တူ မတူ Level
ပဒုမ္မာရဲ့ ဆွေမျိုးတော်ခွင့် ရရပါလို၏ဆိုတဲ့ပိုစ့်ကို ဖတ်ပြီး အတွေးပေါ်လာလို့။
ပဏ္ဍိတာရာမဆရာတော်ကြီးက သူ့ကျောင်းကို ရောက်လာတဲ့ ဘယ်သူကိုမဆို တရားအားထုတ်ဖို့ အမြဲတမ်း တိုက်တွန်းနှိုးဆော်လေ့ရှိပါတယ်။
အလှူဒါနနဲ့တင် အားရကျေနပ်မနေပဲ သံသရာက လွတ်မြောက်ရေးအတွက် လူ့ဘဝကိုရတုန်း၊ သာသာနာနဲ့တွေ့တုန်း ရခဲလှတဲ့ အခြေအနေတွေကို တန်ဖိုးထားတတ်အောင် ပြောဆိုဆုံးမလေ့ရှိပြီး သွေးသားဆွေမျိုးထက် ဓမ္မဆွေမျိုးတော်ချင်တယ်လို့ ပြောကြားလေ့ရှိပါတယ်။
ဆရာတော်က ဒကာ ဒကာမတွေကို လောကုတ္တရာအကျိုးရစေချင်တဲ့ ဆန္ဒအလွန်ကြီးမားပါတယ်။
အဲဒီရည်ရွယ်ချက်နဲ့ပဲ တရားအားထုတ်ပြီး ဓမ္မဆွေမျိုးတော်ချင်တယ်ဆိုတာကို ပြောခြင်းဖြစ်ပါတယ်။
ဓမ္မဆွေမျိုးတော်တာနဲ့ ပတ်သက်ပြီး သဂျီးက
လယ်ဗယ်တူအလွှာထဲက…သူကိုအလိုလိုသိနားလည်သွားတယ်…. လို့ထင်မိတယ်..။
လို့ ဆိုပါတယ်။
အဲဒါကို မလတ်က ………..
ဘယ်လို အယူအဆ ဘယ်လို အမူအကျင့် ဖြစ်စေ ကိုယ်နဲ့ ပေါင်းသင်း ဆက်ဆံ ရမှတော့ ကိုယ့် ဆွေမျိုး ကြီးပါဘဲ
တဲ့။
ကမာ္ဘဆိုတဲ့ ရွာကြီးထဲမှာ လူသားအချင်းချင်း ဆွေမျိုးတွေလို သဘောထားကြီးကြီးထားနိုင်စေချင်တဲ့ မလတ်ရဲ့ သဘောထားကို ထောက်ခံပါတယ်။
သဂျီးပြောသလို လယ်ဗယ်တူအလွှာထဲက…သူကိုအလိုလိုသိနားလည်သွားတယ်ဆိုတာနဲ့ပတ်သက်ပြီး ကိုယ်သိသလောက်ပြောရရင် ……..
၁။ ကောသလမင်းကြီးက အသက်အရွယ်တူ၊ မျိုးရိုးဂုဏ်ရည်တူ စသဖြင့် တူတာတွေများလို့ မြတ်စွာဘုရားကို ကြည်ညိုလေးစားတာထက်ကို အလွန်ခင်မင်နှစ်သက်တယ်လို့ ကြားနာဖူးပါတယ်။
၂။ အခုသင်တန်းတစ်ခုတက်နေတာမှာလည်း လာသင်ပေးတဲ့ ဆရာတွေအလှည့်ဆိုရင် ကမကထပြု ကြတဲ့ အဖွဲ့သားတွေက လက်ဖက်ရည်ဆိုင်ခေါ်သွားပြီး ရင်းရင်းနှီးနှီး လွတ်လွတ်လပ်လပ် ပြောဆိုကျွေးမွေးပြုစု ကြတယ်။
ဆရာမဆိုရင်တော့ အမျိုးသမီးဖြစ်လို့ လက်ဖက်ရည်ဆိုင်ခေါ်သွားလို့မကောင်းတော့ မုန့်နဲ့လက်ဖက်ရည်ကို ယူလာပြီးကျွေးမွေးရတယ်။
ဆရာမကို ရိုရိုသေသေဆက်ဆံကြပေမယ့် ဆရာတွေနဲ့လိုတော့ ရင်းရင်းနှီးနှီး မဆက်ဆံနိုင်ကြဘူး။
၃။ အဖေမဆုံးခင်က ဇာတိမြို့ကို အလည်ပြန်တော့ သူနဲ့ရွယ်တူတွေ မရှိသလောက်ဖြစ်ပြီး စကားပြောဖော်မရှိလို့ စိတ်မကောင်းဖြစ်သွားတာ သတိရမိတယ်။
ကြီးပြင်းလာတဲ့ခေတ်ကာလအခြေအနေတူသူတွေအချင်းချင်းမှ သဂျီးပြောသလို သူ့အလိုလိုသိနားလည်သွားတတ်ကြတာကိုး။
သွားလာနေထိုင်လုပ်ကိုင်ကြတဲ့အခါမှာ ပညာတူတာ၊ အသက်အရွယ်တူတာ၊ ကျား/မ တူတာ၊ လူမျိုးဘာသာတူတာ၊ အရပ်ဒေသတူတာတွေကြောင့် အတွေးအမြင်ချင်းနီးကပ်စေပြီး ခင်မင်ရင်းနှီးလွတ်လပ်မှုကို အလွယ်တကူ ပေးနိုင်တယ်လို့ ထင်မိတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀- ၃ဝ တုန်းက ကမာ္ဘလောကကြီး သာယာလှပဖို့အတွက် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ ကို ကမာ္ဘ့နိုင်ငံတွေအချင်းချင်းဆက်ဆံရေးမှာ ကျင့်သုံးဖို့ တိုက်တွန်းထားတာကို ဖတ်ပြီး သဘောကျခဲ့ဖူးတယ်။
ဒါပေမယ့် အခုလက်ရှိအချိန်မှာတော့ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးတွေမှာ အကြမ်းဖက်မှုတွေ သွေးသံတရဲရဲတွေ မြင်နေ ကြားနေ တွေ့နေရတာ စိတ်မချမ်းသာစရာပါ။
နောက်ဆုံးတော့လည်း လူဟာ လူပါပဲ။
လောဘ၊ ဒေါသ၊ မောဟ ဆိုတာ လူတွေရဲ့ အဆင်တန်ဆာပဲ လို့တောင် တွေးမိပါတယ်။ :p:
ဆွေမျိုးတော်ခွင့် ရရပါလို၏ ပိုစ့်မှာ မလတ်ရဲ့
ပညာမှာ ဘွဲ့ တွေ ထပ်နေ သူချင်း ရဲ့ အတွေးအခေါ် ကရော လယ်ဗယ်တူ ရာ ဖြစ်တာလား
ဆိုတဲ့ မေးခွန်းအတွက်
ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ လူ့အဆင့်အတန်းကို ကိုယ်ကျင့်သီလနဲ့ တိုင်းတယ်လို့ ဆိုတဲ့ အဖြေပေးချင်ပါတယ်။
တရားတကယ်ကျင့်မကျင့်၊ ရှိမရှိဆိုတာအတွက်ကတော့ ပဒုမ္မာရဲ့ အဖြေကို ကျေနပ်လိမ့်မယ် ထင်ပါတယ်။
လောကကြီးမှာ ကိုယ့်ပတ်ဝန်းကျင် ကိုယ်တဲ့တွေ့ထိဆက်ဆံနေရသူ အားလုံးကို တစ်တန်းထဲထားပြီး ဆက်ဆံနိုင်ကြပြီး လောကကြီးတစ်ခုလုံး မေတ္တာလွှမ်းခြုံပြီး ငြိမ်းချမ်းသာယာစေချင်ပါတယ်။ 🙂
17 comments
မြစပဲရိုး
August 16, 2015 at 1:44 am
ဒဲ့ဘဲ စိတ်ထဲရှိရာ ရေးချ မှ ရှင်းတော့မှာမို့ တိုက်ရိုက်ဘဲ ရေးတော့မယ်။
ဆရာတော်ကြီး ကို တွေ့လို့ သူက တစ်ခြားသူ ကို သမီးခေါ်ပြီး ကိုယ့်ကို မခေါ်ရင် ကွန်ပလိမ့် လုပ်မှာ။
သမီး ကိုလဲ သမီးခေါ်ပါလို့။
သူက “ပိုတရားလုပ်လို့ ခေါ်တာ” လို့ ပြောရင် ဆက်ပြီး ကွန်ပလိမ့် လုပ်မှာ။
“တရား မရှိသူ ကို သမီး ခေါ်လိုက်ရင် ဆရာတော်ကြီး နဲ့ ပိုနီး သွားပြီး ဆရာတော်ကြီး စကား ကို ပိုပြီး နားထောင်မှာပေါ့” လို့။
အစ်မဒုံ ပို့စ်မှာ အဲလို တိုက်ရိုက်မရေးဘဲ သွယ်ဝိုက်ရေးတော့ ပိုရှုပ်ကုန်ရော။ lol;-)))
ဒီတော့ ကောင်း တာပေါ့။
ချစ်မမ မှာ အတွေးပွါးပြီး ပို့စ် တစ်ခု ထွက်ရော။
မဆီမဆိုင် သတိရပြီး ပြုံးမိနေတယ်။
သများ ရွှေပြည်ကြီး မှာ ချာမ လုပ် ခဲ့တုန်းက အများစု က ချာတိတ်တွေမို့ သား၊ သမီး ခေါ်တာ အကျင့်ပါပြီး
ကိုယ့် အဖေ လောက်လူကြီး ကိုလဲ သွားပြီး သား ခေါ် လို့ ဝိုင်းဟားတာ ခံခဲ့ဘူးသေး။
“လူ့အဆင့်အတန်းကို ကိုယ်ကျင့်သီလနဲ့ တိုင်းတယ်” ဆိုတဲ့
ပါမောက္ခချုပ်ဆရာတော်ကြီးရဲ့ အဖြေ ကို ဝမ်းမြောက် ကျေနပ်စွာ နဲ့ လက်ခံပါတယ်။
ဒီတော့ ကောက်ချက် ဆက်ချမယ်။
ဒီ ရွာထဲ မှာ စကားတွေ စုပြီး ပြောနေကြတာ အမြင်ချင်းတွေ၊ ရှုဒေါင့်ချင်းတွေ၊ အသိုင်းအဝိုင်းချင်း တွေ၊ ကြီးပျင်းလာရပုံတွေ မတူကြပါ။
ဒါပေမဲ့ ဘာလို့ စု ပြီး ဒီလို ခင်မင်ရင်းနှီးနေကြလဲ ဆိုတော့ အားလုံးမှာ “ကိုယ်ကျင့်တရား သီလ” တွေ ညီတူနေလို့ဘဲ လို့။ :-))
PS – မမ နောက် ၃ ပုဒ် ဆို ပန်းဝင်ပြီ ဗျို့။ Keep going … please. 😉
Ma Ma
August 16, 2015 at 12:44 pm
မလတ်ပြောလို့ ပြောရအုံးမယ်။
ဒီအသက်အရွယ်မှာ လူလည်း ဇော်ကန့်လန့်ဖြစ်နေတယ်။
အသက်၂ဝလောက်လေးတွေကို ညီမလေးလို့ ခေါ်မိလိုခေါ်မိ၊
ကလေးလို့ ခေါ်ပြီးမှ ကိုယ့်အသက်လောက်ဖြစ်နေလို့ မျက်လုံးအဝိုင်းသားဖြစ်သွားတာတွေလည်း တွေ့ရနဲ့
မသိတဲ့လူတစ်ယောက်ကို ခေါ်ခါနီး မနည်းစဉ်းစားနေရတယ်။ :k:
Ma Ma
August 16, 2015 at 12:52 pm
အမှန်တကယ်က သမီးလို့ အခေါ်ခံရတဲ့မိတ်ဆွေက ငယ်ငယ်ကတည်းက ဆရာတော်ကြီးဆီမှာ တရားအစစ်ခံပြီး ကြိုးစားအားထုတ်ခဲ့တဲ့သူမို့ တရင်းတနှီးရှိပြီးမှတ်မိနေတာလို့ ထင်ပါတယ်။
ကြည်ညိုလေးစားရတဲ့ ဆရာတော်ကြီးမို့ ကိုယ့်ကိုလည်း တရင်းတနှီးနဲ့ သမီးမို့ခေါ်ခံရရင် ဝမ်းသာစရာပေ့ါ။
ဒါပေမယ့်လည်း ဆရာတော်ကြီးက အသက်ကြီးလာလို့ နောက်ပိုင်းလူတွေကို မမှတ်မိတာများပါတယ်။
အဲဒါလည်း ဝမ်းနည်းစရာမဟုတ်ပါဘူး။
ကိုယ်နိုင်သရွေ့ ဆရာတော်ကြီးရဲ့ သာသနာမှာ ဝိုင်းဝန်းအားဖြည့်ခွင့်ရနေတာလည်း ကျေနပ်စရာပါပဲ။ 🙂
ကိုပေါက်(မန္တလေး)
August 16, 2015 at 5:23 pm
ကို်ယ်နဲ့ မသိ မရင်းနှီးတဲ့သူက အခေါ်အဝေါ်တွေသတိထားရတာက
ကျနော်တို့ လူမျုးိရဲ့ ဝေါဟာရ ဖောင်းပွ မူ့ ကြောင့် လို့ ဆိုရင်မမှားပါဘူး
သား တို ့ သမီး တို့ ခေါ်တာ ကျနော်တို့ ငယ်ငယ်က မရှိတာအမှန်ပါဘဲ
မောင်ဘယ်သူ မဘယ်သူ
ခလေး ခလေးမ နဲ့ ခေါ်ကြတာကို
အခုခေတ်မှာ သမီး က သား က ဆို ပြီး ကိုယ့် အသက်အရွယ်နဲ့ မလိုက်ပြောနေကြတာတော့ တွေ့နေရတာအမှန်ပါဘဲ
မမ ရဲ့ ပန်းတိုင် ရောက်တော့ မှာကို ကြိုဆိုုလို့ နေပါတယ်
ကိုလတ်ကြီးရေ ကြီးပြင်း မှ ဆိုလိုရင်းကိုရောက်ပါမယ်
Ma Ma
August 16, 2015 at 8:14 pm
သား သမီး လို့ ခေါ်ကျင့်မရှိလို့ နှုတ်မရဲဘူး။
တူအရွယ် တူမအရွယ်လေးတွေကို ကလေး လို့ သုံးနှုံးတော့လည်း အခေါ်ခံရတဲ့သူအတွက် အဆင်မပြေလိုဖြစ်ဖြစ်နေတာ။ 🙁
ပန်းတိုင်ရောက်အောင် တွန်းတင်ပေးတဲ့သူရှိနေလို့ မြန်မြန်ပန်းဝင်ဖြစ်မယ် ထင်ပါရဲ့ ကိုပေါက်ရေ။ 🙂
ရွာထဲမှာ ရေးရင်း ဖတ်ရင်းနဲ့ အချင်းချင်း စာထဲကနေ စိတ်တွေကို ဖတ်မိပြီး ခင်မင်ရင်းနှီးလွယ်ကြတာ စိတ်ဓာတ်လယ်ဗယ်တွေ တူနေလို့လို့ တွေးမိတယ်။ 🙂
ကိုပေါက်(မန္တလေး)
August 16, 2015 at 9:49 pm
ရွာထဲမှာ ရေးရင်း ဖတ်ရင်းနဲ့ အချင်းချင်း စာထဲကနေ စိတ်တွေကို ဖတ်မိပြီး ခင်မင်ရင်းနှီးလွယ်ကြတာ စိတ်ဓာတ်လယ်ဗယ်တွေ တူနေလို့လို့ တွေးမိတယ်။
အဲဒါကတော့ အမှန်ပါဘဲ
သဘောထားတူတာ မတူ တာ အပထား
စာရေးစာဖတ်ကို ဝါသနာပါတာခြင်း တူတော့ အလွှာတူ တယ်ဘဲ ဆိုရပါမယ်
ကျနော်ကတော့ ဓါတ်ပုံ ရိုက်ဖြစ်တော့လဲ ဓါတ်ပုံကလူတွေနဲ့ အသိဖြစ်
သီချင်းတွေ တင်ပေးနေပြန်တော့ လဲ
ကိုပေါက် ဟိုသီချင်းရှာပေးပါ
ဒီသီချင်းရှာပေးပါ ဆိုတာနဲ့ မိတ်ဆွေတိုးလာပါတယ်
ကျနော်ဆရာတစ်ဦးက ပြောတာကို အမြဲ မှတ်ထားပြီး ကျင့်သုံးပါတယ်။
လူဆိုတာ ကိုယ့် ကို တန်ဘိုးထားတဲ့ ပါတ်ဝန်းကျင်မှာ အမြဲ နေရ မယ် ဆိုတာလေးပါဘဲံ
padonmar
August 16, 2015 at 10:14 pm
Yayyyyyyy!!!!!!!!
.အမွှာညီအမဆိုတော့ စစ်ကူလာပြီ.
.ကိုယ်ကတော့ ကိုယ့်ထက်ကြီးတဲ့ မိန်းမကြီးတွေကိုတောင် .သမီးခေါ်ရတာ ဟောက်ဆာဂျင်ဆင်းကတည်းကဆိုတော့
.နည်းနည်းငယ်လည်း သား/သမီးခေါ်ပစ်လိုက် အေးတာပဲ။
.အကို/မောင်လေးလို့ ခေါ်ဖို့သာခက်တာ။
.ဆရာတော်ကြီးက အခေါ်သာ .ကွာတာ ကောင်းစေချင်တဲ့ စေတနာကတော့ .လူတိုင်းအပေါ်ရှိပါတယ်။
.ကိုယ်လည်း သမီးခေါ်ခံချင်ရင် ကိုယ့်ဖက်က .စွမ်းဆောင်ရည်ပြဖို့ပဲ လိုတယ်လို့ မြင်တာပဲ။
.တကယ့် ဆရာ/ဆရာမများ မတော့ လိမ်မာတဲ့ ကလေးကို .ချစ်သလို ဆိုးပေလေးတွေကိုလည်း ချစ်တာပဲတဲ့။
.အဲတော့ ဆရာတော်ကြီးလည်း .သူ့နားသွားဆိုးပြတဲ့သူဆိုရင်တော့ ကရုဏာနဲ့ .သား/သမီးခေါ်ပြီး ဆုံးမတာ ရှိမှာပါ။
.ကောင်းပြီး အသိအမှတ်ပြုခံမလား/ဆိုးပြီး .အသိအမှတ်ပြုခံမလားဆိုတာတော့ ကိုယ့်ရွေးချယ်မှုပေါ့။
.အသိအမှတ်ပြုရမယ့်သူရဲ့ အပြစ်လို့ မထင်။
ဦးကြောင်ကြီး
August 17, 2015 at 1:51 am
ခိုနီဒုံ ပြောသမြ စန့်ကြင်ဂ ျ…..
ဦးကြောင်ကြီး
August 17, 2015 at 1:52 am
လေမားမား တူမဲနဲ့ လယ်ဗယ်လ် တူဂ ျင်လှိုက်တာ…..
ဇီဇီခင်ဇော်
August 17, 2015 at 8:40 am
ဘေ့(စ) တူမှ ပါဝါချင်း ပေါင်းလို့ ရသတဲ့။
:k:
weiwei
August 17, 2015 at 10:40 am
ဒီရွာထဲမှာတော့ လက်ဗယ်တူကြပါတယ် …
အပြင်လောကမှာ ပေါင်းသင်းနေကြရတဲ့ မိတ်ဆွေတွေထက် ပိုပြီး ရင်းနှီးတယ် .. ဘယ်အချိန်ဖြစ်ဖြစ် စိတ်ထဲမှာ ခင်နေပြီးသား ရင်းနှီးနေပြီးသား ဖြစ်နေတာ ..
အထူးသဖြင့်တော့ အန်တီဒုံတို့ အန်တီမမတို့ အမွှာညီအမကို ဂိုဏ်းတူလို့ကို သဘောထားထားတာလေ ..
အော်မေ့ဂိုဏ်း … 🙂
Ma Ma
August 17, 2015 at 8:28 pm
သဘောချင်းတူလို့ ဝေဝေ့ကို စိမ်းလိုက်ပြီ။ 🙂
aye.kk
August 17, 2015 at 8:35 pm
တူမတူဆိုတာ
ဥပမာပုံထားပြောပြချင်မိတာက
ပျားနှင့်ယင်၊တူယှဉ်ကြည့်ပြီး၊ပြေးမြင်မိပါတော့တယ်မမရယ်။။။
Ma Ma
August 18, 2015 at 10:49 pm
ပျားလိုလူနဲ့ ယင်ကောင်လိုလူဆိုပြီး လောကကြီးထဲမှာ လူကောင်းနဲ့ လူဆိုး ၂မျိုးရှိကြောင်း ဟောတဲ့တရားတွေ နာဖူးတယ်။
သေသေချာချာ မမှတ်မိတော့လို့။
အဲဒီအကြောင်းကို ရေးပြချင်သေးတာ။
aye.kk
August 19, 2015 at 12:34 am
မမ
တိပိဋကဓရယောဆရာတော်ဘုရားကြီးရေးသားတဲ့
တိပိဋက ဓမ္မလက်ဆောင်(၁၁)
(တိပိဋကမယ်တော်ကြီး စိန်ရတုအထူးလက်ဆောင်)
ကိုယ်ပိုင်အလုပ် ခပ်သုတ်သုတ်
နောက်ကျောဘက်မျက်နှာဖုံးမှာရေးသားထားတဲ့
“လောကမျက်မြင်ပျားနှင့်ယင်”
လောကမျက်မြင်ပျားနှင့်ယင်
နှိုင်းယှဉ်ကြည့်နိုင်ကြ။
အသိခြားနား၊ယင်နှင့်ပျား၊စွမ်းအားမတူကြ။
ယင်ကေါင်ပမာ၊ရှုပ်ထွေးစွာ၊ကေါင်းတာမစုက။
ခုရောနောင်ပါ၊ပူလောင်ကာ၊ချမ်းသာဆုံးရှုံးရ။
ပျားကောင်ပမာ၊ဖြောင့်မှန်စွာ၊ကောင်းတာစုထားမှ။
ခုရောနောင်ပါအေးမြကာ၊ချမ်းသာရနိုင်ကြ။
ဆရာတော်ရဲ ့ဆုံးမဩဝါဒ၊အပိုဒ်ကိုဖော်ပြလိုက်ပါတယ်။
မမရေဆရာတော်ဟောကြားတဲ့တရားကိုလည်းနာဘူးတယ်။
ဆရာတော်ရဲ ့အသံဖိုင်ကိုလည်းကူးယူထားပါတယ်။ပေးနာချင်မိပါတယ်။
မမရေးပြတာလည်း ဖတ်ချင်မိပါတယ်။။
black chaw
August 19, 2015 at 3:11 pm
ပို့စ် တင် ကတည်း က ဖတ်ထားပြီးပေမယ့်
ခုမှ ကွန်းမန့် ရေးဖြစ်ပါတယ် မမရေ…။
လေးလေး နက်နက် စဉ်းစားပြီး
ကွန်းမန့် ရေးနေပေမယ့်
ရေးလိုက် ပြန်ဖျက်လိုက် နဲ့
နောက်ဆုံးတော့ ဖတ်သွားတယ်ဆိုတာလေးပဲ
မှတ်တမ်းတင် သွားပါတယ် ဗျာ…။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
Ma Ma
August 19, 2015 at 8:48 pm
ဖတ်သွားတာကို မှတ်တမ်းတင်ပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုဘလက်ရေ။ 🙂