Mdy ခရီးအမှတ်တရ
ဒီနှစ်ဒီဇင်ဘာမှာ မန်းလေးကငယ်သူငယ်ချင်းတွေအတင်းခေါ်လို့ မန်းလေးကအလယ်တန်းကျောင်းဆရာဟောင်းကြီးများ ကန်တော့ပွဲကိုသွားဖြစ်ခဲ့ပါတယ်…
၅တန်း၊ ၆တန်း လောက်ကတည်းက အတူကျောင်းတက်ခဲ့ကြတဲ့ နှစ်ပေါင်း၄ဝကျော် မတွေ့ဖြစ်ကြတဲ့ ငယ်သူငယ်ချင်းများကို တွေ့ချင်တာလည်းပါပါတယ်။
ူငယ်ချင်းတွေပြန်တွေ့ကြတော့လည်း တစ်ယောက်ကိုတစ်ယောက် မနည်းကြည့်ပြီး ငယ်ရုပ်ဖမ်းယူရတယ်…ရီလည်းရီရပါရဲ့…
ဒီကာတွန်းလေးထဲကအတိုင်းပေါ့
ယောက်ကျားလေးတွေကလည်းလူစုမိတာနဲ့ သောက်ထားကြပြီ…မိန်ကလေးတော်တော်များများကဝတုတ်တွေ…ခိခိ
သူငယ်ချင်းတွေနဲ့စစ်ကိုင်းတောင်က ဆွမ်းဦးပုညရှင်၊ ကောင်းမှုတော်တို့လျောက်လည်ပြီး ကြုံရာဆိုင်မှာစားကြသောက်ကြပေါ့..
အပြန်ကျ ထုံးစံအတိုင်း ဦးပိန်ရောက်……ဦးပိန်မှာလည်းပိတ်ရက်မို့ လူအပြည့်…ဒါကြောင့်တံတားပေါ်တောင်မတက်ဖြစ်ပဲ
လှေပဲပါတ်စီးပြီးဓါတ်သေရိုက်ခဲ့တယ်…တံတားတိုင်တွေအခြေအနေအတော်ဆိုးနေပြီဗျာ…..
နောက်နေ့မနက်ပိုင်းတော့ ကျောင်းတော်ကြီးမှာဆရာကန်တော့ပွဲပေါ့…ကျုပ်တို့နေခဲ့တုန်းကတော့ တပ်တွင်းတွဲဖက်အလကပေါ့
ခုတော့ အထကကျောင်းကြီးဖြစ်နေပါပြီ….ကျုပ်ဆိုတဲ့ကောင်ကလည်းတလွဲ..အောက်ပုံမှာပါတဲ့ဆရာတွေကြိုတဲ့အပေါက်ကဝင်ချသွားတာ
အကန်တော့ခံလာတဲ့ဆရာမှတ်ပြီး ရင်ဘတ်တံဆိတ်အတင်းတတ်ပေးကြသဗျ…ကျုပ်လည်းအဲ့တံဆိတ်ကြီးနဲ့လျောက်သွားနေတာပေါ့
သူငယ်ချင်းတွေနဲ့တွေ့မှ အဖြစ်မှန်သိပြီးရီလိုက်ကြရတာ…..
တံဆိတ်ဝိုင်းကမန်းကတန်းဖြုတ်ပစ်ရတယ်…မဟုတ်ရင်စင်ပေါ်ကြွပါလုပ်နေမှ အခက်…
ငယ်ဆရာတစ်ယောက်က ဆို ကျုပ်ကိုခွေးမသား..ခုထိသောက်တလွဲလုပ်တုန်းဆိုပြီးပြုံးပြုံးကြီးပြောတော့
သူငယ်ချင်းတွေပွဲကျသွားပြန်ရော….
အင်း..ဘာပြောပြောပျော်စရာပါပဲ……
၁ဝနာရီလောက်ကျတော့ အခမ်းအနားမပီးသေးပေမဲ့သူငယ်ချင်းတွေအတင်းတားတဲ့ကြားကနှုတ်ဆက်ပြီး
ပြန်ခဲ့ပါတော့တယ်…….
နှစ်သစ်အမှတ်တရပို့စ်လေးပေါ့…
အားလုံးကိုခင်မင်လေးစားစွာဖြင့်..
ထာဝရလမ်းဆက်လျောက်နေတဲ့…
ကြီးမိုက်။
၇၊ ၁၊ ၂၀၁၆
17 comments
ဇီဇီခင်ဇော်
January 7, 2016 at 3:31 pm
ဥပဒိရုပ်က ကောင်းလို့ မှားတာလို့ပြောလိုက် မိုက်မိုက်။
:k:
ပျော်စရာကြီးနေမှာဗျာ။
သူငယ်ချင်းတွေ ပြန်တွေ့ရတာ။
:chit:
Mike
January 7, 2016 at 4:00 pm
ဟုတ်တယ်နော်ကေဇီ..ဟီဟိ..မြန်မာစာဆရာဆဲတာချစ်ဖို့ကောင်းချက်…နောက်ကျုပ်တို့ကိုလည်းမှတ်မိနေတာအံ့ဩမိတယ်….
kai
January 7, 2016 at 4:20 pm
တံတားတိုင်တွေကို.. ကျွန်းပင်တွေနဲ့ ပြန်မဖြည့်နို်င်တောင်… သံတွေကူသင့်တယ်…။
သမိုင်းဝင်နေပြီလေ..။
ဘိုးတော်တယောက်ယောက်က.. တံတားပေါ်မှာ မင်္ဂလာဆောင်ရင်.. အိမ်ထောင်သစ် အနှစ်၂ဝ သေချာတယ်..ဘာညာလုပ်လိုက်ပြီး.. တိုးရစ်တွေရိုက်စားလုပ်လည်း.. ဝင်ငွေကောင်းမှာပဲ..။
တွေးကြည့်တာ..။ :k:
Kaung Kin Pyar
January 7, 2016 at 4:51 pm
နောက်လ ပုဂံအမေတို့နဲ့ သွားမှာ..
ဦးမိုက်နောက် အမှီလိုက်ခဲ့မယ်…
အောက်ဆုံးပုံအလယ်က ဦးကျော်ဟိန်းနဲ့တူတာ ဘယ်သူများပါလိမ့်….
alinsett
January 7, 2016 at 5:19 pm
ဦးပိန်တံတား ပုံလေးေတွေ…အတော် ကြိုက်မိတယ်…ဗျို့…
မန်းလေးဘက်လည်း ခြေဦးမလှည့်မိတာ ကြာပြီမို့…လွမ်းမိသား…
အူးမြောက်မြောက် - ( Book.E)
January 7, 2016 at 7:15 pm
ဟာ..
ကိုကျော် ရေလည်ခမ့်တယ်ဗျာ
အောင် မိုးသူ
January 8, 2016 at 10:05 am
မန်းလေးသို့ တစ်ခေါက် ရောက်ချင်သေးသည်
ဦးဦးပါလေရာ
January 8, 2016 at 10:45 pm
မနာလိုဘူး… ကိုမိုက်ရေ..
ဝင့်ပြုံးမြင့်
January 8, 2016 at 11:33 pm
.တိုင်တွေ တော်တော်ကို ဆွေးနေတာပဲနော်။ ယိုင်သွားနိုင်မလား မသိ။
အရင်ကကျော်စွာဦးကြီးမိုက်
January 9, 2016 at 1:59 pm
.ကန့်လန့်တွေ..တစောင်းတွေ..သစ်တိုသစ်စတွေနဲ့ရိုက်ထားပိုးထားတာတော့တွေ့တယ်…
.ပညာရှင်တွေပါတဲ့ စံနစ်တကျပြုပြင်ထိန်းသိမ်းမဲ့အဖွဲ့ ရှိ မရှိတော့မသိ..ရှိပုံမရ
.ယိုင်တော့မသွားနိုင်သေးပါဘူး မပြုံးရေ
ဦးကြောင်ကြီး
January 10, 2016 at 1:50 am
အီနော့်အကြောင်းဂေါ ကြွားခဲ့သေးလား ပါပါမိုက်… ကံထူးလိုက်တာလို့ ဝိုင်းပေါဂ ျမှာ ပဲနော ်စ်။။။ ငှါကွ….
Myat Pearl Phyu
January 12, 2016 at 2:41 pm
မန်းလေးအလွမ်းပြေ လာရောက်ကြည့်ရှုသွားပါတယ်ရှင့်..။
အရင်ကကျော်စွာဦးကြီးမိုက်
January 12, 2016 at 3:34 pm
.သိုင်းကျူးပါရှင့်…အဲခမျ
uncle gyi
January 15, 2016 at 10:00 am
လူပုံကလဲဆရာပုံပေါက်နေတာကိုး
ကိုမိုက်ရဲ့
ကိုပေါက်(မန္တလေး)
January 15, 2016 at 9:49 pm
ကိုမိုက်လာ ကျနော်က မရှိ
လွဲလိုက်ပါဘိ
Ma Ei
January 25, 2016 at 4:00 pm
မန္တလေး မရောက်တာကြာပြီထင့်
သေချာလေးလည်ချင်သေးတာ
တစ်ခေါက်တော့ အရောက်သွားပါဦးမယ် 🙂
သွားချင်တဲ့ နေရာတွေကလဲ အများသား
Shar Thet Man
May 15, 2018 at 1:16 pm
မန်းလေးတောင်ပြန်ပြီးရောက်ချင်လာသလိုလို