ဒေါ်ပြောင်းဖူး နဲ့ ဈေးသည်များ
ရွာထဲ နေ့စဉ်ပုံမှန်ဝင်မယ်လို့ ဆုံးဖြတ်ရင်း ဒီနေ့နံနက်မှာတော့ ဒေါ်ပြောင်းဖူးဆိုတဲ့ ပို့စ်လေးကို ဖတ်မိလိုက်တယ်။ တစ်မျက်နှာ
တစ်ဘဝလို့ပြောရတဲ့ စာစုလေးပေါ့။ ရေးတတ်ရင်တော့ ဝတ္တုတိုကောင်းကောင်းတစ်ပုဒ်လောက်တော့ ရပါရဲ့။ အခုလည်း
ဒီပို့စ်လေးကိုရေးရင်း ဒေါ်ပြောင်းဖူးပို့စ်ကို မှီးငြမ်းပြီး ဝတ္တုတိုလေးတစ်ပုဒ်လောက် ရေးပါရစေလို့ ခွင့်တောင်းချင်ပါရဲ့။
ဒေါ်ပြောင်းဖူးကို စိတ်ထဲမှန်းကြည့်ရင်း အခုခေတ်ဈေးသည်တွေကို မျက်စိထဲ ပြေးမြင်မိပါရဲ့။ တခါတခါ စကားပြောဖြစ်ရင်တော့
အမေကတော့ ပြောရှာတယ်။ ခေတ်ကမကောင်းတော့ လူတွေလည်း ဈေးသည်တွေဖြစ်ကုန်ပြီဆိုတာပါပဲ။ အမေပြောတဲ့
စကားတစ်ခွန်းလည်း ရှိသေးပါရဲ့။ တတ်လို့ဈေးရောင်းတာမဟုတ် ငတ်လို့ဈေးရောင်းတာတဲ့။
ဈေးရောင်ခြင်းမှာလည်း အတတ်ပညာဆိုတာ လိုသေးသကိုး။ အခုခေတ်ဈေးသည်တွေမှာလည်း စေတနာထည့်ရောင်းတာဟာ
အတော့်ကို ရှားပါနေပါပြီ။ ဈေးသည်လို့ဆိုရာမှာ ဝမ်းဖြည့်တဲ့စားစရာကအစ မုန့်ပဲသွားရည်စာအဆုံးပေါ့။ တစ်ရက်ကပဲ တီဒုံရဲ့
မုန့်ရောင်းပွဲတော်လေးအကြောင်းဖတ်ရတော့ ဝမ်းသာမိတယ်။ အဲ့လို မြန်မာမုန့်တွေဟာ စေတနာပါမှကို ဖြစ်တာပါ။
မုန့်ကောင်းကောင်းလုတ်တတ်မှလည်း အရသာကောင်းမှာလေ။ မြန်မာမုန့်လို့ ပြောရင်း လမ်းငါးဆယ်ထိပ်က မုန့်ဆီကြော်နဲ့
မုန့်လင်းမားရောင်းတဲ့ဆိုင်ကို သွားသတိရမိတယ်။ သူနဲ့မျက်နှာချင်းဆိုင်က အာပုံမုန့် ရောင်းတဲ့ဆိုင်။
အရင်အလုပ်မှာ နေ့လည်ထမင်းစားပြီဆို အပြင်ထွက်စားကြတာပေါ့။ စားပြီးအပြန် မုန့်ဆီကြော်နဲ့ မုန့်လင်မယားရောင်းတာကို
တွေ့တာနဲ့ ဝယ်စားဦးမှပါဆိုပြီး မုန့်ဆီကြော်နှစ်ခု မုန့်လင်မယား နှစ်ရာဖိုးဝယ်စားတယ်။ မုန့်လင်မယားဆိုတာကလည်း
ကြက်သွန်မိတ်လေး ပဲပြုတ်လေးနဲ့မှ စားကောင်းတာမဟုတ်လား။ ပဲပြုတ်ဆိုတဲ့နေရာမှာလား မုန့်လင်မယားတစ်ခုကို ပဲပြုတ်တစ်စေ့
လောက် ပါရုံနဲ့ အရာသာက ပြည့်စုံနေပါပြီ။ အခုဟာက ပဲပြုတ်လည်းမပါ မုန့်ကလည်း ပျင်းတွဲတဲ။ မုန့်ဆီကြော်မှာလည်း ဘယ်လိုမှ
အရသာမရှိ။ ဒါလည်း သူရောင်းရနေပါလားဆိုပြီး တွေးမိတယ်။ ရောင်းရမယ့်တူတူ ကောင်းကောင်းလေးလုပ်ရင် သူ့အတွက်
ပိုမရောင်းရဘူးလားပေါ့။
အာပုံမုန့်ဆိုင်တော့ ဝယ်မစားဖြစ်ဘူး။ ထားဝယ်က အာပုံမုန့်စားပြီး ဘယ်အာပုံမှ မတိုးတော့လို့ ဟိဟိ။
နောက်တစ်ခု အသုတ်စုံ ခုတလောက ရောင်းကောင်းတဲ့ အသုတ်စုံဆိုင်တိုင်းကို ကြ်ည့လိုက်ရင် အချိုမှုန့်တွေ လှိုင်လှိုင်သုံးတာ
ကြည့်ပြီး ကြက်သီးထမိတယ်။ ဘာလို့များ သုံးတာပါလိမ့်မယ်။ အနည်းငယ်သုံးရုံနဲ့ အသုတ်ကောင်းကောင်းကို သူတို့ မသုံးတတ်လို့
လား ဆိုတာလည်း တွေးမိပါရဲ့။
ဒေါ်ပြောင်းဖူးကအစပြုလို့ အစားအသောက်အကြောင်းလေးကို နောက်ဆက်ရေးပါဦးမယ်။
ကျွန်တော် ကီးမားရော်ငးခဲ့တဲ့ အကြောင်းလေးကောပေါ့။
လေးစားစွာဖြင့်
အောင်မိုးသူ
9 comments
Mike
December 2, 2015 at 11:33 am
.ဈေးသည်ကြီးအောင်မိုးသူပေါ့ :))
အောင် မိုးသူ
December 2, 2015 at 11:48 am
ဟုတ်ပါတယ် ဈေးသည်ကြီးပါ
ဇီဇီခင်ဇော်
December 2, 2015 at 11:39 am
စေတနာမပါတဲ့ ဘယ် အလုပ်မဆို မထောက်ခံနိုင်တာ အမှန်ပဲ။
ဖတ်ချင်ပါတယ်အေ၊.
ရေးပါအူးး
🙂
အောင် မိုးသူ
December 2, 2015 at 11:48 am
ရေးပါမယ် ရေးပါမယ်
mgsai
December 2, 2015 at 11:54 am
Nice bro မျှော်လင့်နေပါ့မယ်
အောင် မိုးသူ
December 2, 2015 at 11:57 am
ကျေးဇူးတင်ပါတယ်။
Shwe Ei
December 2, 2015 at 5:21 pm
-ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားစရာတွေ ရောင်းချခြင်းရဲ့ တရားခံဟာ
-အသိပညာနည်းခြင်းပါ
-စေတနာပါလို့ စွတ်ထည့်သော်လည်း ရောဂါဖြစ်စေတယ်လို့မှမသိရင် … ???
သျှားသက်မာန်
December 3, 2015 at 5:08 pm
အားပေးပါတယ်…ဆက်ရေးပါ….
Alinsett @ Maung Thura
December 9, 2015 at 4:42 pm
အခုခေတ်က အလုပ်အကိုင်ကောင်းရဖို့ ဘွဲ့တွေ ပညာရပ်ဆိုင်ရာ လက်မှတ်တွေ လို–
ပညာကောင်းကောင်းသင်ခွင့် ပညာလမ်းကိုလျှောက်ခွင့်သေချာမရတဲ့
ရပ်ကွက်ထဲက အခြေခံလူတန်းစားတော်တော်များများ
မိန်းကလေးဆို ဈေးသည်ဖြစ်
-ယောကျာ်းလေးဆို ကားမောင်းသမားဖြစ်—
တတ်လ်ု့ိ ရောင်းကြ မောင်းကြတာမဟုတ်ပဲ ငတ်မှာစိုးလို့ —
—
ဖတ်သွားပါကြောင်း