အကြောင်းရှာတော့ ခေါင်းမှာချာချာလည်
အနူတောမှာလူချော
မောလည်းမမောနိုင်
လက်ကိုင်ကာတစ်စူးထိုး
တစ်နေ့တစ်မျိုးမရိုးအောင်က
လုပ်သမျှအလွဲလွဲ
အြငြိမ့်ပွဲထဲကဟာသ
ကလိထိုးရယ်ရအောင်
အော်
ရှေ့ဘုန်းကြီးတစ်ချက်ခေါက်လို့
ကျောင်းပြောင်းဥပုတ်စောင့်ကာမှ
နောက်ဘုန်းကြီးသုံးချက်ခေါက်
အောင့်လို့သာခံပေနော့မောင်ရေ
ယောင်ပေပေမလုပ်လေနဲ့
တောင်ခြေမှာလျော်ထုတ်ထမ်းသလိုပါ့
လွမ်းလိုက်လေခြင်း
3 comments
Foolish Girl
August 12, 2016 at 11:39 am
ကျားကြောက်လို့ရှင်ကြီးကိုးရှင်ကြီးကျားထက်ဆိုးလို့ပြောရမလားနော်
Thint Aye Yeik
August 12, 2016 at 12:44 pm
ငင်
ဒီပိုစ့် ရေးတဲ့လူကြီးကို လွမ်းလိုက်လေခြင်းးးး
Foolish Girl
August 12, 2016 at 1:02 pm
သူ့ကိုသိလို့လား