( ခရေတန်းက လွမ်းပုံပြင် )
အဆောင် ၄ ရဲ့ ဘေး ခရေတန်းလေးမှာ
ရှေးအခါက မဟုတ်တဲ့ ပုံပြင်တစ်ပုဒ်ဟာ
တကယ်သရုပ်ပါစွာနဲ့ ရှိခဲ့ဘူးလေတယ် ၊
ထူးပေကွယ် မဆိုသာပေမယ့်
ပျိုကညာနွဲ့ပန်းကြိုက်သူ
နန်းထိုက်တမူ လှမ်းလိုက်ယူ ခရေပန်း
အကြွေအနွမ်းတောင်မွှေးမြ ရွေးပြလို့သီကုံး
ကြည်အပြုံးနဲ့ သူလက်ခံ ချူရတက်မာန်ပွားရသူမို့
ကိုယ့်ဘဝကိုယ်နားလည်
အပါးဝယ်ထားရန်ဝေး
ပေးသမျှကံ မဟန်လှသူခမျာ
မတန်ရာလို့ယူမျှော်တွေးဆ
ကယ်ကူရာဖေါ်ဝေးစွ တော်လေးဝဝင်သူပျို
တမင်အမူပိုမဟုတ်ပါပဲ ဆုတ်ခါလည်းလမ်းခွဲရ
နွမ်းအသည်းကငိုကြွေးသံ ဟိုအဝေးထံလွင့်ပျံ
သခင့်ထံစေတဲ့ သည်ဆုစကား
ခရေကြိုက်သူလေး ကြားစေသား ၊
12 comments
ခင်ဇော်
March 25, 2015 at 4:03 pm
စုံတွဲတွေတိုင်း လျှောက်ခဲ့ဖူးတဲ့ ခရေပင်လည်း ငါမလျှောက်ဖူးဘူးးး
စုံတွဲတွေတိုင်း ရောက်ခဲ့ဖူးတဲ့ ကန်တော်ကြီးလည်း ငါမရောက်ဖူးဘူးးး
ဟိ။
သီချင်းဆိုတာနော်။
:k:
တောင်ပေါ်သား
March 25, 2015 at 4:06 pm
အသီးမဲ့သူတွေက ဒါမိုး ဘယ်ခံစားတတ်မတုန်း 🙂
Wow
March 25, 2015 at 4:07 pm
တုံးခုလို့မှလှမ်းမရရင် တပင်လုံးခုတ်ပစ်မယ်… မှတ်ထားကွယ် …
တညားလဲ တချင်းရှိုဒါ….
တောင်ပေါ်သား
March 25, 2015 at 4:15 pm
ဒီအပိုဂျီးတွေ အဲ အဲ ဆောဒီး ဒီအပျိုကြီးတွေနဲ့တော့ ခက်ပါတယ် 🙂
Wow
March 25, 2015 at 4:19 pm
ဟွင်းဟွင်းးး ဘယ်နှစ်ပင်ရှိဘီမှတ်လဲ ခုတ်လာဒါ… တေတွားမယ်..
တောင်ပေါ်သား
March 25, 2015 at 4:26 pm
သတ္တိရှိရင် MICT Park အဆောင် ၄ ဘေးက ခရေတန်းကိုလာခဲ့ ၊
ဓါတ်ပုံက အဲ့ခရေတန်းပဲ ၊ ဒီညနေ ၃ နာရီကမှ ရိုက်ထားတာ ၊ 🙂
Kaung Kin Pyar
March 25, 2015 at 4:35 pm
အို…တစ်ပင်တည်း…ရင်ထဲက..နွယ်…
အို…တစ်ပင်တည်း…ရင်ထဲက..နွယ်…
ရစ်ပတ် ငင်တယ်…. (ငင်တယ် = အသက်)
ငိငိ
နောက်ထှာ…
:k:
တောင်ပေါ်သား
March 25, 2015 at 4:38 pm
ခုဟာက နွယ်နဲ့ဆိုင်ဘူး ၊
လောင်း လောင်း အဂိုးက 🙂
Alinsett@Maung Thura
March 25, 2015 at 5:16 pm
အခုတလော…အိုးမြူ း….. အတော်လေး ကဗျာဆန်နေတယ်…
😆
•*¨နန်းတော်ရာသူ •*¨
March 25, 2015 at 8:53 pm
ဦးမျိုးတို့ Yoon Na လေးကို သတိမရနိုင်တော့ဘူး
:kwi:
naywoon ni
March 25, 2015 at 9:53 pm
ခရေပန်းခြောက်က ရောင်းစားလို့မရဘူး ။ တရုပ်စကားပန်းခြောက်ကမှ ရောင်းစားလို့ရသေး ။ 🙂
တောင်ပေါ်သား
March 26, 2015 at 1:09 pm
@Maung Thura
ဒီလိုပါပဲ ၊၊ အဲဒီခရေတန်းက တကယ့်ဇာတ်လမ်းလေးကို သတိရသွားလို့ ၊
အဲဒီတုန်းက ကိုယ်က မြားနတ်မောင်
¨နန်းတော်ရာသူ •*¨
Yoona က ထာဝရပါဗျာ 🙂
naywoon ni
အခုပဲ အဲဒီခရေတန်းကိုဖြတ်ပြီး ထမင်းသွားစားတာ ၊
ခရေနံ့လေးတွေက မွှေး . . . လို့