ပုဂံအနုပညာ
ပုဂံကို သွားလည်တဲ့အခါ ဘုရားပုထိုးတွေအပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ ပုဂံလက်မှုပစ္စည်းများအ ကြောင်းကို
လည်းပြောပြချင်ပါတယ်။
ယွန်းထည်
ယွန်းထည်တွေဟာ ပုဂံရဲ့နာမည်အကြီးဆုံးလက်မှုပစ္စည်းပဲဖြစ်ပါတယ်။ ဘုရားတွေမှာ ယွန်းထည်အ ရောင်းဆိုင်တွေကိုတွေ့နိုင်သလို ပုဂံမြို့ရဲ့နေရာအနှံ့အပြားမှာလည်း ယွန်းထည်အလုပ်ရုံတွေကိုတွေ့နိုင် ပါတယ်။ ယွန်းထည်တွေကို ပန်းကန်, ပန်းအိုးမှအစ ရတနာသေတ္တာ, ပရိဘောဂအဆုံး ပုံစံအမျိုးမျိုးနဲ့တွေ့နိုင် ပါတယ်။ ယွန်းထည်တွေဟာ ဈေးကြီးပေမဲ့ အလုပ်ရုံတွေကိုသွားလေ့လာကြည့်ရင်တော့ပေးရတာတန်တယ်ဆိုတာတွေ့ရပါလိမ့်မယ်။ ယွန်းထည်တစ်ခု ပြီးမြောက်ဖို့ အချိန်နှင့် လူအင်အားအများကြီးသုံးရတယ်ဆိုတာတွေ့ရပါလိမ့်မယ်။ သေချာတာကတော့ ယွန်းထည်တစ်ခုချင်းစီတိုင်းဟာထူးခြားပြီးလှပတယ်ဆိုတာပါပဲ။
ရုပ်သေးရုပ်
ရုပ်သေးရုပ်တွေဟာလည်း အရမ်းလူကြိုက်များပါတယ်။ ရုပ်သေးရုပ်တွေကိုပုံစံအမျိုးမျိုး နဲ့တွေ့နိုင်ပါတယ်။ ရုပ်သေးရုပ်တွေကို အနုစိတ်ပြုလုပ်ထားတာဖြစ်ပြီး ပုဂံမှာရုပ်သေးပွဲများကိုလည်းသွားရောက်ကြည့်ရှုနိုင်ပါတယ်။
သစ်သားပန်းပုရုပ်များ
သစ်သားပန်းပုရုပ်တွေကတော့ကျွန်မရဲ့အကြိုက်ဆုံးလက်မှုပစ္စည်းတွေပဲဖြစ်ပါတယ်။ ပန်းပုရုပ်တွေကိုလည်း တိရစာ္ဆန်မှအစလူအဆုုံး, ဒဏာ္ဌရီလာသတ္တဝါများမှအစ ဗုဒ္ဓရုပ်ပွားတော်များအဆုံးတွေ့မြင်နိုင်ပါတယ်။ ပန်းပုရုပ်အားလုံးဟာလှပပြီးကျက်သ ရေရှိလှပါတယ်။ ဒါပေမဲ့ သူတို့ကို လက်ဆောင် ပစ္စည်းထက်အလှဆင ဖို့သာအသုံးပြုကြပါတယ်။ဒါ့အပြင်ပန်းပုရုပ်များကိုပုဂံမှာသာမကအခြားမြို့များတွင်လည်းတွေ့နိုင် ပါတယ်။
ဆိုင်တွေကလည်းတော်တော်ရှိတာတွေ့ပါတယ်။
- Bagan House
-
Golden Bagan Lacquerware Shop
-
Golden Cuckoo Lacquerware
-
Jasmine Family Lacquerware Workshop
-
The Lotus Collection Lacquer Ware Factory စသဖြင့်။
ဈေးလေးတွေလည်းမဆိုးပါဘူး။ တချို ့ဆိုင်တွေဆို credit card လက်ခံလို့ အဆင်ပြေပါတယ်။ နိုင်ငံခြားသားတွေတော်တော်များ
များလာကြပြီး ဝယ်နေကြတာတွေ့ပါတယ်။ ကိုယ်ဆို antique ပစ္စည်း တွေကိုဘယ်လိုကြိုက်မှန်းမသိကိုကြိုက်တာ။ အဘွား
ရှေးဟောင်းပစ္စည်းတွေဆို ကြိုက်လွန်းလို့ အမွေတောင်တောင်းထားတယ်။ ခုခေတ်ပေါ်ထက် အသုံးဆောင်ထက် ရှေးပစ္စည်း
တွေကိုပိုကြိုက်လို့ ပုဂံကိုလည်းထပ်သွားပါဦးမယ်။