​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၇

naywoon niMarch 21, 20151min3016

​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၇

အစ​ကောက်​

အစက​တော့ ဓာတ်​​သေ ကိစ္စနဲ့ ဆိုင်​တဲ့ အ​တွေ့အကြုံ​လေးနဲ့ ခံစားမှု​လေး​တွေပဲ ​ပေါ့​ပေါ့ပါးပါး​လေး ​ရေးဖို့ရာပဲ ။ သို့​ပေမဲ့ လက်​ကနဲနဲ​ချောသွားပြီ ။ ပြန်​တည်​့လိုက်​ကြဦးစို့ ။ မျက်​​စေ့​ရှေ့မြင်​​နေ​တော့လည်​း မ​နေတတ်​ဘူး ။ ​ပြောမိ​ရော ။ 🙂

​ဂျောက်​ ကျ​တော့မလို့

​နေ့လည်​ပိုင်​း​ ​ရောက်​​တော့ ရာသီဥတုက ​တော်​​တော်​ဆိုးလာဗျ ။ မိုး​တွေကအုံ့မှိုင်​းလာတာ ။ သဘာဝအလင်​း​ရောင်​နဲ့ ဘယ်​လိုမှ ရိုက်​မရ​တော့ဘူး ။ ပထမဆုံးအ​တွေ့အကြုံယူကာမှ ရာသီဥတုက အား​ပေး​နေလိုက်​ပုံများ​ပြောပါတယ်​ ။ ကိုယ်​့ဆြာသမား​တွေကလည်​း ရသမျှအလင်​း​ရောင်​​လေးနဲ့ ကြုံးလုပ်​​နေကြဆို​တော့ ​စော​စောက ပိတ်​ထားတဲ့ ဖလက်​ရှ်​ မီးဖွင်​့ရိုက်​​ပေါ့ ။ ​နောက်​ဆုံး အမိုးစွန်​နား​ရွှေ ့ ကိုယ်​က အပြင်​ထွက်​ရိုက်​ ။ မိုးရွာ​နေလဲ ခဏ ​တော့ထွက်​ရိုက်​ပဲ ။ လူလည်​းနဲနဲစို​နေပြီ။ အဲ့မှာ ပြဿနာက ကင်​မလာ ပါဝါ ခလုပ်​က အလုပ်​မလုပ​တော့ဘူးဗျာ ။ သွားပြီး​ပေါ့ ။ လူ​လေးငါးဆယ်​မက ရိုက်​ပြီးတဲ့ အချိန်​မှာ ။ အဲ့သာနဲ့ ကင်​မလာပိုင်​ လက်​​ထောက်​ဦးစီးကို​ပြော ။ သူလည်​း မလုပ်​တတ်​ပြန်​ဘူး ။ ရွာသား​တွေက ဝိုင်​းကြည်​့​နေပြီ ။ ဒီအကျပ်​အတည်​းက မထွက်​နိုင်​ရင်​​တော့ မရှိတဲ့ သိက္ခာ ဆယ်​မရ​အောင်​ကျ​တော့မှာ ။ ကင်​မလာ ပိုင်​ရှင်​လည်​း သူ့ကင်​မလာ ဟိုပွတ်​ကြည်​့ ဒီပွတ်​ကြည်​့နဲ့ ​ချွေးပြန်​​နေပြီ ။ ​နေဝန်​းနီလည်​း ​ဆေးလိပ်​​လေး​ကောက်​ဖွာရင်​း ရှိသမျှ ဉာဏ်​နီ ဉာဏ်​နက်​ ထုပ်​ရ​တော့တာ​ပေါ့ ။ အ​တော်​​လေးကြာ​တော့ စွန်​့စားခန်​းတစ်​ခုလို့​ပြောရမလား ။ ​ရေနစ်​တဲ့သူ​တွေ့ကရာ​ကောက်​ဆွဲမိတယ်​လို့​ပြောရမလားမသိဘူး ။ အဲ့အကြံကလည်​း တန်​ဘိုးနဲ ဖုံး​တွေကြား​နေခဲ့ဖူးလို့ ​တွေ့ဖူးတာ​လေးသတိရလိုက်​လို့ ။ ​နေဝန်​းနီ အပါအဝင်​ ​နေဝန်​းနီ အနီးတစ်​ဝိုက်​က သူ​တွေမှာ တန်​ဘိုးကြီးတဲ့ ဖုန်​းမကိုင်​နိုင်​ကြပါဘူး ။ တစ်​သိန်​း​အောက်​ တန်​ဘိုးရှိတဲ့ ဖုန်​း​တွေပဲကိုင်​နိုင်​တာ ။ လွန်​​ရောကျွံ​ေ ာကိုင်​နိုင်​ရင်​ ဟာ​ဝေး 610 ​ပေါ့ ။ ကိုယ်​ကိုင်​နိုင်​တာ​လေးပဲ တသသ လုပ်​ပြီး ပွတ်​​နေကြရ​တော့ တစ်​ခါတစ်​​လေ စက်​ ဟမ်​းပါတယ်​ ။ အဲ့ဒိလိုဖြစ်​ရင်​ ဖုန်​းကိုဖွင်​့ ဘက္ထရီကိုဖြုတ်​ ပြန်​တပ်​ ။ ပါဝါ ပြန်​ဖွင်​့ ။ ပွင်​့သွား​ရော ။ ဒီ နမူနာအတိုင်​း ကင်​မလာ ဘက္ထရီ ကိုဖြုတ်​ခိုင်​းလိုက်​ပါတယ်​ ။ အဲ့အချိန်​ထိ ​နေဝန်​းနီ တစ်​​ယောက်​ ကင်​မလာကို ဘယ်​နားက ဖွင်​့ရမယ်​ ဆိုတာ မသ်​ိ​သေးပါခင်​ဗျာ ။ ဓာတ်​​သေပုံ ​လေးငါး​ခြောက်​ဆယ်​လည်​းရိုက်​ဖူးပြီ။ ကိုယ်​ကိုင်​တဲ့ ကင်​မလာ ဘယ်​နားကဖွင်​့ရမယ်​ဆိုတာ မသိ​သေးဖူး ။ အဲ့လာ​ကြောင်​့​ပြောပါတယ်​ ။ ​[ နေဝန်​းနီ ရဲ့ဓာ​တ်​သေ ပညာ အ​ရှေ့ကျွန်​းက ​မောင်​ဂီ သိရင်​ လက်​လန်​သွားမယ်​ ။ ဆြာတင်​ချင်​တင်​သွားအုံးမယ်​ ။ ]ဒီစာ​ကြောင်​းကို […………] နဲ့​ရေးထားတယ်​​နော်​ ​မောင်​ဂီမမြင်​​အောင်​လို့ 🙂 ။ ​နေဝန်​းနီက အဲ့ဒိလို ​ပြောလိုက်​​တော့မှ သူလည်​း ကြံရာမရ တဲ့​နောက်​ ကင်​မလာရဲ့ဖင်​ဘက်​က အံ​လေးဆွဲဖွင်​့လိုက်​ပါတယ်​ ။ ဘက္ထရီ ထည်​့ထားတဲ့ အ​ပေါ်မှာ ကလစ်​​လေးနဲ့ ပိတ်​ထားတယ်​ ။ အဲ့ ကလစ်​​လေး လှည်​့လိုက်​​တော့ ဘက္ထရီ ကခုန်​ထွက်​လာတယ်​ ။ အဲ့​တော့မှ ​နေဝန်​းနီလည်​း ​အော်​ ဂလိုကိုး လို့ အဲ့​နေရာကို​သေချာမှတ်​ ။ ဘက္ထရီ ခဲ​လေးထွက်​လာ​တော့ အသာ​လေးဆွဲထုပ်​လိုက်​ပြီး​တော့ သူ့အကျႌနဲ့ ​သေချာ ပွတ်​လိုက်​​သေးတာ ။ ပြီးမှ အ​ပေါ်ကလစ်​​မောင်​း​လေးဆွဲထားပြီ းဘက္ထရီခဲကို ထည်​့လိုက်​ ဆွဲထားတဲ့ ကလစ်​​မောင်​း​လေးကိုလွှတ်​လိုက်​ ။ ပြီး​တော့ အံထိုး​လေးပြန်​ပိတ်​ ။ ရွာသား​တွေနဲ့ အတူ ​နေဝန်​းနီ တစ်​​ယောက်​ မျက်​​တောင်​မခတ်​ ​သေချာမှတ်​သား​နေပါတယ်​ ။ ပြီး​တော့ ပါဝါ ဘု ​လေးကို နှိပ်​လိုက်​​တော့ ရင်​​တွေဘာ​တွေ​တောင်​ခုန်​လို့ ။ ငယ်​ငယ်​က ကိုယ်​့ကြိုက်​တဲ့ ​ကောင်​မ​လေး​ရှေ့ဖြတ်​​လျှောက်​ရင်​​တောင်​ အဲ့​လောက်​ကြီး ရင်​မခုန်​ဘူးလို့ထင်​တာပဲ ။ မကြာပါဘူး ။ ဂျီးးးးးးးး ဆိုပြီး ရှပ်​တာ​လေး ပွင်​့ပြီး မှန်​ဘီလူး အိမ်​​လေးထွက်​လာ​တော့မှ ……..ဟင်​းးးးးး ဒါလည်​း အ​တွေ့အကြုံ တစ်​ခုပါတစ်​ကား ။

အဲ့ဂလို အို​ကေ သွားပြီး ​လေးငါး​ယောက်​ပဲ ရိုက်​ရ​သေးတယ်​ ။ ကင်​မလာ က နိုးဆက်​ဂနယ်​ အဲ့ ဟုတ်​ပါဘူး ။ နိုးပါဝါ ဆိုတဲ့ စာတမ်​း​လေး​ပေါ်လာပြီး ပါဝါ ပိတ်​သွားပါ​လေ​ရော ။ ကိုယ်​့ ဘက္ထရီ အားဘယ်​​လောက်​ကျန်​မှန်​း မစူးစမ်​းပဲ ရိုက်​​ကောင်​း​ကောင်​းနဲ့ ရိုက်​​နေတာ မှတ်​ပလား ​နေဝန်​းနီ လို့ပဲ ကိုယ်​့ဖာသာကိုပြန်​​ပြောလိုက်​​တော့တယ်​ ။

မီးစက်​ဖွင်​့ဘီ

ဓာတ်​​သေ ရိုက်​လို့မရ​ပေမဲ့ ရုံးအဖွဲ့က မနားဘူး ။ ဒီ​ကောင်​​တွေဆု​ပေးရမယ်​ ။ ​နေဝန်​းနီ က​တော့ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးနဲ့ ကငမလာ ဒတ်​ပတာ နဲ့ ဒတ်​ပတာ ကြိုး​လေးကိုင်​ပြီး အိမ်​​ပေါ်လိုက်​သွားတယ်​ ။ အားသွင်​းရဦးမယ်​​လေ ။ နာရီကြည်​့လိုက်​​တော့ ​ည​နေ​လေးနာရီ မထိုး​သေးဘူး ။ နာရီဝက်​​လောက်​ အားသွင်​းလိုက်​ရင်​ လက်​ကျန်​ လူနှစ်​ဆယ်​​လောက်​ ရိုက်​လို့ ရမယ်​​ပေါ့ ။ ​စော​စောက မှတ်​ထားတာခု အသုံးဝင်​ပြီ ။ ​အော်​ အိမ်​​ပေါ်တက်​ ဘက္ထရီ အားသွင်​းတယ်​ ဆိုလို့ သိပ်​အထင်​မကြီးနဲ့ဦး ။ အဲ့​လောက်​​ဝေးတဲ့ရွာ လျှပ်​စစ်​​တွေဘာ​တွေရ​နေတယ်​ ထင်​မှာစိုးလို့ပါ။ ခု ကျွန်​​တော်​တို့ နယ်​က ရွာ​တွေ​တော်​​တော်​များများသုံး​နေကြတာ ဆ်​ိုလာပြား​တွေပါ ။ အုပ်​ချုပ်​သူများ အဖွဲ့အစည်​းများရဲ့ အစီအစဉ်​ မပါပါဘူး ။ ရွာသားများရဲ့ ကိုယ်​ပိုင်​အစီအစဉ်​နဲ့ပါ ။ အရင်​က အင်​ဂျင်​စက်​ကြီး​တွေနဲ့ မီး​ပေးမီးယူ လုပ်​ကြတယ်​ ။ ပိုက်​ဆံလည်​း​ပေးရ​သေး ။ စက်​နဲ့ နီးကပ်​သူ​တွေလည်​း နားငြီး​သေး ။ စက်​ပိတ်​လိုက်​တာနဲ့ အ​မှောင်​က အ​မှောင်​ပဲဆို​တော့ ​ငွေ ​ကြေးတတ်​နိုင်​သူတစ်​ချို့ အပြင်​ဗဟု သုတ ရှိသူတစ်​ချို့က ကိုယ်​အစီအစဉ်​နဲ့ ကိုယ် ဆိုလာပြား​တွေဝယ်​တပ်​ပါတယ်​ ။ ပိုက်​ဆံ တစ်​ခါတည်​းကုန်​ပြီး နားလည်​းမငြီး တီဗွီလည်​း ဖွင်​့ကြည်​့လို့ရ ။ ​နောက်​ပိုင်​း ဖုန်​း​တွေ​ပေါလာ​တော့ ဖုန်​းအားသွင်​းလို့လည်​း လွယ်​ကူ ဆို​တော့ ကျန်​တဲ့ သူ​တွေလည်​း ကိုယ်​ရှိတာ​လေး​ပေါင်​နှံ ​ရောင်​းချ ။ ​ရောင်​းစရာ လုံးဝ မရှိသူက လက်​လားနဲ့ တစ်​ရာတစ်​ဆယ်​ တိုး​လောက်​နဲ့​ငွေ​ချေး ပြီး​တော့ ဆိုလာဝယ်​တပ်​ ။ ခုဆ်​ို အိမ်​တိုင်​းမှာ ဆိုလာပြား​လေး​တွေ ပက်​လက်​​လေး​တွေကိုယ်​စီနဲ့ ။ အရင်​က ဖုန်​းအားသွင်​းချင်​ တီဗွီ ကြည်​့ချင်​ရင်​ ညအင်​ဂျင်​မီးစက်​ နှိုး​အောင်​​စောင်​့ ။ ခု​တော့ ဘယ်​သူ့မှ​စောင်​့စရာမလို ကိုယ်​့သ​ဘောနဲ့ကိုယ်​ ။ အဆင်​ကို​ပြေလို့ ။

သို့​ပေမဲ့ အဆင်​မ​ပြေတာ ​နေဝန်​းနီပါခင်​ဗျာ ။ အရင်​က အဆင်​​ပြေ​နေ​ပေမဲ့ အခုလို မိုးအုံ့​နေတဲ့ အချိန်​ ဆိုလာပြားက လုံ​လောက်​​အောင်​ လျှပ်​စစ်​ ထုတ်​မ​ပေးနိုင်​ပါဘူး ။ အဲ့သဟာ​ကြောင်​့ စိတ်​ပျက်​လက်​ပျက်​ ဖြစ်​သွားတဲ့ ​နေဝန်​းနီ ကို အားနာတာလား ။ ရာသီဥတု ဆိုးဝါး​နေတာကို မနားပဲ လုပ်​​ပေး​နေတဲ့ ဟိုနှစ်​​ယောက်​​ကြောင်​့လားမသိ ။ ​နေဝန်​းနီကို “ခဏ​စောင်​့” လို့ လက်​ဖဝါး​လေး ​ထောင်​ပြပြီး ​အောက်​ဆင်​းသွားပြန်​ပါတယ်​ ။ မကြာပါဘူး ။ အင်​ဂျင်​ စက်​သံ တစ်​ဒုန်​းဒုန်​း မြည်​လာပြီး ချိတ်​ဆွဲထားတဲ့ မီးလုံး​လေး​တွေ မီး​ချောင်​း​လေး​တွေ လင်​းလာပါတယ်​ ။ အိမ်​ရှင်​ပဲလားမသိ လူတစ်​​ယောက်​တက်​လာပြီး မလိုတဲ့ မီး​တွေပြန်​ပိတ်​သွား​လေရဲ့ ။ ​နေဝန်​းနီလည်​း ​အောက်​ပြန်​ဆင်​းလာပြီး ဟို​ယောင်​​ယောင်​ ဒီ​ယောင်​​ယောင်​နဲ့ ရွာထဲက ပုံစံဖြည်​့ဖို့ လုပ်​အားလာ​ပေး​နေတဲ့ က​လေး​တွေနား​ရောက်​သွားပါတယ်​ ။ ​အော်​ ရုံးကလာ​တော့နှစ်​​ယောက်​ ။ ရုံးကပဲ ဖြည်​့ရမဲ့ ပုံစံ​တွေ ​ရှေ့မျက်​နှာစာ တစ်​ရွက်​ဖြည်​့​ပေးပြီး ကျန်​တာ​တွေ အကုန်​ ရွာက က​လေး​တွေ လုပ်​အား​ပေးဆိုပြီးဖြည်​့ခိုင်​း ။ ဟုတ်​​တော့ဟုတ်​​နေပြီပဲ ။ ​ပြောရင်​းဆိုရင်​း မဆိုင်​တာ ​ရောက်​သွားပြန်​ပါပြီ အဲ့နားက​နေအသာခွာပြီး အုပ်​ချုပ်​​ရေးမှူး တစ်​ကုန်​းကုန်​း ထိုင်​​ရေး​နေတဲ့ စားပွဲနား​ရောက်​သွားပြန်​​တော့ ။ ​ပြောလက်​စ ဆက်​မ​ပြောရင်​လည်​း ဆတ်​ငံ့ငံ့ ဖြစ်​​နေဦးမယ်​ 🙂
ဆို​တော့ကာ [ပိတ်​သတ်​ကြီး ဆက်​​ပြောရမှာဆိုရင်​ ​ကော်​မန်​့​လေးများချီးမြှင်​့ဂျဘာ ]

​နေဝန်​းနီ
12:40AM
2015MAR 21


6 comments

  • တောင်ပေါ်သား

    March 21, 2015 at 9:56 am

    ညန် ညန် နောက်တစ်ဘိုင်းဂျာ 🙂

  • Mike

    March 21, 2015 at 10:31 am

    .ပီးအောင်သာဆက်ပြောပါဗျာ…အတွေ့အကြုံ အစုံသိရသပေါ့ :))

    • naywoon ni

      March 21, 2015 at 11:44 am

      စိတ်​ချပါဗျာ ​ပြောမှာပါ ။ မိုးရွာရင်​​တောင်​ ထီး​ဆောင်​းပြီးလည်​​ပြောချင်​တာ ဆိုသလို လွှတ်​ကို​ပြောချင်​​နေတာ 🙂

  • Alinsett@Maung Thura

    March 21, 2015 at 2:26 pm

    ဓါတ်သေကို Canon ကင်မလာ အကြီးကြီးနဲ့ စိတ်ကြိုက်ရိုက်ဖူးတယ်။

    http://i1-news.softpedia-static.com/images/news2/Canon-Software-Update-Adds-Support-for-Windows-8-1-New-Cameras-and-Lenses-397987-2.jpg

    အဲ့လို ကင်မလာကြီးနဲ့…

    ဖွင့်ပိတ် ခလုပ်ဘယ်နားရှိမှန်းမသိရာကနေ ရိုက်တာနော်..
    အရင်အလုပ်က ကျောက်မျက်ပြပွဲသဘောမျိုး မန်းလေး ဟိုတယ်ရွှေပြည်သာမှာ လုပ်တုန်းက ..
    ပွဲအစ အဆုံး နှစ်ရက်လုံး မှတ်တမ်းတင် ဓါတ်ပုံသမားအဖြစ် သထေးမင်းက တာဝန်ပေးလို့..

    ပွဲအတွက် ရတနာတွေ ဝတ်ပြပြီး ရှိုးပြနေရတဲ့ မော်ဒယ်ဂဲခြောက်ယောက်ကိုလည်း ရိုက်ပေးလိုက်ရတာ…
    မော်ဒယ်မမကြီးတွေက အိုက်စတင်တွေ အမျိုးမျိုးပေးပြီး အရိုက်ခံ..
    ပြီးရင်…ပြပါဦး…မမတို့ပုံဆိုပြီး..ကျနော့်ကို ဆွဲခေါ်ပြီး ကင်မရာထဲက သူတို့ ပုံတွေကို ဝိုင်းအုံကြည့်ကြတာ..
    သူတို့ ကျနော့်ကို ဝိုင်းထားပြီဆိုရင်..အရပ် ငါးပေခြောက် ရှိတဲ့ ကျနော် သူတို့ ခြောက်ယောက်အလည်မှာ သေးပြီးပျောက်သွားရော..

    :k:

    အဲ့ပွဲမှာ တစ်ခါသာ ကိုင်ဖူးတဲ့ canon ကင်မလာအကြီးကြီး (ဘောဇိပြောတာ သိန်းနှစ်ဆယ်ကျော်ဆိုလား)
    ကိုင်ပြီး လိုက်ရိုက်ရင်းနဲ့ ဓါတ်ပုံဆရာကြီး ဖြစ်ချင်မိသေး…
    အဟိ။

    အဲ့ပွဲမှာ ကျနော် ရိုက်သမျှ ပုံတွေထဲက…ရွေးထုတ်ပြီး မြန်မာတိုင်းဂျာနယ်ထဲ..မှတ်တမ်းပုံတွေ ပြန်ထည့်တာ…
    ကိုယ်ရိုက်ထားတဲ့ ပုံတွေကို ဂျာနယ်ထဲ ပြန်မြင်ရတဲ့အရသာကိုလည်း ကြိုက်သွားမိသေး..

    ကြုံလို့… ဓါတ်ပုံရိုက်ဖူးတာလေး..ပြန်ပြောသွားတာပါနော်…

    😆

  • မြစပဲရိုး

    March 21, 2015 at 5:53 pm

    { ရွာက က​လေး​တွေ လုပ်​အား​ပေးဆိုပြီးဖြည်​့ခိုင်​း ။ }
    ကျွန်မ သဘော ကတော့ အဲ ဒါကို သဘောကျ တယ် အဘနီ။
    ကလေး တွေ အတွက် ရုံး အလုပ် ဆိုတာ ကို ပညာ ရတာပေါ့။
    Volunteer ဆိုတာ စနစ်တကျ စီစဉ်ပေးတတ် ရင် win-win ဖြစ်ပါတယ်။

    အတော်ကြီး ကို စိတ်ဝင်စားစွာ ဖတ် နေကြောင်း ပါလို့ ပြောရင်း ​ကော်​မန်​့​လေးချီးမြှင်​့ သွားပါတယ်။ ဆက်ပြောပါ ရှင့်။ :))

  • Shwe Ei

    March 24, 2015 at 11:50 am

    -မြန်တျန့်ပြည်က လျှပ်စစ်တွေပိုလို့ ရောင်းစားနေရတယ်ဆိုလား…. :mrgreen:

Leave a Reply