( သနားစရာ့ အညာဆန် )
ဂေါဝိန်ကအထွက် သင်္ဘောထက်မှာ
ဗလာနီးပါး ခရီးသွား
အပြောင်းများတစ်ဖက် ခုလက်ထက်ဝယ်
ရှော်တယ်စက်ပြောင်း ခုတ်မောင်းသော်လည်း
အလျင်လိုခရီးအတွေး ရှပ်ပြေးလေးရဲ့
တစ်ခဏနဲ့ နီးသကိုး ၊
ထိုမှတစ်လီ ကားလမ်းဆီဝယ်
ဟိုမယ် အိပ်စ်ပရက်စ်
ဒီညထွက်ရင် မနက်ရောက်
အဲသလောက်မြန်သမို့
ဒို့တွေလူသား သုတ်သုတ်သွားလို့ သုတ်သုတ်ပြန်
အဟုတ်မြန်မြန် ရုန်းကန်လှုပ်ရှား
ခေတ်များပြောင်းပြီမို့ အညာဆန်တို့ရေ
ကုန်ပို့အဖြစ်နဲ့ နေရစ်စေ ။
( ခရီးသည် မပါသလောက်ဖြစ်နေတဲ့ မန္တလေး – ဗန်းမော် အညာဆန်သင်္ဘောများကိုယ်စား )
11 comments
အောင် မိုးသူ
May 8, 2015 at 3:49 pm
အညာကို ဆန်တက်သလားးး
Ma Ma
May 8, 2015 at 4:03 pm
အညာဆန်တင်မကပါဘူး ပြည်တွင်းခရီးသွားလုပ်ငန်းမှာ ရေလမ်းကြောင်း အသုံးပြုမှုက မရှိသလောက်နည်းသွားတာ ဘယ်နှစ်နှစ်မှ မရှိသေးဘူး။
ဟိုးတုန်းက ရေလမ်းကြောင်းတစ်ခုကိုပဲ အားပြုခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်ကဆိုရင်လည်း သဘောင်္တွေကို လူူစီးဖို့မပြောနဲ့ ကုန်တင်ဖို့တောင် သိပ်မသုံးကြတော့ဘူး။
ကားလမ်းတွေ ပေါက်လာတဲ့ ကောင်းကျိုးပေ့ါ။
အဲလိုတွေကြည့်တော့လည်း လက်ရှိအစိုးရကို ကျေးဇူးတင်မိပြန်ရော။ :a:
တောင်ပေါ်သား
May 8, 2015 at 4:24 pm
ဟုတ်တယ်အမရေ
အရင်က ဗန်းမော် – မန်းကို ပစောက်နာမည်တပ် ဒီသင်္ဘောတွေနဲ့ပဲ သွားလာခဲ့ရတာ ၊
အဆန်ဆို ၃ ညအိပ် ၄ ရက် ၊ အစုန်ဆို ၂ ညအိပ် ၃ ရက် ၊
သင်္ဘောပေါ်မှာ ထမင်းဆိုင် စာအုပ်ဆိုင် ဖဲဝိုင်း အို စုံလို့ပေါ့ ၊ တမေ့တမောခရီးကြီးကိုး ၊
အခု ပြည်ကြီးတံခွန် ၂ ထပ်ခွဲသင်္ဘောတွေက ၁ ညအိပ် ၂ ရက်နဲ့စုန်ပေမယ့်
သောင်တွေကများ ရေလမ်းကြောင်းက မကောင်းနဲ့ ၊
ကားလမ်းက ညထွက် မနက်ရောက် ၊ ရှပ်ပြေးတွေကလည်း ပေါ်လာဆိုတော့
ဒီသင်္ဘောတွေက ကုန်သင်္ဘောတွေဖြစ်ရတော့တာပေါ့ ၊
Alinsett @ Maung Thura
May 9, 2015 at 2:12 pm
.ရေလမ်း ခရီးသွားလုပ်ငန်းက…. တိုးတက်အောင်…လုပ်ဖို့ လိုတဲ့သဘော…
.ရန်ကုန်ကနေ ကျနော့်မေမေရဲ့ မြို့ မအူပင်ကို သွားတဲ့အခါ… ကားနဲ့ဆို နှစ်နာရီပဲ ကြာမှာကို..
သဘောင်္နဲ့ဆိုရင် ငါးနာရီလောက် အချိန်ပေးရမှတော့……
.ရေကြောင်းပို့ဆောင်ရေးက…ဒီအတိုင်း သွားနေဦးမယ်ဆိုရင်… ဒီတစ်သက် သင်္ဘောတကြော ပြတ်ပြီ…
😆
Ma Ei
May 9, 2015 at 3:20 pm
အမအိ အမျိုးသားဆို သူတို့ငယ်ငယ်တုံးက စစ်ကိုင်းကနေ ရန်ကုန်ကို သင်္ဘောနဲ့ပြောင်းလာကြတာ
ဆိပ်ကမ်းကပ်တိုင်းမြို ့ပေါ်တက်လည်လို့ရ ရုပ်ရှင်ကြည့်လို့ရတဲ့အကြောင်း ခုထိပြောတုန်းရယ်…
ခင်ဇော်
May 9, 2015 at 3:56 pm
အရင်က ကသာထိဆို၂ ညအိပ်လောက်သွားးရတယ်နော်..
ကျနော် ၂ တန်းးလောက်က…
kai
May 9, 2015 at 4:33 pm
ယူအက်စ်မှာတော့… သင်္ဘောတွေက.. တိုးရစ်ဇင်နဲ့အလုပ်တွေဖြစ်ကုန်သဗျ…။
ပင်လယ်ကမ်းရိုးတမ်းသွားရော.. မြစ်ကြောမောင်းသင်္ဘောရောပေါ့…။
လေသန့်ကလေးလည်းရူ..။ လွတ်လွတ်လပ်လပ်လည်းနေ…။ ဖြည်းဖြည်းငြိမ့်ငြိမ့်အရသာ…။
အဲဒီဖက်ပြောင်းကြ..။ :k:
Ma Ma
May 9, 2015 at 5:53 pm
ဟုတ်ပ့ါ။
မြစ်ကြောတလျှောက် သင်္ဘောစီးခရီးသွားရတုန်းက ပင်ပန်းလိုက်တာလို့ ထင်ခဲ့ပေမယ့်…..
မြန်မြန်ဆန်ဆန်ရောက်တဲ့ ကားနဲ့သွားလာရတဲ့အခါကျတော့ ဟိုးးးတုန်းကအချိန်တွေကို လွမ်းမိပြန်ရော။
မြစပဲရိုး
May 9, 2015 at 9:30 pm
ကိုမျိုး ပြတဲ့ ပုံလေးကြည့်ပြီး လွမ်းတောင်သွားတယ်။
ကျွန်မတို့ အဘိုး အဘွား လက်ထက် က အဲဒီလောက် မကြီးပေမဲ့ တစ်ထပ်ခွဲ လောက် ရေယာဉ် တွေ နဲ့ လုပ်ငန်းလုပ်ဖူးတယ်။
. ပြည်နဲ့ ဧရာဝတီ နဖူး နားက နီးစပ်ရာ ရွာတွေ မြို့တွေ ကို ပြေးတာ။
တစ်စီး က ရန်ကုန် ထိ ဝါး တွေ ဆွဲပြီး ပို့ပေးတယ်။
အဲဒီ မော်တော်လေး ရန်ကုန်ရောက်ရင် ကျွန်မတို့တွေ ရန်ကုန်မြစ်ထဲ အပျော်စီးထွက်တယ်။
အရမ်းပျော်ဖို့ကောင်းတာ။
. အခုတော့ အဲဒီ လုပ်ငန်း တွေလဲ မရှိတော့ပါဘူး။ စစ်ပြန်စစ်မှုထမ်း က ဝင်လာပြီး လက်ဝါးကြီးအုပ် လိုက်တာ။
. နောက်ပိုင်း သူတို့လဲ ဘာတစ်ခုမှကို ကောင်းအောင် မလုပ်နိုင်ဘဲ လမ်းပန်းဆက်သွယ်ရေး လဲ ပျက်ရော။
. အသစ်တွေ အဟောင်းဖြစ်။ မပြောတော့ပါဘူး။
ဒီ အစိုးရသာ ဒီလို မလုပ်ခဲ့ရင် အခုဆို ကျွန်မလဲ ရေယာဉ် ပိုင်ရှင် လုပ်ငန်းရှင်ကြီး အဖြစ် အဖွားမြို့ လေးမှာ ပျော် နေမလားဘဲ။
အခုတော့ သူရို့ ကို ကျေးဇူးတင်သင့်သလားတောင် မသိတော့။
ရန်ကုန် မြစ်ထဲ မှာရော၊ ပုဂံနားမှာရော အပျော်စီးရေယာဉ် တွေ ရှိနေပြီ သူကြီး ရဲ့။
တောင်ပေါ်သား
May 11, 2015 at 1:32 pm
အမှန်ကတော့ ဗန်းမော် ရွှေကူကနေ မန်းကိုသွားချင်ရင်
ကားက ပိုအဆင်ပြေလာတာပါ ၊၊ မြန်လည်းမြန် စားစရိတ်လည်း သက်သာသကိုး ၊
ကားလမ်းမပေါက်တဲ့ မြစ်ဘေးက ရွာတွေကလည်း လိုင်းမော်တော် ရှပ်ပြေးတွေကိုပဲ အားကိုးလာတော့
ပြိုင်ဘက်များလာတဲ့ဘဝမှာ ဒီအညာဆန်သင်္ဘောကြီးတွေဟာ တစ်ခေတ်မှာ ကျန်ခဲ့ရရှာပြီလေ ၊၊
naywoon ni
May 11, 2015 at 9:08 pm
တစ်ဘက်နဲ့တစ်ဘက်
မညီမျှတဲ့ တိုးတက်ခြင်းပေါ့ဗျာ ။ တိုင်းပြည်ကို စီမံခန့်ခွဲသူတွေက လွှတ်ပြီး အရမ်းကာရော တော်ကြသကိုး 🙂