Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝက်သားဒညင်းသီးပေါင်း

ဒီနေ့တော့ ဝက်သားနဲ့ ဒညင်းသီး နှပ်စားဖို့ စဉ်းစားထားတာနဲ့။ ဒညင်းသီးဝယ် ပြုတ်ထားလိုက်တယ်။

ပြုတ်တဲ့နေရာမှာလည်း အပြင်မှာရောင်းတဲ့ဆိုင်တွေလို ပြုတ်တဲ့ရေတွေ မမည်းအောင် ဂရုစိုက်ရတယ်။

ရေတွေမည်းသွားတယ်ဆိုတာကလည်း ဒညင်းသီးရဲ့ အခွံက အမှုန်တွေကြောင့်လေ။ အဲ့ဒါကြောင့်

ဒညင်းသီးကို အခွံကွာရုံခဏပြုတ်ရပါတယ်။ ပြီးရင် ရေအေးနဲ့စိမ် အခွာတွေကိုနွှာပြီး ရေအသစ်နဲ့

ပြန်ပြုတ်ရင် ရေတွေလည်း မည်းမနေတော့ပါဘူး။ နောက်တစ်ချက်က ပိုအရသာရှိအောင် ဆားအနည်းငယ်

သကြားအနည်းငယ် ပဲငံပြာရည်နဲ့ ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပြီးပြုတ် ပိုအရသာရှိပါတယ်။

IMG_20150717_182336_1437139015325IMG_20150717_182358_HDR_1437139038656

ဝက်သားနဲ့ဒညင်းသီးနှပ်တဲ့ နေရာမှာတော့ ကျတော်က လုံးချက်ပါတယ်။ ပထမဆုံး ဝက်သားကိုဆေး

ကြက်သွန်နီကို ပါးပါးမလှီးပဲ လေးစိပ် ကြီးရင် ခြောက်စိပ်ခွဲထည့်ပါတယ်။ ဂျင်းနဲ့ကြက်သွန်ဖြူ နှစ်မွှာလောက်ကို

ညက်အောင်ထားပြီးထည့်မယ်။ ဆားအနေတော် ဟင်းခတ်မှုန့်နေရာမှာ ကျတော်ကတော့ အချို့မှုန့်မသုံးပါဘူး။

City mart တွေမှာ ရွှန်းတိုးတိုး အချိုမှုန့်အစားထိုး ဟင်းခတ်မှုန့်ရှိပါတယ်။ ဂျုံမှုန့်လို မှုန့်ညက်နေတဲ့ အမှုန့်ပါ။

အချိုမှုန့်လို သူ့အချိုက လျှာပေါ်မစွဲပါဘူး။ အချိုမှုန့်လောက်လည်းမချိုပါဘူး။ ဟင်းအရသာလည်းကောင်းပါ

တယ်။ ဈေးကတော့ အချိုမှုန့်ထက်အနည်းငယ်ကြီးပါတယ်။

IMG_20150717_182538_HDR_1437139056224

ဝက်သား ကြက်သွန်လေးစိတ်ကွဲ ဂျင်းနဲ့ကြက်သွန်ဖြူ ဆား သကြား ဟင်းခတ်မှုန့် ငရုတ်ကောင်း ငါးလုံးလောက်

ထောင်းပြီးထည့်တယ်။ ပဲငံပြာရည်ဆမ်းမယ်။ ဒညင်းသီးထည့်မယ်။ ပြီးရင် အားလုံးကို ရောနယ်မယ်။

ခဏနှပ်ထားမယ်။ ဆီသိပ်မလိုတဲ့အတွက် ဆီအနည်းငယ်ကို ဆူအောင်တည်ထားမယ်။ နနွင်းမှုန့်အနည်းငယ်

ထည့်မယ်။ ပြီးရင် လုံးထားတဲ့ ဝက်သားနဲ့ဒညင်းသီးကို ထည့်မယ်။ ရေမြုပ်ရုံထည့်မယ်။

IMG_20150717_183324_HDR_1437139073498IMG_20150717_191556_HDR_1437139090663

ဝက်သားနူးအောင်ရယ် ဒညင်းသီးထဲအရသာဝင်အောင်ရယ် ကြက်သွန်အနှစ်ဖြစ်သွားပြီဆို ဝက်သားဒညင်းသီး

နှပ် ကောင်းကောင်းရပါပြီ။ ချိုပြီး စေးနေတဲ့ ဒညင်းသီးက တော်တော်စားကောင်းတာပါ။

ဒညင်းသီးဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုပေမယ့် ကျတော်ကတော့ ခုထိ မဖြတ်နိုင်ပါဘူး။ ပြီးတော့

ဒညင်းသီးဟာ ပထမက ကျတော်ပြောသလိုပြုတ်မယ်ဆို ကျန်းမာရေးနဲ့အညီညွတ်ဆုံးပါပဲ။ ပြုတ်စားတာဟာ

ဒညင်းသီးရဲ့ ဆိုးကျိုးတွေကို အလျော့နည်းဆုံးဆိုပေမယ့် ကျတော်ပြောသလိုပြုတ်စားမယ်ဆို ပိုမိုနည်းပါးမှာ

ဖြစ်ပါတယ်။ အားလုံး ချက်ပြုတ်နိုင်ကြပါစေ။

 

အောင်မိုးသူ

15 comments

  • မွသဲ ( 17082011 )

    July 17, 2015 at 9:08 pm

    ဝက်သားမစားဘူးအေ ဒညက်းသီးပဲကော်စားသွားဒယ်။ ကြက်သားလေးနဲ့နောက်တခွက်ပြန်ချက်ပေး

  • မြစပဲရိုး

    July 17, 2015 at 11:03 pm

    ဒညင်းသီးမစားရ တော့ တာ နှစ် က ဆယ်စု မက တော့ဘူး။
    အရင်က ကြိုက်တာ မှ ဒီ အတိုင်း ထိုင်စား တာ။
    ဟင်းချက်စားတာ ထက် အပြုတ်အတိုင်း တို့ စားတာ များတယ်။
    . ကြည့်ရတာ အတော် အရသာ ရှိမဲ့ ပုံဘဲ။
    ဒါထက် ဒညင်းသီး မှာ ပါတဲ့ အညှောင့်လေး တွေ ကို ဖယ်စား ရတယ် ပြောကြတာဘဲ။
    ပုံ(၃) မှာ တွေ့နေရတယ်။

  • aye.kk

    July 18, 2015 at 1:05 am

    ဝက်သားဒညင်းသီးပေါင်း
    အန်တီနည်းမသိဘူး၊တစ်ခါဘဲချက်စားကြည့်ဘူးတာ
    မချက်တတ်တော့ စားမကေါင်းဘူးအောင်မိုးသူရေ။
    အခုချက်နည်းလေးကိုသိတော့ စားချင်စရာမို့ ကျေးဇူးတင်မိတယ် ။
    ဒီနည်းလေးအတိုင်း ချက်စားကြည့်ဦးမယ်။
    ပုံလေးတွေကြည့်ပြီး၊စားချင်မိတယ်။။

  • Ma Ma

    July 18, 2015 at 6:57 am

    ဒညင်းသီးဖြတ်ဖို့ ကြိုးစားနေပါတယ်ဆိုမှာ ဒီပိုစ့်ဖတ်မိတယ်။ 🙁

    နောက်ဆုံးက ဆုတောင်းကို အားလုံးချက်ပြုတ်နိုင်ကြပါစေအစားးးး
    ဘကြီးအောင် ချက်ပြုတ်နိုင်ပါစေလို့ ဆုတောင်းပြောင်းပေးလိုက်မယ

    ဘာလို့ဆို…. ဝီလီကျောက်ပွဲက နီးသည်ထက် နီးလာပြီကိုးးးးး :k:

  • ဦးကြောင်ကြီး

    July 18, 2015 at 9:10 am

    .. အောင်မိုးသူ ကြောင်ခိုးယူ မှောင်အိုးခြူ တောင်ရိုးဖြူ …

  • တောင်ပေါ်သား

    July 18, 2015 at 9:50 am

    Thanks…. I will cook tomorrow ( Super-Sunday ) 🙂

  • YE YINT HLAING

    July 18, 2015 at 10:32 am

    ဝက်သား ဒညင်းသီး ကြက်သွန်နီ/ဖြူ ခရမ်းချဉ်သီး အရောင်တင် ဆီ ဆား အချို မှူန့် ထည့်ပြီး တနေ့ကပဲ စားချင်စိတ်ပေါ်လာလို့ ချက်စားကြည့်ခဲ့တယ် ။ စားလို့ မကောင်းဘူး ။ အခုပေးတဲ့နည်းလေးနဲ့ ချက်စားကြည့်လိုက်ဦးမယ်။

    • အောင် မိုးသူ

      July 18, 2015 at 12:32 pm

      ဒညင်းသီးက အချိုချက်တာပဲကောင်းတာ။ နောက်ရက်ကျရင် ဒညင်းသီးကိုနှပ်စားတာ တင်ပေးဦးမယ်။

  • Mike

    July 18, 2015 at 11:54 am

    .ဒညင်းသီးတော့တော်တော်ကြိုက်တယ်..ငယ်ငယ်ကဆို အမေကအများကြီးဝယ်ပြုတ်ပေးတာ
    .ဆီပန်းကန်ထဲဆားလေးထဲ့ပီး တို့စားကြတာ…သရေစာစားသလိုစားခဲ့ကြတာ
    .နောက်ပိုင်းကြတော့ ဒညင်းဝက်တို့စားတာပါအလွန်ကြိုက်…အထွက်နံတာတော့ဆိုးသဗျ
    .ခုတော့မစားဖြစ်တာကြာပြီ..
    .အောင်မိုးသူချက်တာစားရင် သွေးတိုးသမားတော့ တန်းဂန့်မှာပဲ :))

    • အောင် မိုးသူ

      July 18, 2015 at 12:34 pm

      ဖြတ်တတ်ပါတယ်။ အိမ်မှာက သွေးတိုးရှိတဲ့သူ နည်းတယ်ဗျ။ း)) ဒညင်းသီးနဲ့ အုန်းနိုးနဲ့ချက်တာ လာဦးမယ်။

  • Alinsett @ Maung Thura

    July 18, 2015 at 4:06 pm

    ဒညင်းဝက်ကိုရော ဘယ်သူ ကြိုက်လဲဟေ့
    (အကျိုလေးဒေထဲဂ ပြောပါတယ်)

    :mrgreenn:

Leave a Reply