Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝိုင် နဲ့ သစ်သီး ရေခဲခြစ် – Sorbet

ဇီဇီApril 1, 20162min56110

Sorbet /sɔːrˈb/ is a frozen dessert made from sweetened water with flavouring

(typically fruit juice or fruit purée, wine, and/or liqueur, and very rarely honey).

 

ဒီ တစ်ပတ် စမ်းထားတာကတော့ သစ်သီးတွေနဲ့ လက်ကျန် ဝိုင်ဖြူတို့နဲ့ လုပ်ထားတဲ့ ရေခဲခြစ် ပါ။

ခွိ။

:mrgreenn:

 

စိတ်ကူးရှိသလို ကွန့်မြူးနိုင်ပါတယ်။

 

 

ကျနော်ကတော့ ချင်တွယ်စရာ ပန်းကန်လုံး တစ်ခု (အကြီးအသေးကတော့ လူများမများပေါ်မူတည်ပြီး ချင်ပါ) ယူလိုက်ပါတယ်။

ပါဝင်သစ်သီးတွေကို တစ်ပန်းကန်စာဆီ ချင်တွယ်ပြီး ဖျော်ရည်စက်ထဲကိုထည့်ပါတယ်။

များရင် ခွဲမွှေတာကောင်းတယ်။

 

  1. ဝိုင်ကိုလည်း သစ်သီးချိန်တဲ့ – ပန်းကန်လုံးစာ တစ်လုံးး
  2. စတော်ဘယ်ရီ – ပန်းကန်လုံးစာ တစ်လုံးး
  3. Raspberry – ပန်းကန်လုံးစာ တစ်လုံးး
  4. Blackberry – ပန်းကန်လုံးစာ တစ်လုံးး
  5. သရက်သီးစိတ် – ပန်းကန်လုံးစာ တစ်လုံးး
  6. သခွါးမွှေး – – ပန်းကန်လုံးစာ တစ်လုံးး
  7. သကြားရည် – ပန်းကန်လုံးစာ တစ်လုံး (သကြား ဇွန်းကြီး ၃ ဇွန်းစာ)

 

အကုန်မွှေပြီးရင် ဗန်းထဲကို လောင်းထည့်ပြီး ပလတ်စတစ် ရက်ပင်း အုပ်လိုက်ပါ။

ခဲတဲ့ထဲ တညသိပ်ပြီး တာနဲ့ ခြစ်ယူပြီး စားလို့ရပါပြီ။

 

1

 

2

 

3

 

4

5

 

 

နွေရာသီရောက်ရင် အရှိုရှိုပေါ်လာတာက ရေခဲခြစ်၊ ရေခဲချောင်း၊ ရေခဲသုပ် တွန်းလှည်းသည်လေးတွေပေါ့။

အိမ်က တားမြစ်ထားသော အသည်ပါ။ ဒါကြောင့်မို့လားမသိ၊ ပိုစားကောင်းလိုက်တာမှ။

ဆိုးဆေး ရောင်စုံပါသော ရေခဲအမျိုးမျိုးကို လျှာ ရောင်စုံဖြစ်အောင်ခိုးစားခဲ့ရပါတယ်။

(အသည်ကြီးကို လမ်းထိပ်မှာ စောင့်ဖို့ မျက်စပစ်ရသေး။)

စားနေကျကတော့ အစိမ်းနဲ့ အနီ စပ်ကြားလေးးး

တစ်ချို့အသည်ကျ ရေခဲခြစ် (ရေခဲပေါက်စီ လို့လည်း ခေါ်ကြတယ်) ကြားထဲ ကျောက်ကျော အမည်း လေးတွေထည့်။ လက်နဲ့ဆုတ်ဆုတ်ပြီး မှ အရောင်ထည့် ပြီးရင် နို့ဆိဆမ်းပြီး ပေးလိုက်တာကို အရည်မပျော်ခင် မြန်မြန်စားရတာ။

ပြီးမှ ဟန်မပျက် အိမ်ထဲဝင်။

:mrgreenn:

လည်ချောင်းနာလာတာတော့ အောင့်ထားနိုင်ပေမဲ့ ချောင်းပါဆိုးလာရင်တော့ ခိုးစားတာပေါ်ပါပြီ။

ဘာရယ်မဟုတ်။ နွေရာသီလေရူးတိုက်ရင် စိတ်ရူးထပြီး သူငယ်ပြန်ချင်နေတာ။

ဒီ နည်းကိုမြင်တော့ ကိုယ့်ရဲ့ သူငယ်နာက ပြန်ပေါ်တယ် လေ။

:mrgreenn:
ဝါးဒုတ်လေးထိုးချင်တာတော့ မတတ်နိုင်လို့ ဖန်ခွက်လေးနဲ့ပဲ ကောင်းကောင်းမွန်မွန်စားလိုက်တယ်..

10 comments

  • မြစပဲရိုး

    April 1, 2016 at 10:15 pm

    အသီးတွေ ကို ဒီအတိုင်း စားတာ ပိုကြိုက်တယ် ဇီကလေးရ။ ဖျော်ရင်တောင် လက်ဖျော် မှ။
    ဒါပေမဲ့ ဒီ ပုံလေးကြည့်ရတာ အရသာအတော်ရှိမဲ့ ပုံဘဲ။ :-))

    • ခင်ဇော်

      April 4, 2016 at 1:50 pm

      ရေခဲခြစ် အလွမ်းပြေပါ အရီးရယ်။
      ဟီးဟီး

      :k:

  • Thint Aye Yeik

    April 4, 2016 at 5:08 pm

    ဝါးတုတ်လေးနဲ့ထိုးထားတဲ့ ရေခဲခြစ် ဆိုတာနဲ့ ငယ်ငယ်က ဖြစ်ခဲ့ဖူးတဲ့အဖြစ်အပျက်လေးကို သတိရသွားတယ်။
    အဲ့အကြောင်းလေးက ကိုယ့်ငယ်ဘဝအကြောင်းလေးဆိုတော့ ရေးအုန်းမှ

    :k:

    • ခင်ဇော်

      April 5, 2016 at 9:41 am

      ရေးပါအူး အေ။
      တခုခု လုပ်ဖို့ ဖွကြအူးမလား
      ပျင်းလို့ပါ။

      :k:

    • ခင်ဇော်

      April 5, 2016 at 11:40 am

      ငင့်။
      သူ သတိရသွားရှာပြီ

      :k:

  • kai

    April 5, 2016 at 10:04 am

    လောလောဆယ်တော့.. ကီဝီသီးတွေဝယ်လာပြီး .. လုပ်မလို့ဟာ… အိမ်ကပိပိလေးက.. စတော်ဘယ်ရီအစိမ်းရောင်ဆိုပြီး..ယူစားလိုက်တာကုန်ရော..။

    ဒီတခေါက်တော့.. ဆိုင်မှာကြိတ်ပြီးမွှေပြီးသားဝယ်ရမယ်ထင်တယ်.။ :k:

    • ခင်ဇော်

      April 5, 2016 at 11:42 am

      ကီဝီ က အရင် နည်း ကို လုပ်မလို့လားး
      ဒါက ပိုလွယ်တယ်။
      ဟီးဟီး

      :k:

      • kai

        April 5, 2016 at 12:45 pm

        ဟုတ်ပါ့.. အရင်နည်းလုပ်မလို့..။
        ခုတော့… ခုနည်းပေါ့…။ ခုနည်းကျမှ အဲဒီရေခဲခြစ်ကလေးသွားစားမိပြီး.. မူးနေရင် ပြဿနာ..။ :k:

  • သျှားသက်မာန်

    May 24, 2017 at 10:56 am

    နွေရာသီဆို အသီးအနှံတွေနဲ့ ရေခဲသုပ်တို့ ရေခဲခြစ်တို့ စားရတာအကြိုက်ဆုံးပါပဲ

Leave a Reply