တောင်းပန်ပါတယ် … အမေရယ် ..
အမေကလည်းဗျာ ….တနှစ်တခါ သွား ထုတ် တယ်ဆို တော်သေး ..။
ဟဲ့ …. တနှစ်တခါ ဆို ဒီကြားထဲ ငါသေ သွားရင် ဘယ့်နှယ်လုပ်မတုန်း ..။
ကဲပါ …အမေ့သဘောပါ … ကျနော် ကားထွက်ငှားလိုက်အုံးမယ် …. ခဏစောင့် ။
* * * * * * * * * * * * * * * * *
ကဲ အမေဒီနား ထိုင်ပြီး ခဏစောင့် … လို တာ ကျနော် အကုန် လုပ်လိုက်မယ် ..ဟုတ်ပြီလား..။
အမေ တုတ် ကောက် ကြီး ဘေးနား ချထားလေ …အော် ဘယ်သူမှမယူပါဘူး အမေရယ် … ဒုက္ခပါဘဲ ။
ရပါပြီရှင် …… ဟောဒီမှာ ….. ကထိန် အလှုငွေ လေးတော့ ထည့်သွားအုန်းနော် …။
ဗျာ ……။
*****************************************
ငါ ဒီကဘဲ စောင့်မယ် …. မင်း သမီး အကြီးမက ဂျေ ဒိုးနပ် မုန့် တဲ့ ငါးခုလောက် ဝယ်ခဲ့ …။
အငယ်ကောင်က ပါဝါရိမ်းဂျား အရုပ် တဲ့ … ဟိုနားဒီနားလှည့်ပတ် ရှာခဲ့..။
*****************************************************************
အပြန် ကားပေါ်ကဆင်းတော့ … အမေ့ပင်စင် စာအုပ် ကို မသိမသာ ထိုင်ခုံအောက် ထိုးထဲ့ ထားလိုက် သည် ..။
ကားပေါ်မေ့ပါသွားပြီအမေရေ ……..။
***************************************************
ဂျေဒိုးနပ်က ……….၁၅၀ဝ ကျပ်
ပါဝါရိန်းဂျားအရုပ် ………. ၈၀ဝ ကျပ်
ကားခ အသွားအပြန် ………. ၆၀၀ဝ ကျပ်
အမေ့ပင်စင် သုံးလတခါထုတ် ရငွေ ……၁၈၀ဝ ကျပ်
***************************************************
ခွင့်လွှတ်ပါအမေ ရယ် ..။
အော် …အလှုငွေ ထဲ့ခဲ့ ရတာက ……….၅၀ဝ ကျပ် ထည့်တွက် ရအုန်းမယ်လေ …။
**************************************************************
အမေ သည် မန ္တလေး စာတိုက် ကြီး မှ နှစ်ပြည့် ၃ဝ နှစ် အလုပ်လုပ်ပြီး ပင်စင် ယူ လိုက်သူဖြစ်ပါသည်။