စတုဒီသာ
သင်္ကြန်အမှတ်တရ
စတုဒီသာကွေ ျးတာကိုဘယ်သူကဘယ်ခေတ်ကစခဲ့လဲမသိဖူးဗ ျာ
ဒါပေမဲ့လူမ ျိုုးဘာသာမရွေးစားခ ျင်သူဝင်စား
အယုတ်အလတ်အမြတ်မရွေးကွေ ျးတာကို
သာဓုခေါ်စရာပါ
၆၄ လမ်းဘက်ရောက်တော့ကြာဇံကေ ျာ်ကွေ ျးနေတာတွေ့ရလို့
ကားရပ်ပြီးအဖွဲ့လိုက်ဝင်အားပေးခဲ့ပါတယ်
အခြားကားတွေလည်းရပ်ပြီးစားကြလို့ခုံနေရာမရလို့မတ်တပ်စားရသူတွေ
ဇွန်းမရှိလို့လက်နဲ့စားရသူတွေ
အခ ျိုရည်ကုန်သွားလို့မသောက်လိုက်ရသူတွေ
ပေ ျာ်စကြီးပါ
အကြတ်နေ့၆၄လမ်းဘက်ကြာဇံကြော ်စတုဒီသာကွေ ျးမှုမှတ်တမ်းမ ျား
27 comments
ခင်ဇော်
April 15, 2015 at 3:45 pm
ဟုတ်ပါ့ဗျာ။
တပျော်တပါးးး မြင်ရတာ စိတ်ချမ်းသာစရာ
🙂
Wow
April 15, 2015 at 3:49 pm
တောက်ကျီးကျယ်ဒယ်တော့ ပျောနဲ့ပေါ့ဗျာ.. ဒါပေသိ လူပေါင်းတစ်ရာ့တစ်ပါး.. တစ်ခါသုံးပုဂံ၊ ခွက်လေးတွေနဲ့ ကျွေးစေချင်တယ် ဘယ်လောက်မှ မရှိပါဘူး
ခင်ဇော်
April 15, 2015 at 3:51 pm
ဟာ။
သေချာ ပြန်ဆေးသလားမသေချာတဲ့ ဆိုင်တွေမှာတောင် စားရသေးတာပဲဟာ။
အလှူမှာ ကူမဲ့သူက ပိုများမှာပါ..
:mrgreenn:
Wow
April 15, 2015 at 3:55 pm
ဆိုင်မာကျ မြင်ရဝူးလေ.. ဒမာက မြင်ရဒယ်
ခင်ဇော်
April 15, 2015 at 3:57 pm
နာ့ စတုဒီသာကျ နိ ကို ခေါ်ဝူးးး
:mrgreenn:
Wow
April 15, 2015 at 4:01 pm
အိုက်ကျ နာချက်မလေ…
ခင်ဇော်
April 15, 2015 at 4:03 pm
ဆန်မှားဝယ်လို့ …..
ကောက်ညှင်းပေါင်းနဲ့ ချဉ်ရည်တို့
အကောင်မှားဝယ်လို့ …
ဥဩကြော်တို့ ကျွေးနေရမှာပေါ့။
ဟင့်!!
:byee:
Wow
April 15, 2015 at 4:13 pm
မြစပဲရိုး
April 15, 2015 at 8:47 pm
မီယုံမီရှိနဲ့ ဝါး ရေ့။
ဒီတစ်ခေါက် လေယာဉ် နှစ်ဆင့်မှာ
ယူကေ (အထွက်/အဝင်) ဘက် မှာ ကျွေးတာက တကဲ့ စတီး ဇွန်း ခရင်း ဓား တွေ နဲ့ ကျွေး ပါတယ်။
မြန်မာ (အထွက်/အဝင်) ဘက် မှာ ကျွေးတာက တစ်ခါသုံး ပလပ်စတစ် ဇွန်း ခရင်း ဓား တွေ နဲ့ ကျွေးပါတယ်။
ဘာကြောင့်ဆိုတာ စဉ်းစားသင့်/မသင့် စဉ်းစားနေဆဲ။ lol:-)))
Wow
April 16, 2015 at 11:16 am
လေယဉ်ပေါ်တွေမာတော့ ကျနော်မှတ်မိတဲ့ တချို ့အဲလိုင်းတွေ စတီးဇွန်းခရင်းသုံးကြပါတယ်…
ကျနော်တို့ ရန်ကုန် IT လက်ဘက်ရည်ဆိုင်ဆိုရင်လည်း လက်ဘက်ရည်ကြမ်းခွက်လေးတွေလာချရင် ရေနွေးစိမ်ထားပြီးသားကို စတီးညှပ်ကလေးတွေနဲ့ညှပ်ပီး လာချပေးတာဆိုတော့ သောက်ရတာ အမြဲစိတ်သန့်တယ်.. စိမ်တဲ့ ရေနွေးလှမ်းကျိလိုက်ရင်လည်း အငွေ့တွေထပြီး တကယ်ကြည်သန့်နေတာလေ…
စဉ်းစားသင့်/မသင့် စဉ်းစားပီး ပြန်ပြောဦးနော် အရီး..
kai
April 15, 2015 at 4:03 pm
စတုဒီသာ ပါဆိုနေမှ.. ကုလားစကား/စာကြီးကို..
ကုလားပြည်ကစတာပေါ့ကွယ်..။
နောက်တာနော..။
လိုနေသူတွေကို.. လိုအပ်ချက်ဖြည့်ပေးတာဆိုရင်..ကုသိုလ်ရကြောင်း..။ :k:
naywoon ni
April 15, 2015 at 7:54 pm
အဲ့ဒိလို ကျွေးမဲ့အစား အခြား လိုအပ်ချက်တွေ စုဖြည့်ကြမယ်ဆိုရင်ဖြင့် အတိုင်းထက်အလွန် ပျော်စရာ လောက တစ်ခုဖန်တီးနိုင်မှာပေါ့ဗျာ 🙂
မြစပဲရိုး
April 15, 2015 at 8:53 pm
ကြည့်ရတာ စားချင်စရာကြီး။
ဒီတစ်ခေါက် ကြာဆံကြော်မစားခဲ့ရတာ အခုမှ သတိရတယ်။
ဘယ်လိုမှ အရသာမတွေ့ တဲ့ ကိုရီးယား တို့ ထိုင်း စာ တို့ နဲ့ ဘဲ ငြိ နေတာများလို့။
အဘနီ ပြောတာ အင်မတန် သဘောကျတယ်။
စားပြီးရင် ပြီး သွားမဲ့ နေရာမှာ တခဏ အရသာခံဖို့ အချိန် နဲ့ ငွေလဲကုန်၊ လူလဲ ပင်ပန်း လုပ်လိုက်ကြရတာ။
တစ်ခြား တင်ကျန်မဲ့ နေရာ သုံးပါတော့လား။
ကျွန်မကိုသာ ပါဝါ ပေးရင် အစားအစာ တွေ ဘုန်းဘောလအော လုပ် နေတာ ကို လျှော့ချင်တယ်။
သူများ စတုဒီသာထဲ ဝင်ပြီး ဝီစိကိစ္စာ ပွါးနေတာ ခွေးလွှတ် အန်ကယ်ကြီး ရေ့။ :))
naywoon ni
April 15, 2015 at 10:28 pm
အရီးရေ ကျနော်မြင်သလောက်ပြောရရင်မကောင်းဘူးဗျ ။ သူတို့အခေါ် နေပြည်တော် ကောင်စီနယ်မြေထဲမှာတင် စုတ်ပြတ်နေတဲ့ စာသင်ကျောင်းတွေ အများကြီး ။ တစ်ချို့ကျောင်းတွေ ဆရာမလုံလောက်ဖူး ။ မြို့ပေါ်နဲ့ ဆက်သွယ်ရေးလွယ်ကူတဲ့ ရွာတွေမှာပဲ ရာထူး မယူပဲ ကပ်သပ်နေကြတဲ့ သူတွေများလို့ ။ နောက်ဆေးရုံတွေ ။ နေဝန်းနီ နေတဲ့ တပ်ကုန်းဆေးရုံ အဆိုးဆုံး ။ ပတ်တီးကအစ ဝယ်ရတယ် ။ ဒါတွေ ဟောင်းလောင်းထားပြီး ပျော်ရေးရွှင်ရေးတွေမှာ အားသွန်ခွန်စိုက် အကုန်အကျခံနေတာ မြင်ရတော့ ကိုယ်ကိုကိုယ် တွေးမိတယ် ။ ငါ နိုင်ငံမှားပြီး လူဖြစ်လာတာလားမသိပါဘူးကွာ အဲ့လောက်ကို စိတ်ကုန်နေတာ 🙂 အဟုတ်
kai
April 16, 2015 at 2:26 am
ကိုရင်နီရယ်.
အဟုတ်ပြောတာ…။ ပျော်ရေးရွှင်ရေးမှာ..ငွေသုံးလုပ်အားသုံးတာဟာ..(လုပ်နိုင်ရက်နဲ့)အလုပ်မလုပ်သူတွေကို… စားဝတ်နေရေး..အကုန်ထောက်ပံ့နေရတာထက်တော့..အပုံကြီးမြတ်ပါတယ်..။
ကုသိုလ်လည်းပိုရတာလို့..အာမခံပါတယ်..။ :kwi:
Wow
April 16, 2015 at 11:10 am
ကုသိုလ်ရမရ အာမခံရအောင် ဒဂျီးက ဘာကြီးလားးးး
Ma Ma
April 20, 2015 at 6:20 pm
ုမလတ်ရ-
(အစားအစာ တွေ ဘုန်းဘောလအော လုပ် နေတာ ကို လျှော့ချင်တယ်။)
ဒီနေရာမှာ ကိုယ်ကတော့ အစားသမားမို့လားမသိဘူး စတုဒိသာကို ကျွေးရတာလည်း ကြိုက်တယ်။
စားရတာလည်း ကြိုက်တယ်။ :p:
လွန်ခဲ့တဲ့ ၁ဝနှစ်ကျော်က ကြက်သားက အသားဟင်းတွေထဲမှာတောင် ဈေးနည်းနည်းပိုကြီးတဲ့ခေတ်ပေ့ါ။
ကျမတို့အဆောက်အဦဆောက်တော့ ကြီးကြပ်ဖို့ ခေါ်ထားတဲ့ အင်ဂျင်နီယာ (ပင်စင်စားပြီး အပြင်လုပ်လိုက်လုပ်နေတာ) ကြီးကို ဆိုင်မှာနေ့လည်စာဝင်စားတော့ ကြက်သားဟင်းနဲ့ကျွေးလိုက်တာ။
သူက ကြက်သားမစားရတာ နှစ်တောင် အတော်ကြာပြီပြောပြီး အားရပါးရစား၊
ကျေးဇူးတွေတင်ပြီး ကြုံတိုင်းပြောလို့ ကိုယ်တွေမှာလည်း ဝမ်းသာခဲ့ရတာ။
တခါတလေကျွေးတာပေမယ့် ဘဝအတွက်အမှတ်တရဖြစ်ပြီး အားဖြစ်သွားစေနိုင်တာလည်း ရှိနိုင်တာမို့….
ခဝဲခြံမျက်မမြင်ကျောင်းကို သွားလှူ ကြတုန်းက မေတ္တာကိုပြသပေးလို့ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားလုံးကို သတိရမိတယ်။
uncle gyi
April 15, 2015 at 11:03 pm
ဝင်ရောက်အားပေးကြသောအဖွဲ့သားအားလုံးကိုအထူးကေ ျးဇူးတင်ကြောင်း
ပထမဦးဆုံးပြောပါရစေ
စားတာကောကွေ ျးတာပါအားပါးတရရှိလှပါတယ်
အရသာကလည်းမဆိုးဖူးဗ ျစားလို့ကောင်းတယ်
ပြီးပြီးရောခ ျက်ထားတာမဟုတ်ဖူး
ဆီလည်းမမ ျားဖူးဆီလည်းကောင်းတယ် အရီးနဲ့ခင်ဇော်ရေ
ပန်ကန်တွေဇွန်းတွေကတော့မြန်မာမှာလောလောဆယ်ဒီအဆင့်ပဲ
ရနိုင်ပါမယ်တခါသုံးတွေဖြစ်ဖို့ကအခ ျိန်တခုယူရအုန်းမယ်ထင်ပါတယ်
တနေ့တော့ဖြစ်လာမှာပါ Wow
ကိုနီရေမြန်မာလူမ ျိုးကသိတဲ့အတိုင်းဘာလုပ်လုပ်
အပေ ျာ်လေးနဲ့မှဒီလိုကွေ ျးမယ့်ပိုက်ဆံတွေစုပြီး
တခြားအက ျိုးရှိတဲ့နေရာလှူရင်ပိုကောင်းပေမဲ့
အဲလိုဖြစ်ဖို့ကအတွေးတွေပြောင်းပေးဖို့အခ ျိန်တခုပေးရအုန်းမှာပါ
စတုဒီသာကကုလားစကားဆိုတာသူကြီးပြောမှမွေးစားစကားမှန်း
သိရသဗ ျ
padonmar
April 16, 2015 at 9:48 am
စတု= ၄/ ဒိသာ= မျက်နှာ လေ အန်ကယ်ကြီး။
အရပ် ၄မျက်နှာက လာတဲ့သူတွေ သိသိမသိသိ ကြွေးမယ်လို့ ရည်စူးထားတဲ့ အလှူပေါ့။
အလှူ ပေးသူတွေရဲ့ စိတ်ထားတတ်ရင် မြတ်ပါတယ်။
ကျမလည်း ဂေါက်ကလပ်ဝင်မို့ သူ့မှာ မလိုပဲ ကြွေးတဲ့ အလှူကို နှမျောတတ်နေတယ်။
အဲဒါ သူကြီး ဘရိန်ဝပ်ရှ် လုပ်တာခံထားရလို့ ဖြစ်မယ်။
(သင်္ကြန်မှာတော့ လည်ရင်းပတ်ရင်း ဗိုက်ဆာနေတဲ့သူတွေကို ကြွေးရတာ ဆိုတော့ လိုအပ်တယ်ပဲ ပြောရမလား သို့လော သို့လော)
kai
April 16, 2015 at 1:00 pm
အပေါ်က ကုလားစာရယ်လို့ရေးလိုက်တာက.. ဖေ့ဘုတ်က..အောက်ကစာကိုဖတ်ပြီး..သဘောတူမျှဇျာန်ဝင်သွားလို့ရေးလိုက်တာနော..။
=
ဦးကျောက်ခဲ
April 16, 2015 at 12:24 pm
ပြီးခဲ့တဲ့ ဆန်းဒေး ၊ ဟောင်ကောင် Stanley အရပ်မှာ…
မြန်မာဆရာဝန်များအသင်းက ကြီးမှူးပြီး သင်္ကြန် စတုဒီသာ ကျွေးတယ်ခင်ဗျ…
ပရိတ်သတ်အတော်များများက စားနိုင်သလောက်ပဲ ပန်းကန်ထဲထည့် …
စားကြွင်းစားကျန် Disposal အမှိုက်တွေကို နေရာတကျစွန့်ပစ်ပေမည့်…
တချို့တွေက အကျင့်မပျောက်သေးတာမို့ ပင်စင်စား ဆရာဝန်အဖိုးကြီးတွေက …
အမှိုက်လိုက်ကောက်ပေးနေတာကြည့်ရတာ အမြင်မတော်လိုက်တာဗျာ…
🙁
uncle gyi
April 16, 2015 at 10:50 pm
ဒါဆိုသူကြီးပြောတဲ့မွေးစားစကားကမဟုတ်သေးပါဖူး
လိုတဲ့နေရာကျွေးနိုင်ရင်တော့အကောင်းဆုံးပေါ့ဗျာ
kai
April 17, 2015 at 6:10 am
စတု ဒီသာပါမောက္ခ အရီးဒုံ ပြောတာ.. ယုံလိုက်.. ယုံလိုက်…။
Alinn Z
April 20, 2015 at 5:30 pm
ကရင်ပြည်နယ်ထဲမှာတော့ ကားတွေပေါ်ကနေ လည်လည်ထွက်သူတွေက
ထမင်းထုပ်တွေနဲ့ ပစ်ပေါက်သွားသဗျ
.သေသေချာချာ ထုပ်ပိုးထားတာမို့ အောက်က လမ်းလျှောက်သူတွေက ကောက်ယူပြီး ဖြည်စားကြတာ
တမျိုးတော့ ဆန်းသား
Mike
April 23, 2015 at 10:47 am
.သင်္ကြန်မှာစတုဒီသာကျွေးတာအကျိုး ရှိပါတယ်
.လျှောက်လည်နေသူတွေကဆာနေကြတာကိုး..ဆာနေလို့လည်းဝင်စားကြတာပေါ့
.အဲ့ပိုက်ဆံလောက်ချွေတာရုံနဲ့လည်း တခြားဘာမှလုပ်မရပါဘူး
.သာဓု သာဓု သာဓု :kwi:
အောင် မိုးသူ
April 29, 2015 at 11:19 am
ကြာဇံကြော်ကို စပါယ်ရှယ်ကြော်တတ်တယ်။ အချဉ်ရည်ကိုလည်း ကြာဇံကြေ်ာနဲ့လိုက်ဖက်တဲ့ အချဉ်ရည် ကောင်းကောင်းဖျော်တတ်တယ်။ အလှူမှာလုပ်အးလိုရင်ခေါ်နော်။
uncle gyi
April 29, 2015 at 10:15 pm
ကိုမိုက်ပြောသလိုဆာနေသူကိုကျွေးတယ်သဘောထားလိုက်ရင်
အကောင်းဆုံးပါနောက်ဆက်တွဲတွေးနေရင်လိုရင်းမရောက်ပဲနေပါမယ်
ကြာဇံကြော ်ကအချဉ်ရည်ကအဓိကထင်ပါတယ်မိုးသူရေ
အချဉ်ကောင်းမှပိုစားကောင်းတာပါ
ကျွန်တော်တို့လည်းနှစ်စဉ်မုန့်လုံးရေပေါ်ကျွေးဖြစ်ပါတယ်
ဒီနှစ်တော့မကျွေးဖြစ်ဖူး