- တချို့တွေရဲ့ တာဝန်မဲ့မှု တကိုယ်ကောင်းဆန်မှု တွေကို ကျွန်မကြောက်လွန်းလို့
ခြေတစ်လှမ်း နောက်ဆုတ်ရင်း…… နောက်ဆုတ်ရင်းနဲ့ …..
သူတို့က သူတို့နေရာမှာ ရပ်နေပေမဲ့ ..
ကျွန်မကတော့ သူတို့နဲ့ ဝေး … ဝေး.. လာလိုက်တာ …
သူတို့ကို .. ပျပျလေးတောင် မမြင်ရတော့ဘူး…
- သူတို့ကပဲ ဝေးဖို့ဖန်တီးခဲ့လေသလား..
ကျွန်မကပဲ ဖန်တီးခဲ့လေသလား .. မတွေးအားဘူး
ကိုယ့်ဒါဏ်ရာ ကိုယ် အပြင်းအထန် ကုစားနေရတယ်…
- အဆင့်အတန်းမြင့်ပေမဲ့ စည်းကျော်ချင်နေကြတဲ့ အသိုင်းအဝိုင်းထက်စာရင် …
ကျွန်မရဲ့ ချို့တည့်တဲ့ ယိုင်နဲ့နဲ့ အသိုင်းအဝိုင်းလေးပဲ မက်မောလှတယ်…
ကျွန်မတို့က အရေးမကြီးတာတွေကို နားလည်တယ်လေ…
- တွန်းအားတစ်ခုကြောင့်ဖြစ်လာတဲ့ … ချစ်စိတ် ခင်မင်စိတ် မုန်းစိတ်ထက်စာရင်..
ပကတိ စိတ်ရင်းသာ…… ငတ်မွတ်တောင်းတမိတယ်..
- လာဘ်သိပ်ထိုးမှ
ပြုံးပြနိုင်မှ
ကျွန်မရဲ့ သမိုင်း ဖတ်ရကောင်းမယ် ဆိုရင်တောင်…
ကိုယ့်သမိုင်း ကိုယ်ပဲ အရောင်ခြယ်ချင်လှတယ်..
- ကျွန်မဟာ တစ်ချို့တွေအတွက်တော့ ဝိဉာဉ် တစ်ကောင်မျှသာ။
Post Views: 165
4 comments
Thint Aye Yeik
March 25, 2016 at 2:38 pm
ကိုယ့်သမိုင်းကိုယ် ရေးနေရာမှာ
ကိုယ် ခြယ်ချင်တဲ့အရောင်လေးတွေ ခြယ်ပြီး
ကိုယ်လိုသလို ရေးခွင့်ရတဲ့အခါ
ကိုယ့်သမိုင်းကိုယ် ပြန်ဖတ်ရတာကိုက ကျေနပ်စရာ
ဝင့်ပြုံးမြင့်
March 26, 2016 at 12:45 am
အဲဒီစာသားကို ကျစ်လိုက်ရင် ကဗျာကောင်းပဲနော်။
Thint Aye Yeik
March 26, 2016 at 10:25 am
ပွထား / ဖွထားရင်ကောာာာ
ကဗျာ မဟုတ်ဘူးလား ပြုံးတီတီ
:k:
Foolish Girl
October 13, 2016 at 5:09 pm
ကဗျာမဆန်ချင်တဲ့ အတွေးစလေးပါ 😀