မသန်ပေမဲ့ စွမ်းသူ ၏ အနုပညာ
သူ့ နာမည်က ဦးသောင်းတင်လို့ ခေါ်ပါတယ်။ အသက်ကတော့ ၅ဝကျော်ပါပြီ။ လူပျိုကြီးပါ။
ညီမဖြစ်သူနဲက အတူနေပါတယ်။ မွေးလာကတည်းက နားမကြားပါဘူး။
ဒါ့ကြောင့် စကားလည်း မပြောတတ်ဘူး။ ငယ်ငယ်တုန်းက နေ့ခင်းဘက် မျက်စိ မြင်ပါတယ်။
ည ဘက်ဆိုရင်တော့ မမြင်ရဘူး။ အခု အသက်ရလာတော့ နေ့ဘက်တောင် ခပ်ဝါးဝါးပဲ မြင်ရပါတော့တယ်။ မတ်တပ်ရပ်နေရင် မြေပြင်ကို မမြင်ရ ထိုင်နေရင် မတ်တပ်ရပ်နေသူကို မမြင်ရပါဘူး။
ဒါပေမဲ့ သူ့ဘဝကို အရှုံးမပေးထားဘူး။ သူ တတ်တဲ့ လက်မှုပညာဖြစ်တဲ့ တံမြက်စည်းရက်ခြင်း အလုပ်ကို သူ လုပ်ကိုင်ပါတယ်။ ကျွန်မ ဘေးကနေ သေသေချာချာကြည့်မိတော့ သူ တံမြက်စည်းကို သဲသဲကွဲကွဲ မြင်ပုံမရ။
လက်နဲ့ စမ်းပြီး ထိုးနေတာပါ။ ဒါပေမဲ့ အကွက်မကျော်ဘူး။ သိပ်လည်း မြန်ပါတယ်။ တရက်ကို တံပျက်စီး ၅ချောင်းတောင် ပြီးပါသတဲ့ ။ ဆိုင်ကို သွင်းတော့ တချောင်း တထောင်ရပါတယ်။
ဒါဆို သူ တရက်ကို ၅ထောင် ရှာနိုင်တဲ့ သဘောပါ။ ကျွန်မလည်း စိတ်ဝင်စားလို့ ထိုင်ကြည့်နေတော့ သူ သိပ်သဘောကျနေရှာပြီး ကျွန်မကိုတောင် အကွက် ဘယ်လို ဖော်ရကြောင်း လက်ဟန်နဲ့ သင်ပေးပါတယ်။
အရင်း ဘယ်လောက်လည်း စပ်စုတော့ တုတ်ချောင်းက တရာကျပ်၊ အုန်းဆံကတော့ သူ့ဘာသာ လိုက်ရှာပါတယ်တဲ့ အရင်းကို တွက်မယ်ဆို ၂၀ဝလောက် ရှိမယ်။ တပျက်စည်း တချောင်းအတွက် အုန်းဆံ အချောင်း ၅၀ဝ သုံးရတယ်ဆိုတာလည်း ဗဟုသုတရခဲ့ပါတယ်။
ဘာပဲ ဖြစ်ဖြစ်ပေါ့ ကျွန်မတော့ သူ့ စိတ်ဓါတ်ကို ဂုဏ်ပြုချင်တာပါ။ ငါ အသက်ကြီးပြီ မျက်စိလည်း မမြင်ဘူး ဆိုပြီး အရှုးမပေးတဲ့ စိတ်ကလေးကို သဘောကျတာပါ။ မသန်ပေမဲ့ စွမ်းသူတယောက်ကို ဒီပို့စ်နဲ့ ဂုဏ်ပြုလိုက်ရပါတယ်။
31 comments
hmee
April 22, 2015 at 6:31 pm
သူဂျီး ကယ်ပါ။ ဓါတ်ပုံတွေက ပြောင်းပြန်တက်သွားတယ်။ အောက်ဆုံးက အပေါ်ဆုံးဖြစ်နေတယ် ပြန်ပြင်ပေးပါဦး။
Ma Ma
April 22, 2015 at 10:22 pm
ဘယ်မှာများတွေ့လာပါလိမ့် မှီရယ်။
ကြုံရင်အားပေးရအောင်လို့။ 🙂
hmee
April 23, 2015 at 9:18 am
ရွာသွားတုန်းက မမရေ။ ကျွန်မကို သင်မလားတဲ့ အချိန်မရလို့ မသင်ခဲ့ရဘူး။ ဘယ်မှာ သင်တာလဲမေးတော့ အမေက ပြောပြတယ် သူတို့ ငယ်ငယ်တုန်းက ကျောင်းထိုင် ဘုန်းဘုန်းက ကျောင်းသားတိုင်းကို သင်ပေးတာတဲ့။ ကျောင်းမှာ အုန်းတောအကြီးကြီးရှိတယ်။ ကျောင်းပိတ်ခါနီးရင် တယောက်တချောင်း ယက်ရသတဲ့ ပြီးရင် အိမ်ပြန်ယူသွားခိုင်းတယ်တဲ့။ တခြား လက်မှုပညာ အတတ်တွေပါ သင်ပေးတာတဲ့။ ဒီ ဦးသောင်းတင်လည်း ဘုန်းဘုန်းလက်ထွက်မို့ တတ်တာလို့ပြောတယ်။ တခြား ဖျာယက်တာ၊ ထရံယက်တာ၊ တောင်းတွေ ခြင်းတွေ၊ ဇကောတွေပါ ယက်တတ်သတဲ့။ အမေက ပြောပြတယ် သူ့ ညီမက အသက်ကြီးလို့ မလုပ်ပါနဲ့ ဆိုတာကို တားမရလို့ ခွင့်ပြုထားရတာတဲ့လေ။ သူ ယက်တဲ့ တံပျက်စည်းက ခိုင်တယ် အုန်းဆံ အရေအတွက် မခိုပဲ စေတနာပါလို့ ရောင်းကောင်းသတဲ့။
naywoon ni
April 22, 2015 at 10:32 pm
သက်ငယ်က နှီးနဲ့ မကွပ်ကြတော့ဘူးပေါ့ ။ အေးလေ ပလပ်စတိတ် ခေတ်ဆိုတော့ ။
အုန်းဆံလိုက်ကောက်တဲ့ ကလေးတွေတော့ အိမ်နား သုံးရက်တစ်ကြိမ်လောက်တွေ့နေရတယ် ။ အုန်းဆံတင်ဖြဲယူပြီး အုန်းလက်နဲ့ အုန်းရွက်တွေ လမ်းပေါ်ဖြစ်သလို ထားခဲ့လို့ ခဏခဏ ထွက်ထွက်ပြောရတာလဲ အမော ။
hmee
April 23, 2015 at 9:05 am
အဘနီရေ အကွက်ဖော်တဲ့ နှီးက ထန်းလက်ရဲ့ အကြောလေးတွေကို ဖျာထားတာ။ တခြား ဟာနဲ့ မလုပ်ဘူးလား လို့မေးတော့ ပလပ်စတစ်ကြိုးကို ပြမေးတော့ သူက မခိုင်ဘူးတဲ့ ဒါ့ကြောင့် ထန်းလက် အကြောကို ခွာရတာတဲ့ ။
Mike
April 23, 2015 at 8:57 am
.ချီးကျူးစရာပဲဗျာ…လေးစားပါတယ်
.မမှီ ရိုက်ပြမှ တံမြက်စည်းရက်ခြင်း ပညာကိုအဆင့်ဆင့်တွေ့ဖူးတော့တယ်..ကျေးဇူးပါ
hmee
April 23, 2015 at 9:07 am
ဗွီဒီပါ ရိုက်လာတယ် ဦးမိုက်။ သူ့ကို ဗွီဒီယိုရိုက်တော့ သဘောကျနေတယ်။
manawphyulay
April 23, 2015 at 9:04 am
ဘယ်မှာ တွေ့ပြီး မှတ်တမ်းတင်လာတာလဲ မမမှီ။
ဒီလိုလူမျိုးတွေ အများကြီး ရှိနေပါတယ်နော်။ ဂုဏ်ယူစရာပါပဲ။
hmee
April 23, 2015 at 9:20 am
အမတို့ ရွာမှာ မနောရေ။
Mr. MarGa
April 23, 2015 at 9:15 am
သူ့ ဈေးကွက်နဲ့ သူတော့ အလုပ်ဖြစ်သား
ကောင်းလေစွ..ကောင်းလေစွ.. သာဓု သာဓု
hmee
April 23, 2015 at 9:21 am
သကြားရော သင်ချင်လား။ ရွာကို အလည်ခေါ်မယ်လေ။ 🙂
Mr. MarGa
April 23, 2015 at 9:32 am
ရွာကိုအလည်လိုက်မယ်လေ :mrgreenn:
အောင် မိုးသူ
April 23, 2015 at 10:07 am
အဲ့လိုလူမျိုးတွေ သိပ်ချီးကျူ းဖို့ကောင်းတယ်။ သူတို့ကိုမြင်ရင် စိတ်အားငယ်နေတဲ့ကိုယ်တောင် ပြန်အားတက်နေမိတယ်။ ဘဝကိုအရှုံးမပေးဘူးဆိုတာ ဒီလိုပဲပေါ့။ လဲနေရင် ပြန်ထနိုင်ရမယ်။ အခုလည်း ကျွန်တော်ပြန်ထဖို့ကြိုးစားနေတယ်။ ကျေးဇူးပါ အန်တီမှီ။
လုံမလေးမွန်မွန်
April 23, 2015 at 10:25 am
လေးစားမိပါတယ် တီမှီ… တစ်ခါတစ်ခါ ကျသွားတဲ့စိတ်ဓာတ်တွေကို လိုက်ကောက်မိချိန်.. သူတို့ကို မြင်မိရင် အလိုလိုရှက်လာတယ်..
ခင်ဇော်
April 23, 2015 at 2:56 pm
အသက်ကြီးပြီး အချိန်မစီးတဲ့ ကိုယ်လက် အင်္ဂါပြည့်စုံနေတဲ့ သူတွေ နဲ့ တန်ဖိုး အပုံကြီး ကွာခြားတယ်လို့မြင်ပါတယ်။
ဦးကျောက်ခဲ
April 23, 2015 at 3:11 pm
သန်သန်စွမ်းစွမ်း ရှာမစားပဲ မူးရူးနေတဲ့သူတွေပေါတဲ့ခေတ်မှာ…
အဲသည့်လို မသန်မစွမ်းပညာရှင်တွေရဲ့လက်မှုကို တွေ့ရင်…
ကျောက်စ်တော့ ပေါက်ဈေးထက်ပိုပေးပြီး အားပေးတယ်ခင်ဗျ …
:k:
Alinn Z
April 23, 2015 at 5:18 pm
အစ်မတော်ဂျီး… ဒီပိုစ် တက်လာဖို့ မနေ့ညနေက အချိန် နှစ်နာရီမက…ပေးလိုက်ရတယ်လို့ထင်….
အစ်မတော်နဲ့ ညီမတော် နေကောင်းကျန်းမာ လန်းဖြာပါစေကြောင်း ဆုတောင်းလျက်ပါနော…
.ရွာကိုလည်း သဂျားထက်အလျင်ဦးအောင် လိုက်လည်ချင်ပါတယ်လို့…
:k:
ဒီဦးလေးကြီးအကြောင်းကို ဖတ်နေရင်နဲ့ ဖတ်ခဲ့ဖူးတဲ့ လူတယောက်အကြောင်း ခေါင်းထဲရောက်လာတယ်။
ပန်းချီဆရာကြီးတယောက် အသက်ကြီးလို့ မျက်စိမှုန်သွားချိန်မှာ…
သူ မြင်ရတဲ့ မြင်ကွင်း မှုန်ဝါးဝါးတွေကို မြင်ရတဲ့အတိုင်း ဝါးတားတားဆေးရောင်ခြယ်ပြီး…
ရာသီရှုခင်းတွေ ဆွဲတာ…တဲ့…
လက်မလည်အောင် ရောင်းရတဲ့ ပန်းချီကားတွေ ဖြစ်ခဲ့သတဲ့…
.နောက်တယောက်လည်း ရှိသေးတယ်။
ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ) ပြောပြတာ…
လူမျိုးခြား စာရေးဆရာကြီးတယောက်….
တကိုယ်လုံးအကြောတွေ သေသလိုဖြစ်သွားပြီး အိပ်ယာပေါ်မှာ မလှုပ်မယှက် လှဲနေရချိန်မှာ…
မျက်လုံးကလေးပဲ..အကြည့်လေး..ရွှေ့နိုင်တော့တဲ့ဘဝ…ရောက်နေချိန်မှာ…
သူ့ ကုတင်နဲ့ မျက်နှာချင်းဆိုင်မှာ ဝှိုက်ဘုတ်ကြီး ထောင်ထား…..
ဝှိုက်ဘုတ်ပေါ်မှာတော့… အက္ခရာတွေ ရေးထား..
သူက ကုတင်ပေါ်ကနေ အဲဒီအက္ခရာတွေကို အကြည့်နဲ့ ရွှေ့ ရွှေ့ပြ…
သူ့ကို ပြုစုသူလေးက…သူကြည့်လိုက်တဲ့ အက္ခရာတွေကို ချရေး…
အဲဒီလိုနဲ့ သူရေးချင်တဲ့စာတွေကို မမောမပန်း ဆက်ရေးသွားနိုင်ခဲ့တယ်…တဲ့….
ယောကျာ်းတို့ဇွဲ…သေခါမှ လျှော့…
မြစပဲရိုး
April 24, 2015 at 1:53 am
ဟိုးအရင်ကတော့ ဆွံ့အနားမကြား သူ တွေ ကို အသက်မွေးဝမ်းကျောင်းပညာ သင်ပေး တဲ့ ကျောင်းတွေ ရှိတယ်။
လူမှုဖူလုံရေးဝန်ကြီးဌာန အောက် ရှိမလားဘဲ။
နောက်ပိုင်းတော့ ဒီလူ တွေ ကိုလဲ ဂရုမထားတော့။
အဲဒီလူတွေ ရဲ့ လက်ရာ တွေ က ရိုးရိုးလူ တွေ ထက် ပိုပြီး သေသပ်တာ မို့ အဲဒီကျောင်းတွေ က လုပ်ရောင်းတာဆို အော်ဒါတောင် မှာရတာ။
သဘာဝတရားကြီး က အမြဲ Balance လုပ်ပေးတတ်တာ တော့ ရှိပါရဲ့။
ဒါပေမဲ့ သူတို့ စွမ်းအားလေး တွေ ကို ပံ့ပိုးမြှင့်တင် နိုင်ဖို့လဲ လိုတာလေ။
ဒီလို အကြင်နာ ပို့စ်လေး အတွက် ကျေးဇူးပါမှီ။
ဦးသောင်းတင် ရဲ့ ဇွဲလုံ့လ ကိုလဲ ဂုဏ်ယူအားကျပါတယ်။
အစ်မလဲ မော်လမြိုင်မှာ နေတုန်းက အုန်းလက်တွေ က အကြော မဲ့ တံမျက်စည်း လုပ်ခဲ့ဘူးတယ်။
အခု ဆရာကြီး လိုတော့ ပရိုလက်ရာ မဟုတ်ပေမဲ့ သုံးလို့တော့ ရသား။ lol:-)))
hmee
April 24, 2015 at 10:17 am
အောင်မိုးသူရေ အားမလျှော့ပါနဲ့ အဲ့ဒါ ဘစကျောင်းက သင်ပေးနေတာတွေလို့ တွေးထားလိုက်နော်။
မွန်မွန်ရေ အန်တီမှိတော့ သူ့ကို ကြည့်ပြီး တော်တော်ကို အားတက်လာတယ်။
ဟုတ်တယ် ဦးကျောက် လူငယ်တွေက မူးပြီး ခြေလှမ်းမမှန် အရက်ဆိုင်က ထွက်ထွက်လာတာ မြင်ရချိန် ဦးသောင်းတင်ကို မြင်တော့ လူနဲ့ပဲ ဆိုင်ပါလားလို့ တွေးမိတယ်။
ဆက်ဆက်ရေ မသန်ပေမဲ့ မလျှော့သော စိတ်နဲ့ ကြိုးစားတာကို တကယ် သဘောကျ။ ရွာကို အလည်ခေါ်ပါတယ် လာနိုင်ကြရင်ပေါ့။ ရွာထဲက ဓါတ်သေ ဆရာတွေကိုလည်း ခေါ်ချင်တယ်။ ရှမ်းရိုးမတောင်ကြီးက နောက်ခံ ပြီးတော့ စစ်တောင်းမြစ် နောက် ရွာရယ် သစ်သား လူကူး တံတားရယ် မနက်အစော တောင်ကြားထဲက နေ စထွက်လာတာရယ် သိပ်လှတယ်။ ညီမတွေတော့ မနက် အစော ဓါတ်ပုံရိုက်သွားကြပေမဲ့ ကိုယ့်မှာတော့ ကလေး တဖက်နဲ့မို့ ဘယ်မှ မသွားရပဲ အိမ်ထဲမှာပဲမို့ ရှု့ခင်းလေးတွေ ရွာအတွက် မရိုက်ခဲ့ရဘူး။
အရီးရေ အရင်တုန်းက ကျိုက်ဝိုင်းမှာ ကြိမ်ထိုင်ခုံတွေ ပေါက်ရင် ပြင်လို့ရတယ်။ မျကိမမြင်ကျောင်းက ပြင်ပေးတယ် လက်ရာ သိပ်သေသပ်တယ်။ ကျွန်မလည်း အခု ရွာအပြန် ရက်တိုတာရယ် အချိန်မရတာရယ်ကြောင့် တံပျက်စီးထိုးတာ မသင်ခဲ့ရဘူး။ နောက်နှစ်ပြန်လို့ အဲ့ ဦးလေးကြီး ရှိရင် သွားပြီး သင် ဥိးမယ်။ သူ့ ဘေးမှာ ထိုင်ပြီး ကြည့်နေတာကိုတောင် သဘောကျတာ သူ့ဆီက ပညာသင်ချင်တယ်ဆို ပိုသဘောကျမယ်ထင်တယ်။ ငါ့ ပညာကို သူစိတ်ဝင်စားပါလားဆိုတဲ့ စိတ်ကလေးနဲ့ ပျော်စေချင်တာပါပဲ။
Alinn Z
April 26, 2015 at 5:00 pm
ညီမတော်တွေနဲ့ သူတပြန်ကိုယ်တပြန် ရိုက်ချင်လိုက်တာ….
ဓါတ်ပုံ ပြောပါတယ်…
:k:
hmee
April 27, 2015 at 5:52 pm
မောင်နှစ်ယောက်လည်း ရှိသေးတယ်။ ဓါတ်ပုံ ရိုက်ချင်ရင် ပြောပါတယ်။ 🙂
Ma Ei
April 24, 2015 at 12:47 pm
ဂုဏ်ပြုထိုက်သူ ကို ချီးကျူ း ဂုဏ်ပြုတာ မင်္ဂလာတစ်ပါးပါ မှီ ရေ….
မှီပြောတဲ့ ရွာ …
…ရှမ်းရိုးမတောင်ကြီးက နောက်ခံ ပြီးတော့ စစ်တောင်းမြစ် နောက် ရွာရယ် သစ်သား လူကူး တံတားရယ် မနက်အစော တောင်ကြားထဲက နေ စထွက်လာတာရယ် သိပ်လှတယ်…
စာထဲမှာကို လှနေတာ …စိတ်ဝင်စားလိုက်တာ…
hmee
April 27, 2015 at 5:54 pm
တကယ်ကို အလည်ခေါ်ပါတယ ်အမအိရေ။ သူများ ရိုက်လာတဲ့ ရှု့ခင်းပုံတွေ ရွာထဲမှာ တင်ဦးမယ်။
uncle gyi
April 24, 2015 at 11:23 pm
နားမကြားစကားမပြောနိုင်တဲ့ကြားထဲမျက်စိပါမမြင်ဖြစ်သွာုးရင်
ပြီးရောပေါ့မမှီရယ်
သူူ့ဆီမှာမြင်နိုင်တဲ့ကံကလေးပါရင်မြင်စေချင်ပါတယ်
မျက်စိဆရာဝန်ပြကြည့်ဖူးသလားမရတော့ဖူးတဲ့လား
ပိုက်ဆံမရှိလို့မကုနိုင်တာလားသိချင်ပါတယ်
တကယ်လို့ကုလို့ရရင်ဘယ်လောက်ကုန်မလဲ
အလှူရှင်ရှိသလားငွေမလောက်ဖူးလား
ကုုူနိုင်မယ်ဆိုဘယ်လိုကူနိုင်မလဲသိချင်ပါတယ်ဗျာ
hmee
April 27, 2015 at 5:59 pm
အန်ကယ်ကြီး ပြောမှ စဉ်းစားမိတယ်။ ပြကြည့်ဖို့တောင် စဉ်းစားမိပုံ မရဘူးထင်တယ်။ အသက်လည်းကြီးပြီမို့ပဲလား မပြောတတ်ဘူး။ နောက်တခေါက်မှ စပ်စုကြည့်ဦးမယ်။
မွသဲ ( 17082011 )
April 26, 2015 at 4:56 pm
ချီးကျူးစရာပါပဲမမှီရေ။ ဂုဏ်ပြုထိုက်သူပါပဲ
hmee
April 27, 2015 at 6:00 pm
ဟုတ်တယ် မသဲရေ။
black chaw
April 28, 2015 at 2:17 pm
ဂုဏ်ပြုထိုက်ပါတယ် မမှီရေ…။
မသန်ပေမယ့် စွမ်းသူ ပါပဲဗျာ…။
padonmar
April 28, 2015 at 10:11 pm
မှီရေ
ဗိုက်တာမင်အေ ချို့တဲ့ တဲ့ ကြက်မျက်သင့်တာများလား။
ကြာပြီ ဆိုရင်တော့ မရတော့ဘူး။
ခဝဲခြံမျက်မမြင်ကျောင်းက မျက်မမြင်တွေဆိုလည်း အားငယ်မနေဘူး။
လက်မှုအတတ်တခုခုနဲ့ ဝင်ငွေ ရှာနိုင်တယ်။
လက်ကောင်းခြေကောင်းကြီးတွေနဲ့ တောင်းစားနေတဲ့သူတွေ တွေ့ရင် ဒီဦးသောင်းတင်လို လူမျိုးတွေရှေ့ လက်ဆွဲပြီး သွားပြလိုက်ချင်တာပါပဲ။
မဟာရာဇာ အံစာတုံး
April 28, 2015 at 11:28 pm
တီမှီ ပြောသလို …
လူ မသန်ပေမယ့်၊ စိတ်ဓါတ် စွမ်းတဲ့ လူတစ်ယောက်ပါပဲ …
ဒီလိုမျိုးနဲ့ တစ်နေ့ တံမျက်စည်း ငါးချောင်း လုပ်နိုင်တာ၊
ပိုက်ပိုက် ငါးထောင် ရှာနိုင်တဲ့ အင်အား ကလည်း မသေးဘူးနော့ …
တံမျက်စည်းတွေ ကြည့်ရတာလည်း ခိုင်မယ့်ပုံပဲ ..
တစ်ချို့ဆို လှည်းလိုက်တာနဲ့ အုန်းဆံတွေ ကျွတ်ထွက်ကုန်တာရယ် ….။
ဦးကြောင်ကြီး
April 29, 2015 at 10:27 am
အာတီဒုံဂျီး အနော်မှား ပါပီ.. ဝုတ် ဝုတ်