Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရဲရဲနီတဲ့ သွေးစက်တို့ရဲ့ ရာဇဝင်

alinsettJune 27, 20155min57510

daw-suu-return

ရဲရဲနီတဲ့ သွေးစက်တို့ရဲ့ ရာဇဝင်

***************

တချို့အရှုံးတွေကို
အမေက . . .
”တည်ငြိမ်တဲ့ အပြုံး”နဲ့ ရင်ဆိုင်တယ်။

တချို့ အပြုံးတုတွေကိုတော့. . .
အမေက. . .
ငြိမ်းချမ်းတဲ့ နှလုံးသားနဲ့
တည်ကြည်စွာ ခံစားဆက်ဆံတယ်။

တချို့က ပြောတယ်. .  .
အမေ့အကြောင်း မကောင်းသတင်းတွေပေါ့. . .
ကဲ့ရဲ့တင်းဆို သတင်းပိုတဲ့စကားတွေက. . .
ဂုဏ်ရှိန်ကြီးမြင့်လှစွာသော အမေ့ကို ခြေလှမ်းတစ်ချက်တောင်မှ
မယိုင်နဲ့စေခဲ့ဘူး။

တခါတလေများ. . .
အမေ့ရပ်တည်ချက်နဲ့ သက်ရှင်ဖြစ်တည်မှုကို  အံ့ဩမိတယ်. . .
အမေ့ခန္ဓာနဲ့ ဉာဏ်ပညာဟာ
ငါတို့အားလုံးအတွက်ပဲတဲ့လား. . .
အမေရယ်. . .
သိပ် ရိုးသားလွန်းလို့ ကမ႓ာ့အလည်မှာ ဆန်းကြယ်နေတဲ့အမေ. . .

တခါတလေမှာတော့. . .
သားစားကျူးတဲ့ ကျားရဲတွေကြားက. . .
မောလျနွမ်းနယ်ဟန်တောင် မပြခဲ့ရှာတဲ့ အမေ့ကို. . .
လက်ဖျားခါမိတိုင်းပေါ့. . .
အမေနဲ့ထိုက်တန်သော ငြိမ်းချမ်းရာ. . .နေရာ. . .
အမေနဲ့ အပ်စပ်သော ကြီးမြတ်ရာ အဝန်းအဝိုင်း. . .
အမေ့အစွမ်းအစတို့ ပြသခွင့် ရနိုင်သော ရာထူး အာဏာတွေရှိရာသာ. . . သွားပါတော့ အမေရယ်လို့  …ပြောပစ်လိုက်ချင်တယ်အမေ. . .

တကယ်ပါ . . .တခါတရံမက. . . ခက်မာဖြောင့်မတ်တဲ့ အမေ့စိတ်ဓါတ်နဲ့ . . .
ပြတ်သားတဲ့ အမေ့ရပ်တည်ချက်. . .
ပြီးတော့. . .
ကိုယ်ကျိုးမတွက်တဲ့
အမေ့ရဲ့ တိုင်းပြည် ချစ်စိတ်ကို တွေးမိတိုင်းပေါ့. . .
(ပြစ်မျိုးမှဲ့မထင် သူတော်စင်အမျိုးသမီး မဟုတ်သော မိန်းမတစ်ယောက်ပေမယ့်) အမေ့ကို . . .
ကျွန်တော်. . . လက်အုပ်ချီချင်မိတဲ့အထိပဲ အမေ. . .

တခါတလေမက. . .
အမေ သတိရမှာပဲ. . .
အမေ့ဝမ်းနဲ့ လွယ် မွေးခဲ့တဲ့သားတွေကို. . .
အို. . .
ဟိုစဉ်အချိန်တွေကတည်းက. . . ပြင်းစွာသော သတိရတမ်းတခြင်းနဲ့. . .
ငါတို့ရဲ့ အမေ. . . သတိရခဲ့မှာပဲ. . .
အသက်ခန္ဓာ မလုံခြုံတဲ့ နေအိမ်အချုပ်ထဲကနေ. . .
အမေ့ချစ်တဲ့သူတွေရဲ့ နွေးထွေးလုံခြုံသော ရင်ခွင်ကို. . .

တခါတရံမကပါပဲ အမေရယ်. . .
အမေ့ရဲ့ မိန်းမသားတစ်ယောက်ဖြစ်တည်မှုနဲ့
အမေ့ရဲ့ ကိုယ်ပိုင်ဘဝတစ်ခု. . . အပျောက်အရှခံခဲ့ရတဲ့ နှစ်ပေါင်းများစွာမှာ. . .
အမေ အားငယ် အထီးကျန်ခဲ့ဖူးမလား. . .
တွေးကြည့်မိတယ်. . .

တခါတရံမက. . .
တခါတရံမကပါပဲ. . .
အမေ့ကို သစ်တစ်ပင်လိုသဘောထားပြီး အမြစ်ကနေ ဆွဲနှုတ်မယ့်အကြံနဲ့  ထောင်ချောက်ဆင်သူတွေကြားမှာ . . .
လူးကာလွန့်ကာနဲ့ပေါ့. . .
ငါတို့ရဲ့
ချစ်လှစွာသော အမေက အပြုံးမပျက်ပဲ . . .
ကိုယ့်ကိုကိုယ် ထူထောင်ပြခဲ့တယ်။

တခါတခါများမှာ. . .
အမေ . . .
အမေရယ်. . .
အမေ သိပ် မောမှာပဲ. . .

တခါတခါ. . .
အမေ မောပမ်းနွမ်းလျ . . .
ပစ်လဲကျသွားမတတ်ဖြစ်သွားတဲ့အခါမျိုးမှာ. . .
အမေ့ ဘာကို တမ်းတ မျှော်ကိုးသလဲ. . .
အမေ မျှော်ကိုးတောင့်တဲ့ မြက်တစ်ပင်တောင်မှ
အမေ့အနား. . .
လှမ်းဆွဲစရာ မရှိတဲ့အခါ. . .
ဘယ်လို အားနဲ့
အမေ အသက်ဆက်ခဲ့သလဲ. . .

အမေရယ်. . .
မယုံနိုင်လောက်အောင်ပါပဲ. . .
အမေ့ရဲ့သွေးက ရဲလွန်းတယ်. . .
အမေ့ရဲ့ ဦးတည်ချက်ဆိုတာကလည်း. .
တည့်မတ်ခိုင်ကြည်လွန်းပါရဲ့. . .

(သို့ပေမဲ့ . . .သို့ပေမဲ့ပေါ့ . . .အမေရယ်. . .)
တခါတုန်းဆီကတည်းက. . .
အမေ မျှော်မှန်းတမ်းတထားတဲ့
ငါတို့အတွက် ”ပြီးပြည့်စုံသော ဒီမိုပန်း”ကို
တနေ့နေ့တော့. . . လှမ်းချူနိုင်မှာပဲ. . .လို့ . . .
(အမေ့ ”အား”နဲ့ )
”ငါတို့”ယုံတယ်။

”တနေ့နေ့တော့”ရယ်ကို. . . မျှော်ရည်မှန်းပြီး. . .
အမေရယ်. . .
ငါတို့ရယ်. . .
အားအင်တွေ. . .သွယ်ကာ ဆက် . . .
ဟောဟိုက ဆူးခင်းလမ်းထဲ
အစီအရီ ချီတက်ကြပါဦးစို့ အမေ. . .

ကမ႓ာ မကြေခင် . . .
”အရာ”ထင်စေရမယ့်အရေးပါပဲ
ဒါဟာ. . .
အမေ့သမိုင်း ဖြစ်တဲ့အပြင်. . .
ငါတို့ သွေး … ရဲ မရဲဆိုခြင်းရဲ့ ရာဇဝင်လည်း ဖြစ်ပေတယ်။

********************

Alinsett @ Maung Thura

(၂၀၁၅ ၊ ဇွန်လ ၂ရ ရက်
မနက် ၈ း ၂၁ )

10 comments

  • မြစပဲရိုး

    June 27, 2015 at 11:14 am

    . ကျုပ် ခေါ်ထုတ်ချင်တာ က မရှိမှ သိ တတ် တဲ့ လူများ အတွက်။

    ဒါပေမဲ့ ……
    မသိလို့ ကို မသိတာ ဖြစ်နေသူ တွေ အတွက် အဆီမရှိတဲ့ သူ့ကျောပိန်ပိန်လေး ကို ခင်းပေးနေဦးမှာပါဘဲ ဆက်ဆက်ရယ်။

    ဒါပေမဲ့ ……
    အရိုး တွေ က ကျောလေး က နင်းလို့ မကောင်းပါဘူး ပိတ်သတ်ကြီး။
    အဆီ တွေ နဲ့ ပြည့်နေတဲ့ ကျောကြီး တွေ ကို သာ ရအောင် လှဲပြီး နင်းတော် မူကြပါ။

  • မြစပဲရိုး

    June 27, 2015 at 12:03 pm

    Credit – Su Da (မြစ်သား)
    အကြွေးတောင်းသော ဒကာမကြီး
    ******************
    ကုသိုလ်ပြုတယ်ဆိုတာ အချိန်ရာသီနဲ့ လိုက်ပြီးလည်း ပြုတတ်ရတယ်။ ဒါမှ ကာလဒါန ဖြစ်တော့မပေါ့။ ကုသိုလ်ပြုသည့်နေ့တိုင်း မိမိ လိုက်ပါသွားခဲ့ဖူးသည်။ ဒကာမကြီးကား သံဃာတော်များကို ခုတုန်းလုပ်၍ နိုင်ငံရေးအကြောင်း မပြော။
    သူမ လျှောက်ထားသည်က ဆရာတော်ဘုရားကြီးထံမှ တပည့်တော် အကြွေးရစရာ ရှိပါသည်ဘုရားတဲ့။ ဒီတော့ ဆရာတော်ဘုရားကြီးက ဘာတုန်း သမီးရဲ့ဟု မေးတော်မူသည်။ တို့တော့ ဘာမှ ပေးရန်မရှိပါဘူးဟု ခက်ပြုံးပြုံးလေး မိန့်လေသည်။
    အရင်တစ်ခေါက်က အခွင့်ကြုံရင် အင်္ဂုလိမာလအကြောင်း ဟောပြောပေးမယ်လို့ မိန့်ထားတာ။ ခုထိ မဟောရသေးဘူးလေဘုရား။ အဲဒါ အကြွေးပေါ့။ တပည့်တော် နာယူချင်ပါသည်ဘုရားတဲ့။

    အော် မြတ်ဗုဒ္ဓ၏တရားတော်ကို တကယ်မြတ်နိုးတာပါလား။

    အော် ဒီက သမီးကို စိတ်ပူလို့ပါ။ ဒေါသအမျက်တွေ ထားပြီး သူတစ်ပါးကို ထိခိုက်စေမည့် အလုပ်တွေ မလုပ်ရအောင် မြတ်စွာဘုရားရှင်၏ မေတ္တာ၊ ကရုဏာတော် ကြီးမားပုံလေးတွေ ပြောပြဖို့ ရည်မှန်းထားတာပါ။
    အကျယ်ချုပ်က လွတ်ပြီးနောက်ရက်မှာ ဦးဇင်းတို့ ရိပ်သာသို့ ဒကာမကြီး တိုက်ရိုက်ရောက်လာပါသည်။ အစိုးရခေါင်းဆောင်ပိုင်းအပေါ်မှာ အမျက်ဒေါသ မထားဘဲ မိမိလုပ်စရာ ရှိသည်များကိုသာ သတိထား ပြုလုပ်သွားဖို့ ဆရာတော်ကြီးက တိုက်တွန်းတော်မူခဲ့သည်။
    အကျယ်ချုပ်အတွင်းကာလတုန်းကလည်း သတိပဋ္ဌာန်ဘာဝနာတရားရှုမှတ်ပွားများနေခဲ့သည်ဟု လျှောက်ထားခဲ့သည်။ ဒါဆို အားလပ်ရင် တရားလာဝင်ပါဟု မိန့်တော့ မှန်ပါဘုရား ဝန်ခံကတိပြုသွားသည်။
    မကြာလိုက်ပါ။ တရားလာဝင်ပါသည်။ အချိန်မှန် တရားမှတ်ပါသည်။ ညနေတိုင်း ဆရာတော်ကြီးကိုယ်တိုင် တရားဆွေးနွေးသည်။
    ဆရာတော်ကြီးက ရိုးရိုးသားသားနဲ့ မေတ္တာရှေ့ထားပြီး အများအကျိုးပြုဖို့၊ အမျက်ဒေါသမထားဖို့ တိုက်တွန်းခဲ့သည်။ ဒကာမကြီးကလည်း လိုက်နာခဲ့သည်။ အတူလက်တွဲ လုပ်ဆောင်ခဲ့သည်။ ခွင့်လွှတ်သည်းခံခဲ့သည်။
    တစ်ခါက ဒကာမကြီးလျှောက်ထားသည်မှာ သူမနဲ့ အနီးကပ်ထိုင်ရသည့် လွှတ်တော်အမတ်ဆိုသူသည် သူမကို အကျယ်ချုပ်ချခဲ့သည့် သူဖြစ်နေသည်။ သူမက ပျော်ပျော်ပဲ နှုတ်ဆက် ပြောဆိုပါသည်။ ထိုသူကလည်း အစ်မဟု ခေါ်ပြီး စကားပြောဖြစ်ကြသည်ဟု ဆိုသည်။ ဒါကိုပဲ တပည့်တော်မက ဝမ်သာရပါသည်ဘုရားတဲ့။ ကဲဗျာ အတုယူစမ်း။ ခွင့်လွှတ်တတ်လိုက်တာ။
    ဤကဲ့သို့သော ဆရာတော်ကြီးများ၏ အဆုံးမများကို ပိုင်ပိုင်နိုင်နိုင်ရရှိထားသော၊ သူ့အသက်အရွယ်နဲ့သူ ရင့်ကျက်ပြည့်စုံနေသော ဒကာမကြီးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဗုဒ္ဓသာသနာဝင်များကို ရက်ရက်စက်စက် လုပ်မည်ဆိုတာကို တွေးကြည့်တိုင်း မိမိနားမလည် ဖြစ်ရပေသည်။
    ဒါပေမဲ့လည်း ပြောတဲ့သူက ပြောသလို ယုံတဲ့သူကလည်း ယုံနေကြတော့ ဦးဇင်းတို့တစ်တွေ ကမ႓ာ့အလည်မှာ မျက်နှာငယ် အထင်သေးခံကြရအုန်းမယ်ပေါ့လေ။ သိပ်တော့ မထူးပါဘူး။ နှစ် (၆ဝ)ကျော်ကျော် အတွေ့အကြုံ ရှိထားတော့ နည်းနည်းခံသာသေးတာပေါ့။
    ဒကာမကြီးရေ့ ဘဝအဆက်ဆက်၊ သံသရာအဆက်ဆက်မှာ အဲဒီလို ဝဋ်ကြွေးတွေ မပါလာရအောင်၊ အခုဘဝမှာပဲ ဆင်းရဲတွေ အဆုံးသတ်ဖို့၊ မဟုတ်တရား ပြောဆိုစွပ်စွဲခြင်းဘေးက လွတ်ဖို့၊ ညစ်ပတ်မှုအရှုပ်အထွေးကြားကနေ ဦးဇင်းတို့ ရိပ်သာဆီသို့ ဒုတိယတစ်ခေါက် အပြီးသာ လာရောက်လှည့်ပါ။

    အကျိုးခုနှစ်ပါးနဲ့ပြည့်စုံနေသည့် သတိပဋ္ဌာန်ဘာဝနာတရားကိုသာ အားထုတ်လှည့်ပါတော့။

    ဒါမှလည်း ဘဝအမောတွေ ပြေမည်လေ—–။
    Su Da (မြစ်သား)
    ++++++++++++++++++++++++++++++++++++

    ဆက်ဆက်ရေ
    တိုက်တိုက်ဆိုင်ဆိုင် အခုဘဲ အပေါ်က စာလေး ဖတ်လိုက်ရတယ်။
    ဒီ ဘုန်းကြီး က လဲ ခေါ်ထုတ်နေပါပေါ့။

    အဲဒီ ဘုန်းဘုန်း ကို သိသူများရှိရင် လျှောက်ပေး ကြစမ်းပါ။
    ဒကာမကြီး က “အင်္ဂုလိမာလ” အကြောင်း ဘာလို့ ဟောခိုင်းစေချင်ရတာလဲ ဆိုတဲ့ အကြောင်းလေး။
    လူတွေကိုသတ်၊ လက်ညိုးတွေ ကိုဖြတ် လည်ပင်းဆွဲပြီး ထားသူ လူဆိုးကြီး အကျွတ်တရား ရသွားတဲ့ ဇာတ်လမ်း လေး ကို နားထောင်သင့်သူ ပရိတ်သတ် များ မြန်မာပြည်ထဲ ကြီးစိုးနေတာ အသိတရား ရအောင်လို့ပါ။
    တကယ်တော့ အေးအေးချမ်းချမ်း နဲ့ အကျွတ်တရား ရပြီး လူ့ဘောင်ကိုစွန့် တရားဘောင် ဝင်သင့်တာ က တစ်ခြားသူ တစ်ယောက်ပါ အရှင်ဘုရား။

    အမှန်တော့ လူပေါင်း တစ်ထောင် ရဲ့ လက်ညိုးပေါင်း တစ်ထောင် ကို ဆွဲထားရတာ အတော်တော့ လည်ပင်းလေးရှာမယ်။ (ဤကားစကားချပ် – ဆွေးနွေးရန်အကြောင်းအဟုတ်)

    • Alinsett @ Maung Thura

      June 28, 2015 at 2:54 am

      ကျနော်လည်း fb မှာ အဲ့ဒါလေး ဖတ်မိပြီးကတည်းက
      ဘာလို့များ (သိပြီးသား ဖတ်ပြီးသား နာယူဖူးပြီးသား) အဲ့ဒီ ဇာတ်တော်ကို ထပ် အဟောခိုင်းပါလိမ့်လို့
      .တွေးနေမိတာာာ

      တခါတခါကျ အမေ့ကို ငြိမ်းချမ်းစေချင်မိတဲ့အထိ. . .

  • ဇီဇီခင်ဇော်

    June 28, 2015 at 6:16 pm

    Credit to Theka Moe Nyo
    ~~~
    (လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင် မနေနိူင်တော့ဘဲ နေပြည်တော်တွင် တစ်အိမ်တက်ဆင်း လိုက်လံရှင်းပြနေရပေသည်။)

    ဒါက သတင်းထဲက စာကြောင်းပါ။ နောက်တစ်ယောက်ကလည်း ဉာဏ်ကောင်းတယ်ဆိုပြီး အဲလိုတွေ လုပ်နေတာ အချိန်ကုန်တယ်လို့ ခံစားရပါသတဲ့။

    တကယ်တော့ မနေနိုင်တော့လို့ လုပ်တာ မဟုတ်ပါဘူး။ လုပ်ရမှာမိုလို့ကို လုပ်တာပါ။

    ဒီလွှတ်တော်ထဲဝင်ပြီး ဒီလမ်းကိုလျောက်ရင် ရွေးကောက်ပွဲသည် မဖြစ်မနေကြုံရမယ့် အရေးအကြီးဆုံးသော ယှဉ်ပြိုင်မှုပါ။ မဝင်ဘူးဆိုရင် ဒီလိုလုပ်စရာ အကြောင်းမရှိဘူး။

    တဖက်က (တဖက်ဆိုတာထက် ကြားလူအနေနဲ့ ဆောင်ရွက်ရမယ့် ရွေးကောက်ပွဲ ကော်မရှင်ကိုယ်တိုင်က) ရည်ရွယ်ချက်ရှိရှိ ပြဿနာတက်အောင် လုပ်ထားတဲ့ မဲစာရင်းပါ။ မှားတာ ဘာတတ်နိုင်မလဲကွာလို့ ပြောလို့ရပါတယ်။ သိက္ခာရှိသော အဖွဲ့ဆိုရင် မမှားဖို့အတွက် လေ့ကျင့်ရပါတယ်။ ကက်ပက်စတီမြှင့်ရပါတယ်။ အချိန်လည်းရပါရဲ့၊ လူလည်းရှိပါရဲ့နဲ့ တနိုင်ငံလုံး မှားနေတာဟာ တမင်လုပ်ထားတယ်လို့တောင် ဆိုသင့်နေပါပြီ။

    အဲလို မှားနေတာကို သိက္ခာရှိရှိပြင်ပေးမလား။ ရည်ရွယ်ချက်ရှိရှိအမှားဆိုရင်တော့ မူထဲဘောင်ထဲကနေပြီး ပြည်သူကို မညည်းငွေ့မချင်း နှေးအောင်လုပ်ထားမှာပါပဲ။

    သူတို့ အဲဒီလိုလုပ်နေတာကို ပြည်သူက တွန်းရပါမယ်။ တကယ်က ကော်မရှင်ကိုယ်တိုင်က မဲစာရင်း စစ်ကြဖို့ ဆော်ဩရမှာပါ။ အခုတော့ သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြားတွေမှာ သွေးလွန်တုတ်ကွေး ကြေညာချက်လောက်တောင် မပါခဲ့ဘူးဆိုတော့ တမင် ပြည်သူ့အသိကို ဖျောက်ထားချင်တာပါ။

    အဲဒီလို ပြည်သူလူထုစိတ်ထဲမှာ ရွေးကောက်ပွဲ မဲစာရင်းနဲ့ ပတ်သက်တဲ့ (အရေးကြီးပါလားဆိုတဲ့ သိစိတ်) awareness ကို တက်လာအောင် လူထုခေါင်းဆောင်ကိုယ်တိုင်က လုပ်ပြရတာပါ။ အားနေလို့မဟုတ်ပါဘူး။ အလုပ်မရှိလို့ မဟုတ်ပါဘူး။ ဉာဏ်ပညာနဲ့ ဆိုင်တဲ့ကိစ္စလည်း မဟုတ်ပါဘူး။ လုပ်ရမှာမိုလို့ လုပ်တာပါပဲ။

    မသန္တာဝင်းပြောမှ သတိထားကြည့်မိတာလေးရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖက်ရှင်ကို အင်မတန် ဂရုစိုက်တဲ့ ပုဂ္ဂိုလ်ပါ။ ဒါပေမယ့် လူထုထဲ ကွင်းဆင်းစဉ်က ဝတ်ထားတာ အင်မတန်ရိုးရိုးလေး ဝတ်ထားတာပါ။ ပီအာဆိုတာ အဲဒါပါပဲ။ လူထုနဲ့ တသားထဲ စိတ်ကို ထည့်ပေးလိုက်တာပါ။

    ယူတတ်မယ်ဆို တပုံပါ။ ကဲ့ရဲ့ချင်ရင်လည်း တပုံပါပဲ။

    ဉာဏ်လေးတော့ သုံးကဲ့ရဲ့ပေါ့။ နှော…

  • Mike

    June 30, 2015 at 3:58 pm

    .ကဗ ျာလေးကိုကြိုက်သကွာ

Leave a Reply