နှစ်ဘဝ နှစ်ကနာ္တ
.ကျမ စာအုပ်သစ်ထွက်ပါပြီ။ စာအုပ်နာမည်က နှစ်ဘဝ နှစ်ကနာ္တ ပါ။ မူရင်းစာအုပ် က ခြကိုက်သွားလို့ ဒီရွာသူ etone (တုန်တုန်) ကို အကူအညီတောင်းပြီး ကိုကြောင်ကို အပူကပ်ခဲ့ကြတယ်။ ဒီလိုနဲ့ မူရင်းစာအုပ် Two Solitudes ကို စိတ်ချမ်းသာစွာ ရခဲ့ပါတယ်။ ကိုကြောင်နဲ့ တုန်တုန်ကို ခုထိ တစိမ့်စိမ့် ကျေးဇူးတွေ တင်နေရတုန်း။
. ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ ကျမက နယ်မှာနေတာဆိုတော့ ရန်ကုန်က စာပေအသိုက်အဝန်းနဲ့ ကင်းကင်းကြီး ဖြစ်နေတယ်။ အဆက်အသွယ်မရှိ ဘာမရှိပေါ့။ ဒီရွာထဲရောက်လာတော့မှ ကျမကို ထုတ်ဝေတိုက်တွေ ဆက်သွယ်ကြတယ်။ ဒီဂဇက်ရွာထဲ ဝင်ဖတ်ကြပြီး လူရှာကြတာပေါ့။ အဲဒီ ထုတ်ဝေတိုက် အသစ်နဲ့ အလုပ်ဖြစ်ခဲ့ကြတယ်ပေါ့နော်။ ဒါကြောင့် ဒီရွာကြီးတစ်ရွာလုံးနဲ့ ရွာပိုင်ရှင် သဂျီးကိုလည်း ကျေးဇူးတင်ပါတယ်။
. ကျမစာအုပ်ကို အားပေးကြပါဦးနော်။ ရွာ့လူကြီးသူမတွေထံမှာ စာအုပ်အပ်ပါတယ်။ ကောင်းဆိုးနှစ်တန် ဝေဖန်စရာရှိ ဝေဖန်ပြီး လမ်းညွှန်ပြသပေးကြပါ။
. ကျေးဇူးတင်လျက်
.ဝင့်ပြုံးမြင့်
.(မတ်လ ၂၅၊ ၂၀၁၅)
46 comments
ကထူးဆန်း
March 25, 2015 at 6:19 pm
Congratulation ပါ ဆရာမ ။
ဝင့်ပြုံးမြင့်
March 25, 2015 at 11:04 pm
.ထုတ်ဝေရေး အဆင်ပြေသွားတာ ဒီရွာရဲ့ကျေးဇူးပါ ကထူးဆန်းရေ။
ခင်ဇော်
March 25, 2015 at 6:55 pm
အားပေးမှာပေါ့ ကိုယ့်အမ!!
🙂
ဝင့်ပြုံးမြင့်
March 25, 2015 at 11:11 pm
. အပြောမကြီးနဲ့ဦးလေ ဦးလေးခင်ဇော် ။ ဝတ္ထုကို ဖတ်ပြီးရင် ဘာသာပြန်သမားကို ရိုက်သတ်ချင်စိတ်ပေါက်မှာ ကြောက်ရတယ်။ စာအုပ်ထွက်တာ ၄ရက်ပဲ ရှိသေးတော့ review မထွက်သေးဘူး။ ဘယ်လိုတွေ လာဦးမလဲ မသိဘူး။ ဒီစာအုပ်ဟာ မြစ်တစ်စင်းကို အခြေပြုပြီး လူမျိုးရေး၊ ဘာသာရေး၊ မျိုးချစ်စိတ်၊ စတာတွေကို အားပြိုင်ရေးထားတာ။ ဒီကနေ့ခေတ် မြန်မာပြည်ရဲ့ ပုံရိပ်။ တစိမ့်စိမ့် အချိန်ယူဖတ်ရမှာ။ အမရေးခဲ့သမျှတွေထဲမှာ ဘူဒင်ပြီးရင် ဒါကို လက်အတွေ့ဆုံးပါ။ ဘယ်လိုဝယ်ဖတ်မလဲ။ ရန်ကုန်ကို ဘယ်လိုမှာမလဲ။ သိပ်တော့ မလွယ်ဘူးနော်။ စာအုပ်က ထူတယ်။
kai
March 26, 2015 at 10:56 am
ဝေဖန်ရေးဆရာ.. ဆရာမောင်စွမ်းရည်ဆီ.. စာအုပ်ပို့ပေးရမလိုဖြစ်နေပြီ..
ဒါပေမယ့်…
ယုံပါတယ်..။ ဒီအတွေးနဲ့.. ဒီလိုဒီလိုလက်ရာတွေထွက်လာမယ်လို့….။
မြန်မာအမျိုးသမီးထုထဲ.. သမိုင်းနာမယ်ကျန်ရစ်သူတယောက်ဖြစ်တဲ့အထိ.. စာပေ..ကလောင်စွမ်းနဲ့.. ဆက်လုပ်သွားပါလို့..။
ဆိုတော့…
ပြုံးမမကို ဒီရွာထဲဆွဲခေါ်လာတဲ့.. အလင်းဆက်ကိုလည်းကျေးဇူးတင်ပါကြောင်းရယ်လို့..။
Alinsett@Maung Thura
March 26, 2015 at 12:42 pm
ပြုံးမမပြီးတော့… ဂျူးအန်တီကို ရွာထဲ ဆွဲခေါ်ဖို့..ချောင်းနေပါကြောင်း…
ဂျူးအန်တီကလည်း…
ကျနော် ကြွက်ချောင်းချောင်းနေချိန်မှာပဲ…
ဖမ်းမမိလောက်အောင်..ခရီးတွေ ထွက်…..
:buu:
ကြားရတဲ့ သတင်းအရ…
ဂျူးအန်တီလည်း..စာအုပ်သစ်တစ်အုပ် မကြာခင်ထွက်တော့မယ် ထင့်…
ခရီးထွက်ပြီး…စာသွားရေးတယ်လို့…သူ့ အိမ်သားတစ်ယောက်က ပြောလို့…
:k:
ဝင့်ပြုံးမြင့်
March 26, 2015 at 3:29 pm
.ဗျို့ သဂျီး။ သဂျီး ဗေဒင်ယုံတယ်ဆို။ မျှစ်ကြော် ငယ်တုန်းက ကိုင်ရိုရဲ့ ဂဏန်းဗေဒင်ဆိုတာ တွက်ကြည့်သေးတယ်။ ထွက်လာတဲ့အဖြေက သေပြီးမှ နာမည်တဟုန်ထိုးကြီးမယ်တဲ့။ အဲတော့ ဘာလုပ်ရမလဲ။ မြန်မြန်သေပစ်လိုက်ရမလား။
—
.ဝေဖန်ရေးဆရာ ဆရာမောင်စွမ်းရည် ဆီ စာအုပ်ပို့ပေးလို့ရလား။ ဘယ်လိုပို့ရမလဲ။ မျှစ်ကြော်ကလည်း ပယ်ပယ်နယ်နယ် ဝေဖန်တာကို လိုချင်တာ။
kai
March 27, 2015 at 10:09 am
ဗေဒင်ကိုယုံတယ်.. ဗေဒင်ဆရာတွေကိုတော့ မယုံဘူးဗျ…။
ဗေဒင်ကိုလည်း.. ကောင်းတာတွေကိုမှရွေးယုံတာများတယ်ဗျ..။ ဆိုးတာဆို.. သူများကိုလည်း…မယုံဖို့တိုက်တွန်း.. ကိုယ်တိုင်ဆိုရင်တော့.. ကံကံအကျိုးပေါ့..။
ဆိုတော့.. ယတြာချေပေါ့…။
ဆရာစွမ်းဆီစာအုပ်ပို့ရင်.. ဈေးများမှာပေါ့..။
ယူအက်စ်.. နယူးယောက်မှာနေတာဗျ..။..
•*¨နန်းတော်ရာသူ •*¨
March 25, 2015 at 8:52 pm
အားပေးမယ်နော် အစ်မ
ဝင့်ပြုံးမြင့်
March 25, 2015 at 11:15 pm
.သော်သော်ရေ လက်ကျန်စာအုပ်က ၃ ရက်နဲ့ပြတ်သွားပြီ။ ၃ရက်နဲ့ ဘက်စဲလားစာရင်းတော့ ဝင်သွားပြီ။ အမလည်း အဲဒီသတင်း ရန်ကုန်က ဖုန်းဝင်လာမှပဲ အလုံးကြီးကျရတော့တာ။ စာအုပ်မထွက်ခင်ကော၊ ထွက်ပြီးမှာရော သိပ်ကို အားတင်းထားရတယ်။ သတင်းကောင်းမရရင် လူက ပရမ်းပတာ ဖြစ်သွားတာ။ အမတို့က ကိုယ့်စာအုပ်ကိုယ်ထုတ်တာမျိုး မဟုတ်ဘူး။ ဆွေစပ်မျိုးစပ်လည်း မရှိဘူး။ ထုတ်ဝေသူ သူစိမ်းနဲ့ ပတ်သက်ရတာဆိုတော့ စာအုပ်မစွံဘူးဆိုရင် ကိုယ်က အောက်ကျပါလေရော။
padonmar
March 25, 2015 at 10:07 pm
မှတ်မိသေးတယ်၊
ရွာထဲမှာ အလင်းဆက်က ဝင့်ပြုံးမြင့်ရဲ့ တိမ်ယံသစ္စာတင်ပေးတာဖတ်၊
ဝင့်ပြုံးမြင့်အကောင့်လည်းတွေ့ရော ဒီနာမည်က စာရေးဆရာမ ရှိတယ်နော်လို့ ရေးမိ၊
ကာယကံရှင်ကို နာမည်တူမတပ်နဲ့လို့ ပြောမိသလိုဖြစ်။
လေးဆယ်ကျော်ရဲ့ အသည်းကွဲမှတ်တမ်းကို မန်းဂဇက်ချစ်သူများရဲ့ ပထမဆုံး အကြိုက်ဆုံးပို့စ်အဖြစ်ရွေးရတော့
နာမည်ကြီးပြီးသား ပရိုလက်ကို ပါချီပါချဲ့တွေက ရွေးရတာ သင့်ပါ့မလားလို့ ချီတုံချတုံဖြစ်ရ။
တကယ်တော့ ပရိုလက်ဟာ သိပ်သိသာတာပါပဲ။
အထူးသဖြင့် ပြုံးရဲ့ နှစ်ဘာသာ ကျွမ်းကျင်မှုကြောင့် ဘာသာပြန်လေးတွေ ပိုလှနေတာ။
ကိုယ်တိုင်ရေးတွေမှာလည်း အတွေးအခေါ်ရော အရေးအသားရော အားပါတယ်။
ရွာကို ချစ်လို့ ရွာသူ/သားတွေနဲ့ တသားတည်းရှိလို့လည်း တရွာလုံးကမျှစ်ကြော် ပြုံးကို ချစ်ကြပါတယ်။
naywoon ni
March 25, 2015 at 11:21 pm
ဘာသာပြန်ဆိုတာက ကျနော်တို့လို တစ်ဘာသာတောင် အနိုင်နိုင် ပြောဆိုရေးနေကြရသူတွေအတွက်ပြူတင်းပေါက် တစ်ပေါက်ပါပဲ ။ အရင်ကတော့ ဘာသာပြန်က ကဗျာနဲ့ ဝတ္ထုပဲ ရှိခဲ့တာ ကလား ။ ခုတော့ တစိမျိုးထပ်တိုးနေဘီ ။ ဘာသာပြန်ရုပ်ရှင်တဲ့ ။ နောက်ဆက်လက်ပြီး ဘာသာပြန် စာအုပ်တွေ ထွက်နိုင်ပါစေဗျာ 🙂
ဝင့်ပြုံးမြင့်
March 25, 2015 at 11:35 pm
.ကဗျာ ဘာသာပြန်မှာကတော့ ဆရာမောင်သာနိုး လက်ကို မှီသူမရှိသေးဘူးလို့ ကျမထင်တယ်။ ဆရာမြ တို့၊ ဆရာနတ်တို့ ကွယ်လွန်သွားတော့ ရသဘာသာပြန် ဘာဖြစ်သွားမှန်းကို မသိတော့ဘူး။ လင်းယုန်ကြီးတို့ရယ်၊ သတင်းပိုင်းမှာ ဆရာမောင်ဝံသ ရယ်။ ဆရာ့ဆရာကြီးတွေ ကွယ်လွန်ကုန်တော့ အခုထိ ဘာသာပြန်လောက နာလံမထူသေးဘူး။
naywoon ni
March 26, 2015 at 7:12 pm
ဟုတ် မောင်သာနိုးကိုတော့ ဘယ်သူမှ မလိုက်နိုင်သေးဘူး ထင်တာပဲ ။ သူ့စာအုပ်တွေထဲက “ထင်းရူးပင်ရိပ် ” က ကျနော့ အနားမှာချထားတဲ့ စာအုပ် ။ တစ်ခါတစ်လေ ကိုယ့် အတွေးအခေါ်တွေက ၁၉ ရာစု လောက်မှာပဲ ကျန်ကျန်နေခဲ့သလားထင်မိ ။ အဲ့နောက်ပိုင်း ဆရာမြသန်းတင့် ရဲ့ ဇီမာလမ်းဆုံ နဲ့ ကဗျာရှည်သုံးပုဒ် ။ အတတ်ပညာပိုင်းကျတော့ ဆရာဇော်ဇော်အောင် ။ လိုက်မမှီဘူး ။
ဝင့်ပြုံးမြင့်
March 25, 2015 at 11:24 pm
.ရွာကို ချစ်ပါတယ် တီဒုံရေ။ ရွာထဲမှာ ဘာသာရေး နိုင်ငံရေးနဲ့ ပတ်သက်ရင် ကျမက hardliner ဖြစ်နေတော့ စကားပြောအစွန်းရောက်တာတွေ ရှိတယ်။ အဲဒါကို ရွာသူရွာသားတွေက လျှော့လျှော့ ပေါ့ပေါ့ ဆက်ဆံပေးခဲ့ကြတာတွေ ကျေးဇူးတင်စရာပါ။ ကွန်မင့်လည်း မှန်မှန် ပြန်မဖြေတတ်တာတွေ ရှိတယ်။ ဒါတွေကိုလည်း ရွာသူရွာသားတွေ သီး ခံပေးကြတာပါပဲ။
—
.အင်္ဂလိပ် မြန်မာ နှစ်ဘာသာ ကျွမ်းတယ်လို့တော့ မထင်ပါနဲ့။ ကျမရဲ့ အင်္ဂလိပ်စာအဆင့်က ဒီရွာက တီချယ်ကြီးကို မမီဘူး။ ဒါကျမကိုယ်ကျမ သိတယ်။ ကျမရဲ့ သော့ချက်က အချိန်ပေးတာပါပဲ။ ရေးထားပြီးသားကို တစ်ကြော့ပြီးတစ်ကြော့ ပြန်ဖတ်တယ်။ အဲဒါ ကျမရဲ့ သော့ချက်ပါပဲ။
Alinsett@Maung Thura
March 26, 2015 at 12:04 am
တိမ်ယံသစ္စာကို ကျနော် ဒီရွာထဲ အပိုင်းဆက်နဲ့ မတင်ခင်
ဝင့်ပြုံးမြင့်ဆိုတာကို စ သိခဲ့တာက
.ဆောင်းည ရှိုက်သံ
အဲ့စာအုပ်ကို ဖတ်ပြီး မျက်နှာဖုံး ခံစားချက်နဲ့
စာအုပ် အညွှန်းလေး ရေးတင်ခဲ့မိတာာာာက စတယ်ဆိုပါတော့…
(ကျနော့် စိတ်ထဲ အဲ့ဒီ ဆောင်းညရှိုက်သံကို အတော် စွဲထင်နေတာ
ဘာသာပြန်စာပေ စာအုပ်အတော်များများထဲ ဖတ်ဖူးသမျှထဲ
နှစ်အုပ်က စွဲစွဲထင်ထင်ဆိုရင်…
အဲ့ထဲက တအုပ်က ဆောင်းညရှိုက်သံ
. . .
.နောက်တစ်အုပ်ကတော့ မင်းသမီးလေး တက်စ်
——————————-
အမှတ်တရပါပဲလေ
ကျနော့် ဆောင်းညရှု်ိက်သံ အညွှန်းကို သဂျီးကလည်း သတင်းစာမှာ ပုံနှိပ်ပေးခဲ့သေး။
အဲ့ဒီနောက် ဝင့်ပြုံးမြင့်ဆိုတာနဲ့ အဆက်အသွယ်ရပြီး
ရွာထဲ ဝင့်ပြုံးမြင့်တယောက် ဘွားခနဲ ရောက်လာ ဆိုပါတော့…
ဘာပဲ ဖြစ်ဖြစ်… အခုထက် ပိုပြီး အောင်မြင်ပါစေ အစ်မပြုံးရေ
😆
ဝင့်ပြုံးမြင့်
March 26, 2015 at 4:07 pm
.အလက်ဇင်းရေ
.အခုလည်း အစ်မစာအုပ် နှစ်ဘဝနှစ်ကနာ္တကို ဖတ်ညွှန်းရေးပေးပါလား။ ပြီးရင် သဂျီး သတင်းစာထဲ ထည့်ဖို့ အပူကပ်ကြရအောင်။ စာအုပ်က စာမျက်နှာ ၅၀ဝ ကျော်ဆိုတော့ ဖတ်ရတာ ကြာတော့ကြာဦးမယ်။
—
.ဘဖောရေ
. အခုထွက်တဲ့ နှစ်ဘဝနှစ်ကနာ္တ က လတ်တလော ဘဖောတင်နေတဲ့ ကနေဒါပြည်ကြီးရဲ့ သမိုင်းကြောင်းပါပဲ။ ဖတ်လိုက်ရင် ပိုကောင်းမယ်လို့ အကြံပေးပါတယ်။
—
.တီမမရေ
ထက်မြက်တယ်ဆိုတာ ဟုတ်မယ်မထင်ဘူး။ ကျမ စီးပွားရေး လုံးဝနားမလည်ဘူး။ အမြဲ ခံလိုက်ရတာချည်းပဲ။ ဒါကြောင့် ထက်မြက်တယ် ပြောလို့မရဘူး။ လူတစ်ကိုယ် အရည်အသွေးတစ်မျိုးစီပါပဲ။
—-
.သိကြားမင်းကြီး၊ ကောင်းကင်ပြာ၊ သော်သော်။ မွန်မွန်
.အမလည်း စာပေလောကထဲ မရောက်ခင်အထိ စာအုပ်ထုတ်ဝေပုံကို နားမလည်ဘူး။ ဟိုခေတ်ကနဲ့ ဒီခေတ် စာအုပ်ထုတ်ပုံချင်းမတူကြဘူး။ ဟိုခေတ်က ပထမတစ်ကြိမ် ဆိုရင် တကယ့်ကို ပထမတစ်ကြိမ်ပဲ။ နောက်တစ်ခါ ထပ်ရိုက်လို့ မရဘူး။ အခုက ပရုမဖတ်ရဘူး။ ဖလင်ဖောက်တယ်။ လက်ထဲမှာ ဖလင်ရှိနေရင် ဘယ်နှကြိမ်ဖြစ်ဖြစ် ခဏချင်း ထပ်ရိုက်လို့ ရတယ်။ အမစာအုပ်ကို အခု အားချင်း ပြန်ရိုက်နေကြပါပြီ။ ၃-၄ ရက်နေရင် ဆိုင်ပေါ် ပြန်ရောက်မှာပါ။
.အမက ဘာဖြစ်လို့ စိတ်ပင်ပန်းသလဲဆိုတော့ စာအုပ်ထူလို့ပါ။ ထုတ်ဝေတိုက်တွေက စာအုပ်ကို အခုဆို စာမျက်နှာ ၂၀ဝ ဝန်းကျင်လောက်ပဲ လုပ်ကြတယ်။ စာအုပ်က စာမျက်နှာ ၃ဝ လောက်ပိုသွားရင် သူတို့က ဒီအတွက် ငွေသိန်းချီပြီး ကုန်ပြန်ရော။ စာအုပ်ဈေး ကျတော့ ထပ်တင်လို့ မရဘူး။ အမစာအုပ်က သူများစာအုပ်ထက် ၂ဆကျော် ပိုထူတယ်။ ဈေးကျတော့ ၂ဆ တင်လို့မရဘူး။ အဲဒါကြောင့် ကိုယ့်ဘက်က ထုတ်ဝေသူကို မညှာမတာ ဖြစ်နေတော့ ကိုယ်လည်း စိတ်ပင်ပန်းရတာ။ ပထမအချီ ရောင်းကုန်ပြီဆိုရင် အရင်းကျေပြီဆိုတော့ အဲဒီတော့မှ သက်ပြင်းချရတာ။ နောက်ထပ် ဘယ်နှကြိမ်ထုတ်ထုတ် သူတို့မှာ လက်ထဲ ဖလင်ရှိနေပြီဆိုတော့ ကုန်ကျစားရိတ် သက်သက်သာသာ ဖြစ်သွားပြီ။ ဒီလိုပဲ ပထမအကြိမ်ဆိုပြီး အကြိမ်ကြိမ်ထုတ်ကြတာပဲ။ ပြီးတော့ စာအုပ်ရှေ့မှာ အုပ်ရေ ၅၀ဝ ဒါမှမဟုတ် ၁၀၀ဝ ဆိုပြီး ထည့်ကြတယ်။ အဲဒါလည်း ဘာဖြစ်လို့လဲ မသိဘူး။ တကယ်က ဖလင်ဘိုးထောင်းထားပြီးပြီဆိုတော့ အဲဒီစာအုပ်ကို အုပ်ရေ ၅၀ဝ ပဲထုတ်မယ်ဆိုရင် ရောင်းကုန်ရင်တောင် ရှုံးပါတယ်။ ဘယ်သူမှလည်း မထုတ်ကြပါဘူး။ အနည်းဆုံး အုပ်ရေ ၁၅၀ဝ လောက်ထုတ်မှ ကာမိတာ။ စာအုပ်ပေါ်မှာ ရေးထားတဲ့ အုပ်ရေက အမှန် မဟုတ်ဘူးလို့ ပြောတာပါ။ ဘာဖြစ်လို့ အဲလို ရေးကြသလဲ မသိဘူး။ အမှန်အကန်ရေးရင် ဪ စောင်ရေများတယ် ဆိုပြီး ဂုဏ်သိက္ခာ ပိုမတက်ဘူးလား။
—
.ဦးမိုက်၊ ကိုမျိုးသန့်
.ဖတ်ပြီးရင် ဝေဖန်ကြပါဦးနော်။ ဝေဖန်လို့ သိပ်ကောင်းတဲ့ စာအုပ်မျိုးပါ။ အထူးသဖြင့် ခြသေ့င်္ကျွန်းက ဦးလေးခင်ဇော် က ဧရာဝတီတော့ လာမထိနဲ့ လို့ အပြတ်အော်ထားတာမို့ ဦးလေးခင်ဇော်နဲ့သာ ဆိုရင် ပွဲကြီးပွဲကောင်းပဲ။
kai
March 27, 2015 at 10:05 am
အလက်ဆင်းရေ..
ထုံးစံအတိုင်းလေး.. ပြုံးမမစာအုပ်ကိုအညွှန်းရေးပေးပါဦး…။
ပြုုံးမမရေ..
ဟိုးအရင်ခေတ်က.. စောင်ရေလျှော့ပြရတဲ့အဓိပ္ပါယ်က.. စာပေကင်ပေတိုင်ရုံးကို သိသာသိမမြင်စေနဲ့ပုံစံပါ.။
မတော်.. ပုံနှိပ်ပြီးမှ… အထဲကစာတလုံးလုံးပြင်ခိုင်း..ဖျက်ခိုင်းရင်.. ပုံနှိပ်ထုတ်ပြီးစာအုပ်တွေအကုန်ပြန်လှန်ပြီး..တခုချင်းစီ ငွေမှင်သုတ်ရတာလေ..။
စောင်ရေ၁၀၀ဝ ပြတာဆိုတော့.. ၁ထောင်ပဲပြင်ပြီးကားပေါ်တင်ပြန်သွားပြရတာပေါ့…။
အခုခေတ်ကတော့.. အမြတ်ခွန်ကိစ္စဖြစ်ချင်ဖြစ်မပေါ့…။
Alinsett@Maung Thura
March 27, 2015 at 12:23 pm
ဖတ်ညွှန်းလေး ရေးတော့ ရေးချင်သား
အခုချိန်ထိတော့ စာအုပ် သွားမယူရသေး
လက်ရှိမတော့ မိဘမဲ့တိုင်းပြည်ကို ဖတ်နေတယ်။
:kwi:
ဖတ်ပြီးတာနဲ့ ရေးကြည့်ပါမယ်လို့။
Foreign Resident
March 26, 2015 at 6:14 am
” ဒီ စာအုပ်ဟာ မြစ်တစ်စင်းကို အခြေပြုပြီး
လူမျိုးရေး၊ ဘာသာရေး၊ မျိုးချစ်စိတ်၊ စတာတွေကို အားပြိုင်ရေးထားတာ။
ဒီကနေ့ခေတ် မြန်မာပြည်ရဲ့ ပုံရိပ်။ တစိမ့်စိမ့် အချိန်ယူဖတ်ရမှာ ”
ဟား ၊ ဟား ၊ စာရေးသူ ကိုယ်တိုင်က ညွှန်းတော့လဲ ၊
ဖတ်ဖြစ်အောင် ဖတ်ရတော့ မပေါ့ဗျာ ။
” သော်သော်ရေ လက်ကျန်စာအုပ်က ၃ ရက်နဲ့ပြတ်သွားပြီ။
၃ရက်နဲ့ ဘက်စဲလားစာရင်းတော့ ဝင်သွားပြီ ”
Very Very Big Congratulations ပါဗျာ ။
ဒုက္ခ က ၊ ဘယ်တော့ ဘယ်မှာ ဝယ်ရမှန်း မသိတော့တာပါဘဲ ။
အခုလို သွေးပူ ဖတ်ချင်စိတ် ရှိတုန်းမှ မဝယ်ဖြစ်ရင် ၊
့နောက်ကြာရင် မေ့သွားမှာဗျ ။ အမှန် ပြောတာလေ ။
” ကျမက hardliner ဖြစ်နေတော့ စကားပြောအစွန်းရောက်တာတွေ ရှိတယ်။
အဲဒါကို ရွာသူရွာသားတွေက လျှော့လျှော့ ပေါ့ပေါ့ ဆက်ဆံပေးခဲ့ကြတာတွေ
့ကျေးဇူးတင်စရာပါ ”
ဟား ၊ ဟား ၊ မ ဝင့်ပြုံးမြင့် ရွာကို မဝင်လာခင်ကတည်းက ၊
ရွာမှာ အရမ်း ကြီးတဲ့ စကား စစ်ထိုးပွဲကြီးတွေ ဖြစ်ခဲ့ပြီးသားဗျ ။
အဲဒီတော့ ရွာသူားတွေက ကွဲလွဲတာတွေကို အသားကျနေပြီးသား ခမျ ။
မ ဝင့်ပြုံးမြင့် က Liberal ဆိုလို့ Hard Liner ဆိုလို့ ကြုံလို့ ပြောရဦးမယ် ။
အခု သပိတ်မှောက် ကျောင်းသားလေးတွေ ပြောနေတဲ့ ၊
” အာရဗီ စာသင်ကျောင်း တွေ မဖွင့်ရရင် ၊
ဘုန်တော်ကြီးသင် စာသင်ကျောင်း တွေလည်း မဖွင့် နှင့် ” ဆိုတာလေ ။
ဒီ ကျောင်းသားလေးတွေ သတ္တိ ရှိလိုက်ကြတာနော် ။
တရားမျှတမှု ဘက်ကကြည့်ရင် ဒီ စကားက အမှန် ဖြစ်ပေမယ့် ၊
ဒီလို ခေတ် အခြေအနေကြီး မှာ ဒီလို စကား ကျနော်တောင် မ ပြောရဲဘူး ။
ဒီ တစ်ချက်ထဲနှင့်တင် သပိတ်မှောက် ကျောင်းသားလေးတွေ ကို လေးစားမိတယ် ။
Ma Ma
March 26, 2015 at 8:26 am
ပြုံးရေ ………
ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်အဖြစ် စာတွေထဲကနေ ဖတ်ပြီး သဘောကျနေတာ။
မတူတဲ့အတွေးနဲ့ရေးဖို့ အားပေးအားမြှောက်ပြုတဲ့သဂျီးကြောင့် သူများနဲ့ တူတူ မတူူတူ ကိုယ့်သဘောထားအတိုင်း ရေးဖြစ်တယ်။
ကိုယ်နဲ့မတူတဲ့အတွေးနဲ့ တခြားသူတွေ ရေးထားတာတွေကိုဖတ်ပြီး အတွေးအမြင်သစ်တွေလည်း ရလို့ သဂျီးကိုရော ရေးတဲ့သူတွေကိုပါ ကျေးဇူးတင်မိတယ်။
ဒီရွာရဲ့ကျေးဇူးနဲ့ ပရိုတန်းစာရေးဆရာမတစ်ယောက်ကို ခင်မင်ခွင့်ရလို့လည်း ဝမ်းသာပါတယ်။
ရှေ့ဆက်ပြီး အောင်မြင်ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့လည်း မေတ္တာပို့ပါတယ်။
Mr. MarGa
March 26, 2015 at 9:33 am
ကုန်ပြီ ဆိုတော့
နောက်တစ်ခေါက် ထပ်ထုတ်တာ စောင့်ရတော့မှာပေါ့ ဗျာ
ဒညင်းဝက်ဆီကနေ လည်ပင်းညှစ်ပြီး ဒမြတိုက်ရင်ကောင်းမလားမသိ
🙄
စကားအတင်းစပ်
၁၉၈၄ ကိုတော့ နောက်ခံကိုအရင်ဖတ်ပြီးမှ ဖတ်တာမို့ အဆင်ချောသွားတယ်
အခုစာအုပ်ကိုလည်း အညွှန်းနဲ့ နောက်ခံကို ရှာပြီးဖတ်တာ ပိုအဆင်ပြေမလား
ဒီအတိုင်းဖတ်တာ အဆင်ပြေမလားဗျို့
Kaung Kin Pyar
March 26, 2015 at 10:34 am
Congratulation လို့ အရင်ပြောပါရစေ မဝင့်ပြုံးမြင့်ရေ….။
ဆိုင်မှာ အစ်မရဲ့ စာအုပ်လေးတွေမြင်တိုင်း ဒါငါတို့ရွာသူလို့ တွေးပြီး ပျော်မိတယ်…။
ကုန်သွားပြီဆိုတော့ (လည်ပင်းညှစ်လို့ရမယ့်လူလဲ မရှိတော့) နောက်တစ်ခေါက်ထပ်ထုတ်မယ့်စာအုပ်ကိုပဲ မျှော်ရတော့မှာပါ…။
အစ်မရော..အစ်မရဲ့ မိသားစုရော ကျန်းမာပျော်ရွှင်ပြီး စာကောင်းတွေအများကြီး ရေးနိုင်ပါစေနော်…
:chit:
Mike
March 26, 2015 at 11:48 am
.” သော်သော်ရေ လက်ကျန်စာအုပ်က ၃ ရက်နဲ့ပြတ်သွားပြီ။
.၃ရက်နဲ့ ဘက်စဲလားစာရင်းတော့ ဝင်သွားပြီ ”
.ဒုက္ခော…သတင်းကခုမှရတယ်..ကုန်ပြီဆိုတော့ ဘယ်လိုလုပ်ရပါ့
.ဒု အကြိမ်ထုတ်စောင့်ဖတ်ရတော့မှာပေါ့
.ဘာပဲဖြစ်ဖြစ် မဝင့်ပြုံး အောင်မြင်တာအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း :))
တောင်ပေါ်သား
March 26, 2015 at 12:35 pm
ဂုဏ်ယူပါတယ်ဗျ 🙂
လုံမလေးမွန်မွန်
March 26, 2015 at 2:25 pm
ဂုဏ်ယူပါတယ် အစ်မရေ… 1984 ကို အာတီဒုံဆီက ငှားယူထားပြီး အခုထက်ထိ မဖတ်ဖြစ်သေးတာ တောင်းပန်ပါတယ်… ဒီလကုန်ရင်တော့ လူရော စိတ်ရော အားပြီမို့လို့ စာတွေ ပြန်ဖတ်နိုင်ပြီ ထင်ပါရဲ့… ဒုတိယအကြိမ် ထုတ်ဖြစ်ရင် အကြောင်းကြားပေးပါဦးနော်…
ဝင့်ပြုံးမြင့်
March 30, 2015 at 11:40 am
.မွန်မွန်ရေ ၁၉၈၄ က အနောက်မှာ ပြဌာန်းတဲ့စာအုပ်ဆိုတော့ ဖတ်ထားတာ ကောင်းပါတယ်။ အဲဒီ ၁၉၈၄ ထဲက အယူအဆတွေကို အမကိုယ်တိုင်တောင် လက်သင့်မခံနိုင်သေးဘူး။ ဒါပေမယ့် အဲဒါကို သက်သေပြတဲ့ စာအုပ် ရှေ့လမှာ ထွက်ပါမယ်။ မိဘမဲ့တိုင်းပြည် ပါ။ အဲဒီ မိဘမဲ့တိုင်းပြည်ကိုလည်း အခု သင်ရိုးထဲထည့်ကြ တော့မယ်၊ ဒါမှမဟုတ် တက္ကသိုလ်မှာ ဖတ်ပြီးဆွေးနွေးတာ လုပ်ကြတော့မယ်လို့ သိရတယ်။ မိဘမဲ့တိုင်းပြည်က ၂၀၁၄ ရဲ့ ပူလစ်ဇာဆုရစာအုပ်ကို ပြန်တာပါ။ ၂၀၁၄ တစ်နှစ်လုံးမှာ စာအုပ်ကောင်းကောင်း သိပ်မထွက်ဘူး။ တစ်အုပ်တည်းနဲ့ အကောင်းဆုံးထွက်ခဲ့တာကတော့ အဲဒီစာအုပ် ပါပဲ။ မူရင်းစာအုပ်နာမည်က Orphan master’s son ပါ။
lu lu
March 28, 2015 at 3:10 pm
လေးစားအားကျမိပါတယ် အန်တီးဝင့်ပြုံးမြင့်
စာအုပ်ဆိုင်တွေပေါ်ရောက်ပြီဆိုတော့
တောင်ကြီးမြို ့မှာ ရှာ ဖတ် ပါဦးမယ်
ဝင့်ပြုံးမြင့်
March 30, 2015 at 11:40 am
.စာအုပ်က တောင်ကြီးထိ ရောက်ပါ့မလား မသိဘူး လုလုရေ။
ဦးကျောက်ခဲ
March 30, 2015 at 9:33 am
Congratulation ပါ မျှစ်ရေ… ဂုဏ်ယူဝမ်းမြောက်ပါတယ်ခင်ဗျ…
ကျောက်စ်လည်း ဂျူနီယာလေး လူ့လောကကိုရောက်လာလို့…
အလုပ်တွေရှုပ်ပြီး နောက်ကျမှမန့်ဖြစ်တာ ခွေးလွှတ်ပါ…
:k:
ဝင့်ပြုံးမြင့်
March 30, 2015 at 11:43 am
.အန် … ကျောက်စ်ဂျူ နီယာက ၄လပိုင်းမှာ မွေးမှာဆို။ အခု စောနေလား။ ကလေးရော မိခင်ရော နေကောင်း တယ်မဟုတ်လား။ မနှင်းကိုလည်း ဝမ်းသာကြောင်း ပြောပေးပါနော်။
ဦးကြောင်ကြီး
March 30, 2015 at 11:33 am
..နှစ်ဘဝ
..ပနံလှ
..စားမာန်ကြွ
..ကလန်ပြ။
ဝင့်ပြုံးမြင့်
March 30, 2015 at 11:46 am
အန်ကယ်ကြောင်ရေ ရသစာပေ မဖတ်ဘူးဆို။ ခေါင်းထဲကို တကယ်သွင်းလိုက်နိုင်တာဟာ အချက်အလက်တွေ မဟုတ်ဘူး။ ရသနဲ့ဆက်နွယ်တဲ့ အကြောင်းအရာသာ ခေါင်းထဲ ဝင်သွားတာ။ ဒီစာအုပ်လေးတော့ ဘီဘီလေး ဘေးချပြီး ဖတ်နော်။ တကယ်အရသာရှိပါတယ်။
Ma Ei
March 30, 2015 at 5:05 pm
ဝယ်ဖတ်ကြည့်ပါမယ် ပြုံးရေ…
ဝင့်ပြုံးမြင့်
April 7, 2015 at 2:06 am
.ကျေးဇူးပါ မွအိ၊ ဖတ်ပြီးရင် ဝေဖန်ပေးပါဦးနော်။
တောတွင်းပျော်
April 6, 2015 at 10:43 pm
ဆရာမ…
ဆရာမရဲ ့ စာအုပ် ၃ ရက်နဲ ့ပြတ်သွားတယ်လို ့သိရတော ့ ဂေဇက်ရွာသားတစ်ယောက် အနေနဲ ့
ဆရာမနဲ ့ အတူ ထပ်တူထပ်မျှ ဝမ်းသာခံစားရပါတယ်။
ကျနော် ၄ တန်း ၅တန်း အရွယ်လောက်ကတည်းက ကိုယ် ့မျက်စိရှေ ့ မြင်သမျှစာ အကုန် မလွတ်တမ်း
ဖတ်ခဲ ့တာ။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး အကုန်တွေ ့သမျှဖတ်လာခဲ ့တာ။ ဘာသာပြန်
လည်းမကျန်ပေါ ့။ သခင်သန်းထွန်းရဲ ့ နောက်ဆုံးနေ ့များ ၂ အုပ်တွဲကို ၅ တန်းနှစ်ကတည်း အပြီးတိုင်
အစအဆုံး စိတ်ဝင်တစား ကုန်အောင်ကိုဖတ်လာခဲ ့တယ်။ အရွယ်ရောက်တော ့လည်း စာကစာပဲ၊ ကလေး
ကာတွန်းတွေလည်းဖတ်နေတုန်း။ ဘာသာရေးမှာဆိုလည်း တခြားဘာသာမို ့ မဖတ်ဘူးဆိုတာမရှိ
အကုန်ဖတ်ခဲ ့တယ်။ ဒါတွေက ဟိုတုန်းကပါ။ အခုဆို တောတောင်ထဲရောက်နေတာ ၁ဝ နှစ်လောက်
ရှိပြီး။ စာတွေနဲ ့လည်း ပြတ်ခဲ ့တာကြာပြီ။ စာရေးနေတာတောင် ကိုယ်ရေးနေတဲ ့စာ စာလုံးပေါင်းမှန်သလား မှားများနေသလား ဇဝေဇဝါဖြစ်မိနေတယ်။ အလင်းဆက်ရေးတဲ ့ အညွန်းကိုဖတ်ပြီး ဆရာမရဲ ့ ဘာသာပြန်ကို ဖတ်ချင်စိတ် သွားရည်ကျလာတယ်။ အမြည်းသဘော
ညွှန်းတဲ ့ အဲ ့ဒီထဲကစာသားတွေဖတ်ရပြီးတော ့ပေါ ့။ ကိုယ် ့ ဂေဖက်ရွာသားအချင်းချင်းကြောင် ့ရယ် မဟုတ်ဘဲ။ကျနော်မြန်မာပြည်ပြန်လာတဲ ့နေ ့ကျရင် နောက်အကြိမ်ထုတ်များ ဝယ်လို ့ရခဲ ့ရင် ရှာဝယ်ပြီး
ဆရာမကိုရှာပြီး အမှတ်တရလက်မှတ်ထိုးခိုင်းရမယ်။ ဒီတစ်ခါတော ့ ဂေဇက်ရွာသားအချင်းချင်း အနေနဲ ့ပေါ ့။
ဝင့်ပြုံးမြင့်
April 7, 2015 at 2:04 am
.အလို ဘယ်တောထဲကို ရောက်နေတာတုန်း။ တောခိုနေတာ မဟုတ်ပါဘူးနော်။ သခင်သန်းထွန်းစာအုပ်က လွှမ်းမိုးမှုကြီးတယ်။ မြန်မာပြည်ကို ပြန်ရောက်မယ့်အချိန် အလင်းဆက်ကို ပြောထားနော်။ သူကနေတဆင့် ဆက်သွယ်ရင် လွယ်ပါတယ်။ နောက်အုပ်တွေ ထွက်ဦးမှာ။ စိတ်ဝင်စားတယ်ဆိုလို့ ကျေးဇူးလည်း အရမ်းတင်တယ်။ ဘာသာပြန်လုပ်ငန်း ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေတာ။ ဒီအကြောင်း ပြောမယ်ဆိုရင် အမမှာ ပြောစရာတွေ အများကြီးရှိတယ်။ ဒီရွာထဲက ကိုဘလှိုင်လည်း တကယ့်ဘာသာပြန် ပါရမီရှင်၊ တကယ်ပြောတာ။ သူ့စာအုပ်တွေ မထွက်နိုင်တာ စာအုပ်ထူလို့ ဖြစ်နိုင်တယ်။ အဲဒါဆို ထုတ်ဝေတိုက်တွေ အရှုံးပေါ်ဖို့များလို့ မထုတ်ကြသေးတာ ဖြစ်နိုင်တယ်။
koyinmaung
April 21, 2015 at 8:34 am
ဆရာမရေ…ရွာထဲ ခုမှပြန်ဝင်ဖြစ်တယ်၊ ဆရာမစာအုပ်တွေ ဝယ်ယူအားပေးပါ့မယ်…..
ဝင့်ပြုံးမြင့်
April 21, 2015 at 2:32 pm
.ဆရာမလို့ မခေါ်နဲ့လေ။ သမီးက ငယ်ငယ်လေးရှိသေးတာကို။ မျှစ်ကြော် ခေါ်ရင်
ရပါတယ်။ ဒီနာမည်လေးက တိုက်ပွဲမှာ ကျသွားတဲ့ ငယ်သူငယ်လေးက ပေးတဲ့နာမည်။
ဒီနာမည်ထဲမှာ သံယောဇဉ်တွေ၊ အတိတ်အမှတ်တရတွေ၊ ဖြူ စင်မှုတွေ
ရောပြွမ်းနေတယ်။ (ဒီမန်းဂဇက်ကြီးလိုပေါ့နော်။) အန်ကယ်က ကျမထက်လည်း အသက်အများကြီး ကြီးတာပဲဟာ ။
ဘယ်လိုခေါ်ခေါ် ရပါတယ်။ စာအုပ်တွေ အားပေးမယ်ဆိုလို့ ဘဝင်တောင်
မြင့်သွားပြီ။ ဒီခေတ်မှာ စာဖတ်တဲ့လူဆိုတာ ရှားပါးပါဘိခြင်း။
လေးစားလျက်
မပြုံး
ခင်ဇော်
April 21, 2015 at 2:37 pm
အာ့အကြောင်းလေး စိတ်ဝင်စားတယ်။
ရှားရှားပါးပါး ခေါ်ရတဲ့ နာမည် မျှစ်ကြော် ရယ်လို့။
:chit:
ဝင့်ပြုံးမြင့်
April 21, 2015 at 6:50 pm
.မျှစ်ကြော်ကိုကော ကြိုက်လား။ လူကိုပြောတာနော်။ တဆိတ်ရှိ စားဖို့ပဲ မစဉ်းစားနဲ့။
🙂
ခင်ဇော်
April 21, 2015 at 6:59 pm
လူလည်းကြိုက်တယ်။
စားစရာလည်းကြိုက်တယ်။
ဟေးဟေးဟေး
:chit:
နောက်တစ်ပတ် ရွာထမင်းဆိုင်မှာ မျှစ် ချက် မလား စဉ်းစားနေတာ။
:sar:
Alinn Z
April 21, 2015 at 3:11 pm
ဒီပိုစ့်ကို ဒါလေးနဲ့ တွဲပြီးဖက်ရင် ပိုကောင်းမယ်…
စာအုပ်အညွှန်းနှင့် စာရေးသူအား မေးမြန်းခြင်း – Alinn Z
Posted by Alinn Z on Apr 4, 2015
http://myanmargazette.net/212824
———————————-
.မြန်မာတို့၏ နှစ်သစ်ဦးစ အခါသမယမှာ တန်ခူးလေပြေတသော့သော့နှင့်အတူ
ကျော့ကျော့မော့မော့ ထွက်ပေါ်လာသည့်စာအုပ် တအုပ်နှင့် မိတ်ဆက်ပေးလိုပါသည်။
ကနေဒါနိုင်ငံနောက်ခံ ဂန္ထဝင်ဝတ္ထုတပုဒ်ကို အလှပဆုံး၊အသပ်ရပ်ဆုံးဖြစ်အောင်
.မြန်မာဘာသာသို့ ပြန်ဆို ရေးသားထားသော လက်ရာကောင်း စာအုပ်တအုပ်အကြောင်း ဖြစ်ပါသည်။
မူရင်းစာရေးသူ Hugh Maclennan ၏ Two Solitudes ဆိုသည့် ဝတ္ထုကြီးကို
.မြန်မာဘာသာပြန်သူ “ဝင့်ပြုံးမြင့်”က “နှစ်ဘဝ နှစ်ကန္တာ” ဆိုသော အမည်ဖြင့် စုတ်ချက်သေချာလွန်းသော ပန်းချီဆရာတယောက်လို
.ခြယ်မှုန်းပေးထားသောကြောင့် မူရင်းကောင်းသည့်စာအုပ်မှသည် ပိုမိုတောက်ပြောင်သော မြန်မာမှု စာပေလက်ရာတခု ဖြစ်လာခဲ့သည်။
ဤဝတ္ထုတွင် ပါဝင်နေသော ပြင်သစ်ကနေဒီယန်နှင့် အင်္ဂလိပ်ကနေဒီယန်တို့ကြားက
ဘာသာရေးနှင့် လူမှုရေး ပဋိပက္ခများ ၊ မြစ်တစင်းကို အကြောင်းပြု၍ ဖြစ်ပွါးလာသော ပြဿနာရပ်များသည် မြန်မာပြည်အကြောင်း
ရေးပြထားသလားထင်ရလောက်အောင်ပင် တိုက်ဆိုင်နေခဲ့သည်။
ဒါ့အပြင် တိုင်းပြည် ၊ ဒေသ ၊ သယံဇာတ ၊ လုပ်ပိုင်ခွင့်များနှင့် ပဋိပက္ခများကြားက ဘာသာရေးနှင့် ဘုန်းတော်ကြီးတို့၏ အခန်းကဏ္ဍ ၊
လွှမ်းမိုးပတ်သက်မှုများမှာလည်း မြန်မာပြည်နှင့် ယှဉ်ထိုးလေ့လာချင်စရာ ဝတ္ထုကျောထောက်နောက်ခံအနေအထား ဖြစ်နေသည်။
စာတကြောင်းချင်း ၊ စာတပိုဒ်ချင်းစီမှသည် ဒေသခံများ၏ ကိုယ့်မြေကိုယ့်ယာ ၊ ကိုယ့်ဒေသ သယံဇာတကို ကိုယ့်အသက်ခန္ဓာထက်ပို၍
ချစ်မြတ်နိုးတတ်ပုံများကို သရုပ်ဖော်ပြထားသည့်အပြင် မြေယာ ၊ သယံဇာတအပေါ် အမြတ်ထုတ်၍ အိတ်ဖောင်းချင်သော အရင်းရှင်များ၏ မာန်စွယ်ငေါငေါ ကြီးစိုးမှုများအား
ရင်မောဖွယ်ရာ မြင်ရစေသည်။
ဤဝတ္ထုကို ဖတ်နေရချိန်တွင် ဝတ္ထုတပုဒ်ဖတ်နေရသည်နှင့်မတူ ၊ သို့မဟုတ် ဝတ္ထုတပုဒ်ဖတ်နေသည့်အဖြစ်အား မေ့လျော့သွားစေသည့် စာတအုပ်ဟု ဆိုရလိမ့်မည်။
စာအုပ်အတွင်းမှ မြို့ရွာဒေသနှင့် လူပုဂ္ဂိုလ်အမည်များမှလွဲလျှင် ကျန်အချက်အလက်များ၊ စကားလုံးရွေးချယ်သုံးစွဲထားပုံများမှာ
.မြန်မာမှုပြုသူ၏ ဖန်တီးထားသို တတ်စွမ်းမှုကြောင့် ဘာသာပြန် ဝတ္ထုတပုဒ် ဖတ်ရသည်နှင့်မတူတော့ဘဲ မြန်မာပြည်အကြောင်းတစိတ်တဒေသကို
မှတ်တမ်းရုပ်ရှင် ရိုက်ပြနေသကဲ့သို့ အဖြစ်အပျက်များအား ကွက်ကွက်ကွင်းကွင်း ရှုစားနေရသည့် စာအုပ်ဖြစ်ပါသည်။
ဤဘာသာပြန်စာအုပ်သည် စာမျက်နှာများပြားစွာ ထူပိန်းလှပေမဲ့ ဝါကျတိုင်းက ကျစ်လျစ်ပြီး အားကောင်းလှသည့် စာပိုဒ်တွေချည်းဖြစ်သည်။
ထို့အပြင် ဘာသာပြန်သူ၏ ထူးခြားသော မြန်မာစာ ရေးဟန်အဖွဲ့အနွဲ့နှင့် ဖန်တီး အားထုတ်မှုအပိုင်း ၊ ဝေါဟာရကြွယ်ဝမှုကဏ္ဍကို သတိပြုမိကြမှာ ဖြစ်သည်။
စာမျက်နှာများပြားသလောက် စာတပိုဒ်ချင်းစီတိုင်းက အပိုစာသားမရှိတာကြောင့် အားရကျေနပ်ဖွယ်ရာ တဝကြီးဖတ်ရမည့်
ရသ ၊ အတွေးအခေါ်ဆိုင်ရာ လူမှုရေးရာစာတအုပ်ဖြစ်ကြောင်း စာပေလေ့လာသူများအား ညွှန်းဆိုချင်ပါသည်။
“ဝင့်ပြုံးမြင့်” မြန်မာပြန်ရေးသားထားသော “နှစ်ဘဝ နှစ်ကန္တာ” ကို ထုတ်ဝေသူ ဦးစန်းဦး (စိတ်ကူးချိုချို စာပေတိုက်)မှ
၂၀၁၅ ခုနှစ်၊ ဧပြီလတွင် ပထမအကြိမ်အဖြစ် ထုတ်ဝေလိုက်သည်။ စာမျက်နှာပေါင်း (၅၃၄) မျက်နှာ ရှိပြီး စာအုပ်အရွယ်အစားမှာ ၁၄ x ၂၁ စင်တီဖြစ်သည်။စာအုပ်ရောင်းဈေးကတော့ တအုပ်လျှင် ၅၀၀ဝ ကျပ် ဖြစ်ပါသည် ။
Alinn Z
( အပေါ်မှာ ရေးခဲ့သော စာအုပ်အညွှန်းနှင့် စာအုပ်မျက်နှာဖုံး ပုံသည် မြန်မာ့ဂဇက် သတင်းစာ (၂၀၁၅/မေလ ထုတ်) ထဲတွင် စာအုပ်အညွှန်းအဖြစ် ထည့်သွင်းဖော်ပြထားပြီး ဖြစ်ပါသည်။ )
=======================
Alinn Z
April 21, 2015 at 3:17 pm
စာအုပ်အညွှန်းနှင့် စာရေးသူအား မေးမြန်းခြင်း – Alinn Z
Posted by Alinn Z on Apr 4, 2015
http://myanmargazette.net/212824
ဆရာမ ဝင့်ပြုံးမြင့်သို့ … မေးမြန်း/စူးစမ်းခြင်း
ဘာသာပြန်သူ မဝင့်ပြုံးမြင့်ခင်ဗျားးးးးးး
.မေးခွန်း(၁) မြန်မာဘာသာကနေ အင်္ဂလိပ်ဘာသာကို ပြန်တာနဲ့ အင်္ဂလိပ်ကနေ မြန်မာကိုပြန်တာ ..ဘယ်ဟာ ပို ခက်ခဲပါသလဲ…
———————-
.မေးခွန်း(၂) အခုဝတ္ထု နှစ်ဘဝ နှစ်ကန္တာဟာ မြန်မာမှုပြုထားတာလား ၊ အတိအကျ ဘာသာပြန်ချထားတာလား
———————-
.မေးခွန်း(၃) အခု စာအုပ်ရဲ့ စာမျက်နှာအမှတ်-၂၁ / စာကြောင်းရေ-၆ မှာ “ရှေးအတီတေ” လို့ သုံးထားတာတွေ့တယ်။
မူရင်း စာသားလေး ထုတ်ပြစေချင်တယ်။
( ပြီးတော့ ဘာလို့ အဲဒီ စကားလုံးနဲ့ ဖလှယ်လိုက်သလဲ သိချင်တယ်။
အဲဒီ စကားလုံးကို မင်းသိင်္ခရဲ့ မနုစာရီ ဝတ္ထုမှာ သုံးထားကလွဲပြီး တခြား နေရာမှာ တွေ့ရခဲလို့ပါ။)
————————————
.မေးခွန်း(၄) စာမျက်နှာ – ၁၆ / စာကြောင်းရေ – ၉ မှာလည်း ပြတင်းဆီ ခပ်ဖွဖွလျှောက်ကာ ဟိုဟိုသည်သည် “စူးစား” ကြည့်ပြီး… လို့ ရေးထားတာတွေ့တယ်။
“စူးစား”ဆိုတဲ့ စကားလုံး သုံးရခြင်းနဲ့ ပတ်သက်ပြီးလည်း ဘာသာပြန်သူဆီက စကားသံ ကြားချင်မိတယ်။
——————————
.မေးခွန်း(၅) အောက်မှာ ထုတ်ပြထားတဲ့ စာပိုဒ်ကလေးကို မူရင်းဘာသာစကားနဲ့ တိုက်ကြည့်ချင်လို့…
မူရင်းစာပိုဒ် ထုတ်ပြနိုင်မလား ၊ စာမျက်နှာ ၇၉ က စာပိုဒ်ပါ။
… နွေဦးသည် တစ်နှစ်ပတ်လုံးတွင် အကောင်းဆုံးရာသီမဟုတ်သေး ။ ခရစ်တော်ကို ကားတိုင်တင်သည့်လရာသီမို့ မြေကမ္ဘာကို အမှောင်ထုလွှမ်းသည့် အချိန်အခါဟုဆိုလျှင်လည်း ရသည်။
.ပေါလ်သည်သူအနှစ်သက်ဆုံး ဆောင်းဦးကာလကို ပြန်တွေးယူနေသည်။
ဟေမန္တ၏ အဦးအစဆိုလျှင် စမ်းရေအိုင်များပေါ်ဝယ် မိုးကောင်းကင်ကြီး၏
တစ်ပိုင်းတစ်စပုံရိပ်များက ဇော်ထိုးမိုးမျှော် ထင်ဟပ်နေပြီ။
မြရေညိုတို့၏ မျက်နှာပြင်ကား ပကတိမှန်ကြေးမုံသဖွယ် ။
သကြားပင်ကြီး၏ က္ကန္ဒနီလာ ညောင်းရွက်ညာများ ဝေဟင်ထဲ ချာလည်ချာလည်ဝဲပြီးမှ မြေပြင်သို့ ခရရှာသည်။
ရေလွှာပေါ်မှ ရော်ရီရွက်ကြွေများကား ပေါလောပေါလောနှင့် ရှပ်တိုက်ပြေးကာ ကမ်းခြေမှ ရေပူဖောင်းများကို ကြက်သွေးရောင် လိမ်းကျံပေးလိုက်သလို ရေပူဖောင်းများ နီမောင်းသွားသည်။
ဖိုးလမင်းကြီး ထိန်ထိန်သာသော တိတ်ဆိတ်ညမျိုးတွင်…….
——————————–
.မေးခွန်း(၆) စာမျက်နှာ ၁၈၄ မှာ …စာပိုဒ် ဘာသာပြန်ထားပုံကလည်း အံ့ဩစရာဖြစ်နေသမို့ မူရင်းစာပိုဒ်နဲ့ ယှဉ်ထိုး ခံစားကြည့်ချင်လာတယ်…
“နွေဦးဆန်းမှသည် နွေပီပီ ကူသန်းခဲ့ပြီ။ ခိုင်ညှာပုရစ်ဖူးတို့ တစ်သွင်ထူးကာ ချပ်လွှာစိမ်းရင့်များအဖြစ် ပင်ယံထက် မြန်းတင့်လျက်ရှိပြီ။
မာကျစ်ရွှံ့ခဲတို့ မွလွယ်သော သည်ချိန်ခါသည် လက်စသိမ်းပျိုးချချိန်ဖြစ်၍ နယ်တစ်ခွင်လုံး ပျားပန်းခတ်မျှ အလုပ်များကြရပြီ။
ပျိုးချ၍ပင် မပြီးသေး ။ ဒန်းထင်းရှုးပေါရာ အဝေးတောအုပ်ဆီမှ
ပျံသန်းလာသော ယင်မည်းလေးများ တလှောင်းလှောင်း ရောက်လာကြပြီး သိပ်မကြာခင် တောလဒ်မြေ၏ အနောက်ဘက် ကုန်းရိုးခင်တန်းပေါ်ရှိ သကြားပင်အုပ်ဆီ ပျံ့နှံ့သွားကြပြန်သည်။
.မေလ နှစ်ဆယ့်လေးရက် ၊ ဘုရင်မမွေးနေ့တွင် နွေလယ်ကြီးကဲ့သို့ အပူငွေ့များက တခြောင်းခြောင်း ။
.နွေသနစ်မို့ မြေလွင်ပြင်လည်း ချစ်ချစ်ပူလျက်ရှိပြီ။ နွေဓလေ့မို ့
ရောင်လျှံရိပ်တို့ မြေ့မြေ့လျှံနေပုံက ရက်ကန်းရှယ်ပင့်ကူမျှင်များအလား ။
မနက်ပိုင်းဆိုလျှင် ပူငွေ့တို့ တိမ်အဖြစ်ဝန်းဖွဲ့ဆဲသာရှိပြီး မွန်းလွဲပြီဆိုပါမှ မြစ်ပြင်အထက်သည် တိမ်တောင်တိမ်ရောင်တို့ဖြင့် ခံ့ညားထည်ဝါ၍နေသည်။
စိန့်မတ်နေ့ထူးနေ့မြတ်အဖြစ် မျိုးစေ့မှ အစို့အညှောက်တို့ ရွှေနေခြည်အောက်တွင် လှစ်ပြူလာကြပြီ။ …….
————————-
.မေးခွန်း(၇) စာမျက်နှာ ၉၉ – ကြောင်းရေ ၂၆-၂ရ မှာ ပါတဲ့ စာပိုဒ်ကိုလည်း မူရင်းနဲ့ တိုက်ကြည့်ချင်သေးတယ်။
…..ရှေးယခင်ကဆိုလျှင် သူသည် သူ့ဘာသာသူ လွယ်လွယ်ကူကူ ပျော်ရွှင်နိုင်ခဲ့သည်။
အစားအသောက်များကို ခုံတမင် ရှိခဲ့သည်။
ညစ်ကျယ်ကျယ်နှင့် မွန်ရည် ယဉ်ကျေးစွာ မူးအောင်သောက်ခဲ့ဖူးသည်။ ….
———————–
.မေးခွန်း(၈) စာမျက်နှာ ၁၀၆ -ကြောင်းရေ ၁၄-၁၉
( အဲဒီစာပိုဒ်ကတော့ မြန်မာဆန်လွန်းတယ်လို့ ကျနော် ဝေဖန်ရင် ဘာသာပြန်သူအနေနဲ့ ဘာပြောမလဲ)
…. သူ၏ ကြင်သူသက်ထား မာရီအဒဲဒီသည် သိမ်မွေးနူးညံ့သလောက် သူမ၏ဖြူစင်ရိုးသားမှုက လူတစ်ယောက်ကို ချောက်ချားစေနိုင်လွန်းသည် ။
သူသည် ယမင်းရုပ်ကိုထုသည့် ပန်းပုဆရာလို ယမင်းရုပ်ကို စုံမတ်မြတ်နိုးပြီး ပုထုဇဉ်ဖြစ်အောင် အသက်သွင်းသည့် ဇာတ်ကို ကခဲ့သည်။ မာရီယာကား ဒေဝစ္ဆရာတမျှ လှရက်သူ ဖြစ်သည်။
လက်နှင့်လက်မောင်းအတွင်းသားတွင် သွေးကြောပြာများ မြမြရှိန်းလျက်။ နုနယ်သေးကွေးပုံမှာ ကုမ္မရီလေးနှင့် မခြား….
———————————–
.နောက်ထပ် မြန်မာဆန်တဲ့ ဘာသာပြန်အရေးအသားလေးတွေ မနည်းတွေ့ရသေးတယ်။ ဥပမာ…
စာမျက်နှာ ၅၃၂ အောက်ဆုံးစာကြောင်းမှာ…
….ဆောင်းဦးရာသီ၏ တောဟေဝန်ထဲ မြစ်နဒီစီးဝင်လာရာ ဆောင်းဦး၏ စုံတောပြားဟူသည် အလျှံတညီးညီး ဝင်းပနေခဲ့မြဲ ။
သကြားရွက်တို့က နီတျာတျာ ။ ဒါန်းထင်းရှူးနှင့် ထင်းရှူးပဒေသာတို့ကား စိမ်းရင့်ရွှေပြာ… ။ သစ်ခေါက်ဖြူရော်ရွက်တို့ကား.. ဇမ္ဗူရွှေသို့….
===================
ဆရာမ ဝင်ပြုံးမြင့်၏ အဖြေများကို ဤ လင့်ခ် http://myanmargazette.net/212824 တွင် ဖတ်ရှုနိုင်ပါကြောင်းးးးး
kotun winlatt
April 21, 2015 at 5:15 pm
ဂုဏ်ယူပါတယ် ဆရာမရေ မန်းလေးရောက်ရင် စာအုပ်ဆိုင်မှာ ရှာဝယ်ပြီး ဖတ်ပါ့မယ်။ ဘာသာပြန်ထဲကဆိုရင် ဂျက်လန်ဒန်ရဲ့ ဝတ္ထုတွေ ကြိုက်တယ် ပင်လယ်ဝံပုလွေ | စွမ်းသူ့အားမာန်
လေးစားလျှက်
k.t.w.l
ဝင့်ပြုံးမြင့်
April 21, 2015 at 6:46 pm
.မန်းလေးမှာ ဆိုရင် ထွန်းဦးတိုက်မှာ ရှိမယ်ထင်တယ်။ ကျမလည်း ဂျက်လန်ဒန် အကြိုက်ဆုံး ငယ်တုန်းကပေါ့။ အားရင်ပြန်ဖတ်ချင်တယ်။ ဒါပေမယ့် ကိုယ့်မှာ စိတ်အေးလက်အေး စာဖတ်ချိန်ဆိုတာ ရှားသွားပါပြီ။ အမြဲတမ်း ဖုတ်ပူမီးတိုက်ဖတ်၊ ဘာသာပြန်ရင်လည်း တဖြည်းဖြည်း လက်ရည်ကျလာ။ အလုပ်တစ်ခုကို လုပ်ရင်းနဲ့ ပိုတတ်လာတယ်ဆိုတဲ့ သဘောတရားကြောင့် ဘာသာပြန်တာ ပိုကောင်းလာရင်လည်း အနုပညာပိုင်း လျော့သွားရင် အဲဒီစာအုပ် ဖတ်လို့ကိုမကောင်းဘူး။ ကျမ အဲဒီလို ဖြစ်လာတယ်။
—–
လူများစုဟာ အွန်လိုင်းပေါ်မှာပဲ ဖတ်ကြတော့ စာအုပ်စာပေ ဘက်လှည့်မလာတော့ဘူး။ စာအုပ်ကိုင်ပြီး ဖတ်ရတဲ့ အရသာကိုလည်း ဘယ်သူမှ မသိကြတော့ဘူး။ အခုလို စာအုပ်ဖတ်ချင်တဲ့ လူလေး နည်းနည်းရှိသေးတာပဲ ကျေးဇူးတင်ရမယ်။