Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျောက်စ်တည်မိတဲ့ သမုဒယဆည်…

ဟိုရောက်သည်ရောက် ရောက်တတ်ရာရာ ပြောရဦးမယ်…

ဒီလိုပါခင်ဗျ … ကျနော် ဦးကျောက်ခဲမှာ ဥမမယ် စာမမြောက် ၊ အရွယ်မရောက်သေးတဲ့ တူမလေး ၃-ယောက်ရှိပါတယ် ။ အစ်မလတ်ကမွေးတာ ၂-ယောက် ၊ ညီမငယ်ကမွေးတာ ၁-ယောက်ခင်ဗျ ။ ညီမကမွေးတဲ့တူမလေးကတော့ ကိုယ်တိုင်ကိုယ်ကြ မီးနေစောင့် ၊ ညရေးညတာ နို့ထတိုက် ၊ ကိုယ့်လက်ပေါ်မှာပဲမွေးခဲ့တယ် ဆိုပေမည့် ဦးကျောက်ခဲ တူမအားလုံးကို သာတူညီမျှချစ်ပါတယ် ။ တူမအကြီးကြတော့လည်း ဗဟုသုတပြည့်စုံပြီး စာတော်တာကလွဲရင် ထူထူအအမို့ သနားချစ်နဲ့ချစ်ရ ၊ တူမအလတ်ကြတော့လည်း ဖြတ်ထိုးဉာဏ်ကောင်းပြီး တွတ်တီးတွတ်တာ နှုတ်သွက်လို့ချစ်ရ ၊ တူမအငယ်ကြတော့လည်း အပြုံးချိုချိုနဲ့ အလွန်ဆော့လို့ချစ်ရ မရိုးရပါဘူးဗျာ ။

 

စာရေးရင်းလမ်းကြုံလို့ တူမအလတ်အကြောင်း ပြောရဦးမယ် ။ ဒီလိုခင်ဗျ… တူမအလတ်က သူ့အမေ ဦးကျောက်ခဲရဲ့အစ်မလတ်လိုပဲ အကြောက်အလန့်မရှိပါဘူး ။ ဘယ်လောက်မှောင်မှောင် သူ့ဖွားအေ ဦးကျောက်ခဲအမေက “သမီးလေးရေ… ဖွားကြီးကို အောက်ထပ်မှာ ရေခပ်ပေးပါဦး” ဆိုလည်း ဒုန်းစိုင်းဆင်းသွားတာပဲ ။ ဘာပဲခိုင်းခိုင်း မညည်းမညူ အလွန်ဖင်ပေါ့တဲ့အပြင် အလိုက်လည်း အတော်သိပါတယ် ။ သူ့အဖွား ဆေးသောက်ချိန်ရောက်ပြီဆိုရင် ပြောစရာမလို ဆေးနဲ့ သောက်ရေ အဆင်သင့်ယူလာပေးပြီးသား ။ နောက်ပြီး တွတ်တီးတွတ်တာ ဖွားအေကိုလည်းချွဲ ၊ ဦးကျောက်ခဲတို့မောင်နှမတွေ အမေ့အကြောင်းပြောရင် အနားလာပြီး မသိမသာနားစွင့် ၊ ဖွားအေကို ပြန်သံတော်ဦးတင်တတ်သူမို့ ဖွားအေရဲ့ အသည်းစွဲပေါ့ ။ ဦးကျောက်ခဲတို့ကတော့ “ချွန်တွန်း… သူလျှို” လို့ သူ့ကို ကင်ပွန်းတပ်ပါတယ် ။

 

ပြောရရင် တူမအလတ်က မွေးထဲက ဂျီမကျ ငိုကြောမရှည်ပါဘူး ။ ဘယ်အချိန်ကောက်ပြီးချီချီ ခပ်ပြုံးပြုံးပဲခင်ဗျ ။ ဒါပေမည့် လျှော့တော့တွက်လို့မရ … နှုတ်သီးကောင်းလျှာပါး အလွန်စကားကြွယ်ပါတယ် ။ အဲသည့်တော့လည်း ဦးကျောက်ခဲ အကြိုက်ပေါ့ ။ ပျင်းရင် သူ့ကို စ ၊ စကားနာထိုး ၊ သူက တစ်ခွန်းမကျန် ခွန်းတုန့်ပြန်တော့ ပျော်စရာကြီး ။ အခုလည်း ဘုရားခန်းမှာ ဝမ်းလျားမှောက်ပြီး စာဖတ်နေတယ် ခင်ဗျ…
“ရေကန်ထဲက ဘဲကလေး… ဆူဆူညံညံ အသံပေး၏”… အဟိ… သူ့ကို စ ဦးမှ…

 

ဦးကျောက်ခဲလည်း သူမမြင်အောင် ဘုရားခန်းအဝကို တိတ်တိတ်လေးသွားပြီး ဘဲတွေအော်သလို “ဂတ်… ဂတ်… ဂတ်…” လို့ အသံပြုလိုက်တာပေါ့…
အလို… “ဂတ်… ဂတ်… ဂတ်…” အသံမထွက်ပဲ “အဲ့… အဲ့… အဲ့…” တဲ့လေ ။ ဟမ်… မဟုတ်သေးပါဘူး… ထပ်အော်ဦးမှ…
ဟိုက်… ဒါလည်း “အဲ့… အဲ့… အဲ့…” ပဲထွက်နေတယ် ။ ဘယ်လိုပါလိမ့်လို့ အသံမပြုပဲ နားစွင့်ကြည့်တော့ ခုန “အဲ့… အဲ့… အဲ့…” အသံက ပိုကျယ်လာတယ်ခင်ဗျ…
ဟမ်မယေး… ဦးကျောက်ခဲ အိမ်မက်မက်နေတာကိုး ။ ဘေးက အသံက သားတော်မောင် ၃-လသား မောင်ဝီလီ မနက်ခင်း ဘရိတ်ဖတ်ဆွဲဖို့ အသံပြုနေတာလေ…

 

ကုတင်ခြေရင်းက နာရီကို အမှတ်မရှိ လှမ်းကြည့်မိတော့ ကွက်တိ… ၆-နာရီ ၁၅-မိနစ် သား နိုးနေကြအချိန်ပါ ။ အိပ်မောကျနေတဲ့ သားရဲ့မေမေ နိုးမှာစိုးတာကြောင့် သားကလေးကို အသာပွေ့ ထမင်းစားခန်းကို ချီသွားပြီး “Good Morning” လို့ အနမ်းနဲ့ နှုတ်ဆက်လိုက်တယ်ဆိုရင်ပဲ သဘောတွေကျ ၊ သားတော်မောင်က ပါးချိုင့်လေး ၂-ဖက် ခွက်အောင်ပြုံးပြပါတယ် ။ အသက် ၄၀-ကျော်မှ ကံပေါ်တဲ့ ဦးကျောက်ခဲလည်း လက်တစ်ဖက်က သားကိုပွေ့ ၊ နောက်တစ်ဘက်က နို့ဖျော်ရတာပေါ့ဗျာ ။ သားက သဘောကောင်းတယ်ဗျ … အဲသည့်လို ချီထားပြီး “သားသား… ခဏလေးနော် ဖေဖေ နို့ဖျော်နေတယ်” လို့ သူ့မျက်နှာကို ကြည့်ပြီးပြောလိုက်ရင် ဆက်မအော်တော့ဘူး ။ အဲ … သူ့ကို မသိကျိုးကျွန်ပြုလို့ကတော့ နားပူအောင် အသံပြဲနဲ့ အော်ပြပါလိမ့်မယ် ၊ အသံနဲ့ အသက်နဲ့တောင် မမျှဘူး ။

 

မျက်လုံးရွဲကြီးတွေနဲ့ ဖအေကို စိုက်ကြည့်နေတဲ့ ဖေ့သားလူချောကလေးကို ပေါင်ပေါ်တင်ပြီး နို့တိုက်နေရင်း ၊ ဦးကျောက်ခဲရဲ့ဗိမ္မာန် အနှီအခန်းကျဉ်းလေးကို ဘာရယ်မဟုတ် မျက်စေ့ကစားမိရင်းက ပြောင်းလဲခြင်းတွေကို သတိပြုမိပါတယ် ။ ဟိုယခင် ဦးကျောက်ခဲလူပြိုဘဝတုန်းကတော့ အခန်းထဲမှာ ဘာပစ္စည်းမှ မယ်မယ်ရရ မရှိပါဘူး ။ စားအိုးစားခွက် အနည်းငယ်နဲ့ မီးဖို၊ ရေခဲသေတ္တာ၊ မိုက်ခရိုဝေ့ဖ် လောက်ပဲရှိတာပါ ။ အခု အိမ်ထောင်ကျပြီဆိုတော့ ဇနီးသည်ရဲ့ အဝတ်ဗီရို အသုံးအဆောင် ၊ သားအတွက် နို့မှုန့်ဘူးတွေနဲ့ နို့ဘူးပေါင်းတဲ့စက် ၊ ပိုများလာတဲ့ မီးဖိုချောင်အသုံးအဆောင်တွေနဲ့ အခန်းပြည့်မတတ်ပါပဲ ။ ဟိုးအရင် တစ်ကိုယ်ရေတစ်ကာယဘဝမှာတုန်းက အိပ်ချင်တဲ့အချိန်အိပ် ၊ ရုံးပိတ်ရက်ဆို နေမြင့်မှ အိပ်ရာထခဲ့ပေမည့် အခု မရတော့ပါဘူး ၊ သားကျွေးမှု မယားကျွေးမှုကို တာဝန်ယူမိပြီလေ…

 

ယခင်အချိန်တွေက တိုးတိတ်ငြိမ်သက် ဆိတ်ငြိမ်မှုအပြည့်နဲ့ ဦးကျောက်ခဲရဲ့ အခန်းထဲမှာ အခုတော့ သားမေမေ မိနှင်းနှင်းရဲ့ “ပွစိပွစိ” ပေါက်ပေါက်ဖောက်တဲ့ အသံ ၊ သားကလေး ဝီလီရဲ့ ခိုးခိုးခစ်ခစ်ရယ်သံ ၊ အလိုမကျရင် တအင်းအင်း တအဲအဲအော်သံ ၊ ဘာအဓိပ္ပာယ်လည်းတော့မသိ တစ်ကိုယ်တည်း ဝူးဝူးဝါးဝါး စကားပြောသံ အသံမျိုးစုံနဲ့ မင်္ဂလာကို ရှိနေတော့တာပဲခင်ဗျ ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး ။ ရုံးပိတ်ရက်ဆို မိနှင်းနှင်းရဲ့ “မေမေ့သားလေးကို သားဖေဖေထက်ချစ်သကွဲ့” လို့ အာဘွားရွှတ်ရှလူးပြီး ဆိုပြတဲ့ သားချော့တေးသံကိုလည်း နားဆင်ရပါသေးတယ် ။ သူ့သားကို သီချင်းမျိုးစုံဆိုပြီးသိပ်နေတာ သားတော်မောင်တော့ မသိ ၊ အဖေဦးကျောက်ခဲတော့ မျက်လုံးတွေစင်းလာတာ “ကမ႓ာမကြေ” နိုင်ငံတော်သီချင်းကိုရောက်မှ မျက်လုံးကျယ်ပါတယ် ။ ထူးဆန်းပေစွ “ကမ႓ာမကြေ” သီချင်းနဲ့ ကလေးချော့သိပ်ရတယ်လို့ … ကြား မကြားဖူးပေါင်….

 

မောင်ဂီရဲ့စကားကိုငှားပြောရရင် အိမ်ထောင်ရေးဝဲဩဂကိုသက်ဆင်းပြီး ကိုယ်နဲ့သွေးမတော်သားမစပ် တဖြည်းဖြည်းအိုမင်း ယိုယွင်းလာမည့် မိန်းမတစ်ယောက်ကို အသားလွတ် စောင့်လျှောက်ရတယ်ပေါ့ဗျာ ။ ဦးကျောက်ခဲကတော့ အဲသည့်လို မယူဆပါဘူး ။ လူဖြစ်တုန်း လူ့တာဝန် ကျေပွန်တယ်ပေါ့ ။ သေသေချာချာ အရင်းစစ်မိတော့ အနှီ သမုဒယသစ္စာ မြစ်ဖျားခံတာက “မြန်မာဂဇက်” တဖြစ်လဲ ယခင် “မန်းဂဇက်” ခင်ဗျ ။ ဂဇက်မှာဆုံ၊ ချစ်ကြိုးတွေ တွယ်နှောင်ရစ်ပတ် အိမ်ထောင်ကျတဲ့အထိ ခရီးပေါက်ခဲ့တာ ကာယကံရှင် ဦးကျောက်ခဲရဲ့ လုံ့လလည်း မကင်းပါဘူး ။ အကြောင်းတိုက်ဆိုင်လို့ သမုဒယမြစ်ကို တစ်ကိုယ်တော် ဆည်ပိတ်တဲ့ ဘူမိဗေဒကျောင်းတော်ဆင်း ဦးကျောက်ခဲရဲ့ အတွေ့အကြုံလေး ဖောက်သည်ချပါရစေဦး…

 

ဒီလိုခင်ဗျ… ချစ်စခင်စကြင်နာစ တစ်နေ့သား ဦးကျောက်ခဲကတော်လောင်း မိနှင်းနှင်းက သတင်းစကားပို့ပါတယ်…
“ကိုရေ ကိုကြီးပြောလို့ ဖေဖေသိသွားပြီ ။ အဲဒါနဲ့ နှင်းလည်း ဖေဖေကို အကုန် ဖွင့်ပြောလိုက်ပြီ ။ ဖေဖေကတော့ သိပ်သဘောတွေ့ပုံမရဘူး ။ အဲဒါ လကုန်ရင် ဖေဖေ ရန်ကုန်ခဏပြန်လာမယ်။ လက်ထပ်မယ်ဆို ကိုယ့်ဟာကိုယ်လာပြောလေ ၊ ဖေဖေ သဘောမတူရင်တော့ နှင်း ခိုးရာလည်းမလိုက်ဘူး ၊ ယူလည်းမယူဘူး ၊ ဖေဖေ စိတ်ဆင်းရဲအောင်တော့ မလုပ်ဘူး” တဲ့လေ…
ကိုယ့်အတ္တကလည်း အသက် လေးဆယ်ကျော်မှ တတိယံပ္မိ အသည်းကွဲမခံနိုင်တာမို့ မီရာလေယာဉ်နဲ့ ရွာကို အပြေးပြန်ရပါတယ် ။ ဒါပေမည့် စိတ်ကြီးရယ်ညစ်ပါ့ ဦးကျောက်ခဲကလည်း နွားသိုးမို့ ဂျိုချက် မကင်း ၊ နှစ်ဘက် မိဘတွေကြား စကားအောင်သွယ်ရအောင်ကလည်း အဆက်အစပ်ရှိသူ မရှိ ။ မတတ်နိုင် … ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ၊ ကိုယ်တိုင်ပဲကျဲတော့မယ်လို့ သံနိ္နဋ္ဌာန်ချလို့ အိမ်ပြန်ရောက်ပြီး နောက်တစ်နေ့ မိနှင်းနှင်းတို့အိမ် ချီတက်ရတာပေါ့ခင်ဗျာ…

 

အဆိုတော် အောင်ရင် နဲ့ စိုးမြတ်ကလျာ စုံတွဲဆိုတဲ့ သီချင်းတစ်ပုဒ်ရှိတယ်ခင်ဗျ ။ သီချင်းနာမည်တော့မမှတ်မိ ၊ စာသားမှာ “ရင်ခုန်သံတွေ ဆူညံနေတယ် … အချစ်ရယ်” ဆိုတာလေ ။ ဦးကျောက်ခဲမှာတော့ ရင်ခုန်သံက ဆူညံရုံတင်မဟုတ် ၊ အင်္ဂလန်က ဘင်သံလိုလို ၊ ကုလားဘုရားပွဲလှည့်သလိုလို မအီမသာကြီးခင်ဗျ ။ နောက်ပြီး သေချာတာတစ်ခုက ရည်းစားစကားပြောရသလို အဖြေတောင်းရသလိုလည်း မဟုတ် ၊ စိုးရွံ့ဗျာပါဒတွေနဲ့ အတော်ခံစားရခက်တဲ့ ဝေဒနာကြီးပါ ။ ယောက္ခဖဆိုတာကြီးကို နဖူးတွေ့ဒူးတွေ့ တွေ့ရမည့်အပြင် သူ့သမီးကို လက်ထပ်ပါရစေလို့ မျက်နှာချင်းဆိုင်ပြောရမှာ “ကျွတ်ဆင်ကြီး” ခင်ဗျ ။ တော်ပါသေးရဲ့ မိနှင်းနှင်းတို့အိမ်သွားနေတဲ့လမ်းမှာ ဂဇက်ရွာသား “ကိုညိုဝင်း” က ဖုန်းခေါ်ပြီး အားပေးစကားပြောလို့ ၊ ကျေးဇူးပါ လူပျိုကြီး ကိုညို ရေ… ။

 

ဒီလိုနဲ့ ကိုယ့်စိတ်ကိုကိုယ်တင်းသော်လည်း မျက်စိသူငယ် နားသူငယ်နဲ့ မိနှင်းနှင်းတို့အိမ်ကိုရောက်ပါတယ် ။ ဒယ်ဒီပါပါးချစ်ဖေဖေ အလောင်းအလျာနဲ့ အလာပသလ္လာပ စကားစမြည်ဆိုအပြီး ၊ အမေးတော်ရှိတာမို့ ဦးကျောက်ခဲလည်း ငယ်ရွယ်စဉ်ဘိန်းစားဖြစ်ဖူးတာကအစ ဟုတ်တိုင်းမှန်ရာ မကွယ်မဝှက်ဆိုပါတယ် ။ ဟုတ်တယ်လေ အခုရှုပ်မှ နောင်ရှင်း ၊ ဘယ်သူ့ကိုမှ မလိမ်ချင် မညာချင်ပါဘူး ။ အဲသည့်လိုဆိုလိုက်တော့ နဂိုကမှ ဦးကျောက်ခဲရဲ့ အသားတော်ကဉ္စနကို အရောင်တော်မဲတယ်ဆိုပြီး အင်တင်တင်ဖြစ်နေတဲ့ ဘိုးတော်လည်း မျက်နှာမသာမယာ မကြည်မလင်ဖြစ်သွားတယ်ခင်ဗျ ။ ဦးကျောက်ခဲမှာလည်း ချွေးဖြိုင်ဖြိုင်ကျလို့ ကျောင်းအုပ်ကြီးနဲ့တွေ့ရတဲ့ မူလတန်းကျောင်းသား ဘဝကို နာရီပိုင်းအတွင်း ရောက်နေရပြီလေ ။ အင်း… မဖြစ်ချေ ၊ ဒီလိုဆိုရင်တော့ တပ်လန်မည့်ကိန်းဆိုက်နေတာမို့ လေချိုသွေးပြီး စကားပြန်ချုပ်ရတာပေါ့ခင်ဗျာ…

 

“ဦးမင်း စိတ်အနှောင့်အယှက်ဖြစ်နေမယ်ဆိုတာ သိပါတယ်ခင်ဗျ ။ ကျနော်ကိုယ်တိုင်လည်း ဒါမျိုး ကိုယ်တွေ့ ကြုံခဲ့ရလို့ပါ”
“ဟေ… ဘယ်လို ဘယ်လို… ”
“ဒီလိုပါခင်ဗျာ… ကျနော့် ညီမငယ်အိမ်ထောင်ပြုမယ်ဆိုတော့ ကျနော်တို့မှာ အဖေမရှိတော့တာမို့ ကျနော်ကပဲ အစ်ကိုကြီးအဖရာ အဖေနေရာက စကားပြောရပါတယ် ။ ကောင်ကလေးက အလုပ်အကိုင်ကောင်း ၊ ကိုးကွယ်ရာဘာသာလည်းတူတယ်ဆိုပေမည့် လူမျိုးခြားမို့ ကျနော် ဘယ်သဘောတူချင်ပါ့မလဲဗျာ ။ ဒါပေမယ့် သူတို့က ကိုယ့်မျက်ကွယ် တခြားနိုင်ငံမှာလည်း အလုပ်အတူတူလုပ်နေ ၊ ကိုယ်ကလည်း တစ်သက်လုံး နှမကို ရင်အုပ်မကွာ စောင့်ရှောက်နိုင်မှာမဟုတ်တော့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပြီး ၊ မိသားဖသားပီပီ တောင်းရမ်းယူတုန်း ပေးစားလိုက်ရတာပါပဲ ဦးမင်းရယ်” လို့ လေပြေလေးထိုးလိုက်တော့ ဘိုးတော်လည်း ငိုင်ကျသွားတယ်ခင်ဗျ ။ ဘယ်ရမလဲ ဦးကျောက်ခဲလည်း အဲသည့်မှာတင်မရပ် ၊ သံယောဇဉ်မပြတ်လို့ ဘောလုံးစကားနဲ့ပြောရရင် တဘက်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ပြီဆိုတော့ အနိုင်ဂိုးသွင်းဖို့ ဆက်ဆွဲတာပေါ့…

 

“ခေတ်က ကျနော်တို့ငယ်ငယ်ကလိုမဟုတ်ဘူး ခင်ဗျ ။ ကျနော်သဘောမတူလည်း သူတို့က တခြားနိုင်ငံမှာနေကြတာ ကိုယ့်မျက်စိအောက်မဟုတ် ။ မတော် လစ်ဗင်းတူဂဲသားနေကြရင် ကိုယ်က မိန်းကလေးရှင်ဆိုတော့ ကိုယ်ပဲနစ်နာမှာလေ” လို့ ထောင့်ကန်ဘောလေး ပင့်ပေးလိုက်တာ ဘိုးတော်လည်း သက်ပြင်းရှည်ချပြီး…
“အင်း… မင်းပြောတာအမှန်ပဲ ။ မင်း ငါ့သမီးကို စိတ်ချမ်းသာအောင်ထားမယ်လို့ မျှော်လင့်ပါတယ် ။ အေးကွာ… ဒါဆိုလည်း မြန်မြန်လက်ထပ်ဖို့ စီစဉ်ပေတော့” လို့ မီးစိမ်းပြပြီး ပွဲသိမ်းသွားပါတယ် ခင်ဗျာ…
ဟယေး… ဟယေး… ပျော်လွန်းလို့ ငယ်ငယ်တုန်းကလို မိုက်ခဲကြက်ဆင်အကွက်နဲ့ ဘရိတ်ဒန့်တွေပါတွေတောင် ထဒွန့်လိုက်ချင်သေးတယ်… ဟီ ဟိ… ကန်ချမှာစိုးလို့…

 

အဲသည့်လို ဘိုးတော်ကို ကိုယ်တိုင်ဖျောင်းဖျ အနိုင်ဂိုးသွင်းပြီး ခရာမှုတ်လိုက်တာ ၊ ၂-နှစ်အကြာ အခုအချိန်မှာတော့ သားကလေးကို နို့တိုက်နေရတဲ့ ကလေးအဖေဘဝကို ရာထူးတိုးပါလေရောဗျာ… ။ ခုများတော့ ဒယ်ဒီပါပါးချစ်ဖေဖေက “သားရေ… မောင်ကျောက်” ဆိုတာ နှုတ်ဖျားကမချသလို ၊ မိနှင်းနှင်းအစ်ကို ယောက်ဖတော်လူပျိုကြီးကလည်း “ကိုကျောက်ရေ…” ဆိုတာချည်းပါပဲ ။
နောက်ဆုံးတော့ ကိုယ့်ဒုက္ခကိုယ်ရှာ ဒီအရွယ်ရောက်မှ အိမ်ထောင်ပြုတာကိုးလို့ အမနာပဆိုချင်ဆိုပါ။ ဦးကျောက်ခဲတော့ ကိုယ်တည်မိတဲ့ “သမုဒယဆည်” ကို ကြည့်ရင်း ပီတိတွေဖြစ်နေလေရဲ့…

 

 

စကားမစပ်… ဒီနေ့ ဂျူလိုင်လ ၁ ရက် ၊ ဒယ်ဒီပါပါးချစ်ဖေဖေကို ပွါးခဲ့တာ ၂-နှစ်တင်းတင်း ပြည့်ပါပေါ့… အဟိ…

 

63 comments

  • ဇီဇီခင်ဇော်

    July 1, 2015 at 10:57 am

    Hollywood ရုပ်ရှင်တေ လို ခုမှ နောက်ကြောင်း ပြန်တယ်လားးးး
    ဖတ်လို့ ကောင်းးတာပါပဲဗျာ….
    ဒီဆည် က ကိုယ်တိုင်ဖောက်ဆည်မို့
    နောင်တ ကင်းးတဲ့ ချစ်ခြင်းး ကို ခံစားး သိရှိ သွားးတယ် လို့စ်..
    :chit:

    • ဦးကျောက်ခဲ

      July 2, 2015 at 9:47 am

      အမှန်တော့ မင်္ဂလာ နှစ်ပါတ်လည်တုန်းက “ရွာထဲက ဖူးစာ” ဆိုပြီး ပို့စ်တင်မလို့ ရေးပြီးသား…
      လေယာဉ်မမီလိုက်တာရော ၊ ရန်ကုန်ပြန်ရောက်သွားတာရောမို့ နောင်နှစ်မှတင်တော့မယ်…
      သူချစ် – ကိုယ်ချစ်မို့ နောင်တမရပေါင်… ပြန်တွေးရင် ကျေနပ်နေတာချည်း…
      အဲ အဲ… တစ်ခါတလေ လျှာနဲ့သွား ကတောက်ကဆဖြစ်ရင်တော့ စိတ်ညစ်သပေါ့… ခွိ :k:

  • kai

    July 1, 2015 at 11:02 am

    ဝီလီလေး.. ရွာ့မြေးလေးမို့.. တရွာလုံးချစ်ပါ့ဗျာ…
    ရုပ်လေးကလည်း… ချစ်စရာ…
    အဲလိုမြေးမျိုးလေးနဲ့..ဆို.. ယောက္ခဖတွေကို.. ဘိုကျလို့ရသဟေ့…။

    ဆိုတော့… ဇတ်လမ်းအရဆို..
    နောက်ဆို… ရွာထဲကပျိုပျိုမေမောင်တွေ… အကူအညီတောင်းလို့… ရပါကြောင်းရယ်ပေါ့…။

    မမလေးကိုတဲ့.. တောင်းမယ်လို့…
    ကျောက်စ်မိသားစုနဲ့.. မောင်တိုင်ပင်…။

    • ဦးကျောက်ခဲ

      July 2, 2015 at 9:54 am

      အဟီး… ပြောမည့်သာပြောရတာ ယောက္ခဖကို ဒဲ့ပွါးရတာ မလွယ်ဘူး သဂျီးရဲ့…
      လူလည်း ဇောချွေးကို ပြန်နေတာပဲ… သဘူတောသွားမှ သက်ပြင်းချနိုင်တာ…
      အခုများတော့ … ဖုန်းဆက်လို့ သူ့မြေးအသံကြားရင် …
      “မြေးလေးရေ… မြေးလေး” ဆိုပြီး ပီတိတွေဖြစ်နေလေရဲ့… :k:

      • kai

        July 3, 2015 at 3:00 pm

        UK officials discussed resettling 5.5m Hong Kong Chinese in Northern Ireland
        The Guardian‎ – 2 hours ago
        Magilligan Point in Northern Island and Hong Kong in 1983. ‘We are undecided here …
        http://www.theguardian.com/uk-news/2015/jul/03/uk-officials-discussed-resettling-55m-hong-kong-chinese-in-northern-ireland
        ဝီလီလေးတော့.. အိုင်ယာလန်ရောက်.. UK နိုင်ငံသားဖြစ်ဖို့လမ်းမြင်နေသဗျ…။
        ချမ်းသာတဲ့တိုင်းပြည်တွေများ.. လူတွေကိုတန်ဖိုးသိပ်သိ…။

  • hmee

    July 1, 2015 at 1:24 pm

    မနှင်​းကမှ ကမာမ​ကျေနဲ့သိပ်​​သေး။ ကျွန်​မ ​ယောက်​ခမကြီးက သူ့က​လေး​တွေကို ​မောင်​ငယ်​ရင်​​သွေးနဲ့သိပ်​ခဲ့တာတဲ့။ 🙂 ကျွန်​မက​တော့ အညာသူ ပီပီ က​လေးသိပ်​ရင်​ မာမာ​အေး သီချင်​း​တွေကို မထပ်​​အောင်​ ဆိုတတ်​လို့ သူ ့ အ​ကြောင်​းပြန်​​ပြောပြလို့ သိရတာ။ 🙂

    • ဦးကျောက်ခဲ

      July 2, 2015 at 9:57 am

      အဟီး… မိနှင်းနှင်းကိုပြောနေတာ…
      “ဒို့တာဝန် အရေး ၃-ပါး” နဲ့ ခလေးမသိပ်လို့ တော်ပါသေးရဲ့လို့…
      ပြောရရင် … ကျောက်စ်ကလည်း သီချင်းကောင်းကောင်း မဆိုတတ်ဘူး မမှီရဲ့… :k:

  • Nyo Win

    July 1, 2015 at 1:27 pm

    သမုဒယဆည်..
    ယခုဘဝဝယ်…
    ယုယမယ်…..
    မဖတ်အားသေးလို ့ကြိုမန် ့ထားတာဆကျောက်စ်… 😛

    • ဦးကျောက်ခဲ

      July 2, 2015 at 11:44 am

      အားမကျဘူးလား ဆြာညို… ၂-နှစ်ပြည့်ပြီဗျ… အား ဟိ :k:

  • Ma Ma

    July 1, 2015 at 5:31 pm

    ယောက္ခမလောင်းကို ကိုယ်တိုင်တွေ့ပြီး ကျအောင်ပြောနိုင်တာ နယ်နယ်ရရမဟုတ်။
    သင်တန်းပေးမယ်ဆို တက်ချင်တဲ့သူတွေ အများကြီး ဖြစ်မှာ။
    ပထမဆုံးမြင်မိတဲ့ သင်တန်းသားကတော့ မောင်ဂီ :k:

    ဝီလီလေးကတော့ သူ့ကုသိုလ်နဲ့သူ ချစ်မွှေးပါလာတယ် ပြောရမယ်။
    ကလေးငယ်ငယ်လေးပေမယ့် ဥပဓိရုပ်က ကလေးနဲ့မလိုက်အောင် တည်ကြည်တယ်။ 🙂

    • ဦးကျောက်ခဲ

      July 2, 2015 at 11:51 am

      နောင်မှသိတာ… ယောက္ခဖကြီး သူ့အလှည့်တုန်းက လူစားနဲ့ သွားတောင်းခိုင်းခဲ့တာတဲ့…
      အဲဒါကြောင့် ကျောက်စ် ချွေးပြန်နေတော့ သက်သက်သာသာနေပါ လို့ပြောတာဖြစ်မယ်…
      ဝီလီကတော့ အန်တီမမပြောသလို သူ့ကုသိုလ်နဲ့သူ ခင်ဗျ…
      အခုလည်း စကားတွေ ဝူးဝူးဝါးဝါးပြော ၊ ဝမ်းလျားမှောက်ချင်နေပြီ… :k:

  • koyinmaung

    July 1, 2015 at 7:26 pm

    အံမခန်းကိုကိုကျောက်စ် ရဲ့ချစ်ရေချစ်ရာ ရည်းစားစာရေးနည်း ပိုးပန်းနည်း မိန်းမတောင်နည်း ဟိုနည်းဒီနည်း သင်တန်းဖွင့်မည်ဖြစ်ပါသဖြင့် ရွာထဲမှာလူပျိုသိုးလေးများ ဂေါ်မစွန်လူပျိုးကြီးများ စာရင်ပေးသွင်းနိုင်ပြီဖြစ်ပါကြောင်း……….

    • ဦးကျောက်ခဲ

      July 2, 2015 at 11:56 am

      လှော်ပေးလိုက်တာ ရွာထဲမှာ တစ်တွဲတော့ တရားဝင်ဖြစ်သွားပြီ အကိုကြီးရဲ့… :k:
      ဟမ်း… သူတို့ လက်ထပ်တော့မယ်ဆိုရင် လူကြီးလုပ်ပြီး တောင်းရမ်းပေးရဦးမယ်ထင်ရဲ့…

  • Crystalline

    July 1, 2015 at 7:48 pm

    ​ယောက်​ခမဆိုတာ… တခါကသားမက်​ပါပဲ..
    သမက်​ဆိုတာလည်​း.. တချိန်​ကျ ​ယောက်​ခမပြန်​ဖြစ်​မှာပဲ.. အဲ့​တော့.. သမီးမ​မွေးနဲ့.. :kwi:

    • ဦးကျောက်ခဲ

      July 2, 2015 at 11:58 am

      သမီးလေးတော့ လိုချင်သား … နှလုံးသားမရှိသူတွေက ဂုတ်ဆာလို့ ခေါ်မှာစိုးလို့… ခွိ :k:

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    July 1, 2015 at 9:41 pm

    ဆည် ဆောက်ပြန်ပတဲ့..ဗျို့ …
    ဟိုခရိုနီတွေ ကြားရင် … မီးထုတ်မယ်ဆိုပီး တာဘိုင် လာတပ်နေအုံးမယ်…..

    ငိငိ

    😛

    • ဦးကျောက်ခဲ

      July 2, 2015 at 12:00 pm

      အဟိ… ကျောက်စ်ရဲ့ဆည်က လျှပ်စစ်မီးတော့မထွက်ဘူး…
      သားတစ်ယောက်တော့ထွက်ထားတယ် ၊ ခရိုနီများ ဝဲလ်ကမ်းပါ… ခွိ ခွိ :k:

  • မြစပဲရိုး

    July 1, 2015 at 10:44 pm

    . ကျောက်စ်ရာ

    မဖတ်ရတာကြာလို့ ဖတ်လို့ ကောင်းပါဘိတော့။
    . သော်တာဆွေ လို ကျောက်စ်ဘဝဇာတ်ကြောင်း လို့ ရေးပြီး စာအုပ်သာထုတ်ကြည့်။
    တစ်ခါတည်း နာမည်ကျော်သွားမယ်လို့ ပြောမယ်ရှင်။

    ဝီလီ လေး က ၃လ တောင်ရှိပြီ ဆိုတော့ လူကလေး နဲ့ ပိုပိုပြီး တူလာပြီပေါ့။
    ပါးချိုင့်လေး က နှစ်ဖက်တောင် ဘယ်သူ့ ကို တူတာလဲ။
    တကယ် ချစ်ဖို့ ကောင်းလေးပါ။

    . ကျောက်စ်ကတော့ ထားပါတော့။
    . တူမတော် နှင်းမမ ကိုတော့ တကယ်ချီးကျူးတယ်။
    သူ့ကြည့်ရတာလဲ မိဘလက်ထဲ မှာ ဘာမှ လုပ်ရမဲ့ပုံမရှိ။
    ဒါကို မောင့်မျက်နှာ တစ်ရွာလုပ်ပြီး လိုက်လာ သားဦးလေး ကိုလဲ ကိုယ့်ဟာကို ပျိုးထောင် နေတာ က တော်ရုံ မိန်းမ မလုပ်နိုင်ဘူးနော်။
    . ကျောက်စ် တော်တာလဲ ပါမှာပါ။

    ဇာတ်ကြောင်းပြန် ရွှေနားတော်သွင်း တေးချင်း ကို ဖတ်ပြီး ရီလိုက်ရတာ။
    မျက်စိထဲတောင် မြင်နေရော။
    . ကျောက်စ်လို လူက စိတ်လှတဲ့ အဆင်း ပေါ်လွင်ပြီးသားမို့ ပါပါးကြီး က မြင်တာ နဲ့ သိလိုက်ပြီးဖြစ်မှာပါ။
    သို့ပေမဲ့ မိန်းကလေးရှင်မို့ နဲနဲ တော့ တင်း ရတာပါ့။ Fair enough ပါလေ။

    ဇာတ်ကြောင်းပြန် လက်စ နဲ့ ချစ်ခွင့်ပန် ပုံ လေး ကိုလဲ မျှပါဦးလား။

    – နှင်းက ကမ္ဘာမကြေ
    – မှီ က မာမာအေး
    – မြ ကတော့ ဗဒင် ပါရှင်။
    ကလေး တော်တော်ကြီး တဲ့ အထိ ကားထဲ မှာ တောင် ဗဒင် ဖွင့်ထားပါတယ်။
    “တို့ကတော့ တို့ ကတော့” လို့ မပီတပီ ဆိုတာ ချစ်ဖို့ကောင်းပါ့။
    အခုတော့ အဲဒီ အကြောင်းတွေ သူ မေ့ကုန်ပြီ။
    ဒါပေမဲ့ သတိတရရှိအောင် နောက်ကြောင်းပြန်ပြန် ပေးနေရတယ်။

    • ဦးကျောက်ခဲ

      July 2, 2015 at 12:14 pm

      ဝီလီတို့ လူနဲ့တူပြီး လူဝါးဝပုံ သိတတ်ပုံက ဩချတယ် အရီးရေ…
      ဖအေ မအေ သူ့ကိုဂရုမစိုက်ပဲ စကားကောင်းနေရင် မျက်ရည်မထွက် အသံပြဲနဲ့အော်…
      ကျောက်စ် သူဘေးသွားရင် ဘာတွေမှန်းမသိ ဝူးဝူးဝါးစကားတွေ အကြာကြီးပြော…
      သူ့အကြောင်းပြောရင် ရယ်တယ် ၊ လှောင်ရင် မျက်ရည်မထွက်ပဲ အော်ငိုတယ်…

      မိနှင်းနှင်းကတော့ သူ့သားနဲ့ပဲ အချိန်ကုန်တာ…
      အဲသည်တော့ ကျောက်စ်က လင့်ဝတ္တရား ၆-ပါးနဲ့အညီ…
      နေ့လွဲ ညစာပါ ချက်ပြုတ်ပြီးမှ ရုံးသွားပါတယ်ခင်ဗျား… အဟီး အဟီး :k:

      • မြစပဲရိုး

        July 4, 2015 at 4:11 am

        အမှန်က လေ ကျောက်စ် ရဲ့။
        ကျုပ်မသိလိုက်လို့ ပါတော်။
        ဒီလိုမှန်းသိလို့ က တော့ နှင်းနှင်း ကို သင်ပေးလိုက်မယ်။
        “ဒက်ဒီ …. သမီး ရဲ့ ရွေးချယ်မှု စွမ်းရည် ကို မယုံလို့လား။ ယုံလိုက်စမ်းပါ” လို့ ပြောလို့။ 😉
        အခုတောင် သူ့ချစ်ဒက်ဒီပါပါးကြီး က သူ့သမီး ရဲ့ အစွမ်းကို ကြိတ်ကြိတ်ပြီး ချီးမွမ်း နေလောက်ပြီ။ :-)))

  • Alinsett @ Maung Thura

    July 2, 2015 at 7:21 am

    ပထမဆုံးပြောချင်တာက. . . ဦးကျောက် စာရေး အလွန်ကောင်း
    ဒုတိယ ပြောချင်တာက ကျနော်ဆို ခုထိ လူဖြစ်တုန်းမှာ လူ့တာဝန် မကျေသေးဘူးလို့. . .

    :kwi:

    ဦးကျောက်လို လေးဆယ်ကျော်မှ အဲ့အပိုင်း တာဝန်ကျေအုန်းမယ်ဆိုရင် နောင် ၁၅ နှစ်လောက်မှာ
    ဒါမျိုး ခပ်ဆင်ဆင် နောက်ကြောင်းရာဇဝင်လေး ရေးဖြစ်မှ ဖြစ်မယ်ထင့်

    :k:

    • ဦးကျောက်ခဲ

      July 2, 2015 at 12:22 pm

      မြန်မြန် လူ့တာဝန်ကျေတော့ ကိုရင်ဒညင်းဝက်ရဲ့…
      ကိုယ့်သားသမီးနဲ့ ကိုယ်နဲ့ အရွယ်သိပ်ကွာတာ မကောင်းဘူး …
      ဥစ္စာဆိုတာ ကံဉာဏ်ဝီရိယ … သူ့အကျိုးပေးနဲ့သူဗျား… 🙂

  • Mike

    July 2, 2015 at 9:42 am

    .ကေ ျာက်စ်တည်တဲ့ဆည်ဆိုတော့ “ကေ ျာက်စ်ဆည်”ပေါ့ဗျာ
    .သားဦးအရူးလို့ဆိုကြသမို့လား…ရူးပျော်ပါတယ်လေ…
    .ဒီတစ်ခေါက် ရွာပြန်ရင်တော့ ဝီလီလေးကိုတွေ့ရပြီပေါ့နော…
    .စကားတီတီတာတာပြောတတ်ချိန် ကေ ျာက်စ်တို့မောင်နှံ ပိုရူးမည်အတတ်ပြောပါအံ့ :k:

    • ဦးကျောက်ခဲ

      July 2, 2015 at 12:44 pm

      ရူးရတာလည်း မပြောနဲ့တော့ ဆြာမိုက်ရေ… ဒိုးလုံးရဲ့ သီချင်းလို “အရိုးထိအောင်ရူး”…
      ဝီလီလေး ရယ်ပြ ပြုံးပြ ဝူးဝူးဝါးဝါးလုပ်နေရင် လောကကြီးကို မေ့ရော… :k:

  • ဇီဇီခင်ဇော်

    July 2, 2015 at 1:00 pm

    ကလေးထိန်း လိုရင်ပြောနော်။
    သများရယ်။
    ခွစ်ရယ်
    ဝါးရယ်
    မယ်ပုရယ် လာခဲ့မယ်နော်၊
    လဂါးလဂါးထိန်းပေးမှာ။
    လစာပေးစာ လိုဝူးးး
    ထမင်းနဲ့ဟင်း ဟို ဖွဘုတ်မှာ ချက်သလို ချက် ကျွေးရင် တော်ပြီ။

    :mrgreenn:

    • ဦးကျောက်ခဲ

      July 2, 2015 at 3:42 pm

      မင်းလူရဲ့ “အချစ်လား သူဖျားနေတယ်” နဲ့ ကာရံကိုက်အောင်
      “ကလေးထိန်းလား … သူပုန်းနေတယ်”… ဟီ ဟိ
      ညည်းတို့ကိုတော့ ကလေးထိန်းမခန့်ရဲဘူးကွီ…
      ဆင်ဖိုးထက် ချွန်းဖိုးဈေးကြီး ၊ စားစရိတ်နဲ့တင် ဒေဝါလီခံရမှာ… ခွိ ခွိ :k:

  • Ma Ei

    July 2, 2015 at 2:30 pm

    ဇာတ်လမ်းတွေ ကျော်မရေးနဲ့လေ…
    ဒယ်ဒီ ပါပါးချစ်ဖေဖေကို ပွားတဲ့ အကြောင်းရေးပြီးဆိုတော့
    ဇာတ်လမ်းထဲ နောက်ကြောင်းပြန် နှင်းကလေးကို ဘယ်လိုပွားလိုက်သလဲ ဆက်ရေးပါလေ…
    ဆည်ထဲက ငါးကလေး ဝီလီကတော့ မျက်နှာမြင်ချစ်ခင်ဆုပြည့် တဲ့
    ချစ်စရာ ကလေးပါဘဲ…
    တစ်မိသားစုလုံး ပျော်ရွှင် ကျန်းမာ စိတ်ချမ်းသာကြပါစေ…

    • ဦးကျောက်ခဲ

      July 2, 2015 at 3:30 pm

      ပေးတဲ့ဆုနဲ့ တစ်လုံးတစ်ဝတည်းပြည့်ရပါလို၏ မွအိရေ …
      နှင်းကလေးကို ဘယ်လိုပွါးလိုက်တယ်ဆိုတာက ရေးပြီးသား…
      အမှတ်တရ နှစ်ပါတ်လည်ရောက်ရင် ပို့စ်တင်ပေးပါမယ် ခင်ဗျ… အဟိ

  • တောင်ပေါ်သား

    July 2, 2015 at 4:45 pm

    ကျနော်လည်း ဆည်တည်ချင်လိုက်တာ ၊

    မြေမရှိလို့ 🙂

    • ဦးကျောက်ခဲ

      July 3, 2015 at 9:08 am

      အဟိ… ကိုမြိုးက ဆည်တည်ရမှာမဟုတ်… ရေပိုလွှဲဆောက်ရမှာ… :k:

      • တောင်ပေါ်သား

        July 3, 2015 at 2:50 pm

        တေစမ်း ငမျိုးရာ 🙁

  • aye.kk

    July 3, 2015 at 3:03 pm

    ချစ်စရာကေါင်းတဲ့နှင်းနှင်းရယ်၊ချစ်စရာကေါင်းတဲ့သားသားဝီလီလေးရယ်၊
    အရမ်းဖတ်လို့ကေါင်းတဲ့တူမောင်ကျောက်စ်ရဲ ့သမုဒယဆည်ပါပဲ။။။

    • ဦးကျောက်ခဲ

      July 6, 2015 at 5:56 am

      အန်တီအေးရေ… ကျေးဇူးပါခင်ဗျ…
      အထီးကျန်ဆန်တဲ့ဘဝက အခုမှ ပြည့်စုံ အဓိပ္ပာယ်ရှိသွားတယ်… :k:

  • ကူမားရ်

    July 3, 2015 at 9:45 pm

    ခိခိ …
    ဘီဘီဒေ မူးပြီး ” ကဆွေ” ကျုပ်တော့ ခိုးရဒေါ့မယ်ထင်ဒယ် ကောင်မလေးကလည်း ခိုးရာတော့မလိုက် ဘူးပြောနေတယ် ဒွတ်ခပဲ ဆိုတဲ့
    နှစ်ယောက် အွန်လိုင်းမှာ မူးတဲ့ ည အမှတ်ရသဗျာ
    ခုတော့လည်း …
    သမုဒယ ကြိုးတွေ
    တိုုးလို့နှောင်တည်း
    အသည်း ချစ်အိမ်
    မြစည်းစိမ်မှာ
    ဇနီးမယား
    သမီးသားနဲ့
    နှစ်များကြာရှည်
    မွေ့ပျော်လေတော့
    ပျော်နေတော့ဟု
    အရင်ကချစ်ဖူး
    အချစ်ဦးမို့
    မေ့မှမပျောက်
    ချစ်တဲ့ကျောက် ရယ်။
    ခိခိ နှင်းမမြင်စေနဲ့နော် မားကျောက် ကျုပ်တို့ ပုန်းတာပေါ်သွားမယ်

    • ဦးကျောက်ခဲ

      July 6, 2015 at 5:59 am

      အဟွတ်… ကဗျာကတော့ ကူးထားလိုက်ပြီ…
      မားဇုတ် မားနာဂျီး… ပုလင်းကွဲရှမယ်မှတ်ပါ… ခွိ
      တော်ပါသေးရဲ့ ထိပ်ပြောင်လေးမမွေးလို့… ဟီ ဟိ :k:

  • ကိုကျောက်ခဲနဲ့ မနှင်းဇာတ်လမ်းကတော့ မန်းဂေဇက်အတွက် အမှတ်တရ တကယ်အဖြစ်အပျက် ဇာတ်လမ်းလေးပါဘဲ။

    ပိုစ်တစ်ပုဒ် ရေးမယ်ဆိုရင် မျှော်လင့် နေပါမယ်

    ကိုကျောက်ခဲတို့ အခုလို ပျော်ရွှင်တဲ့ မိသားစု ဘဝ ကို တည်ဆောက်ထားတာကို ဖတ်ရတော့ စိတ်ထဲမှာကြည်နူးမိသလို

    မအောင်မြင်တဲ့ မိသားစု ဘဝ များကို ကိုယ်မျက်စေ့ရှေ့မှာမြင်တွေ့ နေရ တော့ စိတ်မကောင်းပါဘူး

    မိသားစု ဘဝ တည်ဆောက်နိုင်တယ်ဆိုတာ နှစ်ဦးနှစ်ဖက်ရဲ့အနစ်နာခံမူ့ စွန့်လွှတ်မူ တွေရှိမှဖြစ်တယ်ဆိုတာ ကိုတော့
    သဘောပေါက်မိတယ်။

    ကျနော်ရဲ့မိဘနှစ်ပါးကိုယ်တိုင်ကလဲ ညှိနိုင်းလို့ မရတဲ့ အတွက် ကျနော်တို့ ငယ်ငယ်ကတည်းက လမ်းခွဲ ကြတာကိုးဗျ။
    ကျနော်တို့ မိဘတွေ လမ်းခွဲကြတာက မောင်ရေးနှမရေး နဲ့ စီးပွားရေးတွေ ဆက်စပ်နေတယ်။
    အချို့ သောအိမ်ထောင်တွေကတော့ တစ်ယောက်ယောက်က ဖောက်ပြန်လို့ကွဲကြတယ်။
    တစ်ချို့တွေကတော့ တစ်ယောက်နဲ့ တစ်ယောက် အကျင့်စရိုက်ခြင်းမတူတာကို နားလည်ပေးနို်င်ခြင်းမရှိလို့ပြိုကွဲတယ်။
    အမျုးိမျိုးပေါ့

    အဲတော့ ရွာထဲက စံပြအိမ်ထောင်ဖြစ်တဲ့ ကိုကျောက်ခဲ့ နဲ့ မနှင်းတို့ရဲ့ တစ်ယောက်နဲ့ တစ်ယောက်
    အပြန်အလှန်ခွင့်လွတ်သည်းခံကြပုံလေးကို ရေး ပြ စေချင်ပါတယ်။

    ကလေးလေးကို မမြင်ဘူးသေးပေးမယ် ကျန်းမာတယ်ဆိုတာ သိလို့ ဝမ်းသာပါတယ်။

    • ဦးကျောက်ခဲ

      July 6, 2015 at 6:09 am

      ဆြာပေါက်ရေ ကွန်မန့်အတွက်ကျေးဇူးပါ…
      အိမ်ထောင်ရေးကတော့ ဟာမိုနီဖြစ်အောင် ဒီလိုပဲညှိရတာပေါ့…
      အများသိလျှို့ဝှက်ချက်က ယောက္ခဖကို အဖေလို့သဘောထားဆက်ဆံပြီး…
      ယောတ်ဖကို ညီရင်းနောင်ဘွားလို ဆက်ဆံတာပါပဲ…
      နောက်တစ်ခုကတော့ တပြည်တရွာမှာ အိမ်ထောင်ခွဲလိုက်တာလည်း ပါမယ်ထင်ရဲ့…
      နည်းနည်းတော့ပင်ပန်းပေမည့် သူတပါးပရောဂ မပါဘူးပေါ့ဗျာ…
      သားဝီလီပုံတွေကတော့ ဖွဘုတ်မှာ တင်ထားပါတယ်ခင်ဗျား…

  • ရာမည

    July 4, 2015 at 1:08 am

    ကလေးလေး ကျမ္မာရွှင်လန်းနေတာသိရလို့
    ဝမ်းသာပါတယ်ခင်ဗျာ
    လူတချို့ကတော့ ဘာဖြစ်မလဲစောင့်ကြည့်ပြီး ကိုယ့်စကားက်ိုယ် မေ့သွားပြီမှတ်ပါတယ်
    ဟီဟီ
    မနေနိုင်မထိုင်နိုင် ကော်မန့်ရေးမိတာခွင့်လွှတ်ပါခင်ဗျာ
    လောကကြီးမှာ တရားရစရာတွေ သံဝေဂဖြစ်စရာတွေ တွေ့နေရတော့
    စိတ်ညစ်မိပါတယ်
    အသက်တွေကြီးလာလေအချိန်မစီးလေဖြစ်နေတယ်မှတ်တယ် ။
    ၆မှတ်ကို မရှိတော့ပါဘူး
    ကျွန်တော်မျိုးကြီးသေသင့်ပါတယ်
    အာဟိ အာဟိ

    • မြစပဲရိုး

      July 4, 2015 at 4:03 am

      . ကျောက်စ် တို့ ဇာတ်လမ်း က Happy Ending လေး မို့
      အားလုံးဘဲ happily ever after ဆက်ဖြစ်ပါစေတော့ ကိုကိုလေးရာမည ရယ်။
      . မြရဲ့ စုံးမပုံပြင်ကို ရော နားထောင်ချင်လား။ lol:-))))

      • ရာမည

        July 4, 2015 at 5:44 am

        ဟုတ်ကဲ့ပါခင်ဗျာ
        ဒါပေသိ တချို့တွေက ဒူးနေရာဒူး
        တော်နေရာတော် နားမလည်ကြပါဘူးခင်ဗျာ ။
        နေရာတကာ ဝင်ပီး ငံ တတ်လွန်းတယ်ခင်ဗျ
        အထူအပါးနားမလည်တာလား
        ၆ မှတ်နည်းတာလား မသိပါဘူးခင်ဗျာ
        ဆေးရိုးသည် ကန့်လန့် ဝင်လုပ်တတ်ပါတယ်ခင်ဗျ
        မည်သူ့ပိုစ့် ကို မဆိုကော်မန့်ရေးလို့ရတယ်ဆိုသော်လည်း
        ကိုယ့်၆ ခွက် ကိုယ်ပြန်ရှက်တတ်ရင် နေရာရွေးပြီး အနေအထိုင်ဆင်ချင်သင့်ပါတယ်ခင်ဗျာ
        ကျွန်တော့် ကော်မန့်တွေကို ဖျက်နိုင်ပါတယ်ခင်ဗျာ
        ပို့စ် ပိုင်ရှင် ဦးကျောက်ခဲကိုလည်း လွန်စွာအားနာမိပါတယ် ။
        တောင်းပန်ပါတယ်ခင်ဗျာ
        ကျွန်တော်ဟာ သောက်မှန်းကန်းမှန်း နားမလည်ပဲကိုယ့်နေရာ ကိုယ်မသိတဲ့ ကျပ်မပြည့်တစ်ယောက်ပါခင်ဗျာ
        ခွင့်မလွှတ်ကြပါနဲ့
        ကျော၁၀ဝ ရင်၁၀ဝ ကြိမ်သင့်ပီး မြိင်ရပ်ကိုသာနှင်လိုက်ပါတော့ခင်ဗျာ

        • မြစပဲရိုး

          July 4, 2015 at 1:04 pm

          ဒီလောက် ချစ်ဖို့ ကောင်းတဲ့ မြ ကိုများ ပါးကွက်သား လို ရုပ်ကြမ်းကြီး လို့ ထင်နေသပေါ့ လေ။ 🙄
          ဟုတ်လား ကိုကိုလေးရာမည။
          jk … :-)))
          ဟိုလိုဒီလို အတွေးတွေ ကို ဖယ်ပြီး တစ်ခါကလို စာ လေး တွေ ရေးပြ ပါဦးလား။
          ဥပဒေကောင်းကောင်း လိုနေတဲ့ နိုင်ငံမှာ ဥပဒေပညာရှင် တွေ ရဲ့ အသံ တွေ တိတ်မနေသင့်တော့ပါဘူး။
          အမှန်တရား အတွက် ပရို စကား တွေ လိုနေပြီ။

    • ဦးကျောက်ခဲ

      July 6, 2015 at 6:28 am

      ကိုရင် ရဲကိုကိုရေ… လူဆိုး… ခွိ
      ကျောက်စ်တို့မှာလည်း သားကလေးမျက်နှာကြည့်နေရတာ…
      ဒီမှာက ကျန်းမာရေးစောင့်လျှောက်မှုကောင်းတော့ တော်တန်ရုံဘာမှမဖြစ်…
      သားကလေး လမစေ့ဘဲမွေးပေမည့် ကိုယ်ခံစွမ်းအားမြင့်တာလည်းပါသပေါ့ဗျာ… :k:

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    July 4, 2015 at 8:18 am

    ဆြာကျောက်ရဲ့ ဉာဏ်ပညာ ချစ်ခင်ကြင်နာ အမြော်အမြင်ရှိမှုနဲ့ ထူထောင်ထားတဲ့
    (ဆည်) မိသားစုလေး ကို လေးစားအားကျ အတုယူနေပါကြောင်း 😳

    • ဦးကျောက်ခဲ

      July 6, 2015 at 6:32 am

      ဆြာစည်… ခီညားတို့လည်း အရွယ်ရှိတုန်း သမီးလေးမွေးဗျာ… ဟွိ
      အိမ်ထောင်ရေး သားသမီးရေးက ခီညားဟောတဲ့အတိုင်း…
      သမီးလေးထပ်မွေးဖို့ ပြင်ဆင်နေပြီဆြာရေ့…. :k:

  • Wow

    July 4, 2015 at 11:35 am

    အသားအရောင်ခွဲခြားတာတော့ ဟုတ်ဖူးရယ်… ဒီအဆင်နဲ့ ဒီအဆင် ဘီလိုရအောင်ပိုးလဲ မချွင်းမချန် တစ်ဗုဒ်လောက် လုပ်ပါအူး :mrgree: :mrgreen: :mrgreen:

    • မြစပဲရိုး

      July 4, 2015 at 12:46 pm

      . အဖြူရောင် ဆိုတာ အမဲရောင် တွေကြားထဲ
      . ရောနှော ထားမှ သိသာပို ထင်ရှားမယ်။
      . တစ်လောကလုံး နဲ့ ကိုယ် တစ်ယောက်ထဲ လား
      . ဘဝ နဲ့ ရင်းပြီး မင်း ကို ပြိုင် ချစ် ရဲ သူ ရှိနိုင်မလား။
      ♫ ♪ ဒါ ဒါ ဒါ ဒါ ♫ ♪

      အခု တော့ အမဲရောင် လေး က အဖြူရောင် တွေကြား ပို ထင်းနေတော့မှာ။
      ဟိ ဟိ

      ဒါထက် ကျောက်စ် ရေ – ဝီလီ လေး ကို “သားသားလေး ကို မင်း မေကြီး ထက် ပိုချစ်သကွဲ့” လို့ ပြောရဲလား ငင် …..
      Just curious .. :-))))))

      • ဦးကျောက်ခဲ

        July 6, 2015 at 7:00 am

        ဟီး ဟီး အရီး ရန်ထောင်ပြီ…
        ကိုယ့်သားကို ကိုယ်ချစ်တာတောင် ပေါ်လစီမငြိအောင် အော်ရတယ်ဗျ…
        “ဖေဖေဂျီးက သားလေးကို အရမ်းချစ် ၊ သားမေမေကို ပိုချစ်” အဲ့လိုမျိုး…
        ဒီနှစ်ကုန်ရင် ခွင့်တွေသတ်ရမှာမို့ လာလည်ချင်လည်မှာနော်… ခိ :k:

        • မြစပဲရိုး

          July 6, 2015 at 1:01 pm

          . ကျောက်စ် – အတည် ဆိုရင် အိမ်မှာ တည်းလို့ ရ တယ်။
          လန်ဒန် နဲ့ တော့ ဝေးတယ်။ အဲဒီမှာ ရက်တစ်ချို့ နေပြီး တစ်ချို့ ကို အရီး တို့ ဆီမှာနေပေါ့။
          အနီးအနား တွေမှာလဲ လည်စရာ အပြည့်။ ပို့ ပေးလို့ ရတယ်။ လာသာလာခဲ့။
          ကံဆုံရင် တွေ့ကြသေးတာပါ့။ :-)))

        • ဦးကျောက်ခဲ

          July 6, 2015 at 1:35 pm

          အရီးရေ အတည်ဗျ…
          ခွင့်က တစ်လစာတောင်ရှိတယ်… မယူရင်ဆုံးမှာ…
          အရီးတို့ဆီကို မန်ချက်မှာဆင်းရမှာလား?
          သဂျီးတို့ဆီကတော့ South Carolina မှာဆင်းရမယ်…
          ငယ်သူငယ်ချင်းက အဲ့မှာမို့…

        • မြစပဲရိုး

          July 6, 2015 at 1:43 pm

          ဝုတ်ဘူး။
          . အောက်ဖက်မှာ South West ။ တော ပေမဲ့ အရမ်းလှ ပါတယ်။ လည်စရာလဲ ပေါ။
          ရိုမန် Bath နဲ့ နီး။
          သေချာရင် လိပ်စာ ပို့ ပေးမယ်။ :-)))

        • မြစပဲရိုး

          July 6, 2015 at 1:46 pm

          Oxford မှာ လည်ချင်လည်း တည်းစရာ စီစဉ်ပေးနိုင်ပါတယ်။ လာသာလာခဲ့။ :-))

        • ဦးကျောက်ခဲ

          July 6, 2015 at 2:07 pm

          အရီးရေ… တိုင်ပင်မယ်…
          Family Planning က သမီးလေးလည်းယူဦးမှာ…
          ကျောက်စ်တို့ လေယာဉ်လက်မှတ်ကြည့်နေပြီ….

    • ဦးကျောက်ခဲ

      July 6, 2015 at 6:36 am

      ခွီး… ရန်စတယ်လား မယ်ဝေါင်း….
      နေနှင့်ဦး နည်းပေးလမ်းပြ စိန်တံခြူနဲ့ခြူနည်း ရေးဦးမယ်…
      “ချစ်ချင်း မေတ္တာ နှလုံးသားမှာ အရောင်မရှိ” ခွိ ခွိ… :k:

  • အဟိ… နိုင်ငံတော်သီချင်း ဆိုတဲ့ နေရာမှာ ရယ်ရလို့ မျက်ရည်တောင်ထွက်တယ်.. နာ့ တီနှင်းရဲ့ သားချော့တေးလေးတွေ မှတ်ထားရမယ်.. ကိုယ့်အလှည့်ကျရင် Snare နဲ့ ချော့ရင်ကောင်းမား စဉ်းစားနေတာ.. ဟိဟိ…

    ဝီလီလေးကို တွေ့ချင်လှပြီ…

    • ဦးကျောက်ခဲ

      July 6, 2015 at 6:40 am

      အဟိ အဟိ… ဦးလေးလည်း မျက်လုံးကိုကျယ်ရော…
      ရွာပြန်ရောက်ရင် ကလေးထိန်းဖို့ ခေါ်မှာနော်… ဝီလီက အလွန်ချစ်ဖို့ကောင်း… :k:

  • မွသဲ ( 17082011 )

    July 4, 2015 at 11:50 am

    ဟုတ်ကဲ့ နောင်ဆယ်နှစ်နေရင်ထပ်ပြောဘာ့မယ် အဟိအဟိ ဒီစကားကြားရမလားလို့ ခွိခွိခွိ

    • ဦးကျောက်ခဲ

      July 6, 2015 at 6:43 am

      တစ်သက် တစ်ချစ် တစ်ယောက်ကမ႓ာတည်… စိတ်ချ… ပြောင်းဘူး…
      စကားမစပ်… မွမွတဲ အရွယ်ရှိတုန်း သမီးလေး တစ်ယောက် ထပ်ယူနော်…
      ခွိ ခွိ… ကျောက်စ်တို့ ထိန်းပါ့မယ်ဂျ… ဟီ ဟိ :k:

  • ​ဒေါ် လေး

    July 5, 2015 at 7:36 am

    ဂဇက်ဝင်ရတာ အတော်အချိန်ပေးရတယ်
    ကျောက်စ်ရဲ့ ပိုစ်ကို မဖတ်ရတာ ကြာပြီ
    ဟာသလေးတွေ လုပ်ပါအုံး
    မိန်းမ ပွားနည်းလေးတွေ
    ဝီလီလေး ပုံတော့ တွေ့ဘူးအောင် ဂဇက်ပေါ် တင်ပါအုံး
    ပျော်ရွှင်စရာ မိသားစုလေး ဖြစ်ပါစေ

    • ဦးကျောက်ခဲ

      July 6, 2015 at 6:50 am

      ရေးလက်စတွေရှိတယ် ဒေါ်လေးရဲ့… ဟာသအရွှန်းဖောက်တွေချည်းတော့ မဟုတ်…
      ဒီရက်ထဲမယ် အလုပ်ပါးလို့ ပို့စ်တွေ တင်ဖြစ်မယ်ထင်ပါရဲ့ဗျာ… ကျေး ကျေး :k:

  • ဦးကြောင်ကြီး

    July 5, 2015 at 2:02 pm

    ..ခလေးအမည် အလီဒဲ့လား အူးမွပ်ခဲ.. သုအမေ ဒေါနွတ်နွတ်ကိုလည်း သဒိယဂေ ျာင်း ပေါပေးဗာ..

    • ဦးကျောက်ခဲ

      July 6, 2015 at 6:54 am

      ကြောင်ဇုတ်… ကျုပ်သား ဝီလီကို အလီလုပ်တယ်…
      ဆူဒန်က ဟာရှာလာဘီနဲ့ ညားပါစေ… ခီညားကို သင်းကွပ်ဘူခိပ်လုပ်ဖို့ ကျုပ်တာဝန်ထား… ခွီး :k:

  • မြစပဲရိုး

    July 6, 2015 at 1:41 pm

    . ကျောက်စ်
    ဒီ ကြော်ငြာလေး ကို ပြဖို့ ဟာ ရွာထဲ ရောက်ချိန် မေ့မေ့သွားတာ။
    အခု သတိ တရ နဲ့ ပြပြီ။
    . ကျောက်စ် တို့မှာလဲ တစ်နေ့ ဒီ ဝီလီ အသေးလေး ရဲ့ အခု အရိပ်တွေ က ဘယ်တော့မှ မမေ့မဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ အမှတ်တရ တွေ ပေါ့။
    ဒါထက်
    ပုံထဲ က ဆိုဖီလေး ကြည့်ပြီး ဝီလီ လေး အတွက် ညီမလေး တစ်ယောက်လောက် ထပ်ယူကွယ်။

    https://www.youtube.com/watch?v=R4vkVHijdQk

    • ဦးကျောက်ခဲ

      July 8, 2015 at 9:25 am

      အဟိ… ဝီလီအတွက် ညီမလေးထပ်ယူမလို့ အရီးရဲ့…
      ဒီညနေ ဆရာဝန်နဲ့သွားတွေ့ရဦးမယ်… ခွိ ခွိ :k:

Leave a Reply