဲ့တွဲလမ်းလျှောက်ရင် ကားလမ်းဖက်ကဘယ်တော့မှမနေဘူး…သတိထားမိလို့တမင် လက်ပြောင်းပြီး
    .ကားလမ်းဖက်သူ့ကိုပို့ရင် အတင်း တဖက်ပြန်ပြောင်းတာပဲ…လည်တာမှမွှတ်လို့
    .ဆိုတော့..ငယ်ငယ်တည်းက အဓိတ်ပါယ်မှန်တွေပြောပြဖို့စိတ်ရှည်သင့်တယ်..
    .တခုခု သယ်လာပြီး လွတ်ကျကွဲရင် တချို့မိဘတွေ ရိုက်လေ့ရှိတယ်…မလုပ်သင့်ပါဘူး..
    .ကျုပ်ကတော့ ဘယ်တော့မှမဆူဘူး..နောက်တစ်ခေါက်ကြိုးစားခိုင်းတယ်….
    .မခိုးတတ်အောင်..ပွင့်ပွင့်လင်းလင်း အမှန်ကိုပြောတတ်အောင်လည်း အကျင့်လုပ်ပေးပါဗျာ..
    .ခင်မင်ရင်းနှီးစွာ အကြံပြုတာပါနော :))

    • ဟုတ်တယ်ဦးမိုက်ရေ အမှန်ပြောတတ်အောင်နဲ့မခိုးတတ်အောင်ကသိပ်မပြောရဘူး။
      သူများတွေစိတ်အနှောက်အယှက်မဖြစ်အောင်မနေဖို့ပြောရတာပဲအာပေါက်တယ်။
      ခုခေတ်ကလေးတွေသိတတ်ကြပုံကတော့ လူ့သက်တမ်းကျုံ့လာတယ်ပြောရမယ်။

  • padonmar

    February 23, 2015 at 9:12 pm

    ချစ်စရာလေး အသက်ရှည်ဆေးပေါ့။

    • အသက်ရှည်မလားတိုမလားတော့မသိဘူးတီဒုံ။သမီးဒီအရွယ်နဲ့စောင့်ရှောက်ရတာတောင် နာမကျန်းတဲ့အခါတွေမှာ တအားပင်ပမ်းတယ်။
      အသက်ကြီးမှ ယူဖြစ်ရင်တော့ ကိုယ့်အခြေအနေနဲ့ဆို တော်တော်မလွယ်ဘူး။
      ကြီးလာတော့လည်း ပင်ပမ်းဦးမှာပါ ။ချိုမြိန်တဲ့ဒုက္ခလေးတွေပေါ့။
      🙂

  • Wow

    February 27, 2015 at 10:33 am

    အဟွာလေ.. နန်းတော်ရာသူကမရေးတာကြာတော့မေ့တောင်နေတာ လူမိုက်သော်ပဲသိဒယ် :mrgreen:

    • လူမိုက်သော်က ကြောင်တစ်ကောင် ဖိန့်ဖိန့်တုန်မလားလို့ ဓာတ်ရိုက်ထားတဲ့နာမပါ ရှစ်မွ
      ကျန်တဲ့လူတွေတွက်မပါ
      :mrgreen:

  • Ma Ei

    February 27, 2015 at 2:35 pm

    မျက်စိထဲ မြင်လာအောင် ရေးတတ်တယ် ချစ်ဖို့ ကောင်းချက်…
    နောက်ဆို ဓာတ်ပုံကလေးတွေနဲ့ တင်ပါနော်..ချစ်လို့
    :528:

Leave a Reply