Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြားနေမဲ – Swing Vote (2008) (KZ’s ကြည့်မိသမျှ)

ဇီဇီNovember 2, 20152min59812

 

Swing Vote (2008) တဲ့။

၂၀၀၈ က ထွက်တဲ့ ကားလေးး…..

ကေဗင် ကော့စနာ ကားကို ဘယ်လိုလုပ် မျက်စိမှောက်ပြီး မကြည့်လိုက်ရလဲ မသိ။

အဲဒါ စနေနေ့ညက ကြည့်ဖြစ်လိုက်တယ်။

 

ဇာတ်လမ်း အရ အမေက ပစ်သွားလို့ အဖေနဲ့ သမီး ၂ ယောက်ပေါင်း ဘဝတစ်ခု တည်ထောင်နေတာပါ။

သမီး ဖြစ်သူက ဉာဏ်ရည်မြင့်၊ ခံယူချက်မြင့်သလောက်…

အဖေက ပေါ့ပေါ့နေပေါ့ပေါ့စားး

နေတာက နယ်စပ်ဖက်မှာ။

အစိုးရလူကြီးမင်းတွေကတောင် ဘယ်နေရာမှန်း ရုတ်တရက်မသိလို့ မြေပုံပြခိုင်းရတဲ့ နေရာမျိုး။

မက်စီကန် တွေ လာလာ အလုပ်လုပ်လို့ သူတို့ နေရာပျောက်ပါတယ်ဆိုပြီး မကျေနပ်တဲ့ သူတွေ များတဲ့ နေရာလည်းဖြစ်သေးရဲ့။

 

.

 

မဲပေးရမဲ့ တစ်ရက်က သူ့သမီးလေးက ဇွတ်လာခိုင်းပေမဲ့ မူးပြီး ရောက်မလာနိုင်တာကြောင့် သမီးဖြစ်သူက အသက်မပြည့်ပဲ မဲခိုးပေးနေတုန်း System Error တက်ပါတယ်.

 

ဖြစ်ချင်တော့ ရီပါဘလေကင် ရော ဒီမိုကရက် ပါတီရော မဲ အတူတူဖြစ်နေချိန်မှာ သူ့ရဲ့ မပေးရသေးတဲ့ မဲ က အဆုံးအဖြတ်ဖြစ်သွားပါလေရော။

 

အဲဒီအချိန်က စ နယ်မြို့လေးမှာ Air force one အပါအဝင် အကြီးအမားအပြောင်းအလဲတွေ ဆိုက်ရောက်လာတော့တာပါပဲ.။

လက်ရှိသမ္မတနဲ့ သမ္မတလောင်းတို့ အပြိုင်မဲဆွယ်ကြပုံ နဲ့

အရေးပါတဲ့ လူကြီးတွေ ဘေးမှာ ရှိနေရတဲ့ သူတွေရဲ့ ညာဏ်ရည်နဲ့ စွမ်းဆောင်နိုင်မှု

နိုင်ငံရေးခံယူချက်မရှိသူရဲ့ နာမည်ကျော်ကြားလာမှုမှာ သာယာမှု စတာတွေကို ဟာသနှောပြီး ရိုက်သွားတာပါ။

 

အဖေလုပ်သူက ရွေးကောက်ပွဲ ဘယ်သူတွေ ပါဝင်မှန်း တောင် မသိ၊

စိတ်ကို မဝင်စားတာကို နောက်ဆုံး ကိုယ်တိုင် မေးဖြေလုပ်ပြီး ဆုံးဖြတ်သွားနိုင်အောင် အထိ သမီးဖြစ်သူက တွန်းအားပေးခဲ့တာပေါ့။

 

မဲပေးရမဲ့နေ့မှာ အဖေကို သတိပေးစကား ပြောတဲ့ အခန်းလေးက ချစ်ဖို့ အကောင်းဆုံးပါပဲ။

:chit:

 

Molly Johnson: Don’t forget today.

Bud Johnson: Yeah uh, what’s today?

Molly Johnson: Election Day, dummy. I’m supposed to do a report on your voting, remember?

Bud Johnson: Well I already told you before, I’m not even registered.

Molly Johnson: I registered for you, in the mail.

Bud Johnson: Well that’s great. I’ll get jury duty now…

Molly Johnson: It’s your civic responsibility.

Bud Johnson: My what?

Molly Johnson: It’s your civic responsibility.

Bud Johnson: My civic responsibility, where are you learning this crap?

Molly Johnson: Mrs. Abernathy.

Bud Johnson: Yeah, well…  stay away from her.

Molly Johnson: She’s my teacher.

Bud Johnson: Ah.!!!!

.

.

ဒီလောက်မသိနိုးနားနေမှတော့ Swing voter အဖြစ်ရောက်နေတာ အပြစ်မတင်ချင်ပေမဲ့

ဝေဖန်ပိုင်းခြားနိုင်တယ်လို့ ပညာရှိတဲ့ သူတွေ Swing voter   ဖြစ်နေတာကျ ကျနော် နားမလည်နိုင်။

🙄

 

ဆရာ စိုးမင်းပြောသလို….

 

“တစ်သက်နဲ့တစ်ကိုယ် သူ့လောက် လှိုက်လှိုက်လှဲလှဲ လူထုထောက်ခံမှုရတဲ့သူ၊ ပြည်သူချစ်ခင်တဲ့သူ မတွေ့ဖူးသေးဘူး။

သည်လိုခေါင်းဆောင်မျိုး ရထားတဲ့အတွက် ဂုဏ်ယူတယ်။

သည်လိုခေါင်းဆောင်မျိုးကို တန်ဖိုးထားရကောင်းမှန်းမသိတဲ့အထိ ကိုယ့်ဗိုက်ထဲမှာ အဆိပ်အပင်းတွေ ပြည့်မနေတာ၊

ကိုယ့်ဦးနှောက်ထဲမှာ သူများချေးတွေ ပြည့်မနေတာကိုလည်း ကျေနပ်မဆုံးဘူး။”

~~~~~~~~~~~~~

 

သူများ နိုင်ငံတွေလို အကောင်းတကာ့ အကောင်းဆုံးကို ရွေးလို့ရလို့ … ရွေးခွင့်ရှိလို့ … Swing ရင် ကြားကောင်းသေးတယ်။

:k:

 

Credit to  BrainWave ဉာဏ်လှိုင်း
Credit to
BrainWave ဉာဏ်လှိုင်း

12 comments

  • မြစပဲရိုး

    November 2, 2015 at 3:50 pm

    အဲဒီ ကြား က swing voter တွေ ကို ရအောင် ဆွဲနိုင်ဖို့ အရေးကြီးတာပါ့ ဇီ ကလေးရေ။
    ဒါကြောင့် အခုနောက်ပိုင်း အရင်က ပါးစပ်ပိတ် နေတဲ့ ပညာရှင် တစ်ချို့ တောင် မဟုတ် တော်တော်များများ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီချုပ် အတွက် မဲ ပေးမယ်လို့ တရားဝင် ပြောလာကြပြီ။
    အဲဒီ လူတွေ နဲ့ အားက လဲ မနည်းလှတာ တွေ့ရတယ်။
    ဒါတောင် သူတို့ ဟာသူတို့ နိုင်ငံရေး ဂုရု ဆရာ အမည်ခံ ထားသူ တစ်ချို့ က ကိုယ်ဘယ်သူ့ ကို မဲ ပေး တယ် ဆိုတာ ကိုယ့် လင်၊ ကိုယ့် မယား တောင် မပြော ရဘူး ဆိုဘဲ။
    (ဘုတ်အုပ် ကြီး ကို ရွတ်ပြီး လက်တွေ့ ကို မသိဟန် ဆောင်နေတာပေါ့)
    အဲဒီ အပြော တွေ နဲ့ အဖျက်ဝင်လုပ် နေကြ တာ တွေ ကို စိတ်ပျက်လွန်းလို့။
    သူတို့ ကြည့်ရတာ လဲ သူတို့ မှ အသိ အတတ် ထင်နေတော့ ကြား တစ်ခြား ပွဲကြည့်ပရိတ်သတ် ကို မေ့ နေလားတော့ မသိ။
    အခုချိန် မြန်မာပြည် ရဲ့ အခြေအနေ လူတန်းစား ဟာ သူတို့ ပညာပေးနေတဲ့ တောက ပညာမတတ် တဲ့ သူ တွေလို့ ဘဲ မှတ်နေလားတော့ မသိ။

    ဒါက အရီး သူငယ်ချင်း ဆီက “မ” လာတာ။
    Credit – Ko Htay Naing
    ====================
    ရွေးကောက်ပွဲတိုင်းမှာ swing voters တွေရှိပါတယ်။ နှစ်ဘက်စလုံးမှ သဘောထားပျော့ပြောင်းသူများကို ရည်ညွှန်းတာဖြစ်ပါတယ်။ သာကူး၊ ခြံစည်းရိုးခွထိုင်တယ်ဆိုတဲ့စကားတွေကတော့ နိုင်ငံရေးမှာမယဉ်ကျေးပါဘူး။ အခြေကျပြီးသားဒီမိုကရေစီကြီးတွေမှာ swing vote ဟာအရေးပါတဲ့အတွက် ကိုယ့်ဘက်ပါအောင်ဆွဲကြရတယ်။ မဲဆွယ်တဲ့နည်းကတော့ ကိုယ့်ပါတီဟာ အစွန်းတစ်ဖက်ကို မသွားပါဘူးဆိုတဲ့သဘောထားမျိုးပြခြင်းပဲ။ ကျွန်တော်တို့ရဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာလည်း အယူအဆကြောင့်ထက် အခြေအနေအရ ပြတ်ပြတ်သားသားမဖြစ်နိင်ကြတဲ့ တပ်မတော်သားတွေ၊ ပြည်သူ့ဝန်ထမ်းတွေ၊ တိုင်းရင်းသားတွေ၊ ဘာသာရေးမှိုင်းမိနေသူတွေ စသဖြင့် swing voter အများအပြားရှိကြမှာပါ။ သိမ်မွေ့တဲ့နည်းနာကတော့ ကိုယ်လူဖြစ်ပြီးသား ကိုယ့်ရဲ့ power base ကို boost လုပ်ရင်း swing voter တွေကိုတစ်ပါတည်းဆွဲဆောင်ခြင်းဖြစ်ပါတယ်။
    ====================================

    • မြစပဲရိုး

      November 2, 2015 at 3:52 pm

      ရုပ်ရှင် အညွန်းလေးအတွက် ကျေးဇူး။ :-))

    • ဇီဇီခင်ဇော်

      November 2, 2015 at 3:56 pm

      ပါတီ ခေါင်းဆောင် သဘောထားတွေ ကို ကျေညက်ရင်တော့ ဆုံးဖြတ်နိုင်ပါတယ် အရီးရေ။
      ပြောတဲ့ စကားတွေနဲ့ တင် ရွေးချယ်လို့ ရမှာပါ။

      ဟိ

      :k:

      • မြစပဲရိုး

        November 2, 2015 at 4:00 pm

        အခု ဇွန်ကြီး က အားဖြည့်ပေး လိုက်တော့ ပိုပြီး ပြတ်သားသင့်ပြီပေါ့။ lol:-)))

    • Mr. MarGa

      November 3, 2015 at 12:20 pm

      အဲ့လိုမဆွဲပဲ လာလာပြီး မထိတထိ ကလော်နေလို့ အရီးရေ
      ဆုံးမပါဦး :mrgreenn:

      • ဇီဇီခင်ဇော်

        November 3, 2015 at 1:30 pm

        တညား ဘာမှ မပြောဘု အရီးးး
        အနာရှိလို့ စပ်ကြတာပါ။
        တညားက စေတနာ ဘဘဘွနဲ့ ပိုးသတ်ပေးမို့ အရက်ပြန်နဲ့ လောင်းမိတာလေးပဲရှိတာ။

        :mrgreenn:

  • naywoon ni

    November 2, 2015 at 6:01 pm

    ဇွန်​ကြီးတင်​လား ဟို​နေ့ညကလည်​း ​နေပူ​ဒေါ်မှာ သားဆိုး တို့ ​သောင်​ကျမ်​းသွား ဆိုပဲ ။
    ××× ​သောက်​မလား အကို့ ××× ​သောက်​မလား အမ့ ××××
    အဲ့သချင်​းနဲ့ ဆိုပဲ 🙂

    • ဇီဇီခင်ဇော်

      November 3, 2015 at 8:54 am

      ဒီလောက်ကြီးတွေကို ကြွေမယ် လို့ ထင်တာတော့
      ဒါ အမျိုးသားဒု ကို သက်သက် ဆော်ဂါးဒါဘဲ။

      :k:

  • Alinsett @ Maung Thura

    November 3, 2015 at 12:39 pm

    ဇွန်ကြီးကိုလည်း မြင်တာနဲ့ အန်ချင်တယ်…
    .ဖွတ်ကြီးကိုလည်း မြင်တာနဲ့..အော်ဂလီဆန်တယ်..

    • ဇီဇီခင်ဇော်

      November 3, 2015 at 1:34 pm

      နာ့ ရုပ်ရှင်ညွန်းထဲ ဘိုလိုလုပ် ဖွတ်မ တွေ ပါလာတာတုန်း

      🙄

  • kai

    November 5, 2015 at 2:51 am

    ကန်င်ပိန်းကား…
    အဖွဲ့ချုပ်ကလူတွေကြည့်သင့်တယ်..။

    Our Brand Is Crisis (2015)
    R | 107 min | Comedy, Drama | 30 October 2015 (USA)

    Ratings: 5.5/10 from 1,176 users Metascore: 52/100
    Reviews: 13 user | 51 critic | 34 from Metacritic.com

    An American woman, well-versed in political campaigns, is sent to the war-torn lands of South America to help install a new leader but is threatened to be thwarted by a long-term rival.

    Director: David Gordon Green
    Writers: Peter Straughan (screenplay), Rachel Boynton (documentary)
    Stars: Sandra Bullock, Billy Bob Thornton, Anthony Mackie | See full cast and crew »

    • ဇီဇီခင်ဇော်

      November 5, 2015 at 11:51 am

      မကြည့်ရသေးဘူးဗျ။
      ရှာကြည့်အူးမှ။

      🙂

Leave a Reply