( မကြွေမီက နွမ်းနှင့်ပြီ )
အတိတ်ကို အနာဂတ်က စား
ပစ္စုပ္ပန်ရထားပေါ်မှာ အဖော်မပါသူ ငါ ၊
တစ်နေ့တစ်မျိုးတွေ့ အချိုးအကွေ့တွေမှာ
ဆိုးပေ့ဆိုတဲ့ ဝေဒနာတွေဟာ
မကျေညာပဲ ဝင်လို့သာလာခဲ့
အသာနွဲ့နေလို့မရ ဘဝ ၊
လှပခြင်းဆိုတာ ဘယ်လိုပါလဲ မသဲကွဲသူအတွက်
ထွက်လာတဲ့အဖြေဟာ သုည
ထုံအအ ငါ့ခမျာ ကံဇာတ်ဆရာကို လာဘ်မထိုးတတ်တော့လည်း
သောက်ကျိုးနည်းရတာ အဆန်းမဟုတ်
စန်းဆုတ်တဲ့ နှလုံးသားမှာ အမုန်းများစွာက နေရာယူ
သေချာသူက ဘယ်ဆီမသိ ပြန်ကြည့်မိတော့ အထီးကျန်
နည်းမမှန်အချစ်တွေက အပြစ်တွေကွ တဲ့
ပစ်လေသမျှ အချစ်မြား နစ်သွားမပါတဲ့ ဖောင်တိန်လို
နောင်အကြိမ်ကြိမ်ငိုချင်းချ လိုရင်းရယ်ကမရောက်လေတော့
သောက်ပေဦး နောက်တစ်ပက် မှောက်လျက်သာလဲပါစေ
အသည်းညှာကြွေသည်ဘဝ ဤမျှနှင့်သာကျေနပ်လေ ၊
4 comments
မြစပဲရိုး
July 16, 2015 at 2:02 am
ကိုမျိုး ကဗျာ က တကဲ့ ပရို အဆင့်ပါ။
အမေ့ရဲ့ ဗီဇ သွေး ကို ဆက်ခံနိုင်တဲ့ သဘောပေါ့။
တစ်နေ့ မှာ ကံဇာတ်ဆရာက လာဘ်ထိုးစရာ မလို ဘဲ မျက်နှာသာပေးလာမှာပါ လေ။
အခုတောင် ဒီလို အမေ နဲ့ သမီးလေး သားလေး တွေ နဲ့ သိုက်သိုက်ဝန်းဝန်း ဘယ်လောက်ကံကောင်းလဲ။
ဦးကြောင်ကြီး
July 16, 2015 at 9:30 am
အူးမ ျိုး တမီးလေးဒွေက အူးမ ျိုးထပ် သာမှာဂ ျ.. အနော ်မြင်ယုန်နဲ့ ခြစ်တယ်..။
aye.kk
July 16, 2015 at 1:30 pm
ကဗျာဖတ်ပြီး
နှစ်သက်မိပါတယ် ။။။
တောင်ပေါ်သား
July 16, 2015 at 2:36 pm
အရီးရေ အမေ့ခြေရာမီဖို့ အဝေးကြီးပါဗျာ ၊
ဟုတ်ပါတယ်အရီးရေ ၊ ရေးချင်တာသာ ရေးနေတာ လက်ရှိဘဝဟာ ကျေနပ်စရာပါပဲ ၊
အန်တီအေးရေ နှစ်သက်တယ်ဆိုလို့ ကျေးဇူးပါနော့