☆ ပျိုမျစ်နုပျိုတဲ့ နေ့တစ်နေ့ ကောင်းကင်ကြီးက ပြာလဲ့လဲ့ အိပ်မက်တွေကလည်း မက်ကောင်းတုန်းမှာ … ကျွန်မဟာ သူငယ်ချင်းတစ်ယောက်ကို ကောက်ရခဲ့တယ်။ ☆ သူဟာ အရောင်အဆင်း မရှိပေမဲ့ နူးညံ့မှုအသွင်နဲ့ နက်ရှိုင်းတယ် ပုံဖော်ပြလို့မရပေမဲ့ သူ့ကိုတော့ လူတိုင်းသိတယ်။ ☆ သူ နဲ့ ကျွန်မဟာ တဖြည်းဖြည်းနဲ့ ရင်းနှီးကျွမ်းဝင်လာလိုက်တာ သူမရှိရင် ကျွန်မဘဝကြီးပျက်လေမလားတောင် ထင်မိပါရဲ့ ကျွန်မကတော့ သူ့ကို နာမည်တပ်လိုက်တယ် ‘အချစ်’ လို့လေ။ ☆ သို့သော်… အိုမင်းရင့်ရော်လာတဲ့ နေ့တစ်နေ့ ကောင်းကင်ကြီးက မှုံမှိုင်းမှိုင်း အိမ်မက်တွေလည်း ပျောက်ဆုံးသွားတဲ့ အချိန်မှာတော့ အချစ် နဲ့ ကျွန်မ စီးချင်းထိုးကြတယ်။ ☆ အချစ်ကြောင့် ကျွန်မ ဝမ်းနည်းပူလောင်ရတယ်။ အချစ်ကြောင့် ကျွန်မ နာကျင် ခံပြင်းရတယ်။ […]