Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လူဟာလူပဲမို့

Foolish GirlJuly 28, 20151min66420

* ကျွန်မချစ်သူက သူပြောသမျှခေါင်းငြိမ့်ပြီးထိုင်ဆိုထိုင်ထဆိုထ စေလိုရာစေလို့ရတဲ့ပုံစံဖြစ်စေချင်တယ်
* ကျွန်မချစ်သူကသူ့အပြစ်ကိုထောက်ပြရင်မကြိုက်တတ်ကြဘူးသူတို့သာအပြစ်ထောက်ပြသူဖြစ်ချင်တယ်
* ကျွန်မချစ်သူကသူ့အပေါ်အပေါ်ပြုမူဆက်ဆံမူမျိုး ပြန်ဆက်ဆံခံရရင် မကြိုက်ဘူး
ဥပမာ –    သူစက်ပိတ်ထားရင်ထားမယ် တဖက်လူစက်ပိတ်ထားတယ်ဆိုစိတ်ဆိုးတယ်
ကျွန်မခေါ်တဲ့ဖုန်းက သူ့ဘက်မှာ Miss Call တွေထပ်ခါထပ်ခါဖြစ်နေတာထက်
သူတစ်ခေါက်ခေါ်လိုက်လို့ Miss Call တစ်ခါလောက်ဖြစ်သွားရင် စိတ်ဆိုးတယ်
* သူတို့ကိုကြုံဆုံလို့ ဥပမာပေးပြီးဘယ်လိုခံစားရလည်းမေးရင်လည်းမကြိုက်ကြဘူး ခြေရာတိုင်းတယ်ထင်ကြတယ်
* ကျွန်မချစ်သူက သူဖြစ်စေချင်သလိုသူလိုချင်သလိုလုပ်မပေးနိုင်ရင်မချစ်ဘူးလို့ထင်တယ် အကျိုးအကြောင်းဘယ်လောက်ပြည့်စုံပြီး ဘယ်လောက်ခိုင်မာနေပါစေ သူကနားလည်မပေးဘူး
* ကျွန်မချစ်သူကတဖက်လူဖြစ်စေချင်သလိုတော့လုပ်မပေးချင်ဘူးသူလိုချင်တာကိုပဲရအောင်လုပ်တယ်
* ကျွန်မချစ်သူကကျွန်မကြောင့် သူ့မှာကောင်းတဲ့ပြောင်းလဲမှုမျိုးရှိရင် ကျွန်မကြောင့်လို့ဝန်မခံတတ်ဘူး။ မကောင်းတာတစ်ခုခုဖြစ်ရင်တော့ မင်းကြောင့်ဆိုပြီးအပြစ်ဖို့တတ်တယ်
* ကျွန်မချစ်သူကသူ့ကို ချိုချိုသာသာချွဲချွဲနွဲ့နွဲ့ပြောတတ်တဲ့မိန်းကလေးတွေနဲ့ဆိုသာယာတတ်တယ်
* ကျွန်မချစ်သူက ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့ပုံစံမျိုး
ဒီအချက်တွေက ကျွန်မချစ်သူမှာမှမဟုတ်ပါဘူးလူတိုင်းမှာရှိပါတယ် ဒါပေမယ့် ချစ်သူတစ်ယောက် လက်တွဲဖော်တစ်ယောက်အတွက် ဒီလိုအချက်တွေကို တတ်နိုင်သမျှမလျှော့ချနိုင်ရတာလဲ
ယောကျာ်းလေးရောမိန်းကလေးရောအလုပ်ကရင်ဘောင်တန်းပြီးလုပ်နေရတဲ့ခေတ်မှာ ဘာလို့နားလည်မူမပေးနိုင်ရတာလဲ သူတို့လည်းလူကိုယ်လည်းလူပဲ
ကျွန်မကလည်း လူဟာလူပဲမို့ အပြစ်မကင်းပါသို့ပေမယ့်
သူများဝန်ထမ်းအဖြစ်အလုပ်လုပ်နေတဲ့လူတစ်ယောက်မှာကိုယ်ပိုင်အချိန်ဆိုတာနဲနဲပဲရပါတယ်
ရတဲ့အချိန်မှာ လုပ်သင့်လုပ်ထိုက်တာတွေ ကိုယ့်အတွက် လုပ်စရာလိုအပ်တာတွေ လိုက်လုပ်ရတယ်
လုပ်ငန်းခွင်မှာ ရာထူးတိုးတာတွေရှိခဲ့ရင်ကိုယ်မကျန်ခဲ့ရလေအောင် သင်တန်းတွေတက်ရတယ် လက်မှတ်တွေရအောင်ယူဖို့လုပ်ရတယ်
ဆွေမျိုး မိတ်ဆွေတွေရဲ့သာရေးနာရေးကိစ္စတွေရှိတယ်
stress တွေကို ဖြေဖျောက်ဖို့ relax တစ်ခုခုလုပ်ရတယ်
အိမ်မူကိစ္စတွေလုပ်ရတယ်
တိုက်ခန်းစာချုပ်ပြည့်လို့ပြောင်းရတော့မယ်ဆိုရင် ကျောချစရာနေရာတစ်ခုရဖို့ ခြေတိုအောင်လိုက်ရှာရတယ်
ရရင်လည်းပြောင်းဖို့ရွှေ့ဖို့သိမ်းဆည်းရ သန့်ရှင်းရေးလုပ်ရ
ဒါတွေကိုဘာလို့နားလည်မပေးနိုင်ရတာလဲ ??????
ကျွန်မသူ့ကိုသွားမတွေ့နိုင်ရင် သူလာခဲ့မယ်
ကျွန်မပင်ပန်းတဲ့အခါခိုနားရာတစ်ခုဖြစ်ဖို့
ကျွန်မလူတွေနဲ့ဝေးရာထွက်ချင်တဲ့အခါ သူ့ရင်ခွင်ကပုန်းခိုစရာရင်ခွင်ဖြစ်ဖို့ လုပ်ပေးဖို့ဘာလို့မစဉ်းစားနိုင်ရတာလဲ ဘာလို့လိုချင်တာတွေကိုပဲတောင်းတနေရတာလဲ
ကျွန်မ နားမလည်နိုင်ဘူး
ဒီတော့ကျွန်မမှာအဖြေတစ်ခုပဲရှိတော့တယ်
ကျွန်မကလည်းလူထဲကလူပဲမို့ သူလည်းလူထဲကလူပဲမို့ လူဟာလူပဲမို့

20 comments

  • ဇီဇီခင်ဇော်

    July 28, 2015 at 1:19 pm

    ထားပစ်ခဲ့!!
    ဘဝက တိုတိုလေးးးး
    စိတ်ချမ်းသာအောင်ထားမဲ့ သူနားမှာ ရွေးနေ။
    ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်မဲ့သူ ရွေးရှောင်။

    • Foolish Girl

      July 28, 2015 at 1:48 pm

      အင်း ထားခဲ့ဖို့ကလည်းကိုကချစ်နေတော့ ဘယ်လိုလုပ်ရမလဲ

  • တောင်ပေါ်သား

    July 28, 2015 at 2:15 pm

    ဪ ချစ်ဒုက္ခ ချစ်ဒုက္ခ ၊

    မထားနိူင်ရင်လည်း ဆက်သည်းခံပေါ့ကွယ်

    • Foolish Girl

      July 29, 2015 at 9:40 am

      အင်းဟုတ်ပဟုတ်ပ

  • အောင် မိုးသူ

    July 28, 2015 at 3:52 pm

    ချစ်နေတာ့လည်း ကိုယ်က အလျော့ပေးရတာများပါတယ်။ ယှဉ်မကြည့်ဘဲ အတတ်နီုင်ဆုံး လျော့ပေးမိတယ်။ အဲ့လို အလျော့ပေးမိတာဟာ အရှုံးပေးတာမဟုတ်ဘူး။ နောက်ပိုင်း ကိုယ်ကသာ လျော့ပေးပေမယ့်။ တစ်ဖက်က ကိုယ်တန်ဖိုးကို ပိုသိသိလာလိမ့်မယ်။ ကြည့်နေ တကယ်လို့ ပြတ်ဆဲရင်တော့ တစ်ဖက်ဘူးက အချိန်ကြာလေ နှမြောလေဖြစ်မှာ သေချာတယ်။

  • Mike

    July 28, 2015 at 3:53 pm

    .မွန်မွန်လာဖြေပါလိမ့်မယ်..ခဏစောင့်နော် :))

  • မြစပဲရိုး

    July 28, 2015 at 11:00 pm

    မယူခင် မှာတော့ အချစ်ဘဲ ရှိနေသေးတာ ကလေး ရေ။
    ယူပြီး တကဲ့ ဘဝ ထဲ မှာ ဒီလောက် သည်းခံနိုင်မှာ မဟုတ်တာ အတော်သေချာတယ်။
    အိမ်ထောင်သည်ဘဝ မှာ မိန်းမ ဆိုတာ ပိုပြီး ဇီဇာကြောင် လာတတ်တယ်။
    ကိုယ့်ကို နဲနဲ ဂရူမစိုက်တာ နဲ့ သဝန်တို စိတ်ငယ်တတ်တယ်။
    ကိုယ့်ကို အိမ်ထဲပိတ်ထားပြီး သူကျ ထွက် ကဲ နေမယ် ဆိုတာ ကို လက်ခံနိုင်ဖို့ လဲ ကြိုစဉ်းစား ထားပေါ့။

    • Foolish Girl

      July 29, 2015 at 9:45 am

      ဟုတ်ပအိမ်ထောင်သည်ဘဝရောက်လာရင် အမြဲအရှုံးပေးပြီးမှသည်းမခံနိုင်ဘဲပြန်ပြောလိုက်မိလို့ အပြတ်ပြတ်နဲ့နှာခေါင်းသွေးထွက်မှာစိတ်ပူမိတယ်

  • ဂျက်စပဲရိုး

    July 29, 2015 at 8:15 am

    ဒီထဲ လာရင်ဖွင့်ရင်တော့ အပျိုကြီး ဖြစ်ဖို့ လမ်းများမယ် ထင်ပ။ 😛 😛 😛
    အတည် အတန့် ပြောရရင်တော့ အဲ့ဒီ ပုံစံ နဲ့ တစ်သက်လုံး နေသွားနိုင်လား၊ ဒါမှ မဟုတ် သူ့ကို ပြောင်းလဲ နိုင်လား စဉ်းစားပေါ့။
    အရင်ဆုံး အေးအေးဆေးဆေး ဆွေးနွေးကြည့်ပြီးမှ ဘယ်လို မှ ညှိ မရ ရင်တော့ တတိယ လမ်း လိုက်တာ အကောင်းဆုံး လို့ ထင်။
    (အဲ့လို တွေ ဖြတ်ဖို့ ကွဲဖို့ ချည်းပဲ အကြံပေးလွန်းလို့ ခုဆို သူငယ်ချင်းတွေ ရင် လာမဖွင့် ကြတော့ဘူး ဟီးဟီး)

    • Foolish Girl

      July 29, 2015 at 9:47 am

      အင်းအသက်ကြီးလာလေလေစဉ်းစားတာတွေများလေလေဖြစ်နေတော့အပျိုကြီးဖြစ်ဖို့ပဲများပါတယ် 🙂

  • Ma Ma

    July 29, 2015 at 10:01 am

    သည်းခံခြင်းဆိုတာ အတိုင်းအစရှိလို့ အဲလောက်ကြီး အတ္တကြီးနေသူဆိုရင် ဘဝတစ်လျှောက်လုံးအတွက် အများကြီး စဉ်းစားသင့်တယ်။ 🙁

  • manawphyulay

    July 29, 2015 at 11:00 am

    အချစ်ဆိုတာ အချိန်ကြာတော့လည်း လူထဲက လူပဲမို့ ဘာမှမဟုတ်တော့ပါဘူး…. စိတ်ချမ်းသာမှုကိုသာ ရွေးချယ်လိုက်ပါနော်…

    • Foolish Girl

      July 29, 2015 at 1:48 pm

      ရင်ထဲခံစားနေရတာကိုဖွင့်လှစ်ခွင့်ရတဲ့အတွက်ရယ် နှစ်သိမ့်မူအဖြေတွေပေးကြတဲ့အတွက် ရင်ထဲပေါ့သွားလို့ အားလုံးကိုကျေးဇူးပါနော်

  • kai

    July 29, 2015 at 2:40 pm

    “ကျွန်မ”ဆိုကထဲက…သိပ်တော့မဟုတ်ဖူး..
    “နင်..ငါ”လောက်ဆို.. တော်တော်တိုးတက်သွားမယ်ထင်တာပဲ…။

    • မြစပဲရိုး

      July 29, 2015 at 9:34 pm

      “ရောဂါ” lol:-)))))

  • အောင်မယ်လေး.. အဲဒါ အချစ်မဟုတ်ဘူး.. အတ္တ..
    တကယ်ချစ်လာရင် တကယ် နူးညံ့လာလိမ့်မယ်…
    တကယ်ချစ်တဲ့ ယောက်ျားလေးဆိုတာ အဲဒါတွေနဲ့ တစ်ခြားဆီပဲ… သူတို့ ချစ်တဲ့သူ စိတ်ဆင်းရဲမှာ .. စိတ်ပင်ပန်းတာ ကို သိပ်စိုးရိမ်ကြတာ..

    ကိုယ်ပိုင်အလုုပ်ရှိတယ်…
    ဘဝကို တိုးတက်ဖို့ ဆက်လေ့လာတယ်…
    လူမှုရေးကိစ္စတွေကို မပျက်ကွက်ဘူး…
    relax လုပ်ဖို့ အချိန်ပေးတယ်…
    အိမ်မှုကိစ္စ မလစ်ဟင်းဘူး
    ကိုယ့်ဘဝကို ကိုယ်ရပ်တည်တယ်…

    ကိုယ့်ကို စိတ်ဒုက္ခပေးတဲ့ ယောက်ျားတစ်ယောက်ကို ဘာလို့ ဆက်လိုအပ်နေသေးတာလဲဟင်င်င်…

    • မြစပဲရိုး

      July 29, 2015 at 9:36 pm

      လာပဟေ့။ မပြောမရှိနဲ့။
      ဒါ တကဲ့ လက် တွေ့ နဲ့ ယှဉ်ပြောပြနေတာ နော်။ :-)))

      • အဟွာ.. နူးညံ့တယ်ဆိုတာ romantic ဆန်တာကို ပြောတာ ဟုတ်ဘူးနော်… ကိုယ့်ကို အစစအရာရာက ဂရုစိုက်ပေးတာ… ကိုယ်လုပ်သမျှ အပြစ်မမြင်ဘဲ ဘေးကနေ ပြုံးပြုံးလေး ကြည့်နေတာ… ကိုယ်စိတ်ညစ်နေရင် ငြိမ်ငြိမ်လေး နေပေးနေတာ… ကိုယ့်ကို စိတ်ရှည်ရှည်နဲ့ စောင့်ပေးတာ.. အဲဒါမျိုးကို ပြောတာ.. 🙂

  • Alinsett @ Maung Thura

    July 30, 2015 at 3:43 am

    အချစ်အကြောင်းကြီးကိုးးးး
    အာ့တော့ သားနဲ့ အဆိုင်ပုစ်
    လစ်ပီ
    ဝှစ်စ်

    :k:

  • Courage

    July 31, 2015 at 3:39 am

    “ဒါလူ့အခွင့်အရေးကို ချိုးဖေါက်တာပဲ” 🙂
    ဒီလိုလူမျိုးကို ချစ်သူတော်ထားရတာ အတော်ကံကောင်းပါတယ်။ ဘာလို့ဆို ခန္တီပါရမှီက မွေးယူစရာမလိုပဲ အလိုလိုဖြစ် ကျင့်သားရနိုင်တာကိုး။
    ဒါနဲ့ တော်တော် အတ္တကြီးတဲ့ သူပဲဗျာ။ ယောက်ျားချင်းတောင် မျက်မုန်းကြိုးချင်လာပြီ။

Leave a Reply