Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငြိမ်းချမ်း ယုံကြည် – Peace and Trust

ဇီဇီSeptember 18, 20151min131421

ပြောရရင် ကိုယ်တိုင်လည်း စိတ်ပေါက်လာတဲ့ အခါ …
ပြောတာ ဆိုတာ ရန်စ တာ ပြန်ချေပတတ်တာ အစွန်းရောက်ရောက်သွားတယ်။
ကိုယ်တိုင်လည်း သိတာမို့ ထိန်းသိမ်းနေတာပဲ။
.
.
စဉ်းစားကြည့်ရင် ကိုယ့်နိုင်ငံ ကာကွယ်နေတဲ့ တပ်မတော်ကို အမြင်မကြည်ရတာ အတော်ကို စိတ်ဆင်းရဲစရာကြီးပါ။

ကျနော်တို့ ကိုယ့် တပ်မတော်ကို ကိုယ် ယုံကြည်ချင်ပါပြီ…!!!

😥
အဖိုးလေး ဗိုလ်ချုပ်တွေ၊ ဦးလေး စစ်ဗိုလ်တွေ စစ်မြေပြင်က အကြောင်းတွေ ဟာသနှောပြီး ပြောပြတိုင်းလည်း အဲဒီ ဟာသနောက်က ဒုက္ခတွေကို မြင်တာမို့ မရီရက်ခဲ့ဘူးး။
သူတို့ ခေတ် စစ်တက္ကသိုလ်မှာ ဝါဒဖြန့်တာတွေ၊ ဘရိန်းဝပ်(ရှ) လုပ်တာတွေ မရှိခဲ့လို့ လားတော့ မသိ၊ ခုခေတ် စစ်သား/စစ်ဗိုလ်တွေထက် စကားပြောတာ အလယ်အလတ် ပိုကျခဲ့တယ်လို့ မြင်တာပဲ။
.
.
နိုင်ငံကာကွယ်ရေး အဖွဲအစည်းတစ်ခုဟာ ဘယ်နိုင်ငံရေးကိုမှ မပါဝင်တာ၊ ဘယ်သူ့ ဩဇာမှမခံရဘူး ဆိုတဲ့ ခေတ်ကို ကျော်လွန်ပြီးနောက်ပိုင်းးး

.

.

.
နောက်ပိုင်းးး တွေမှာ ….

.

.

.
စု ကို အသားလွတ် ဆဲ တဲ့ မုန်းတဲ့ စစ်ဗိုလ်တွေမြင်တိုင်းး…

.
သူတို့ အကျိုးစီးပွါးပျက်စီးအောင် ဘာမှ မလုပ်ခဲ့တဲ့ အမျိုးသမီး တစ်ယောက်ကို သိစိတ်ရော မသိစိတ်ကပါ မကြည်ဖြူဖြစ်နေတဲ့ အရာရှိတွေ မြင်တိုင်းး…
သွေးပျက်မတတ်ကို အံ့ဩမိတယ်။

:r:

.

.
ပိုဆိုးတာက မိသားစုဝင်တိုင်းကပါ စု ကို မကောင်းထင်အောင်၊ ဆဲဆိုနိုင်အောင် ဝါဒဖြန့်နိုင်တဲ့ အင်အားကို လန့်လန့်လာတာပါပဲ။

:g:
.
.
.
ခက်တာကလည်း စု သာ နိုင်ငံ ခေါင်းဆောင်ဖြစ်ရင် စစ်တပ် ဒုက္ခရောက်မယ် ဆိုတဲ့ အစွဲကို ဘယ်လို ဖယ်ရမယ် ကျနော်ခုထိမသိဘူးး

.
.
နိုင်ငံရေးနဲ့ မဆက်နွယ်တဲ့ ကာကွယ်ရေး အဖွဲ့အစည်းတစ်ခုဟာ ဘယ်သူတက်တက် အခြေမပျက်ရှိနေရမှာပါ။ ရှိနေမှာပါ။

စစ်တပ်က အရာရှိတွေ နိုင်ငံခေါင်းဆောင်ဖြစ်မှ စစ်တပ်က အဆင့်မြင့်တာမျိုး မဟုတ်ပါဘူးး…

.

.
ကိုယ့်နိုင်ငံကို ကာကွယ်နိုင်တဲ့ အဖွဲ့အစည်းကို ဘယ်သူတက်တက် အဆင့်မြင့်အောင် ထားရမှာ နိုင်ငံ ခေါင်းဆောင်တွေ တာဝန်ပါ။
.
ဒါကိုလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး က သိပါတယ်။

နောက်ပြီး သူ့ကို အသက်အန္တရယ်ထိ ဒုက္ခပေးထားတဲ့ သူမျိုးတွေကို တောင် ပြည်သူတွေ မနာဖို့ ပူးပေါင်းမဲ့ လမ်းကို ရွေးခဲ့တဲ့ ပြည်သူ့ခေါင်းဆောင်ပါ။
လက်စားချေဖို့ ဒုက္ခပေးဖို့ မပြောနဲ့ ခုချိန်ထိ အပြစ်တင်သံနဲ့ တောင် မပြောဖူးခဲ့ပါဘူးး။
.
တစ်ခုတော့ရှိတာပေါ့လေ။ စစ်အာဏာရှင် အစိုးရမရှိတော့ဘူး ဆိုရင်တော့ ..

.

.
အာဏာရှင်နဲ့ ပေါင်းစားနေတဲ့ အရာရှိတွေ…

.
ကိုယ့် အလုပ် ကိုယ် မလုပ်ချင်တဲ့ အရာရှိတွေ ကတော့ ဘယ်ကြိုက်မလဲ။ သူတို့ကတော့ ခါးခါးသီးသီး ကာကွယ်ပါလိမ့်မယ်။

.

.
အမှန်တော့ စစ်ဗိုလ် စစ်သား တွေ အနေနဲ့ စစ် ကို အချိန်ပြည့် တိုက်နေရတဲ့ ဘဝ လိုချင်မယ် မထင်ပါဘူးး။

.
တိုက်ချင်အောင် ဘယ်လောက် သွေးကြွအောင် မြှောက်ပင့်နေပါစေ မိသားစုကရော ကိုယ်တိုင်ကပါ အသက်နဲ့ ရင်းရတဲ့ တိုက်ပွဲတွေ မလိုအပ်ပဲ ရှိစေချင်မှာ မဟုတ်ပါဘူး။
.
.
စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်မဲ့ နိုင်ငံခေါင်းဆောင်မျိုး…
ပြည့်ဝတဲ့ (စိတ်ဓာတ်၊ စည်းကမ်း) ကာကွယ်ရေး အဖွဲ့အစည်းမျိုး ကို ဖော်ဆောင်ပေးမဲ့ နိုင်ငံ ခေါင်းဆောင်မျိုး ကို ခင်များတို့တစ်တွေလည်း လိုချင်ကြမှာ ပါ။
နော်…???

:chit:
‪#‎Peace‬ & Trust

21 comments

  • pooch

    September 18, 2015 at 11:13 am

    စိတ်ညစ်တယ်နည်းနည်းမဟုတ်ဖူး အများကြီး နိုင်ငံရေးကို ထဲထဲဝင်ကြည့်လေ စိတ်ညစ်လေပဲ
    ဘာမျှော်လင့်မိလဲ ဆိုတော့ ခုပြောင်းမယ်ဆိုတဲ့ ပညာရေးလေ တနှစ်ကို သူငယ်တန်းက စပြီး တနှစ်ချင်းပြောင်းမယ်ဆိုတဲ့ ပလန် (တကယ်ဖြစ်ပါစေ ဆုတောင်းတယ်)
    အနည်းဆုံးတော့ ကိုယ့်တူမလေးတို့လက်ထက်မှီနိုင်သေးတယ်

    လူတွေရဲ့ အတွေးအခေါ်တွေ ဖောက်ထွက်နို်င်ဖို့ အသိလိုတယ်

    ခေတ် ၃ ခေတ် အယူအဆ ၃ မျိုး ကို ရှေးဦးထဲက လူတွေ ဖြတ်ကျော်ဖူးတယ်

    အနောက်မှာ သံကိုလေ့လာတယ်လို့ အကြမ်းဖျင်းပြောလို့ရတဲ့ scienceတွေ ဘာတွေ သူက အခု လပေါ်ရောက်အောင်သွားတဲ့သူတွေ

    အလယ်မှာ အခု ကွန်ဖြုးရှပ်တို့ ဘာတို့ ပေါ့ သူတို့ အတွေးခေါ်အယူဆတွေ က ဘာကိုဆိုလိုလည်းတော့
    ပစ္စုပန်မှာ တည့်တည့်ရှုပြီး ကောင်းကောင်းမွန်မွန်နေတတ်ထိုင်တတ်အောင် ကျင့်ကြံလိုက်နာကြဖို့ပေါ့

    နောက်တခုက သေပြီးနောက်ဘဝကို လေ့လာကြတာ ဘာသာတရားပေါ့

    အဲ့ဒီအယူဆ ၃ ခုမှာ ရှေ့ရောက်တာရယ် တကယ်လက်တွေ့ကျတာရယ် အသုံးဝင်တာရယ် လူတွေကို မှိုင်းတိုက်တာရယ် မှာ သူကြီးပြောတဲ့ ဘာသာရေးက အဆိုးဆုံးဆိုတာ လက်ခံတယ်

    ပညာကိုမလိုက်စားပဲ ဘာသာရေးကို ဇောင်ပေးတဲ့တိုင်းပြည်တွေ ဒုက္ခရောက်တာပဲ

    • pooch

      September 18, 2015 at 11:32 am

      ဟယ် အနီပေးသွားတယ်တော့ :mrgreenn:

    • ဇီဇီခင်ဇော်

      September 18, 2015 at 11:38 am

      စစ် အာဏာရှင် ချုပ်ကိုင်ထားတာ လက်နက်ကိုင် အဖွဲ့အစည်းမို့ သေနတ်နဲ့ အမုန်းတရား မရှိတဲ့ ပြည်သူတွေ ကြောက်နေရတာကို အားမရ
      အခု ဘာသာရေး အဖွဲ့အစည်း ကိုပါ ချုပ်ကိုင်လာတော့ ပိုဆိုးတော့တာပေါ့။

      အကြောက် တရား ၂ ခု ဆင့် ပြီပေါ့။

      ကိုယ့်သားမြေးတွေ နိုင်ငံခြားထိ တသက်လုံးမလွှတ်နိုင်တဲ့သူတွေ
      နောင်တချိန် လိပ်ပြာလုံချင်ရင် ဆုံးဖြတ်ရတော့မယ်။

      ဘုန်းကြီးတွေဆိုတာ မျိုးဆက်မှ မထားခဲ့ရတာ။
      သူတို့ကတော့ ကိုယ့်မျိုးဆက်အတွက် ကိုယ်တွေးပေးမှာမဟုတ်ဘူးး

      နိုင်ငံတကာ ဗဟုသုတလည်း မရှိရင် ပိုဆိုးတယ်။
      ဘာသာရေးက မတရားလွှမ်းမိုးလို့ နိုင်ငံရေးမှာ ပျက်စီးတာတွေ သူတို့ မသိဘူး

  • Mike

    September 18, 2015 at 1:15 pm

    .ကျုပ်လည်းစစ်သားသားသမီးပါ..အရွယ်ရောက်သည်အထိစစ်တပ်ထဲကြီးလာတာ
    .ပြောင်းရွေ့ခဲ့ရတဲ့မြို့တိုင်းနေရာတိုင်းမှာ စစ်သားသားသမီးဖြစ်လို့မျက်နှာမငယ်ခဲ့ရပါ
    .စစ်တပ်ကိုပြည်သူတွေလေးစားချစ်ခင်တဲ့ခေတ်ပေါ့….ဦးနေဝင်းလက်ထက်က…
    .ဦးသန်းရွှေခေတ်မှာ တပ်စပျက်တာပဲ
    .တပ်တင်မဟုတ် ရဲအပါအဝင်ဝန်ထမ်းလောကတစ်ခုလုံးပျက်စီးသွားတော့တာပဲ…
    .ဒီတစ်ခါတော့ အဲ့သမိုင်းလူဆိုးအဖွဲ့ကို အောင်နိုင်မယ်လို့မဝံ့မရဲမျှော်လင့်နေရတာပဲလေ…
    .ဒုန်း…ဒုန်း…ဒုန်း…..အောင်ရမည်

    • ဇီဇီခင်ဇော်

      September 18, 2015 at 2:13 pm

      ဘာပဲပြောပြော စစ်တက္ကသိုလ်က ပညာသင်ထား၊ ပညာတတ်ထား၊ စွယ်စုံရတဲ့သူတွေ
      လောကဓံတွေ တွေ့ကြုံထားတဲ့ အရာရှိတွေပဲလေ။
      တွေးတောကြံဆနိုင်မယ်လို့ မျှော်လင့်ရတာပဲ။
      အချိန်တန်ရင် ပြည်သူတွေဘက် သေနတ်ပြောင်းလှည့်မလာပါစေနဲ့လို့ပဲ ဆု အရင် တောင်းရတော့မယ်.

  • အောင် မိုးသူ

    September 18, 2015 at 2:15 pm

    မှိုင်းမိနေတဲ့ သူတွေဟာ မှိုင်းမိနေကြပြီ အစ်မရေ ဘယ်လိုပြောပြော စုံလုံးကန်းနေကြပြီ။

    • ဇီဇီခင်ဇော်

      September 18, 2015 at 2:53 pm

      နာ့ ကို အားလျော့အောင် လာလာပြောနေကြ!!
      အဟင့်။
      နိုင်ငံကာကွယ်ရေးအဖွဲအစည်းကိုအားကိုးရမလားလို့ တိုင်တည်နေတာကို..

      😥

  • kai

    September 18, 2015 at 3:00 pm

    “မည်သူကမှ..မည်သူ့ကိုမှ.. ဖူးမျှော်မာန်လျှော့ ကန်တော့ခြင်းမပြုရ..။”
    အဲဒါ တခုတည်းသောအဖြေပဲ…
    လွယ်လှသေး…။

    အဲလိုလူတွေဝိုင်းလုပ်ကြရင်.. ဗုဒ္ဓတရားကိုတကယ်နားမလည်တဲ့…ဘုန်းကြီးတွေငတ်မယ်..။
    ငတ်ရင်.. လူထွက်မယ်..။ မိန်းမယူကြမယ်..။
    မျိုးဆက်တွေ.. ဆွေမျိုးတွေရှိလာတော့.. အနာဂတ်ဆိုတာ.. နောက်ဘဝမဟုတ်…
    ခုဘဝကိစ္စတင်သေသေချာချာ လုပ်ကြရတော့သပေါ့..။
    တချို့ကျ.. လက်ကားစားနေတာကနေ.. လက်လီတဦးတည်း(ဇနီး) က.. ဝင်ထိန်းတော့… လူ့သဘာဝ.. လူမှုရေး… ပိုနားလည်လာသပေါ့…။

    လူထုကျ.. လူုငယ်မျိုးဆက်သစ်တွေကျ.. ကိုယ်ပိုင်အညွှန့်တွေတလူလူထောင်ထွက်လာမယ်…။
    လူသားအချင်းချင်းခွင့်တူညီမျှ.. အဓိပ္ပါယ်သိနားလည်လာသမို့.. အပြန်အလှန် Respectထားဆွးနွေးတာတွေ.. ဒီဘိတ်တွေ..ရှိလာမယ်..။
    .. ပြန်မပြောနားမထောင်တွေ..
    ခိုးလုပ်ရတာတွေ.. လျှော့ကျလာမယ်..။
    အနည်းဆုံးတော့.. လူကြီးလာလို့ဆိုပြီး. အထူးအခွင့်အရေးသမားကြီးအဖြစ်… ခုံပြင်..စားပွဲပြင် လုပ်ရတဲ့အလုပ်တွေ..ရှိတော့မှာမဟုတ်..။

    အဲလို… :k:

    • ဇီဇီခင်ဇော်

      September 18, 2015 at 3:11 pm

      တဂျီးးး
      လိုရာ ဆွဲနေပြန်ပြီ။
      ဒီမှာ ဖြင့် ကိုယ့် အခြေအနေပျက်မစိုးလို့ NLD ဆို ခါးခါးသီးသီးဖြစ်နေတဲ့ သူတွေကို ရှင်းပြနေတာညော်။
      ဖူးမျှော်မာန်လျှော့ ကိစ္စက နောက်မှ လာမယ်။
      :k:

  • မြစပဲရိုး

    September 19, 2015 at 2:20 am

    .ဒေါ်အောင်ဆန်းစုကြည် ကို မုန်းတာ အခု နောက်ထွက်လေးတွေ က ပိုဆိုးတယ် ထင်ရဲ့။
    တကယ်တော့ နေရာတိုင်းမှာ ကောင်းသူ ဆိုးသူ ဒွန်တွဲ နေကြတာပါ။
    ဆိုးသူအချင်းချင်း တွေ့တော့ မကောင်းတဲ့ ဘက် ကို ယိမ်းသွားတာလို့ ဘဲ ပြောချင်ပါတယ်။

    နယ်က အဒေါ် ပြောတဲ့ စကားထဲ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကိုတည့်အောင်ပေါင်းသင့်သတဲ့။
    .ဒေါ်လေးကို ဆွယ်ရတာ တစ်ခါတစ်ခါပြော တစ်နာရီ နီးပါးကြာတယ်။
    “သူ့ အဖေ ရဲ့ သားမြေး သူ့မောင်/တူ တွေ ကို သူ့အိမ် ကို ထမင်းစားဖိတ်ခဲ့ကြောင်း၊ သို့ပေမဲ့ အမိန့်မချ လို့ ဘယ်သူမှမသွားရဲကြောင်း၊ နောက်တစ်ခါ ထပ်ဖိတ်လဲ မလာကြကြောင်း” ပြောမှ
    “ဟင် ဟုတ်လား တကယ်လားတဲ့”
    ၂၁ရက်နေ့ ည ရနာရီ ကျရင် တီဗီ က ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းနားထောင်ဖို့ ပြောရဦးမယ်။
    သူ့ကို ချစ်သူရော မုန်းသူပါ သူ့စကားကို နားထောင်ချင်ကြမှာတော့ သေချာတယ်။

    • ဇီဇီခင်ဇော်

      September 19, 2015 at 7:57 am

      မိသားစုဝင်တွေကပါ မုန်းးအောင် လုပ်ထားးနိုင်တာ ကို အံ့ ဩတာပါ…
      ဉာဏ်ရည်နဲ့ မဆိုင်တော့ဘူးး အရီးးရေ
      အစွဲတွေ မကျွတ်တော့တာ မျက်စိရှေ့တင်..!!
      စိတ်မကောင်းးဘူးးးး

      စု က တပမတော် အပေါ်မျှော်လင့်ချက် ဘယ်တုန်းကမှ မလျှော့ခဲ့ပါဘူးး
      သူ ကြိုးးစားးခဲ့တဲ့ သာဓကတွေ အများကြီးးပါ…
      နောက် ဆုံးး ၄၃၆ ပြင်ဖို့ အစိတ်သားးတွေ ကန့်ကွက်တာကို သိမြင်ပြီးးမှ ညှိလို့ မရတာကို သူလက်ခံတာပါ…
      ဘဘ ဦးဝင်းတင် လက်လျှော့တာ တော်တော်စောပါတယ်..

    • kai

      September 19, 2015 at 9:10 am

      ဒေါ်စုက…
      တပ်ရဲ့..အမြင့်ဆုံးခေါင်းဆောင်တယောက်ဖြစ်တဲ့.. ဦးရွှေမန်းနဲ့ညှိထားတာပဲ..။
      ဒီချုပ်ဆိုတာ..
      တပ်မတော်ဖခင်.. ရဲ့သမီး.. ဒေါ်စု…။
      ဘိုနေဝင်းတို့ဝါလောက်ရှိတဲ့.. ဦးအောင်ရွှေ။ ဦးအောင်ကြီး..
      အရင်တပ်ချုပ် ဦးတင်ဦး..။
      အခုဆို.. ဦးဝင်းထိန်..။
      အောင်မြလေး… တပ်ထွက်တွေနဲ့..တပ်အမျိုးတွေချည်း..။

      တိုင်းပြည်ကို.. တကယ်ထိမ်းချုပ်ပျက်စီးစေတာ.. တပ်မဟုတ်…။
      ဘာသာရေး..။ :k:

      • ဇီဇီခင်ဇော်

        September 19, 2015 at 10:15 am

        တဂျီးးး အဲ့လိုဒေ ပြောပြောနေလို့လေ…
        ခု တပ် က ဘုန်းးကြီးးတွေ ကို ထိန်းးချုပ်နေကြပြီ…
        တဂျီးး တရားးးခံ

        :k:

  • ဦးကြောင်ကြီး

    September 19, 2015 at 12:36 pm

    ဘွားဒေါ်က အ တာဂိုး..။ ကြည့်မယ်လေ သူ ဘယ်လောက် စွမ်းသရဲလို့..

    • ဇီဇီခင်ဇော်

      September 19, 2015 at 1:10 pm

      ကြည့် ကြည့်
      တိတ်တိတ်နေကြည့်

      :k:

  • လုံမလေးမွန်မွန်

    September 19, 2015 at 12:51 pm

    စု ကို အိပ်မက်မက်နေတာ အတော်ကြာနေပြီ… အိပ်မက်ထဲမှာ စကားပြောတယ်.. သူ သင်တန်းပေးနေတာကို တက်တယ်.. အစုံပဲ… အာ့နဲ့ပဲ ရူးတော့မယ်ထင့်..

    • ဇီဇီခင်ဇော်

      September 19, 2015 at 1:11 pm

      အပြင်မှာ စကားးပြောတာ နားးထောင်ပြီးး ပိုချစ်ဦးးမှာ
      …မေစု ရယ်
      ကိုမင်းကိုနိုင်ရယ်
      စကားးကို လက်လွတ်စပယ် မပြောဘူးးး
      သတိကပ်တယ်
      🙂

  • @QUIL@

    September 19, 2015 at 1:42 pm

    ငှက်ပျောသီးပါတီ အောင်ရမြီ…။

  • aye.kk

    September 19, 2015 at 5:59 pm

    ဝန်ထမ်းလုပ်တုန်းက
    ဝန်ထမ်းတွေလက်သုံးစကါးပေါ့နော်
    ငါးသလောက်တောင်ပေါင်းစားမှကေါင်းတာဆိုပီး
    ပြောဘူးတာ၊အန်တီမပေါင်းစားတတ်လို့အပြောခံရတာလေး
    အာ့လာပြောပြတာပါ။။

    • ဇီဇီခင်ဇော်

      September 19, 2015 at 6:03 pm

      ကိုယ့် တစ်ယောက်တည်း ကောင်းစားရုံကျေနပ်တတ်တဲ့သူတွေ များလာပြီ တီအေး!!

  • aye.kk

    September 19, 2015 at 6:20 pm

    မှန်တယ်ဇီဇီ
    အန်တီငယ်သူငယ်ချင်းငယ်ကျွမ်းဆွေ
    အရင်းခေါက်ခေါက်ကြီးတောင်မှအန်တီကို
    ညကfbမှာပြောလာသေးတယ်၊နင်ကဒါတွေ(နိုင်ငံရေး)ကို
    အရမ်းစိတ်ဝင်စားနေလားဆိုပီးတော့လေ….
    အန်တီတော့သူ့အပေါ်မှာအတွေးများစွာဖြင့်…….အိပ်မပျော်တာအမှန်။။

Leave a Reply