ညငှက်အထီးကို မြင်ဖူးပြီ
”အိမ်ယာမဲ့တစ်ယောက်ရဲ့ ဖြောင့်ချက်များ”
အပိုင်း-၁ (ညငှက်ထီး)
——————————————————-
ကျနော် ပထမဆုံး ပြောချင်တာက
အိမ်ယာမဲ့ ဆိုတဲ့စကားလုံးနဲ့ ပတ်သက်တာလေးပါ။
ကျနော့်အသက် ၁၈နှစ်လောက်ထိတော့ ကျနော်ဟာ ကိုယ်ပိုင်ခြံထဲက ကိုယ်ပိုင်အိမ်ကလေးထဲမှာ အပူအပင်မဲ့စွာ နေခဲ့ဖူးတယ်။ အဲ့ဒီနောက်ပိုင်း ကျနော့်ကျွန်းကလေးပေါ်က ကျနော့်ရွာ/ကျနော့်ခြံ/ ကျနော့်အိမ်ကလေးကို ထားရစ်ခဲ့ပြီး တစ်မြို့ပြောင်းရင်တော့ သူကောင်း ဖြစ်လောက်ရဲ့ဆိုတဲ့ အတွေးနဲ့ ကျနော်တို့ တစ်မိသားစုလုံး ရန်ကုန်မြေထဲ ပြေးဝင်ခဲ့ပါတယ်။
အဲ့ဒီအချိန်ကစပြီး ကျနော်တို့ဟာ အိမ်ငှားဘဝနဲ့ နေထိုင်ကျက်စားပြီး ရန်ကုန်မြေပေါ် ကိုယ်ပိုင်အိမ်ကလေး ပိုင်လာဖို့အရေး အိပ်မက်တွေ မက်ကြ။ မက်ထားသမျှ အရောင်အသွေးလေးတွေ စိုလက်တောက်ပလာဖို့ ပုံဖော်ကြည့်ကြနဲ့ပေါ့။
မလွယ်ပါဘူး။
ကံနည်း/ဉာဏ်နည်းတဲ့မိသားစုမို့ ဝီရိယအားနဲ့ အသက်ရှင်ရုံမျှသာပဲ။ အခု ၂၀၁၅/၂၀၁၆ ထဲမှာတော့ ရန်ကုန်မြေကို တစ်မိသားစုလုံး စွန့်ခွါဖို့အကြောင်း ဖန်လာပြန်တယ်။
ကျနော်ကတော့ ချွင်းချက်အဖြစ်နဲ့ ရန်ကုန်မှာပဲ ဆက်ကျန်ရစ်တယ်။ ကျနော်တစ်ယောက်ထဲမို့ ”အဆောင်” ဆိုတဲ့ လူအများစုဝေး နေရတဲ့
လခပေး->နေစရာအခန်းထဲမှာ နေရစ်ခဲ့ပါတယ်။
ခင်ဗျားတို့လည်း သိမှာပေါ့။
ဒီရန်ကုန်က ”အဆောင်”တွေအကြောင်း။ အခန်းကျယ်တစ်ခုထဲမှာ လူတွေအများကြီး တန်းစီပြီး အိပ်ဖို့/ ကျောတစ်နေရာစာသာ ရဖို့ တစ်လ သုံးသောင်းလောက် ပေးနေရတာ။
အဲ့လို အခန်းထဲမှာ ကျနော့်ဘေးကလူဟာ သူစိမ်း။
ဘေးကလူရဲ့ ဘေးကလူကလည်း သူစိမ်း။
တန်းစီ အိပ်နေကြသမျှ အကုန် သူစိမ်း။
သူစိမ်းတွေကြားမှာ ကျနော့်နေရာ ဖျာတစ်ခင်းစာ(လေးပေလောက်အကျယ်အဝန်း)ထဲ ကျနော့်သံသေတ္တာလေးချလို့ . . .
နေရတဲ့အချိန်ကစပြီး ကျနော်ဟာ လမ်းဘေးမှာ အိပ်ရတဲ့ ဂျလေဘီတွေထက် နည်းနည်းပဲ သာတယ်လို့ ခံစားမိတယ်။
လမ်းဘေးဂျစ်ပစီတွေလောက် ဘဝ မဆိုးသေးဘူးဆိုဦးတော့ . . .အနည်းဆုံးတော့ ကျနော်ဟာ အိမ်ယာမဲ့တစ်ယောက်ပဲ။
ကိုယ့်ခြံ ကိုယ့်ဝန်းနဲ့ ကိုယ့်အိမ် ကိုယ့်အခန်းလေးကို လွမ်းဆွတ်တမ်းတရင်း. . .
အိမ်ယာမဲ့တစ်ယောက်ဖြစ်တဲ့ ကျနော်. . .
ဖွင့်ဟ ဝန်ခံချင်တာလေးတွေကို အခုလို စာစီရေးချမိတယ် ဆိုပါစို့။
——————————————————-
.နောက်တစ်ချက် ကျနော် ပြောချင်တာက. . .
”ညငှက်ထီး”ဆိုတဲ့ စကားလုံးအကြောင်း နည်းနည်း။
ခင်ဗျားတို့ ကျနော်တို့ ရန်ကုန်မှာ . . .
”ညငှက်”ဆိုတဲ့စကားလုံးကို မြင်လိုက်/ကြားလိုက်တာနဲ့ ပြေးမြင်မိတာက ခန္ဓာကိုယ်ကို အရင်းပြ ု ပြီး လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေသူမိန်းကလေးတွေ. . .
ခန္ဓာရဲ့ တစ်နေရာရာကိုရင်းပြီး ငွေနောက် လိုက်နေရတဲ့ မိန်းကလေးတွေကိုပဲ မဟုတ်လား။
ဒါပေမဲ့. . .ခင်ဗျားတို့ ကျနော်တို့ ပတ်ဝန်းကျင်မှာ တွေ့ရခဲတဲ့ ညငှက်-အထီးကလေးတစ်ကောင်က ကျနော်နေတဲ့ အဆောင်မှာ ရောက်နေ(ခဲ့ဖူး)တယ်။
သူ့နာမည်ကိုတော့ ညငှက်လို့ပဲ ခေါ်ရအောင်။
သူက နေပြည်တော်လို့ခေါ်တဲ့ မြို့ရဲ့ ဟိုးးးးအနောက်ဘက်ခပ်ဝေးဝေးဒေသလေးဆီက ရွာကလေးတစ်ရွာကနေ တက်လာတာ။
ပညာအခြေခံနည်းသူမို့ ပညာနဲ့ယှဉ်တဲ့အလုပ်အကိုင် မရနိုင်ပေမဲ့ တစ်ခုခုတော့ အဆင်ပြေမှာပါလေ. . .လို့ မျှော်လင့်ပြီး ရန်ကုန်ရောက်လာပေမဲ့ . . .
ထင်သလို အဆင်ပြေမလာဘူး။
ကာယလုပ်သားတွေ ရှိရာ ပန်းရံတို့ လက်သမားတို့လို အလုပ်မျိုးတွေကို သူ လိုက် လုပ်သေးတယ်။
ဒါပေမဲ့ သူက မင်းသားရုပ်။ လူ ဆင်းရဲပေမဲ့ ရူပါက မဆင်းရဲဘူးဆိုပါတော့။ ကြည့်ပျော်ရှုပျော် အသက် ၂ဝကျော်။
သူ ပင်ပင်ပန်းပန်း အလုပ် လုပ်ပြီး ပြန်လာရင် ညပိုင်းတချို့မှာ မြို့လယ်ခေါင် (အဆောင်နဲ့ မလှမ်းမကမ်းက)ပန်းခြံကြီးရှေ့ သွား ထိုင်တတ်တယ်။
သွားပါများ ထိုင်ပါများလာပြီး နောက်မှာ. . .သူ တစ်ညလုံးလိုလို အဆောင်ကို ပြန်မလာတဲ့ညတွေ များလာတယ်။ မိုးလင်းခါနီးမှ အဆောင်ကို ပြန်ရောက်လာပြီး တစ်နေကုန် ထိုးအိပ်တယ်။
အလုပ်ကြမ်းလည်း သွား မလုပ်တော့ဘူး။ တစ်နေ့တခြား ဝတ်တာ စားတာ သုံးစွဲတာတွေမှာ ငွေကို ရေလို သုံးလာတယ်။
သူတစ်နေ့တခြား ညဘက်တွေ ပျောက် ပျောက်လာတာနဲ့အမျှ အပြင်အဆင်အချယ်အသတွေလည်း ပို ပိုလာပြီး အရင်ကထက်ပို ရှိုးတွေထုတ် ပိုပြောင်ယောင်တောက်ပလာတယ်။
ကျနော်က အဆောင်မှာ . . .
လက်ထောက် အဆောင်မှူ းလို့ သတ်မှတ်ခံထားရသူ။ အဆောင်မှာ ရှိသမျှ လူငယ် အယောက်၂ဝ နီးပါးထဲမှာ ကျနော်က အသက် ၃ဝ နားအနီးဆုံး။ ဆယ်ကျော်သက်တွေကြားမှာတော့ ကျနော်က လူကြီးမို့ အဆောင်ပိုင်ရှင်က အဆောင်ကို ထိန်းသိမ်းကြည့်ရှုပေးဖို့အရေး ကျနော့်ကို တာဝန်ပေးတယ်။
ကျနော်ကလည်း စည်းကမ်းရှိတာကို ကြိုက်ပြီး စည်းကမ်းမဲ့ကြမှာကို မလိုလားသူ(ကိုယ့်ဘေးပတ်ဝန်းကျင်ကို အရင်ထက် ပိုကောင်းတဲ့ ပိုနေပျော်ပြီး ပိုစည်းကမ်းပြည့်ဝတဲ့ပတ်ဝန်းကျင်မျိုး ဖြစ်လာအောင် စွမ်းဆောင်နိုင်ချင်တဲ့သူ)မို့ အမြင်မတော်တာတွေ့ရင် ပြောသင့်တာပြော။ ဦးဆောင်သင့်တာ ဦးဆောင်တယ်လေ။
ညငှက်ကလေး ည ပြန်မအိပ်တဲ့ရက်တွေ များလာတာဟာ ကျနော့်အတွက်တော့ သတိထားစရာ/သတင်းအခြေအနေ မေးစရာ ဖြစ်လာတယ်။
ညီငယ်အရွယ်မို့ သူ ဘာတွေလုပ်နေပြီလဲဆိုတာရယ်
ဘာတွေ လုပ်နေလို့ ငွေ ဒီလောက် ပေါလာပြီး သူ့လုပ်ရပ်ဟာ ဒီအဆောင်ကို ဘယ်လိုသက်ရောက်မှုရှိလာနိုင်သလဲနဲ့/သူကိုယ်တိုင်နဲ့ ဒီပတ်ဝန်းကျင်ကို ဘာတွေ ဆိုးကျိုးကောင်းကျိုးရှိမလဲဆိုတာ ကျနော်က သိချင်လာတယ်။ သိသင့်တယ်လို့ ထင်ပြီး စပ်စုကြည့်ပါတော့တယ်။
——————————————————-
သူ့ကို စကားရော ဖောရှော လုပ်ကြည့်တော့. . .
သူ့အခြေအနေကို မေးပါများ စကားရ သွားရော။
ပထမတော့ သူက ပန်းခြံထောင့်မှာ ထိုင်ပြီး ဟိုငေးဒီငေး ငေးရုံပဲ။
သွားထိုင်ဖန်များလာတော့ အဲ့နားမှာ ကျင်လည်ကျက်စားနေတဲ့ ညငှက်မလေးတွေနဲ့သူ ရင်းနှီးသွားတယ်တဲ့။ ဖြစ်ချင်တော့ အဲ့နားမှာ သူနဲ့ရင်းနှီးသွားတဲ့ ညငှက်မလေးတွေက အသစ်ကလေးတွေ။ အဲ သူတို့ဘာသာသူတို့ အသစ်လို့ သတ်မှတ်ထားတာ။ (လှိုင်သာယာက ပြောင်းလာတဲ့အသစ်လေးတွေနေမှာပေါ့။ :k: ဤကား စကားချပ်။)
:k:
ဒီလို။
အဲ့ ညငှက်မလေးတွေမှာ ”ခေါင်း”ဆောင် မရှိသေးဘူး။ ဆိုတော့ တစ်ခုခုဆို မားကတ်တင်းဆင်းပေးမယ့်သူ မရှိတော့ ဖောက်သယ်တွေနဲ့သူတို့ကြားမှာ ဈေးစကားပြောတာတို့ ညှိနှိုင်းဆောင်ရွက်တာတို့ သိပ်အဆင်မပြေဘူး။ သူတို့ ဖြစ်ချင်တာက သူတို့က မသိမသာ တစ်နေရာမှာ ထိုင်နေမယ်။ ”ခေါင်း”ဆောင်က ဖောက်သယ်ရှာ။ ဈေးညှိ။ စားသုံးသူ ပေးတဲ့ ငွေထဲက ပေးသင့်သလောက်ကို ခေါင်းဆောင်ကို ခွဲပေးမယ်ဆိုပါတော့။
သူကလည်း အဲ့နားမှာ ထိုင်နေမယ့်အစား
ဟိုဟာရှာသလိုလို ဒီဟာရှာသလိုလို လုပ်နေတဲ့ ယောကျာ်းလေးတွေကို မြင်ရင် ”ဘာရှာလဲ. . . ဇယားရှာရင် ရှိတယ်နော်” ဆိုပြီး ကပ်တိုးလေးပြော။
တကယ်ဇယား ရှာသူနဲ့တွေ့ရင် ဈေးစကားပြောပြီး ချိတ်ပေး. . .ဟိုညငှက်မလေးတွေနဲ့ဖောက်သည်ကို တွေ့ပေး။ အဲ့လို။
ပထမတော့ အဲ့လို. . .
နောက်တော့. . . . . . . . . .
—————————————————–
နောက်တော့ ဘာဖြစ်လာလဲဆို. . .
ဇယား လာရှာတဲ့သူတွေထဲမှာ အမျိုးသမီးကြီးတစ်ချို့ပါ တွေ့ရပါလေရော။
သူ ပြန်ပြောတဲ့စကားအရ အမျိုးသမီး”ခပ်ကြီးကြီး”တွေတဲ့။
ခပ်ကြီးကြီးဆိုတာက ”အသက်” ပြောပါတယ်။
:k:
တစ်နေ့. . .
ပိုက်ဆံလည်း ချမ်းသာပုံရတဲ့ အမျိုးသမီးကြီးတစ်ယောက်က . . .
မောင်လေးရယ်တဲ့. . .အင်း. . .တဲ့. . .
မမ ပျင်းလို့တဲ့. . .အင်းး. . . တဲ့. . .
မမနဲ့တဲ့. . .အင်း. . .တဲ့. . .
အဖော်လေး လိုက်လုပ်ပေးပါလာတဲ့. . .အင်း. . .တဲ့. . .
အဲ့လိုပါတဲ့ဆို။ (တချို့က အသက်သာ ကြီးတာ မလျှော့ဘူးနော်။ )
:k:
အဲ့လို အီစီကလီ လာလုပ်တဲ့ အမျိုးသမီးကြီးနဲ့တွေ့ရော. . .
ဒီချာတိတ်ကလည်း အစကတည်းက စိတ်ဓါတ်က ယိုင်တိုင်တိုင်။
ငွေတစ်မျက်နှာပဲ မြင်နေတော့တဲ့အချိန်ရယ်. . .
တံငါနားနီး တံငါ. . .ဖျာနားနီးဖျာ. . . ဖြစ်ကုန်ရောဆိုပါတော့။
တစ်ခါက နှစ်ခါ . . .
နှစ်ခါက သုံးခါ ဖြစ်လာတော့ ရပေါက်ရလမ်း ကောင်းတာရယ်. . .ကောင်းတာရယ်. . .(အဲ ဘာပါလိမ့်။ ) :k:
တဖြည်းဖြည်းနဲ့ သူလည်း ယောကျာ်းဖျာသယ်လေး ဖြစ်မှန်း သိသိ ဖြစ်သွားရောာာတဲ့။
—————————————————–
သူက အေးဆေး ပြောပြနေနိုင်ပေမဲ့ ကိုယ်က ဘေးကနေ ကြားတာနဲ့တင် စိတ်ထဲ မသိုးမသန့် ဖြစ်လာတယ်။
ဒီကောင်လေးနှယ်. . . ကောင်းရောင်းကောင်းဝယ်တော့ လုပ်မစားချင်လေခြင်းဆိုပြီးး . . .
———————————————–
ဒါမဲ့ စဉ်းစားစရာတွေတော့ ရှိတာပေါ့လေ။
သူခန္ဓာကိုယ်အစိတ်အပိုင်းကို သူပိုင်သမို့
သူ့ဘာသာ ဘာ လုပ်လုပ် ဘေးလူအနေနဲ့ သွားဝေဖန်ခွင့်မရှိပါဘူး။
နောက်ပြီး ဒါမျိုးလုပ်ပြီး ငွေရှာတာကရော မသန့်ရှင်းတဲ့အလုပ်လို့ ဆိုဖို့ရာ သင့်/မသင့် စဉ်းစားရဦးမှာ။
ခိုးဝှက်စားတဲ့သူတွေ . . လိမ်ညာစားတဲ့သူတွေ လုယက်စားတဲ့သူတွေထက်စာရင် သူ့ခန္ဓာကိုယ်ကို သူရောင်းစားတာကမှ အပြစ်ကင်းသေးတယ် ထင်တယ်။ (ထင်တာ)
:mrgreenn:
ကောင်းရောင်း ကောင်းဝယ် လုပ်စားချင်တယ် ဆိုဦးတော့. . .ဘွဲ့လက်မှတ်ကလေးမှ မပြနိုင်ရင် ရုံးတွေမှာ သန့်ရှင်းရေးနဲ့ အထွေထွေခိုင်းဖက် အလုပ်ပဲ ရတော့ သူ့လို လူငယ်တွေ. . .
သူ့လို အလွယ်လမ်းတွေထဲ လိုက်ကုန်ကြရပြီပေါ့။
ရန်ကုန်မြို့မှာ အဲ့လိုမျိုး သို့မဟုတ် တခြား ”အလွယ်လမ်း”တွေထဲကနေ ငွေနောက် ကောက်ကောက်ပါအောင် လျှောက် လိုက်မိနေတဲ့ လူငယ်တွေ. . .ဘယ်လောက်များ ရှိနေပါလိမ့်။
———————————————
သင့်အေးရိပ်
03/08/2016
37 comments
ဂျစ်စူ
August 4, 2016 at 9:10 am
အဲလို့စ်
ကုသိုလဲရ ဝမ်းလဲရပေါ့လို့
ကုန်ကြမ်းလိုရင် ဆက်သွယ်မယ်လို့စ်
ရွာထဲမှာ ရုပ်ရှင် အစီစဉ် တင်ဆက်သူရှိတယ်လို့စ် အဲလို့စ်
Thint Aye Yeik
August 4, 2016 at 10:34 am
အဲလိုစ့်
အဲ့လို စီးပွါးရေးကို မြေတောင်မြှောက်ပေးတဲ့အနေနဲ့ ဂိုဏ်းတွေဘာတွေဖွဲ့ပြီး ဦးစီး တည်ထောင်ကြရင် ကောင်းမလားလို့စ်
အဲလိုစ့်
:k:
မမချွိ
August 4, 2016 at 9:20 am
အထီးသန့်သန့်လေး တစ်ကောင်လောက်
အဲလေ ဟုတ်ပေါင်။
နာပါ ယောင်ကုန်ပါဘီ။
နိ တော်လှချည်လားး။
ဒါတွေ ဘယ်က သိလာတာတုန်းး
:k:
Thint Aye Yeik
August 4, 2016 at 10:38 am
မမဂျီးနော်
ညငှက် ဆိုတဲ့အမျိုးက ချက်စားလို့လည်း ရတာမဟုတ်။
ဘယ်လို စားရတယ်ဆိုတာလည်း စားဖူးတဲ့သူတွေကလွဲရင် သိတာမဟုတ်
အဲ့လေ ဟုတ်ပေါင် အနော်တောင် ယောင်ကုန်ဘီ
:k:
ဟွှာလေ ဒါတွေ ဒီလို စပ်စုလို့ ဒီလို သိလာပါပြီလို့ သေချာ စကားပလ္လင် ခံထားတာကို တွေ့လျက်နဲ့
ဘယ်က သိလာတာလား လို့ မေးတယ်
ဘီလို မေးဂွန်းဂျီးဒုံးးး
:mrgreenn:
တကယ် အဟုတ် ဖျားဇူး
ဒါကတော့ ကိုယ်တွေ့ မဟုတ်ရေးချ မဟုတ်ပါဘူး ထညာာာာာ
:k:
ကျော်လွင်ဖြိုး
August 4, 2016 at 9:48 am
အင်း အိမ်ပြန်ရင် အဲ့နားတွေ ညဘက် သွားပြီး လပ်လျား လပ်လျား နေတာတွေ ရှောင်မှဘာ….
ကိုယ်ကလဲ ရုပ်ကလေးက ချော နေတာနဲ့ ငှိ ငှိ ငှိ… 😛
Thint Aye Yeik
August 4, 2016 at 10:42 am
ရုပ်ချောချော ဟက်လား?
အာ့မျိုးဆွင် ပို အလုပ်ဖြစ်မှာ !!!!
:k:
အနော်ကတော့ ရုပ်မချောတော့ အာ့မျိုး စီးပွါးရေးကို လုပ်ချင်ရင်တောင် လုပ်လို့ မြဝူး
:k:
မမချွိ
August 4, 2016 at 3:12 pm
ရုပ်လေးကတော့ ချောပါရဲ့အေ။
ကိုဂျက်နဲ့ စကားပဲ ၅ မိနစ်ထိုင်ပြောခိုင်းလိုက်ပါ။
အဲဒီ မမဂျီး ထွက်ပြေးသွားရပါစေ့မယ်။
ဟိ။
:k:
ကျော်လွင်ဖြိုး
August 4, 2016 at 3:17 pm
ထွက်ပြေးရင် တော်သေး
သောက်ရူး ဆိုပြီး ပါးမချသွားရင် ကျေးဇူး တင်ရမယ် 😛
အောင် မိုးသူ
August 4, 2016 at 10:58 am
ခုခေတ် အဲ့လို ကောင်လေးငယ်ငယ်ချောချောတွေ အများကြီး
Thint Aye Yeik
August 4, 2016 at 11:08 am
.အများကြီးတော့ မတွေ့ဖူးသေးဘူး။
အဲ့လို ဈေးကွက်လည်း ရှိနေမှာပဲလေနော်
ဒါနဲ့ နာ့ သယ်ရင်း မိုးမိုးသူကလည်း လူချောပဲဟ
:k:
အောင် မိုးသူ
August 4, 2016 at 4:53 pm
ဈေးကွက်က အစကတည်းကရှိတယ်။ ငါက ငါ့အလုပ်နဲ့ငါနော် လူချောဆိုတာတော့သိတယ် အာ့လိုမဟုတ်ဘူး ဟိဟိ။
စိန်ကြက်ဆင်
August 4, 2016 at 1:07 pm
စိန့် ရုပ် စိန့်ရည်နဲ့ အဲ့အလုပ် ရမရ အဲ့သငယ်ကို ပြောပေးပလား အကို့
Thint Aye Yeik
August 4, 2016 at 1:21 pm
စိန်တို့ မိုးမာမီတို့ သများတို့ကတော့ မရီးစန်းတို့ မရီးထက်တို့ လိုင်းထဲ ဝင်ရင် ပို သင့်တော်မလားဟေ
အသက်ကြီးလာရင်လည်း သန်လျင်က သဘာဝရိပ်သာ-မာမီကြီးများအဆောင်ထဲ စုပြီး ဖျားလေးတျားလေး အားထုတ်ကြတာပေါ့
မှုန့်ဖူးလား
:k:
kai
August 4, 2016 at 2:08 pm
အင်းလေ..
ဒီလို… အင်တာဗျူးလေးလိုချင်သား..။ :k:
Thint Aye Yeik
August 4, 2016 at 2:34 pm
ညှီတီတီစာလေးတွေချည်း စုစည်းထားတဲ့ ဂျာနယ် ထုတ်ဖို့ တွေးထားလေသလား
:k:
kai
August 4, 2016 at 2:55 pm
ကိုရင်က.. တန်းစီအိပ်တာလေး.. ဇာချဲ့ပြနေတယ်…။
ကျုပ်ဂျပန်ရောက်တုံးက.. အိပ်ယာတခုထဲ.. နေ့ည အဆိုင်းမတူသူ၂ယောက် တလှည့်စီအိပ်ရတာ မျက်မြင်တွေ့ဖူးသလို…
ဘေးခြင်းယှဉ်အိပ်တဲ့.. ကောင်မလေးနဲ့.. သူ့ဘေးက ကောင်လေးညားသွားတာလည်း.. တွေ့ဖူး..။
ညှားနေသူ၂ယောက်.. လူခြေတိတ်တိတ်မတိတ်တိတ်.. ချစ်ရည်လူးကြရတာလည်း.. မြင်ဖူး..။
အင်တာဗျုးတဲ့အခါမယ်.. ညှီတီတီအစား.. လက်တွေ့ဘဝ.. အချက်အလက်ကို ထုတ်နှုတ်ပြနိုင်ရင်ပေါ့..။
ဈေးနှုန်းတွေ.. အချိန်တွေ.. အရေအတွက်တွေ..
ဒါက.. သမိုင်းမှတ်တမ်း ဖြစ်ကျန်ရစ်မှာလေ..။ :k:
ကျော်လွင်ဖြိုး
August 4, 2016 at 3:18 pm
အဆောင်နေ လူငယ်များ၏ ဘဝ ဖြတ်သန်းမှု များ ဆိုပြီးလား 🙂
မမချွိ
August 4, 2016 at 3:22 pm
နာ ပြန်ပြီးတော့ စထေးး မမဂျီးများ အတွက်သီးသန့် လူငယ်လေးတွေချည်း ဝန်ထမ်းရှိမဲ့ ကလပ် ဖွင့်ရင် ကောင်းမားး
ပုံ/
မားမားချွိ။
အသန့် ကိုင်သည်တို့ ဘာတို့။
အဟွတ်။
:k:
ဦးဦးပါလေရာ
August 5, 2016 at 11:24 am
ပြည့်တန်ဆာလုပ်ငန်းဆိုတာ စံနစ်ကျတဲ့ စောင့်ရှောက်မှု့တွေနဲ့ တရားဝင်ရှိသင့်တာပါ..
ယောက်ျား ပြည့်တန်ဆာ အပါအဝင်ပေါ့..
..
အဲဒါ ဒီမှာတော့ လူကြားမကောင်းတာ ဖြစ်ကောင်းဖြစ်ပေမယ့်
လူ့အသုံးအဆောင်တစ်မျိုးပါ
ဝန်ဆောင်မှု့တစ်မျိုးပါ
မြောင်းထဲထည့်ထားရင် မြောင်းထဲကဝန်ဆောင်မှု့ပေါ့
သန့်သန့်လေးလုပ်ခွင့်ရတဲ့တနေ့ သန့်ရှင်းတဲ့ဝန်ဆောင်မှု့ပေါ့
Thint Aye Yeik
August 5, 2016 at 1:56 pm
ဟုတ်တယ်နော်။ တရားဝင် စနစ်တကျ ရှိသင့်ပြီ။
အဲ. . .အခု အမေစု အစိုးရလက်ထက်မှာသာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် လိုင်စင်တင်ပြီး လုပ်ပိုင်ခွင့် ပေးတဲ့ ဥပဒေ ထုတ်လိုက်ရင်. . .
😆
Foolish Girl
August 5, 2016 at 3:28 pm
တောင်မြောက်လမ်းစုံဘက်မှာ နှစ်ဖက်ချွန်ဘဲပြောရမလား ဘာလာလာဒေါင်းတဲ့သူတွေရှိတယ် တဲ့ အသိအစ်မတစ်ယောက်ပြောပြတာ သူကအဲဒီနာမှာအဲဒါတွေရှိမှန်းမသိဘဲ Taxi တားတာတဲ့ Taxi တွေကလွတ်ရဲ့သားနဲ့ဘာလို့မရပ်သလည်းမသိခဲ့ဘူးတဲ့ နောက်မှ သူငှားလာတဲ့ကားသမားပြောပြမှအကြောင်းစုံသိရတယ်တဲ့ ကြားကာစကအဲလိုနှစ်မျိုးရ ညငှက်ထီးတွေရှိတာ အရမ်းအံ့ဩသွားတယ်
Thint Aye Yeik
August 9, 2016 at 11:20 am
ဘာလာလာဒေါင်းတဲ့သူတွေကို ဂျိ ုကာလို့ ခေါ်တယ်ဆိုလား။
:k:
ကိုပေါက်(မန္တလေး)
August 5, 2016 at 4:22 pm
ဒီလိုယောက်ျားပြည့်တန်ဆာတွေအကြောင်းကို ၁၉၇၅ပါတ်ဝန်းကျင်လောက် က ဖြစ်မယ်ထင်ပါတယ်ပုပ္ပါးကိုကိုဇော်ဆိုတဲ့
စာရေးဆရာက ပန်းစားဘီလူး ဆိုတဲ့နာမယ်နဲ့
အတော်လေးပြည့်ပြည့်စုံစုံရေးဘူးတယ်။
အရင်ကလဲဗိုလ်ချုပ်ဈေး ဆိုင်တန်းတွေမှာ
အခန်းငှားပြီးလုပ်စားတာလဲရှိတယ်။
ကြားဘူးတာပြောပြတာပါ။
Foolish Girl
August 5, 2016 at 4:33 pm
ဗိုလ်ချုပ်ဈေး မှာယောက်ကျာ်းလေး နှင်းဆီပန်းကိုင်နေတာမျိုး တစ်နေရာမှာ ခုံတစ်လုံးချပြီးထိုင်နေတာမျိုး အကျီအိပ်ကပ်ထဲ နှင်းဆီပန်းထည့်ထားတာမျိုးစတာတွေနဲ့ သိနိုင်တယ်ပြောတယ် ဟုတ်မဟုတ်တော့မသိဘူးပေါ့
Thint Aye Yeik
August 9, 2016 at 11:29 am
ဗိုလ်ချုပ်ဈေးမှာ ယောကျာ်းအဟွှာတွေ ရှိတယ်လို့တော့ ကြားဖူးခဲ့တာပဲ လေးပေါက်နဲ့ foolish girl ရေ။
တကယ်တမ်း အဲ့နားက ဖြတ်သွားဖြတ်လာလုပ်ရင်း ကြည့်မိသလောက်တော့ ဒီခေတ်မှာ သိပ် မတွေ့မိသလိုပဲ။
စားကျက်များ ပြောင်းသွားကြပြီလားမသိ။
:k:
ပန်းစားဘီလူးဆိုတဲ့စာ မဖတ်ခဲ့ဖူးဘူး။
လုံမလေးမွန်မွန်
August 8, 2016 at 1:06 am
အမလေး . . . ငါ့နှယ် ပိန်းချက် . . . ညငှက်ထီး ဆိုတော့ ငါက တကယ့်ငှက်လို့ ထင်သွားတာ . . .
နိစာဖတ်ပြီး အဆောင်သူဘဝကို စာပြန်ရေးချင်စိတ်ပေါက်သွားပြီ
Thint Aye Yeik
August 9, 2016 at 11:22 am
မွန်မွန်ရေ
နီလည်း ရေးဟ။
ဒါမှ မိန်းခေးအဆောင်တွေအကြောင်း ဖတ်ရမှာ။
:k:
Lay Pai
August 8, 2016 at 12:09 pm
Bus ပေါ် မှာ ထောက်လှမ်းရေး တွေ ရှိ သလို၊ ပေါက်ဆီ သည်တွေလဲ ရှိတတ်ပါတယ်လေ။
အလို ဆန္ဒ ဆိုတာ က ျားမ ခွဲထား တာမှ မဟုတ်တာ။
ညငှက် ထီး ရှိ တယ် လို့ တော့ ကြားဖူးတယ်။ စာရေးသူ လို့ တော့ မတွေ့ဖူးဘူး။
Thint Aye Yeik
August 9, 2016 at 11:24 am
.ဘတ်စ်ပေါ်မှာ နောက်ကျောကို ပေါက်စီနဲ့ဖိ သတ်တာ ခံရဖူးတယ်။
အိပ်မက်ဆိုးကြီးလိုပဲ။ ပြန်တွေးရင် အခုထိ ကြက်သီးထတုန်း
:k:
nozomi
August 9, 2016 at 8:37 am
၁ ဆိုတော့ စိတ်ဝင်စား စရာ ၂/၃/၄/၅ ကို ဆက် စောင့်ဖတ်ဦးမယ်
သဂျီးပြောတဲ့ အသေးစိတ် အင်တာဗျူးလေးလဲ နားထောင်ချင်တယ်
ဒီ ကိစ္စတွေက ဥပဒေ နဲ့ အတည်ဖြစ်သင့်တာကြာပြီ
Thint Aye Yeik
August 9, 2016 at 11:18 am
.ပြောစရာလေးတွေ ရှိသေးလို့ အပိုင်း ၂/၃ ထိ ရေးဖြစ်မယ် ထင်တာပဲ(ထင်တာပဲ)
😆
အင်တာကတော့ မဗျ ူ းဖြစ်ခဲ့။
အဲ့ဒီ ညငှက်ထီးလည်း အခု အဆောင်ကနေ ပြောင်းသွားခဲ့ပြီ။
😆
kotun winlatt
August 9, 2016 at 12:16 pm
ကိုယ်တိုင်လက်တွေ့ကွင်းဆင်းထားတာတွေများလားဟယ် အဟေးးးးး စတာဘာ စဒါဗာ စသာဘာ
Thint Aye Yeik
August 9, 2016 at 11:26 pm
တိန် တိန်
၂ခါတိန်
:k:
Foolish Girl
August 12, 2016 at 11:31 am
ဒါက အပိုင်း(၁) ဆို တော့ (၂) တွေ (၃) တွေရှိသေးတယ်ပေါ့
Thint Aye Yeik
August 12, 2016 at 12:35 pm
ရှိသေးတယ်။ ပြောချင်တာလေးတွေ ရှိသေးလို့ ၂တွေ ၃တွေ လာမယ်။
အချိန် ရရင် ရသလို စာတွေ ရေးနေအုန်းမှာပါ လိုစ့်
😆
A mar nyo
September 20, 2016 at 10:24 am
ရုံးကအကိုကြီးလဲ သူ့ဆရာနဲ့အတူ လောင်းဘူးပါတယ်တဲ့ မြို့ထဲတစ်နေရာမှာ အကျီ င်္လက်ရှည်အဖြူ နဲ့ရပ်နေ
မယ်ဘယ်သူ့ကိုရွေးမလဲဆိုပြီ
Thint Aye Yeik
September 20, 2016 at 4:42 pm
:k: