အားနာလွန်းလို ့ပါ
ဆိုင်ကယ်ထိုးရပ်လိုက်တာနဲ ့ အနားကို ကုလားလေးနှစ်ယောက်
ရောက်လာတယ်။
ဆိုင်ကယ်တောင် စက်မသတ်ရသေးဘူး
တစ်ယောက်က ကျနော ့ ဘယ်လက်ကောက်ဝတ်ကနေ လာကိုင်ပြီး
” ဆရာ ဘာယူမှာလည်း .. ဘာကြည် ့မှာလည်း
မေးလို ့ရတယ်နော်။ မဝယ်လည်းရတယ် ”
ကျနော်က သူတို ့ဆိုင်တဖက်က ဓါတ်ပုံဆိုင်ကို ပုံကူးဖို ့လာတာ။
သူတို ့ဆိုင်ထဲ ဝင်ဖို ့ အစီအစဉ်ကမရှိ။
” ငါ ့ညီ .. အကိုက ဟိုဆိုင်မှာ ပုံကူးမလို ့လာတာ ”
” ပုံကူးလည်း ကူးပေါ ့ဆရာ။ ကျနော်တို ့ ဆိုင်ကိုလည်း ဝင် လေ ့လာလို ့
ရတယ်ဆရာ။ မဝယ်လည်း ဈေးတွေမေးကြည် ့ပေါ ့”
အတင်းမတရားကြီး ဆွဲခေါ်နေတော ့ စိတ်ထဲ ဒေါသ ထောင်းကနဲ
တက်လာတယ်။
စိတ်လျှော ့ တောပျော် ..
ဒါက သူတို ့စီးပွားရေးလုပ်နေတာ
လူကြီးလူကောင်းဆန်ရမှာပေးပေါ ့
အထဲက သူတို ့ဘောစိလို ့ထင်ရတဲ ့ လူရည်သန် ့ကလည်း
ကွက်ကြည် ့ ကွက်ကြည် ့!
ဧကန္တ ကောင်လေးတွေကို သူ ့ဆိုင်ရှေ ့ဖြတ်လာတဲ ့လူမှန်သမျှ
မလွတ်တမ်း ဆွဲဖို ့ မှာထားပုံရတယ်။ ကောင်လေးတွေကလည်း
မရမကခေါ်နေပုံထောက်တော ့ သူတို ့ဘောစိကို ကြောက်နေရတယ်ထင် ့။
ဒီတော ့လည်း ပြေလည်မှုတစ်ခုလုပ်လိုက်တယ်။
ဆိုင်ထဲကို ဝင်လိုက်တယ်။
အထဲရောက်တော ့ ခုနက ဘောစိထင်ရတဲ ့လူက ဆိုင်အလုပ်သမား
တစ်ယောက်ကို
” ဒီအကို လိုချင်တာလိုက်ပြပေးလိုက် ”
(ဟွန် ့! သူ ့ထက် အသက်ငယ်တဲ ့ ကျနော ့ကို အကိုတဲ ့ )
ဆိုင်ထဲက လက်မအကြီးဆုံးဆိုဒ်
HD TV တွေ တစ်လုံးပြီးတစ်လုံး လက်ညှိုးထိုးပြီး လိုက်မေးကြည် ့လိုက်တာ ကောင်လေးက လိုက်ပြ ရှင်းပြရှာပါတယ်။
ကျနော်ကလည်း ဟိုမေးဒီမေးနဲ ့
ကြာတော ့ လိုက်ရှင်းပြနေတဲ ့ ကောင်လေး သံသယဝင်လာပုံရတယ်။
” ဆရာ! ဘတ်ဂျက် ဘယ်လောက်သုံးမှာလည်း ”
” တစ်ပြားမှ မသုံးဘူး ငါ ့ညီ။ အကို ဝယ်ဖို ့ မတတ်နိုင်ဘူး။ အရှေ ့က
၂ ယောက် အတင်းဝင်မေးခိုင်းတာ အားနာလွန်းလို ့ ဝင်လာမေးကြည် ့တာ 😀 😀 😀 ”
အပြင်ပြန်ထွက်တော ့ ဆိုင်ရှေ ့က ကောင်လေး ၂ယောက်က
” အဆင်ပြေသလား ဆရာ! ”
လက်မထောင်ပြလိုက်တယ်။
အထဲမှာ ကျန်ခဲ ့တဲ ့ကောင်ကတော ့ ပွစိပွစိ! 😀
17 comments
kai
January 19, 2017 at 9:21 am
အမေရိကားမှာဆိုရင်တော့. လိုက်ပြတဲ့သူတွေ အလုပ်.. အလုပ်ပြလို့ရသမို့.. ဘာမှမဝယ်လည်း ဝမ်းသာတာပေါ့..။
သူတို့က.. ဝန်ထမ်းလေ..။ 🙂
တောတွင်းပျော်
January 19, 2017 at 9:26 pm
ဒီမှာက ဘေးမှာပြိုင်ဖက်ဆိုင်ရှိရင်
ဝယ်သူ စားသုံးသူတွေ အိန္ဒြေပျက်ရလောက်အောင်
ဆွဲခေါ်နေကြတာ ..
ကားဂိတ်တွေဆို ပိုဆိုး။
သူတို ့ ရှင်းပြတာက တာဝန်အရဆိုပေမယ် ့ မဝယ်မှန်းသိသွား
မျက်လုံးအကြည် ့က ပြောင်းသွားတာ သိသာလွန်းတယ်။
Thint Aye Yeik
January 19, 2017 at 10:07 am
အားနာတယ်ဆိုတာ ဗမာပြည်မှာပဲ ရှိသလားးးးလို့
တောတွင်းပျော်
January 19, 2017 at 9:28 pm
ဒါကိုက အလိုက်ကန်းဆိုးမသိ အခွင် ့အရေးတွေ တက်ယူနေကြတာလေ
Foreign Resident
January 19, 2017 at 10:22 am
လူနောက်
တောတွင်းပျော်
January 19, 2017 at 9:29 pm
အားနာနာနဲ ့
သူတို ့ပြောတဲ ့အတိုင်း လိုက်လုပ်ပေးတာ … ဟီး!
weiwei
January 19, 2017 at 11:47 am
မြန်မာပြည်မှာ အရောင်းစာရေးတောင်မှ ပြသနာရှိတယ် .. စိတ်ဓါတ်တွေ .. စိတ်မပါ လက်မပါနဲ့ .. အပြောအဆို အမူအရာကလဲ ရိုင်းပြသေးတယ် ..
တောတွင်းပျော်
January 19, 2017 at 9:34 pm
မြို ့ပေါ်မှာ ပိုဆိုးတယ်။
စကားတွေ ချိုသာပြဖို ့မလိုပါဘူး။
ဝယ်ယူအားပေး စားသုံးသူကို ကိုယ်အားဖြင် ့ဖြစ်စေ
စိတ်အားဖြင် ့ဖြစ်စေ အလေးထားကြောင်းပြပေးနိုင်ရင်
ကာစတန်မာတွေက နားလည်နိုင်ပါတယ်
aye.kk
January 19, 2017 at 3:12 pm
ငွေအသပြာ
အခရာဖြစ်နေသူတွေအတွက်က
စိတ်တွေပြောင်းလဲဖို ့မတတ်စွမ်းသာတော့လဲ
ဒီလိုအဖြစ်နဲ ့လူတိုင်းပဲကြုံနေကြမှာပါ။
တောတွင်းပျော်
January 19, 2017 at 9:39 pm
ငွေအသပြာကို အခရာ သဘောထားသူတွေက
ပိုဆင်ခြင်သင် ့တာပေါ ့။
ခု သူတို ့ကပဲ အတင်းမရမကခေါ်
မဝယ်ပြန်တော ့လည်း အနောက်က အပြောခံရ။
နောက်တစ်ကြိမ် အဲဒီဆိုင်ကိုတော ့ ရှောင်ပြီ။
Tawwin Pan
January 19, 2017 at 5:52 pm
သူငယ်ချင်းတယောက်ဆိုဆိုင်ထဲဝင်ကြည့် အချိန်နည်းနည်းကြာသွားတော့ ပြန်ထွက်ရမှာ အားနာတာနဲ့ သဘောကျတာလေး တခုမေးမိ…
ဝတ်ကြည့်လို့မရဆိုပြီး တော်၏ မတော်၏ မသိရဘဲ ဝယ်လာပြီး အဆင်မပြေတော့ပြန်လဲလို့မရ။
ကိုယ်ကျတော့ ဂါဝန်လေးလှလို့ဆိုပြီး ဈေးမေး ဝတ်ကြည့်လို့ရလား အဆင်ပြေရင်ယူမယ်ဆိုတော့ အစ်မနဲ့တော်ပါတယ် ဝတ်ကြည့်စရာမလိုပါဘူး ဆိုပြီး အတင်းရောင်း…….ဆိုဒ်တော်တာမတော်တာထက် ကိုယ်နဲ့ဝတ်ကြည့်မှ လိုက်ဖက်တယ်ဆိုမှ အဆင်ပြေမှာလေ…..အဲတော့ စမ်းမဝတ်ရရင် မယူဘူးဟယ်ဆိုပြီး အတင်းပြန်ထွက်လာ…အနောက်မှာအတင်းတုပ်ပြီးကျန်ခဲ့လေရဲ့…
နောက်ပြီး ဒဂုံစင်တာ ၂ က Mart မှာကျတော့ ရုံးက နှစ်သစ်ကူးလက်ဆောင်လဲကြမယ်ဆိုလို့ ဘာဝယ်ရင်ကောင်းမလဲ လျှောက်ပတ်ကြည့်…….လုံခြုံရေးကအနားရောက်လာ…..ပထမတော့ သတိမထားမိ…နောက်မှ ကိုယ့်နောက်လိုက်နေမှန်း သတိထားမိတော့ ဆိုင်ကိုတပတ်ပတ်ပစ်လိုက်ပြီး အကုန်လျှောက်ကြည့်ပြီး ဘာမှမဝယ်ဘဲပြန်ထွက်လာလိုက်တယ်………ဝယ်ချင်တဲ့စိတ်တောင်ပျောက်သွားတယ်….အဝတ်အစားကြည့်ပြီး လူကိုသူခိုးလိုလိုထင်နေတုန်း……….တကယ့်သူခိုးတွေဆိုတာ ဘယ်တော့မှ အစုတ်အပြတ်နဲ့မနေဆိုတာ မသိဘူးထင်ပါရဲ့
တောတွင်းပျော်
January 19, 2017 at 10:01 pm
နိုင်ငံခြားက ကုန်တိုက်တွေမှာက ဈေးဝယ်သူစိတ်အနှောက်အယှက်ဖြစ်လောက်အောင် မကပ်ဘူး။ လိုအပ်ရင် ကူညီဖို ့လောက်ပဲ မနီးမဝေးက မသိမသာနေပေးတယ်။ လေ ့ကျင် ့ထားကြတယ်ထင်ရဲ ့။ မဝယ်လည်း ဘာမှမဖြစ်ဘူး။ မဝယ်လို ့နောက်က ပွစိလုပ်မယ်ဆိုလည်း အဲဒီလူကြာကြာမခံဘူး။ တိုင်လိုက်တာနဲ ့ထိတော ့တာပဲ။ ကာစတန်မာကို ဂရုစိုက်ကြတယ်
တောတွင်းပျော်
January 19, 2017 at 10:09 pm
မျက်လုံးဒေါက်ထောက်အကြည် ့ခံရတာကတော ့ ..
ဟိုတုန်းကတစ်ခါ နေပြင်းနေတဲ ့အချိန်
ဗိုလ်တထောင်ဘုရားနားရောက်တော ့ အေးရိပ်ခိုရင်း အလှူငွေလည်း
ထည် ့မယ်စိတ်ကူးနဲ ့ ဝင်လိုက်တာ ..
ဘုရားလုံခြုံရေးကကောင်တွေ ဝင်ကတည်းက မျက်စိဒေါက်ထောက်ကြည် ့
သွားလေရာအနောက်ကနေ မသိမသာလိုက်ကြည် ့ခံရတယ်။
ကျနော်ဝတ်ထားတာက ရိုးရိုး တီရှပ်ပါးတစ်ထည် နဲ ့ ပုဆိုးပဲ။
သံသယဖြစ်စရာ ပစ္စည်းအပို တစ်ခုခုပါလာရင်တောင်အလွယ်တကူ မြင်သာတဲ ့ ပုံစံမျိုး။
စိတ်အနှောက်အယှက်ဖြစ်တာနဲ ့ ပြန်လှည် ့ထွက်ခဲ ့တယ်။
ပြောရရင် အင်မတန်ရိုင်းတဲ ့ ဘုရားလုံခြုံရေး တိရစ္ဆာန်တွေ
ko six
January 20, 2017 at 12:08 am
အားနာတတ်တာကတော့ တူနေပြန်ရော
တောတွင်းပျော်
January 21, 2017 at 9:57 pm
တခါတလေတော ့လည်း ရန်ငြိမ်းတယ် ကိုစစ်
Ko chogyi
January 21, 2017 at 5:05 pm
အားနာလွန်းလို့ဝင်ကြည့်တာပါ ဘာတွေပြောမှန်းသိပ်နားမလည် ပွစိ ပွစိတော့ မပြောနဲ့နော်
တောတွင်းပျော်
January 21, 2017 at 9:59 pm
အားနားလွန်းလို ့ဝင်ကြည် ့သွားတာကိုပဲ
အားနာလှပါပြီဗျာ …